ရှမ်းမြောက် ၁ဝ၂၇ တိုက်ပွဲတွေ နောက်ကွယ်မှာ ပါဝင်ခြင်းမရှိကြောင်း တရုတ်ဘက်က သက်သေပြသင့်တဲ့ အချက်များ

 10271

မျိုးမင်း(မကျည်းလဟာ) NP News - နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လွှားမှာ ဖြစ်ပေါ်လာတဲ့ ၁ဝ၂၇ အမည်ရ လက်နက်ကိုင်အုံကြွမှု နောက်ကွယ်မှာ တရုတ်နိုင်ငံက မီးစိမ်းပြခဲ့ခြင်းရှိနေသလား။ ဒါဟာ တရုတ်နိုင်ငံက မလိုချင်သော အချက် တစ်ချက်ဖြစ်တဲ့အတွက် ၁၀၂၇ ရဲ့နောက်ကွယ်မှာ တရုတ်လက် တရုတ်ခြေတွေ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး ဆိုတဲ့သက်သေတွေ ပြသဖို့ တရုတ်ဘက်က ပြင်ဆင်ရပါတော့မယ်။ ဖြစ်နိုင်ခြေရှိသော ပြင်ဆင်မှုတွေနဲ့ ဖြစ်သင့်သော ပြင်ဆင်မှုတွေ အပါအဝင် ရှမ်းမြောက်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သုံးသပ်ရမယ့်အပိုင်း ရောက် လာပါပြီ။

၁ဝ၂၇ စစ်ရေးစီမံချက် စတင်မြစ်ဖျားခံရာနဲ့ တိုက်ပွဲ ဖော်ဆောင်မှုများ
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ဟာ ၁ဝ၂၇ စစ်ဆင်ရေးကို စတင်မယ်လို့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ(၂၆)ရက် ညပိုင်းမှာ ရုတ်တရက်ထုတ်ပြန်လာခဲ့ပြီး နာရီမခြားမှာပဲ ရှမ်းမြောက်တစ်ခွင်က တရုတ် နယ်စပ်မြို့ ချင်းရွှေဟော်ကို ဝင်တိုက်ခဲ့ပါတယ်။ အခြားသော မြို့တွေအဖြစ် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းမကြီးဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်က နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး- သိန္ဒီ မြို့နယ်တွေထဲက တပ်မတော်စခန်းကုန်းနဲ့ ရဲစခန်းတွေကို တစ်ပြိုင်တည်း ဝင်တိုက်ခဲ့ပါတယ်။ အခြားသော မြို့နယ်တွေဖြစ်တဲ့ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ပန်ဆိုင်း၊ မုန်းကိုး၊ ဖောင်းဆိုင်၊ကွမ်းလုံ တို့ကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့သလို လမ်းတွေနဲ့ တံတားတွေကို ချိုးဖျက်ခဲ့ကြပါတယ်။ အောက်တိုဘာ(၂၇)ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့တိုက်ပွဲတွေဟာ နိုဝင်ဘာ(၂၂)ရက်အထိ (၂၇)ရက်မြောက်လာချိန်မှာတော့ စခန်းကုန်းနဲ့ ရဲစခန်းပေါင်း(၁၅ဝ)ထက်မနည်းကို သိမ်းပိုက်ခဲ့ကြသလို မြို့နယ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ ကွမ်းလုံတို့ကို ရရှိသွားကြပါတယ်။ မြောက်ပိုင်းသုံးဖွဲ့ရဲ့စစ်ရေးစီမံချက်ဟာ ယခင်အတိတ်ကာလများက ရှိခဲ့တဲ့ စစ်ရေးဗျုဟာတွေထက် အဆင့်များစွာ မြင့်မားပြီး အခြားသောပြည်ပနိုင်ငံတစ်ခုခုက ပါဝင်ပတ်သက်နေ သလားဆိုတဲ့ သံသယတွေကိုပါ မြန်မာလူထုကြားမှာ ကြီးထွားလာစေခဲ့ပါတယ်။ ဒီလိုကြီးထွားလာရခြင်း အဓိကရင်းမြစ်ကတော့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွမ်းရဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့များနဲ့ လွန်ခဲ့သော သုံးလခန့်ကတည်းက တွေ့ဆုံခဲ့မှုတွေဟာ သံသယဖြစ်စရာ တစ်ချက်ဖြစ်လာပါတယ်။ အောက်တိုဘာ(၁၅)ရက်မှာ ကျင်းပတဲ့ နေပြည်တော်က NCA ညီလာခံကို တက်ရောက်လာခဲ့သူ မစ္စတာ တိန့်ရှီကျွမ်းဟာ မြန်မာနယ်စပ်က လက်နက်ကိုင်တွေဖြစ်တဲ့ KIA၊ UWSA၊ MNDAA၊ TNLA၊ AA၊ NDAA၊ SSPP တို့အပေါ်မှာ သြဇာကြီးမားသူဖြစ်ပါတယ်။ မြန်မာအစိုးရက အဲဒီလက်နက်ကိုင်အဖွဲ့တွေကို အကြိမ်ကြိမ် သဘောထားပျော့ပြောင်းစွာ ဖိတ်ခေါ်ခဲ့ပေမယ့် တရုတ်အထူးကိုယ်စားလှယ်ရဲ့ ရွှေလီမှာ ဆုံချင်တယ်ဆိုတဲ့ စကားလောက် တိုးမပေါက်ခဲ့တာမျိုးဟာ တရုတ်နဲ့ လက်နက်ကိုင်(၇)ဖွဲ့ရဲ့နီးကပ်မှုကို ပြသရာရောက်နေပါတယ်။ အဲဒီနောက်ပိုင်း လွန်ခဲ့တဲ့လအနည်းငယ်က လက်နက်ကိုင်(၇)ဖွဲ့ရဲ့ထုတ်ပြန်ချက်တစ်စောင်မှာလည်း တရုတ်ကို ရည်ညွှန်းခဲ့သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးသွားမယ်ဆိုတဲ့ ကတိစကားက ထောက်ပြစရာ သက်သေတစ်ခု ဖြစ်လာပြန်ပါတယ်။ နောက်တစ်ချက်ကတော့ ၁၀၂၇ တိုက်ပွဲတွေ မဖြစ်ပေါ်ခင် လပိုင်းအလိုမှာပဲ UWSA “ဝ” ဒေသမှာ MDNAA၊ TNLA နဲ့ AA တို့က သီးခြားတွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးညီလာခံ NCA ကို တက်လာနိုင်ခြေရှိတယ်လို့ ယူဆရတဲ့အနေအထားကနေ ၁၀၂၇ တိုက်ပွဲဘက်ကို သာ ဦးတည်သွားခဲ့ခြင်းဟာ ထူးခြားတဲ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ မြောက်ပိုင်းသုံးဖွဲ့ရဲ့တိုက်ပွဲခေါ်သံ ကြေညာချက်ငါးချက်ထဲမှာ အရေးကြီးဆုံးအဖြစ် တရုတ်နိုင်ငံက လိုလားတောင့်တနေတဲ့ ကျားဖြန့်ခေါ် အွန်လိုင်း လိမ်လည်မှုတွေကို ဖော်ထုတ်ဖမ်းဆီးရန်ဆိုတဲ့အချက် ပါဝင်နေခြင်းကလည်း ထူးခြားပါတယ်။ ဒီတော့ တရုတ် နိုင်ငံဟာ ၁၀၂၇ တိုက်ပွဲရဲ့နောက်ကွယ်မှာ ပါဝင်ပတ်သက်မှုရှိနိုင်လားဆိုတဲ့မေးခွန်းတွေနဲ့ တွေးဆချက်တွေဟာ မြန်မာလူထုအသိုင်းအဝိုင်းနဲ့ ဆုံးဖြတ်သုံးသပ်နိုင်သူတွေကြားမှာ ခေတ်စားလာပါတယ်။

