ဆေးရုံဆေးပေးခန်း၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းမလုပ်ဆောင်ဘဲ ကာကွယ်ပေးရန် တိုက်တွန်းတောင်းဆို

 1405

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂ဝ

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အရှိန်မြင့်တက်လာခြင်းကြောင့် ဆေးရုံ၊ ဆေးပေးခန်း၊ လူနာများ နှင့် ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော နယ်စည်း မခြားဆရာဝန်များအဖွဲ့ဖြစ်သော Médecins Sans Frontières (MSF) (MSF) အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက် သည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်က တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ် ရခိုင်ပြည်နယ်တို့တွင်ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ဖမ်းဆီးခံရခြင်းများရှိလာခဲ့ပြီးနောက် (MSF) အဖွဲ့က ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သောလပိုင်းအတွင်း ရှမ်းပြည်နယ် ပန်ဆန်းရှိဆေးရုံတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကချင်ပြည်နယ် ဖားကန့် ဆေးရုံ၊ တိုက်ခိုက်ခံရခြင်းများအပြင် ရခိုင်ပြည်နယ်တွင်လည်း လူနာများထံသွားရောက်ရန် လမ်းများပိတ်ဆို့ တားဆီးခံရခြင်းများဖြစ်ပွားခဲ့ကြောင်း (MSF) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV နှင့် TB ရောဂါရှိနေသူများကို အဓိကထား ပံ့ပိုးကူညီကုသပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားလာကာ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခံရခြင်း၊ ဝန်ထမ်းများဖမ်းဆီးခံရခြင်း၊ စသည့်ဖြစ်ရပ်များသည် လိုအပ်ချက်ရှိနေသည့် လူနာများ ဆေးဝါး ကုသရန်လွှဲချော်မှုများဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့အခြေအနေများကြောင့် HIV နှင့် TB ရောဂါရှိနေသူများအတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး အန္တရာယ်ရှိစေသလို ဆေးယာဉ်ပါးမှုဒဏ်ကို ခံနိုင်ရမည်မရှိခြင်း၊ ရောဂါကူးစက်ခြင်းများ ပိုမိုဖြစ်လာနိုင်သည့် အခြေအနေများရှိလာနိုင်ကြောင်း (MSF) အဖွဲ့က ပြောသည်။

(MSF) အဖွဲ့က "ဆေးရုံနဲ့ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အဦးများကို ကာကွယ်ပေးရမယ်ဆိုတဲ့အချက်ကို လစ်လျူရှုထားတာကို လက်မခံနိုင်ဖွယ်တွေ့မြင်နေရတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခြင်း ကြောင့် နိုင်ငံတဝှမ်းမှာ ဆေးဝါးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူမြင့်တက်လာနေတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေဘေးကင်းလုံခြုံမှုရှိအောင် လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်။ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေတဲ့သူတွေထံအတားအဆီးမရှိဘဲ ဘေးကင်းစွာနဲ့သွားလာခွင့် ရစေလိုတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကျန်းမာရေးဝန်ထမ်းများ ဖမ်းဆီးခံရတာမျိုးတွေ ရှိနေ တယ်" ဟု ပြောသည်။

Zawgyi Version;
ေဆး႐ုံေဆးေပးခန္း၊ လူနာႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို တိုက္ခိုက္ျခင္းမလုပ္ေဆာင္ဘဲ ကာကြယ္ေပးရန္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂ဝ

ျမန္မာႏိုင္ငံတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္အရွိန္ျမင့္တက္လာျခင္းေၾကာင့္ ေဆး႐ုံ၊ ေဆးေပးခန္း၊ လူနာမ်ား ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို ကာကြယ္ေပးရမည္ျဖစ္ေၾကာင္း ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ နယ္စည္း မျခားဆရာဝန္မ်ားအဖြဲ႕ျဖစ္ေသာ Médecins Sans Frontières (MSF) (MSF) အဖြဲ႕က တိုက္တြန္းေတာင္းဆိုလိုက္ သည္။

ျမန္မာႏိုင္ငံတြင္ၿပီးခဲ့ေသာ ေအာက္တိုဘာ ၂၇ ရက္က တိုက္ပြဲမ်ားျဖစ္ပြားလာခဲ့ၿပီးေနာက္ ရွမ္းျပည္နယ္၊ ကခ်င္ ျပည္နယ္ ရခိုင္ျပည္နယ္တို႔တြင္က်န္းမာေရးဝန္ထမ္းမ်ား တိုက္ခိုက္ဖမ္းဆီးခံရျခင္းမ်ားရွိလာခဲ့ၿပီးေနာက္ (MSF) အဖြဲ႕က ယင္းကဲ့သို႔ တိုက္တြန္းေတာင္းဆိုလိုက္ျခင္းျဖစ္သည္။