၁၀၂၇ စစ်ဆင်ရေး မစတင်ခင် တရုတ်နဲ့ မြန်မာအစိုးရကြား ဘာတွေရှိခဲ့လဲ
တရုတ်နိုင်ငံဟာ မြန်မာနယ်စပ်ကနေ လိမ်လည်မှုလုပ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ်မှာ အတော်လေး ရွံရှာ စက်ဆုပ်နေတာကို အတိအလင်းထုတ်ပြောလာပါတယ်။ အထူးသဖြင့် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ အောက်တိုဘာ(၂၇)မတိုင်မီ အကြိမ်ကြိမ်တွေ့ဆုံမှုတွေမှာ ထုတ်ပြောလာတဲ့အထိ ဖိအားပေးလာခဲ့တာပါ။ ကျားဖြန့်ဟာ တရုတ်နယ်စပ် မြန်မာပိုင်နက် လက်နက်ကိုင်နယ်မြေတွေမှာ အခြေစိုက်ပြီး တရုတ်ပြည်သူတွေကို ကြီးကြီးမားမားခြိမ်းခြောက်နေတာ အမှန်ပါပဲ။ ကိုးကန့်ဒေသ လောက်ကိုင်၊ UWSA ရဲ့ “၀” ဒေသ၊ မိုင်းလားဒေသ၊ ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုလ်နဲ့ KK Park တို့ဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ကျင်လည်ကျက်စားရာ ဒေသဖြစ်ပြီး အဲဒီနေရာတွေကို နယ်မြေရှင်းလင်းရေးနဲ့အတူ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးအရေးယူပေးဖို့ တရုတ်ဘက်က မြန်မာအစိုးရ နစကကို တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို မြန်မာအစိုးရဘက်က အနည်းငယ်ပေါ့ လျော့မိခဲ့ပုံရပြီး တရုတ်ဘက်မှာတော့ အစိုးရထိပ်ပိုင်းခေါင်းဆောင်များအထိ စိတ်ဆိုးဒေါသထွက်စရာ ဖြစ်ခဲ့ပုံရပါ တယ်။ အောက်တိုဘာ ပထမပတ်လောက် ရောက်မှသာ ကျားဖြန့်ဂိုဏ်းထဲက အများအပြားကို ဖမ်းဆီးပေးတာ တွေ လုပ်ဆောင်ခဲ့သလို “ဝ” နယ်မြေကလည်း လူထောင်ချီကို ဖမ်းဆီးပြီး တရုတ်ရဲလက်ထဲ အပ်နှံခဲ့ပါတယ်။ ဘယ်လိုပဲအပ်နှံသည်ဖြစ်စေ တရုတ်နိုင်ငံဘက်က ဒေါသဟာ ပြယ်သွားပုံမရသေးဘဲ ကျားဖြန့်လူလိမ် ရာဇဝတ် သမားတွေလက်ထဲမှာ လိမ်လည်ရယူထားတယ်လို့ ကောက်ချက်ချထားတဲ့ ငွေကြေးပမာဏ ဒေါ်လာဘီလျံ (၄ဝ) လောက်ကိုပါ တရုတ်ဘက်က ပြန်လည်ရယူချင်နေတယ်လို့ ယူဆပါတယ်။ ကျားဖြန့်နဲ့ ပတ်သက်ပြီး နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သတင်းဌာန Phoenix News နဲ့ အောက်တိုဘာ(၂၃)ရက်မှာ အင်တာဗျုးဖြေခဲ့ပါတယ်။ " “ဝ” နဲ့ မိုင်းလား ဒေသဟာ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ ၀ နဲ့ မိုင်းလားဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာ မသိပါဘူး " လို့ ဖြေကြားခဲ့သလို တရုတ်အထူးကိုယ်စားလှယ်နဲ့ သဘောတူထားချက်အရ ဒီနှစ်ကုန်ပိုင်းမှာ အမြစ်ဖြတ်ချေမှုန်းမယ်လို့ နှစ်နိုင်ငံ သဘောတူထားကြောင်းလည်း ပြောခဲ့ပါတယ်။ “ဝ” နဲ့ မိုင်းလားဟာ တရုတ်စကားပြောပြီး တရုတ်ယွမ်ငွေကိုသာ သုံးစွဲသလို တရုတ်နိုင်ငံထဲက ကူမင်းမြို့နဲ့ ဖူအာမြို့မှာ လည်း လက်နက်ကိုင်(၇)ဖွဲ့ရဲ့ခေါင်းဆောင်တွေက သူတို့ပိုင်ဆိုင်မှုတွေကို ထားရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။

"အွန်လိုင်းလိမ်လည်မှုကနေ ရတဲ့ ငွေကြေးတွေ ဘယ်ကိုရောက်နေလဲဆိုရင် “ဝ” နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်နဲ့မြေကွက်တွေ ကုမ္ပဏီတွေ ဘယ်လောက်အထိ တရုတ်နိုင်ငံထဲက ဖူအာမြို့နဲ့ ကူမင်းမြို့မှာ ရှိနေလဲဆိုတာ အဲဒီဒေသ တရုတ်ပြည်သူတွေကို မေးကြည့်ရင် သိနိုင်ပါလိမ့်မယ် " လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားပါတယ်။ ဒီအချက်တွေဟာ တရုတ်ဘက်က လိုချင်နေတဲ့အချက်တွေ ဖြစ်သလို မြန်မာအစိုးရက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို အကာအကွယ်ပေးထားသလားလို့ ထင်မြင်ယူဆချက် အပေါ်မှာ တုံ့ပြန်တာလည်း ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းဟာ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံသားတွေက လိမ်လည်တာမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံသားတွေက မြန်မာ့ပိုင်နက်နယ်မြေထဲကို ဝင်လာပြီး တရုတ်နိုင်ငံသား တွေနဲ့ မြန်မာနိုင်ငံသားတွေကို လိမ်လည်မှုလုပ်သွားတာမျိုးဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ သို့သော်လည်း မြန်မာအစိုးရအာဏာပိုင်အချို့ဟာ သက်ဆိုင်ရာနယ်မြေတွေမှာ လာဘ်ပေးလာဘ်ယူလုပ်ပြီး တရုတ်တွေကို မြန်မာပတ်စ်ပို့နဲ့ နိုင်ငံခြားကို ထွက်ပြေးလို့ ရအောင် ကူညီခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ပုံရတဲ့အတွက် ဒီအချက်ဟာ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အွန်လိုင်း လိမ်လည်သူတွေကို အကာအကွယ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုကြဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများအနေနဲ့လည်း လာဘ်ပေး လာဘ်ယူမှုရှိနိုင်ပါတယ်။ ရှိခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆောင်ရွက်နေပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီဖြေကြားချက်နဲ့ မရှေးမနှောင်းမှာပဲ ပြည်ထဲရေးဝန်ကြီး ဦးစိုးထွဋ်နဲ့ ရဲတပ်ဖွဲ့အရာရှိအချို့ အရေးယူခံခဲ့ရသလို နိုဝင်ဘာ(၁၆)ရက်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ ဦးမြင့်ဆွေကို တာဝန်ကနေ ရပ်စဲခဲ့ ပါတယ်။ အလားတူ တရုတ်ဘက်က အလိုရှိနေတဲ့ မြီမျိုးနွယ် Ming Xuechang အမည်ရ ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင် မိသားစုဝင်လေးဦးကိုပါ ဖမ်းဝရမ်းထုတ်ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်အစောပိုင်းမှာလည်း UWSA လက်အောက်ခံအမှုဆောင် နှစ်ဦးကိုပါ ဖမ်းဝရမ်းထုတ်ပေးခဲ့ပါသေးတယ်။ တရုတ်နိုင်ငံဘက်ကတော့ ကိုးကန့် တိုင်းရင်းသား ဦးမောင်မောင်(ဖူလီလိုက်လုပ်ငန်းရှင်) အပါအဝင် လုပ်ငန်းရှင်(၁၁)ဦးကို ၁၀၂၇ စီမံချက်မစတင်ခင် ရက်ပိုင်းအလိုကတည်းက တရုတ်ပြည်ထဲမှာ ဖမ်းဆီးခဲ့သလို “ဝ” တပ်ဖွဲ့ ဒုစစ်ဦးစီးချုပ်ကိုပါ ဖမ်းဆီးထားခဲ့ပါ တယ်။ အားလုံးဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်နေသလို မြန်မာအစိုးရအပေါ် အားမရတဲ့ တရုတ်က ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာတော့ ၁၀၂၇ စစ်ဆင်ရေးဟာ စတင်ပေါ်ပေါက်လာခဲ့သလို စစ်ဆင်ရေးအဖွဲ့တွေရဲ့ကြေညာချက်ဟာလည်း တရုတ်လိုလားတဲ့ခေါင်းစီး စာတန်း တွေဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ မြောက်ပိုင်းသုံးဖွဲ့ရဲ့စစ်ဆင်ရေးစတင်တဲ့နေ့နဲ့ မရှေးမနှောင်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့ လုံခြုံရေးဝန်ကြီး အဖြစ်တာဝန်ယူထားသူ H.E. Mr. Wang Xiaohong က မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အောက်တိုဘာ (၃၁)ရက်က လာတွေ့ခဲ့သလို မြန်မာဘက်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်း တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး General Zhang Youxia နဲ့ တရုတ်ပြည်မှာ အောက်တိုဘာ(၂၉)ရက်က သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေဟာ တရုတ်ဘက်က ဘယ်လောက်အထိ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမလဲဆိုတာ ပြသခဲ့တာပဲ ဖြစ်ပါတယ်။

၁၀၂၇ နောက်ကွယ်မှာ တရုတ် ပါ-မပါ မြန်မာပညာတတ်အသိုင်းအဝိုင်းရဲ့ကောက်ချက်
လူဦးရေ(၉၅ဝဝ)လောက်ရှိတဲ့ ပညာတတ်အသိုင်းအဝိုင်းတစ်ခုရဲ့ Group မှာ စစ်တမ်းတစ်ခု လုပ်ခဲ့ပါတယ်။ ဒီစစ်တမ်းကတော့ ၁ဝ၂၇ နောက်မှာ တရုတ်ပါဝင်တယ်လို့ သံသယရှိလား (သို့မဟုတ်) တရုတ်ပါတယ်ဆိုတာ မဖြစ်နိုင်ပါဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ပါပဲ။ အဲဒီမှာ ဖြေကြားသူ ၈၆ ရာခိုင်နှုန်းကတော့ တရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ယုံကြည်နေကြသလို ကျန်တဲ့ ၁၄ ရာခိုင်နှုန်းကတော့ မဖြစ်နိုင်ပါဘူးလို့ ဖြေကြားပါတယ်။ ဘာကြောင့် တရုတ်နိုင်ငံက ပါဝင်နေတယ်လို့ ယုံကြည်သူများတာလဲဆိုတဲ့အချက်ဟာ တရုတ်နိုင်ငံအတွက် သေသေချာချာ စဉ်းစားရမယ့်ကိစ္စဖြစ်လာပါတယ်။ ထောက်ပြစရာ ပထမတစ်ချက် ဖြစ်နိုင်ခြေကတော့ မြောက်ပိုင်းသုံးဖွဲ့ အပါအဝင် တရုတ်နယ်စပ်တစ်လျှောက်က လက်နက်ကိုင်တွေအားလုံးဟာ တရုတ်ရဲ့သြဇာ မကင်းဘူးလို့ မြန်မာနိုင်ငံသားအများအပြားက ယုံကြည်သက်ဝင်နေပြီးသားဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင် ထိပ်ပိုင်း ခေါင်းဆောင်အချို့ရဲ့သက်သေကတ်ပြားတွေဟာ မြန်မာနိုင်ငံသားမှတ်ပုံတင်တစ်ခုတည်းတင် မဟုတ်ဘဲ တရုတ်နိုင်ငံသားကတ်တွေပါ ပူးတွဲကိုင်ထားကြတာပါ။ တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံသားကတ်နဲ့ တရုတ်ဘဏ် စာရင်းဖွင့်ထားကြသလို တိုက်ပွဲတွေဖြစ်လာရင် ပထမဆုံးပြေးတဲ့နိုင်ငံပိုင်နက်နယ်မြေဟာ တရုတ်နိုင်ငံထဲကိုပဲ ဖြစ်နေပါတယ်။ ဒုတိယတစ်ချက်ကတော့ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အများစုဟာ တရုတ်ယွမ်ငွေကို အဓိကထားသုံးစွဲသလို တရုတ်ဘက်က လူမျိုးကွဲတွေနဲ့ တစ်နည်းတစ်ဖုံ အနွယ်တော်တွေ ဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် မြန်မာဘက်မှာ ကချင်တိုင်းရင်းသားနွယ်ဖွားတွေ ရှိနေ သလို တရုတ်ဘက်မှာလည်း ရှိနေတဲ့သဘောမျိုးပါ။ တရုတ်နိုင်ငံက အာဏာပိုင်တွေဟာ KIA ခေါင်းဆောင်ပိုင်း တွေဖြစ်တဲ့ အင်ဘန်လ၊ ဂမ်ရှောင်၊ ဂွမ်မော်တို့ အပေါ်မှာ တစ်နည်းတစ်ဖုံနဲ့ ပတ်သက်မှုရှိမထားပါဘူးဆိုတဲ့ တိကျ ခိုင်မာတဲ့ငြင်းဆိုမှုတွေ ယနေ့အထိ လုပ်ဆောင်ထားနိုင်ခြင်း မရှိပါဘူး။ အလားတူ အခြားသော TNLA၊ MNDAA၊ NDAA၊ UWSA၊ AA၊ SSPP တို့ရဲ့ခေါင်းဆောင်ပိုင်းတွေနဲ့လည်း ကင်းကင်းရှင်းရှင်း ရှိကြောင်း သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ နောက်ထပ်တစ်ချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အများစု သုံးစွဲနေတဲ့ ယခင် ဆယ်စုနှစ်ကျော်တုန်းက လက်နက်အမျိုးအစားတွေဟာ တရုတ်ဘက်က ထုတ်လုပ်ထားတဲ့လက်နက်တွေ ဖြစ်နေ သလို ဒီဘက်နောက်ပိုင်းမှာ အသွင်ပြောင်းပုံပြောင်းတွေ ဖြစ်လာတာကလည်း မြန်မာပြည်သူလူထုက သတိထား မိလာစေပါတယ်။ ရှော့တိုက်ဒုံးနည်းပညာက တရုတ်နိုင်ငံဆီကနေ သင်ယူထားတာဖြစ်သလို ခဲယမ်းတွေကို တရုတ်နိုင်ငံထဲက ဈေးဝယ်စင်တာတွေမှာ တင်ရောင်းတာမဟုတ်သည့်တိုင် မြန်မာတိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ ဖောဖောသီသီ ရှိနေတာက သံသယဖြစ်စရာ ရှိနေခဲ့ပါတယ်။ အခြားသောထောက်ပြ စရာများစွာ ရှိထားပေမယ့် အကျဉ်းချုံးတဲ့အနေနဲ့ ထောက်ပြစရာ နိုင်ငံတကာဆက်ဆံရေးတစ်ခု ရှိနေပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးကို အားထည့်လုပ်ဆောင်နေချိန်ကာလအတွင်း တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက်တစ်ခွင်က တိုက်ပွဲကြီးနှစ်ခုထက်မနည်းရဲ့နောက်ကွယ်မှာ တရုတ်နိုင်ငံက ရှိနေခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ရှိနေခဲ့ပါတယ်။ အဲဒီအထဲက တစ်ခုကတော့ ၂၀၁၅ ခုနှစ် လောက်ကိုင် တိုက်ပွဲပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖုန်ကြားရှင်ရဲ့ MNDAA က ဖော်ဆောင်ခဲ့တဲ့ လောက်ကိုင်တိုက်ပွဲဟာ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းခဲ့သူ သမ္မတဦးသိန်းစိန်ရဲ့ဂျပန်ခရီးစဉ်နဲ့ တိုက်ဆိုင်နေတာကတော့ ထူးခြားပါတယ်။ ဖြစ်စဉ် ဖြစ်ရပ်များစွာဟာ တရုတ်နိုင်ငံအပေါ်မှာ တိုက်ရိုက်မဟုတ်ရင်တောင် သံသယဝင်စေနိုင်တဲ့ အချက်အလက်တွေ အဖြစ် ခြေရာထင်ကျန်ခဲ့တာကြောင့် မြန်မာလူထုရင်ထဲမှာ တရုတ်နိုင်ငံအပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားဟာ လည်း အရောင်လာဟပ်စေမှာဖြစ်ပါတယ်။