ၿပီးခဲ့ေသာလပိုင္းအတြင္း ရွမ္းျပည္နယ္ ပန္ဆန္းရွိေဆး႐ုံတစ္ခု ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရၿပီး ကခ်င္ျပည္နယ္ ဖားကန႔္ ေဆး႐ုံ၊ တိုက္ခိုက္ခံရျခင္းမ်ားအျပင္ ရခိုင္ျပည္နယ္တြင္လည္း လူနာမ်ားထံသြားေရာက္ရန္ လမ္းမ်ားပိတ္ဆို႔ တားဆီးခံရျခင္းမ်ားျဖစ္ပြားခဲ့ေၾကာင္း (MSF) အဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အဆိုပါအဖြဲ႕သည္ ျမန္မာႏိုင္ငံတြင္ HIV ႏွင့္ TB ေရာဂါရွိေနသူမ်ားကို အဓိကထား ပံ့ပိုးကူညီကုသေပးေနသည့္ အဖြဲ႕အစည္းျဖစ္ေၾကာင္း သိရသည္။ တိုက္ပြဲမ်ားျဖစ္ပြားလာကာ က်န္းမာေရးဆိုင္ရာ အေဆာက္အဦးမ်ား တိုက္ခိုက္ခံရျခင္း၊ ဝန္ထမ္းမ်ားဖမ္းဆီးခံရျခင္း၊ စသည့္ျဖစ္ရပ္မ်ားသည္ လိုအပ္ခ်က္ရွိေနသည့္ လူနာမ်ား ေဆးဝါး ကုသရန္လႊဲေခ်ာ္မႈမ်ားျဖစ္ေစခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုကဲ့သို႔အေျခအေနမ်ားေၾကာင့္ HIV ႏွင့္ TB ေရာဂါရွိေနသူမ်ားအတြက္ က်န္းမာေရးႏွင့္ပတ္သက္ၿပီး အႏၲရာယ္ရွိေစသလို ေဆးယာဥ္ပါးမႈဒဏ္ကို ခံႏိုင္ရမည္မရွိျခင္း၊ ေရာဂါကူးစက္ျခင္းမ်ား ပိုမိုျဖစ္လာႏိုင္သည့္ အေျခအေနမ်ားရွိလာႏိုင္ေၾကာင္း (MSF) အဖြဲ႕က ေျပာသည္။

(MSF) အဖြဲ႕က "ေဆး႐ုံနဲ႔ က်န္းမာေရးဆိုင္ရာအေျခခံအေဆာက္အဦးမ်ားကို ကာကြယ္ေပးရမယ္ဆိုတဲ့အခ်က္ကို လစ္လ်ဴရႈထားတာကို လက္မခံႏိုင္ဖြယ္ေတြ႕ျမင္ေနရတယ္။ ျမန္မာႏိုင္ငံမွာ တိုက္ပြဲေတြျပန္လည္ျဖစ္ပြားလာျခင္း ေၾကာင့္ ႏိုင္ငံတဝွမ္းမွာ ေဆးဝါးနဲ႔ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီ လိုအပ္သူျမင့္တက္လာေနတယ္။

လက္နက္ကိုင္ပဋိပကၡျဖစ္ပြားေနတဲ့ အရပ္ေဒသေတြမွာ က်န္းမာေရးဝန္ထမ္းေတြ၊ လူနာေတြေဘးကင္းလုံၿခဳံမႈရွိေအာင္ လုပ္ေဆာင္ေပးဖို႔ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးကို တိုက္တြန္းေတာင္းဆိုပါတယ္။ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီလိုအပ္ေနတဲ့သူေတြထံအတားအဆီးမရွိဘဲ ေဘးကင္းစြာနဲ႔သြားလာခြင့္ ရေစလိုတယ္။ ျမန္မာ ႏိုင္ငံမွာ ျဖစ္ပြားေနတဲ့လက္နက္ကိုင္ပဋိပကၡေတြအတြင္း က်န္းမာေရးဝန္ထမ္းမ်ား ဖမ္းဆီးခံရတာမ်ိဳးေတြ ရွိေန တယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.