ရှမ်းမြောက်တိုက်ပွဲတွေကို ထိုင်ဝမ်နဲ့ အနောက်အုပ်စုက ဝင်မွှေနေသလား
၁ဝ၂၇ ဖြစ်ရပ်ကို ထိုင်ဝမ်တရုတ်အုပ်စုတွေက ဝင်မွှေတာမျိုး ဖြစ်နိုင်သလားဆိုတဲ့ ကောက်ချက်ကိုလည်း ထည့်သွင်းရေးဆွဲလိုပါတယ်။ အထူးသဖြင့် မြောက်ပိုင်းသုံးဖွဲ့နဲ့ ပေါင်းစပ် တိုက်ပွဲဝင်နေသူ NUG ဘက်တော်သား PDF ၊ BPLA တို့ဟာ အမေရိကန်ရဲ့လက်စခြေစေ လက်တံခြေတံတွေပဲ ဖြစ်ပါတယ်။ BPLA မောင်ဆောင်းခဟာ တရုတ်နဲ့လည်း အရိပ်အာဝါသ မကင်းသူဖြစ်နိုင်သလို အမေရိကန်ရဲ့ရန်ကုန်အခြေစိုက် အမေရိကန်စင်တာထွက် ကျောင်းသားတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ BPLA ဟာ ကိုးကန့်အုပ်စုရဲ့၁၀၂၇ တိုက်ပွဲထဲမှာ ရှေ့ဆုံးကနေ ပါဝင်တိုက်ခိုက်နေတာဟာ နှစ်သီးစား အကျိုးအမြတ်ရှာဖွေမှုလည်း ဖြစ်နိုင်သလို မောင်ဆောင်းခအတွက် ကြီးမားတဲ့ဆုလာဘ်တွေ ရနိုင်ပါတယ်။ ယနေ့အထိ အမေရိကန်အစိုးရဘက်က ရှမ်းမြောက်တိုက်ပွဲတွေကို ဘယ်လိုအသံမျိုးမှမထွက်ဘဲ ခြေသံလုံလုံနေပေးတာဟာ ထည့်စဉ်းစားစရာအချက်ဖြစ်နေပြီး တရုတ်အတွက် လည်း ထိုးနှက်ချက်တစ်ခုဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာမှာ တရုတ်မုန်းတီးရေးဝါဒလှိုင်း ပိုမိုကြီးမား စေရေးအတွက် တရုတ်လက်အိပ်ကိုယူပြီး ထိုးတဲ့ အမေရိကန်ရဲ့ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ ဗျုဟာများ ဖြစ်နေမလားလို့ သံသယရှိပါတယ်။ မြန်မာနိုင်ငံထဲမှာ ရန်ကုန်-မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ စိမ့်ဝင် ပျံ့နှံ့နေပြီးသား ထိုင်ဝမ်သတင်းပေးများစွာကလည်း ရှမ်းမြောက်တိုက်ပွဲတွေကို တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက် နိုင်တယ်လို့ ကောက်ချက်ဆွဲနိုင်သလို တရုတ်အတွက်လည်း မထင်မှတ်တဲ့အကွက်ကနေ အရှိုက်ထိုးခံရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ တရုတ်မုန်းတီးရေးဝါဒလှိုင်းက ပိုမိုကြီးထွားစေပြီး NUG ဘက်တော်သားများရဲ့လိုဘလည်း ပြည့်စေနိုင်မယ့် တရုတ်ရေးဆွဲတဲ့ စီမံချက်မျိုးလို့ ကောက်ချက်ဆွဲချင်ပါတယ်။ ထူးခြားချက်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ မောင်းနင်၊ ဝမ့်ဝမ်ဘင်းတို့ ဟာ ရှမ်းမြောက်တိုက်ပွဲတွေကို ညိနှိုင်းအဖြေရှာကြဖို့ တိုက်တွန်းနေခြင်းသာရှိပြီး နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်အောင် တိုက်ပွဲဖော်ဆောင်သူတွေဖြစ်တဲ့ မြောက်ပိုင်းသုံးဖွဲ့အပေါ်မှာ မှတ်ချက်တစ်ခုမှ မပေးခဲ့တာက ထည့်စဉ်းစားစရာပါပဲ။

မြန်မာအစိုးရဘက်က တရုတ်လိုအင်တွေကို ဖြည့်ဆည်းပေးသလား
ရှမ်းမြောက်တိုက်ပွဲတွေဟာ တရုတ်ရဲ့လိုလားချက်ဖြစ်တဲ့ ကျားဖြန့်နှိမ်နင်းရေးနဲ့အတူ ရောပါလာတဲ့ ဆေးတစ်ခွက် ဖြစ်နေပါတယ်။ တရုတ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေကြားမှာ ဆွေးနွေးထား ချက်တွေ ရှိနေမယ်လို့ ကောက်ချက်ချရပါမယ်။ ၁၀၂၇ တိုက်ပွဲ စတင်ကတည်းက တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်ပိုင်းချင်းတွေ့ဆုံမှုဟာ အတော်လေး ခြေလှမ်းစိတ်နေခဲ့သလို တရုတ်ဘက်က ထုတ်ပြန်တဲ့ အလိုရှိ ဖမ်းဝရမ်းစာရင်းတွေကို မြန်မာအစိုးရဘက်ကလည်း ထပ်ဆင့်ဖမ်းဝရမ်းထုတ်ပြီး တရုတ်အစီအစဉ်ထဲမှာ ဝင်ပါ ပေးနေခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့ပိုင်နက်ထဲမှာ ဖြစ်နေသည့်တိုင် တရုတ်ရဲ့သဘောထားကို လိုက်ပါ လုပ်ဆောင်ပေးနေတာလို့ ပြောနိုင်တာပါ။ ဥပမာအားဖြင့် နောက်ဆုံးဖမ်းဝရမ်းထုတ်လိုက်တဲ့ လောက်ကိုင် အခြေစိုက် မြီမိသားစုကိစ္စလိုမျိုးဟာ အထူးပေါ်လွင်လာတဲ့ ခြေလှမ်းတွေဖြစ်ပြီး တရုတ်-မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းကြားမှာ အလဲအထပ်တစ်ခုခု ရှိနေခဲ့ပြီလို့ တွက်ဆစရာဖြစ်လာပါတယ်။ တရုတ်အစိုးရဟာ ကိုးကန့်နဲ့ ဝ - မိုင်းလားဒေသက ခေါင်းဆောင်အချို့ကို တရုတ်နိုင်ငံအထိ စီးပွားရေးအကြောင်းပြ ဆင့်ခေါ်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို မြန်မာနိုင်ငံပိုင်နက်ထဲအထိပါ ဝင်ရောက်စီးနင်း ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ချင်ပေမယ့် နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြချင်တဲ့အတွက် သည်းခံနေခဲ့ပုံရပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံထဲမှာ ဖမ်းဆီးလိုက်တဲ့ ကိုးကန့်ဒေသ ဦးစီးအဖွဲ့ဝင် ဦးမောင်မောင်တို့ရဲ့ ထွက်ဆိုချက် တွေဟာ တရုတ်အစိုးရအတွက် ခိုင်မာတဲ့အချက်အလက်တွေ ရရှိခဲ့တယ်လို့ ဆိုနိုင်သလို မြန်မာအစိုးရကို ပေးဖို့အတွက် အထောက်အထားတွေ ဖြစ်စေခဲ့တယ်လို့ ပြောရမှာပါ။ တစ်နည်းအားဖြင့် မြန်မာအစိုးရ ခေါင်းဆောင်ရဲ့လက်ထဲမှာ ဖမ်းဆီးပေးရမယ့် လူစာရင်းစာရွက် သို့မဟုတ် ကျားဖြန့်ကိစ္စ လာဘ်ပေးလာဘ်ယူ အဂတိကျုးလွန်သူ စာရင်းက ရောက်ရှိနေပြီလို့ ကောက်ချက်ချချင်တာပါ။ ဒါကြောင့်လည်း ကိုးကန့်ဒေသက အင်အားကြီးမိသားစုတွေထဲက တစ်စုဖြစ်တဲ့ မြီရှောက်ချန်းဦးဆောင် မြီမိသားစုကို မြန်မာအစိုးရက ဖမ်းဆီး ပေးခဲ့သလို ပယ်မိသားစုခေါင်းဆောင် ပယ်စောက်ချိန်ကိုပါ ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုးကန့်ဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေကိုပါ ရာထူးက ရပ်ဆိုင်းခဲ့ပြီး ယာယီဥက္ကဋ္ဌအဖြစ် ကွမ်းလုံ ဇာတိသား ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ခန့်အပ်ပေးခဲ့ပါတယ်။ ကိုးကန့်ဒေသရဲ့ ခေါင်းဆောင်မှုပိုင်း အပြောင်းအလဲကို နစက ဘက်က အလဲအထပ်နဲ့ အပြောင်းအလဲလုပ်မယ့်သဘောမှာ ရှိနေပါတယ်။ ဆိုလိုတာက တရုတ်အစိုးရရဲ့သဘော ထားအတိုင်း တတ်နိုင်သမျှ လိုက်ပါလုပ်ဆောင်ပေးဖို့ နစကဘက်က ပြင်ဆင်ထားပုံရပြီး ကိုးကန့်နယ်မြေအချို့ကို တရုတ်လိုလားတဲ့ ဖုန်ကြားရှင်ရဲ့သားဖြစ်သူ ဖုန်တာရွှင့်တို့ရဲ့လက်ထဲမှာ ယာယီထည့်ပေးမယ့်သဘောမျိုး သုံးသပ် စရာရှိနေပါတယ်။

တရုတ်နိုင်ငံဘက်က လုပ်ပေးရမယ့်အရာ
တရုတ်နိုင်ငံအနေဖြင့် စစ်လက်နက်များသုံးမယ့်အစား ကျားဖြန့်လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့အတွက် မြန်မာ အစိုးရနဲ့ လက်တွဲလုပ်ဆောင်သင့်ပါတယ်။ ကုန်ကျစရိတ် ကြီးမားလွန်းလှတဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် က စစ်ပွဲတွေဟာ တရုတ်နယ်စပ်က ဒေသခံမတွေရဲ့ လုံခြုံရေးကိုလည်းထိခိုက်စေပါတယ်။ ဒါ့အပြင် ကျားဖြန့် လိမ်လည်မှုရဲ့ အဓိကဧရိယာဟာ မြန်မာမြောက်ပိုင်းဒေသမဟုတ်ဘဲ KK Park တည်ရှိရာ ထိုင်း-မြန်မာနယ်စပ်က မြဝတီနယ်မြေသာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်မက်ဖြစ်ပွားမှုကို ဆန့်ကျင်ခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးခြင်းကိုသာ လိုလားတယ်ဆိုတာကို အနှစ်သာရရှိရှိပြသပေးဖို့ လိုပါပြီ။ အပတ်စဉ် သတင်းစာ ရှင်းလင်းနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကနေ လက်ရှိပြောနေတဲ့စကားတွေဟာ နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးကြပါရန် ဆိုသော အချက်တွေ ဖြစ်နေပါတယ်။
လက်ရှိကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအများစုက ၁၀၂၇ ဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုအပေါ် သံသယရှိနေတာ သေချာပါတယ်။ တရုတ်အစိုးရဟာ မြန်မာအစိုးရနဲ့ EAO ဆိုတဲ့ နှစ်ဖက်စလုံးအပေါ်မှာ ကြီးမားသောသြဇာလွှမ်းမိုးမှု ရှိနေတာလည်း အမှန်ပါပဲ။ လက်ရှိတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့နေရာက လက်နက်ကိုင်အဖွဲ့တွေကို ပံ့ပိုးကူညီခြင်း (သို့မဟုတ်) ပါဝင်ဆောင်ရွက်မှုမပြုခြင်းဖြင့် မြန်မာပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ သံသယတွေကို ချေဖျက်ပြသဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ဟာ နှစ်ဘက်ကြားက စစ်မက်ဖြစ်ပွားမှုတွေကို ပြေလည်အောင် ဆောင်ရွက်နိုင်ရင် (သို့မဟုတ်) နှစ်ဖက် အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို လွယ်ကူချောမွေ့စေမည်ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရရှိရေးဟာ နှစ်နိုင်ငံပြည်သူတွေအတွက် ကြီးမားသော အကျိုးကျေးဇူး တွေ ရရှိစေမည်ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်အထိ သြဇာကြီးမားလာတဲ့ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်း မြန်မာ ပြည်သူလူထုရဲ့သံသယတွေကို ဖြေဖျောက်ပေးဖို့ လုပ်မလား၊ မလုပ်ဘူးလားဆိုတာကလည်း ဂုဏ်သိက္ခာရှိသော နိုင်ငံကြီးကောင်း ပီသသလား မပီသဘူးလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Zawgyi Version;
ရွမ္းေျမာက္ ၁ဝ၂၇ တိုက္ပြဲေတြ ေနာက္ကြယ္မွာ ပါဝင္ျခင္းမရွိေၾကာင္း တ႐ုတ္ဘက္က သက္ေသျပသင့္တဲ့ အခ်က္မ်ား
မ်ိဳးမင္း(မက်ည္းလဟာ) NP News - ႏိုဝင္ဘာ ၂၃

ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ေျမာက္ပိုင္းတစ္လႊားမွာ ျဖစ္ေပၚလာတဲ့ ၁ဝ၂၇ အမည္ရ လက္နက္ကိုင္အုံႂကြမႈ ေနာက္ကြယ္မွာ တ႐ုတ္ႏိုင္ငံက မီးစိမ္းျပခဲ့ျခင္းရွိေနသလား။ ဒါဟာ တ႐ုတ္ႏိုင္ငံက မလိုခ်င္ေသာ အခ်က္ တစ္ခ်က္ျဖစ္တဲ့အတြက္ ၁၀၂၇ ရဲ႕ေနာက္ကြယ္မွာ တ႐ုတ္လက္ တ႐ုတ္ေျခေတြ ပါဝင္ပတ္သက္ျခင္း မရွိပါဘူး ဆိုတဲ့သက္ေသေတြ ျပသဖို႔ တ႐ုတ္ဘက္က ျပင္ဆင္ရပါေတာ့မယ္။ ျဖစ္ႏိုင္ေျခရွိေသာ ျပင္ဆင္မႈေတြနဲ႔ ျဖစ္သင့္ေသာ ျပင္ဆင္မႈေတြ အပါအဝင္ ရွမ္းေျမာက္မွာ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို သုံးသပ္ရမယ့္အပိုင္း ေရာက္ လာပါၿပီ။

၁ဝ၂၇ စစ္ေရးစီမံခ်က္ စတင္ျမစ္ဖ်ားခံရာနဲ႔ တိုက္ပြဲ ေဖာ္ေဆာင္မႈမ်ား
ေျမာက္ပိုင္း မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့ MNDAA ၊ TNLA နဲ႔ AA တို႔ဟာ ၁ဝ၂၇ စစ္ဆင္ေရးကို စတင္မယ္လို႔ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ(၂၆)ရက္ ညပိုင္းမွာ ႐ုတ္တရက္ထုတ္ျပန္လာခဲ့ၿပီး နာရီမျခားမွာပဲ ရွမ္းေျမာက္တစ္ခြင္က တ႐ုတ္ နယ္စပ္ၿမိဳ႕ ခ်င္းေ႐ႊေဟာ္ကို ဝင္တိုက္ခဲ့ပါတယ္။ အျခားေသာ ၿမိဳ႕ေတြအျဖစ္ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရး အဓိကလမ္းမႀကီးျဖစ္တဲ့ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္က ေနာင္ခ်ိဳ-ေက်ာက္မဲ-သီေပါ-လားရႈိး- သိႏၵီ ၿမိဳ႕နယ္ေတြထဲက တပ္မေတာ္စခန္းကုန္းနဲ႔ ရဲစခန္းေတြကို တစ္ၿပိဳင္တည္း ဝင္တိုက္ခဲ့ပါတယ္။ အျခားေသာ ၿမိဳ႕နယ္ေတြျဖစ္တဲ့ နမၼတူ၊ ကြတ္ခိုင္၊ နမ့္ခမ္း၊ ပန္ဆိုင္း၊ မုန္းကိုး၊ ေဖာင္းဆိုင္၊ကြမ္းလုံ တို႔ကိုလည္း ဝင္ေရာက္ တိုက္ခိုက္ခဲ့သလို လမ္းေတြနဲ႔ တံတားေတြကို ခ်ိဳးဖ်က္ခဲ့ၾကပါတယ္။ ေအာက္တိုဘာ(၂၇)ရက္က စတင္ခဲ့တဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕တိုက္ပြဲေတြဟာ ႏိုဝင္ဘာ(၂၂)ရက္အထိ (၂၇)ရက္ေျမာက္လာခ်ိန္မွာေတာ့ စခန္းကုန္းနဲ႔ ရဲစခန္းေပါင္း(၁၅ဝ)ထက္မနည္းကို သိမ္းပိုက္ခဲ့ၾကသလို ၿမိဳ႕နယ္ေတြျဖစ္တဲ့ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ ပန္ဆိုင္း၊ နမ့္ခမ္း၊ ကြမ္းလုံတို႔ကို ရရွိသြားၾကပါတယ္။ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕စစ္ေရးစီမံခ်က္ဟာ ယခင္အတိတ္ကာလမ်ားက ရွိခဲ့တဲ့ စစ္ေရးဗ်ဳဟာေတြထက္ အဆင့္မ်ားစြာ ျမင့္မားၿပီး အျခားေသာျပည္ပႏိုင္ငံတစ္ခုခုက ပါဝင္ပတ္သက္ေန သလားဆိုတဲ့ သံသယေတြကိုပါ ျမန္မာလူထုၾကားမွာ ႀကီးထြားလာေစခဲ့ပါတယ္။ ဒီလိုႀကီးထြားလာရျခင္း အဓိကရင္းျမစ္ကေတာ့ တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာ တိန႔္ရွီကြၽမ္းရဲ႕ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ တပ္ဖြဲ႕မ်ားနဲ႔ လြန္ခဲ့ေသာ သုံးလခန႔္ကတည္းက ေတြ႕ဆုံခဲ့မႈေတြဟာ သံသယျဖစ္စရာ တစ္ခ်က္ျဖစ္လာပါတယ္။ ေအာက္တိုဘာ(၁၅)ရက္မွာ က်င္းပတဲ့ ေနျပည္ေတာ္က NCA ညီလာခံကို တက္ေရာက္လာခဲ့သူ မစၥတာ တိန႔္ရွီကြၽမ္းဟာ ျမန္မာနယ္စပ္က လက္နက္ကိုင္ေတြျဖစ္တဲ့ KIA၊ UWSA၊ MNDAA၊ TNLA၊ AA၊ NDAA၊ SSPP တို႔အေပၚမွာ ၾသဇာႀကီးမားသူျဖစ္ပါတယ္။ ျမန္မာအစိုးရက အဲဒီလက္နက္ကိုင္အဖြဲ႕ေတြကို အႀကိမ္ႀကိမ္ သေဘာထားေပ်ာ့ေျပာင္းစြာ ဖိတ္ေခၚခဲ့ေပမယ့္ တ႐ုတ္အထူးကိုယ္စားလွယ္ရဲ႕ ေ႐ႊလီမွာ ဆုံခ်င္တယ္ဆိုတဲ့ စကားေလာက္ တိုးမေပါက္ခဲ့တာမ်ိဳးဟာ တ႐ုတ္နဲ႔ လက္နက္ကိုင္(၇)ဖြဲ႕ရဲ႕နီးကပ္မႈကို ျပသရာေရာက္ေနပါတယ္။ အဲဒီေနာက္ပိုင္း လြန္ခဲ့တဲ့လအနည္းငယ္က လက္နက္ကိုင္(၇)ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္တစ္ေစာင္မွာလည္း တ႐ုတ္ကို ရည္ၫႊန္းခဲ့ေသာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို အကာအကြယ္ေပးသြားမယ္ဆိုတဲ့ ကတိစကားက ေထာက္ျပစရာ သက္ေသတစ္ခု ျဖစ္လာျပန္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ၁၀၂၇ တိုက္ပြဲေတြ မျဖစ္ေပၚခင္ လပိုင္းအလိုမွာပဲ UWSA “ဝ” ေဒသမွာ MDNAA၊ TNLA နဲ႔ AA တို႔က သီးျခားေတြ႕ဆုံမႈေတြ လုပ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ၿငိမ္းခ်မ္းေရးညီလာခံ NCA ကို တက္လာႏိုင္ေျခရွိတယ္လို႔ ယူဆရတဲ့အေနအထားကေန ၁၀၂၇ တိုက္ပြဲဘက္ကို သာ ဦးတည္သြားခဲ့ျခင္းဟာ ထူးျခားတဲ့ျဖစ္ရပ္လည္း ျဖစ္ပါတယ္။ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕တိုက္ပြဲေခၚသံ ေၾကညာခ်က္ငါးခ်က္ထဲမွာ အေရးႀကီးဆုံးအျဖစ္ တ႐ုတ္ႏိုင္ငံက လိုလားေတာင့္တေနတဲ့ က်ားျဖန႔္ေခၚ အြန္လိုင္း လိမ္လည္မႈေတြကို ေဖာ္ထုတ္ဖမ္းဆီးရန္ဆိုတဲ့အခ်က္ ပါဝင္ေနျခင္းကလည္း ထူးျခားပါတယ္။ ဒီေတာ့ တ႐ုတ္ ႏိုင္ငံဟာ ၁၀၂၇ တိုက္ပြဲရဲ႕ေနာက္ကြယ္မွာ ပါဝင္ပတ္သက္မႈရွိႏိုင္လားဆိုတဲ့ေမးခြန္းေတြနဲ႔ ေတြးဆခ်က္ေတြဟာ ျမန္မာလူထုအသိုင္းအဝိုင္းနဲ႔ ဆုံးျဖတ္သုံးသပ္ႏိုင္သူေတြၾကားမွာ ေခတ္စားလာပါတယ္။

၁၀၂၇ စစ္ဆင္ေရး မစတင္ခင္ တ႐ုတ္နဲ႔ ျမန္မာအစိုးရၾကား ဘာေတြရွိခဲ့လဲ
တ႐ုတ္ႏိုင္ငံဟာ ျမန္မာနယ္စပ္ကေန လိမ္လည္မႈလုပ္ေနတဲ့ က်ားျဖန႔္ဂိုဏ္းေတြအေပၚမွာ အေတာ္ေလး ႐ြံရွာ စက္ဆုပ္ေနတာကို အတိအလင္းထုတ္ေျပာလာပါတယ္။ အထူးသျဖင့္ ျမန္မာအစိုးရေခါင္းေဆာင္ေတြနဲ႔ ေအာက္တိုဘာ(၂၇)မတိုင္မီ အႀကိမ္ႀကိမ္ေတြ႕ဆုံမႈေတြမွာ ထုတ္ေျပာလာတဲ့အထိ ဖိအားေပးလာခဲ့တာပါ။ က်ားျဖန႔္ဟာ တ႐ုတ္နယ္စပ္ ျမန္မာပိုင္နက္ လက္နက္ကိုင္နယ္ေျမေတြမွာ အေျခစိုက္ၿပီး တ႐ုတ္ျပည္သူေတြကို ႀကီးႀကီးမားမားၿခိမ္းေျခာက္ေနတာ အမွန္ပါပဲ။ ကိုးကန႔္ေဒသ ေလာက္ကိုင္၊ UWSA ရဲ႕ “၀” ေဒသ၊ မိုင္းလားေဒသ၊ ကရင္ျပည္နယ္ထဲက ေ႐ႊကုကၠိဳလ္နဲ႔ KK Park တို႔ဟာ က်ားျဖန႔္ဂိုဏ္းေတြရဲ႕က်င္လည္က်က္စားရာ ေဒသျဖစ္ၿပီး အဲဒီေနရာေတြကို နယ္ေျမရွင္းလင္းေရးနဲ႔အတူ ရာဇဝတ္ေကာင္ေတြကို ဖမ္းဆီးအေရးယူေပးဖို႔ တ႐ုတ္ဘက္က ျမန္မာအစိုးရ နစကကို ေတာင္းဆိုထားပါတယ္။ ဒီေတာင္းဆိုခ်က္ကို ျမန္မာအစိုးရဘက္က အနည္းငယ္ေပါ့ ေလ်ာ့မိခဲ့ပုံရၿပီး တ႐ုတ္ဘက္မွာေတာ့ အစိုးရထိပ္ပိုင္းေခါင္းေဆာင္မ်ားအထိ စိတ္ဆိုးေဒါသထြက္စရာ ျဖစ္ခဲ့ပုံရပါ တယ္။ ေအာက္တိုဘာ ပထမပတ္ေလာက္ ေရာက္မွသာ က်ားျဖန႔္ဂိုဏ္းထဲက အမ်ားအျပားကို ဖမ္းဆီးေပးတာ ေတြ လုပ္ေဆာင္ခဲ့သလို “ဝ” နယ္ေျမကလည္း လူေထာင္ခ်ီကို ဖမ္းဆီးၿပီး တ႐ုတ္ရဲလက္ထဲ အပ္ႏွံခဲ့ပါတယ္။ ဘယ္လိုပဲအပ္ႏွံသည္ျဖစ္ေစ တ႐ုတ္ႏိုင္ငံဘက္က ေဒါသဟာ ျပယ္သြားပုံမရေသးဘဲ က်ားျဖန႔္လူလိမ္ ရာဇဝတ္ သမားေတြလက္ထဲမွာ လိမ္လည္ရယူထားတယ္လို႔ ေကာက္ခ်က္ခ်ထားတဲ့ ေငြေၾကးပမာဏ ေဒၚလာဘီလ်ံ (၄ဝ) ေလာက္ကိုပါ တ႐ုတ္ဘက္က ျပန္လည္ရယူခ်င္ေနတယ္လို႔ ယူဆပါတယ္။ က်ားျဖန႔္နဲ႔ ပတ္သက္ၿပီး နစကရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တ႐ုတ္သတင္းဌာန Phoenix News နဲ႔ ေအာက္တိုဘာ(၂၃)ရက္မွာ အင္တာဗ်ဳးေျဖခဲ့ပါတယ္။ " “ဝ” နဲ႔ မိုင္းလား ေဒသဟာ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္မႈေအာက္မွာ မရွိပါဘူး။ ၀ နဲ႔ မိုင္းလားဟာ တ႐ုတ္အစိုးရနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး ေဆာင္႐ြက္တာျဖစ္တဲ့အတြက္ ေငြေၾကးပမာဏ ဘယ္ေလာက္လဲဆိုတာ မသိပါဘူး " လို႔ ေျဖၾကားခဲ့သလို တ႐ုတ္အထူးကိုယ္စားလွယ္နဲ႔ သေဘာတူထားခ်က္အရ ဒီႏွစ္ကုန္ပိုင္းမွာ အျမစ္ျဖတ္ေခ်မႈန္းမယ္လို႔ ႏွစ္ႏိုင္ငံ သေဘာတူထားေၾကာင္းလည္း ေျပာခဲ့ပါတယ္။ “ဝ” နဲ႔ မိုင္းလားဟာ တ႐ုတ္စကားေျပာၿပီး တ႐ုတ္ယြမ္ေငြကိုသာ သုံးစြဲသလို တ႐ုတ္ႏိုင္ငံထဲက ကူမင္းၿမိဳ႕နဲ႔ ဖူအာၿမိဳ႕မွာ လည္း လက္နက္ကိုင္(၇)ဖြဲ႕ရဲ႕ေခါင္းေဆာင္ေတြက သူတို႔ပိုင္ဆိုင္မႈေတြကို ထားရွိတယ္လို႔ ေထာက္ျပခဲ့ပါတယ္။

"အြန္လိုင္းလိမ္လည္မႈကေန ရတဲ့ ေငြေၾကးေတြ ဘယ္ကိုေရာက္ေနလဲဆိုရင္ “ဝ” နဲ႔ မိုင္းလား ေခါင္းေဆာင္ေတြရဲ႕ ပိုင္ဆိုင္မႈက ျမန္မာႏိုင္ငံထဲမွာ မရွိပါဘူး။ အိမ္နဲ႔ေျမကြက္ေတြ ကုမၸဏီေတြ ဘယ္ေလာက္အထိ တ႐ုတ္ႏိုင္ငံထဲက ဖူအာၿမိဳ႕နဲ႔ ကူမင္းၿမိဳ႕မွာ ရွိေနလဲဆိုတာ အဲဒီေဒသ တ႐ုတ္ျပည္သူေတြကို ေမးၾကည့္ရင္ သိႏိုင္ပါလိမ့္မယ္ " လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားထားပါတယ္။ ဒီအခ်က္ေတြဟာ တ႐ုတ္ဘက္က လိုခ်င္ေနတဲ့အခ်က္ေတြ ျဖစ္သလို ျမန္မာအစိုးရက က်ားျဖန႔္ေငြလိမ္ဂိုဏ္းေတြကို အကာအကြယ္ေပးထားသလားလို႔ ထင္ျမင္ယူဆခ်က္ အေပၚမွာ တုံ႔ျပန္တာလည္း ျဖစ္ပါတယ္။ က်ားျဖန႔္လုပ္ငန္းဟာ တ႐ုတ္ႏိုင္ငံသားေတြကို ျမန္မာႏိုင္ငံသားေတြက လိမ္လည္တာမ်ိဳးမဟုတ္ဘဲ တ႐ုတ္ႏိုင္ငံသားေတြက ျမန္မာ့ပိုင္နက္နယ္ေျမထဲကို ဝင္လာၿပီး တ႐ုတ္ႏိုင္ငံသား ေတြနဲ႔ ျမန္မာႏိုင္ငံသားေတြကို လိမ္လည္မႈလုပ္သြားတာမ်ိဳးျဖစ္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။ သို႔ေသာ္လည္း ျမန္မာအစိုးရအာဏာပိုင္အခ်ိဳ႕ဟာ သက္ဆိုင္ရာနယ္ေျမေတြမွာ လာဘ္ေပးလာဘ္ယူလုပ္ၿပီး တ႐ုတ္ေတြကို ျမန္မာပတ္စ္ပို႔နဲ႔ ႏိုင္ငံျခားကို ထြက္ေျပးလို႔ ရေအာင္ ကူညီခဲ့တဲ့ ျဖစ္စဥ္မ်ိဳးေတြ ရွိခဲ့ပုံရတဲ့အတြက္ ဒီအခ်က္ဟာ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ "တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက အြန္လိုင္း လိမ္လည္သူေတြကို အကာအကြယ္ေပးေနတာ ျဖစ္ပါတယ္။ အဲဒီတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကိုလည္း ပါဝင္ပတ္သက္ျခင္းမျပဳၾကဖို႔ သတိေပးထားၿပီး ျဖစ္ပါတယ္။ အစိုးရဝန္ထမ္းမ်ားအေနနဲ႔လည္း လာဘ္ေပး လာဘ္ယူမႈရွိႏိုင္ပါတယ္။ ရွိခဲ့ရင္လည္း ျပင္းျပင္းထန္ထန္ အေရးယူဖို႔ ေဆာင္႐ြက္ေနပါတယ္" လို႔ ေျဖၾကားခဲ့ပါတယ္။

အဲဒီေျဖၾကားခ်က္နဲ႔ မေရွးမေႏွာင္းမွာပဲ ျပည္ထဲေရးဝန္ႀကီး ဦးစိုးထြဋ္နဲ႔ ရဲတပ္ဖြဲ႕အရာရွိအခ်ိဳ႕ အေရးယူခံခဲ့ရသလို ႏိုဝင္ဘာ(၁၆)ရက္မွာေတာ့ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအႀကီးအကဲ ဦးျမင့္ေဆြကို တာဝန္ကေန ရပ္စဲခဲ့ ပါတယ္။ အလားတူ တ႐ုတ္ဘက္က အလိုရွိေနတဲ့ ၿမီမ်ိဳးႏြယ္ Ming Xuechang အမည္ရ ကိုးကန႔္တိုင္းရင္းသား လုပ္ငန္းရွင္ မိသားစုဝင္ေလးဦးကိုပါ ဖမ္းဝရမ္းထုတ္ေပးခဲ့ပါတယ္။ ဒီျဖစ္စဥ္အေစာပိုင္းမွာလည္း UWSA လက္ေအာက္ခံအမႈေဆာင္ ႏွစ္ဦးကိုပါ ဖမ္းဝရမ္းထုတ္ေပးခဲ့ပါေသးတယ္။ တ႐ုတ္ႏိုင္ငံဘက္ကေတာ့ ကိုးကန႔္ တိုင္းရင္းသား ဦးေမာင္ေမာင္(ဖူလီလိုက္လုပ္ငန္းရွင္) အပါအဝင္ လုပ္ငန္းရွင္(၁၁)ဦးကို ၁၀၂၇ စီမံခ်က္မစတင္ခင္ ရက္ပိုင္းအလိုကတည္းက တ႐ုတ္ျပည္ထဲမွာ ဖမ္းဆီးခဲ့သလို “ဝ” တပ္ဖြဲ႕ ဒုစစ္ဦးစီးခ်ဳပ္ကိုပါ ဖမ္းဆီးထားခဲ့ပါ တယ္။ အားလုံးဟာ က်ားျဖန႔္ဂိုဏ္းေတြနဲ႔ ဆက္စပ္ေနသလို ျမန္မာအစိုးရအေပၚ အားမရတဲ့ တ႐ုတ္က ကိုယ္တိုင္ ပါဝင္ပတ္သက္ခဲ့တဲ့လုပ္ငန္းစဥ္ေတြပဲျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္ေတြရဲ႕ေနာက္ကြယ္မွာေတာ့ ၁၀၂၇ စစ္ဆင္ေရးဟာ စတင္ေပၚေပါက္လာခဲ့သလို စစ္ဆင္ေရးအဖြဲ႕ေတြရဲ႕ေၾကညာခ်က္ဟာလည္း တ႐ုတ္လိုလားတဲ့ေခါင္းစီး စာတန္း ေတြျဖစ္ေနတာကို ေတြ႕ရျပန္ပါတယ္။ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕စစ္ဆင္ေရးစတင္တဲ့ေန႔နဲ႔ မေရွးမေႏွာင္းမွာပဲ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၏ အတြင္းေရးမႉးခ်ဳပ္႐ုံးအဖြဲ႕ဝင္၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ျပည္သူ႔ လုံၿခဳံေရးဝန္ႀကီး အျဖစ္တာဝန္ယူထားသူ H.E. Mr. Wang Xiaohong က ျမန္မာေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေအာက္တိုဘာ (၃၁)ရက္က လာေတြ႕ခဲ့သလို ျမန္မာဘက္က ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းကလည္း တ႐ုတ္ဗဟိုစစ္ေကာ္မရွင္ဒုတိယဥကၠ႒ျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး General Zhang Youxia နဲ႔ တ႐ုတ္ျပည္မွာ ေအာက္တိုဘာ(၂၉)ရက္က သီးသန႔္ေတြ႕ဆုံခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈေတြဟာ တ႐ုတ္ဘက္က ဘယ္ေလာက္အထိ ျပင္းျပတဲ့ဆႏၵေတြနဲ႔ က်ားျဖန႔္ဂိုဏ္းေတြကို ၿဖိဳခြင္းမလဲဆိုတာ ျပသခဲ့တာပဲ ျဖစ္ပါတယ္။

၁၀၂၇ ေနာက္ကြယ္မွာ တ႐ုတ္ ပါ-မပါ ျမန္မာပညာတတ္အသိုင္းအဝိုင္းရဲ႕ေကာက္ခ်က္
လူဦးေရ(၉၅ဝဝ)ေလာက္ရွိတဲ့ ပညာတတ္အသိုင္းအဝိုင္းတစ္ခုရဲ႕ Group မွာ စစ္တမ္းတစ္ခု လုပ္ခဲ့ပါတယ္။ ဒီစစ္တမ္းကေတာ့ ၁ဝ၂၇ ေနာက္မွာ တ႐ုတ္ပါဝင္တယ္လို႔ သံသယရွိလား (သို႔မဟုတ္) တ႐ုတ္ပါတယ္ဆိုတာ မျဖစ္ႏိုင္ပါဘူးဆိုတဲ့ ေခါင္းစဥ္နဲ႔ပါပဲ။ အဲဒီမွာ ေျဖၾကားသူ ၈၆ ရာခိုင္ႏႈန္းကေတာ့ တ႐ုတ္ရဲ႕ပါဝင္ပတ္သက္မႈေတြ ရွိေနတယ္လို႔ ယုံၾကည္ေနၾကသလို က်န္တဲ့ ၁၄ ရာခိုင္ႏႈန္းကေတာ့ မျဖစ္ႏိုင္ပါဘူးလို႔ ေျဖၾကားပါတယ္။ ဘာေၾကာင့္ တ႐ုတ္ႏိုင္ငံက ပါဝင္ေနတယ္လို႔ ယုံၾကည္သူမ်ားတာလဲဆိုတဲ့အခ်က္ဟာ တ႐ုတ္ႏိုင္ငံအတြက္ ေသေသခ်ာခ်ာ စဥ္းစားရမယ့္ကိစၥျဖစ္လာပါတယ္။ ေထာက္ျပစရာ ပထမတစ္ခ်က္ ျဖစ္ႏိုင္ေျခကေတာ့ ေျမာက္ပိုင္းသုံးဖြဲ႕ အပါအဝင္ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္က လက္နက္ကိုင္ေတြအားလုံးဟာ တ႐ုတ္ရဲ႕ၾသဇာ မကင္းဘူးလို႔ ျမန္မာႏိုင္ငံသားအမ်ားအျပားက ယုံၾကည္သက္ဝင္ေနၿပီးသားျဖစ္ပါတယ္။ အဲဒီလက္နက္ကိုင္ ထိပ္ပိုင္း ေခါင္းေဆာင္အခ်ိဳ႕ရဲ႕သက္ေသကတ္ျပားေတြဟာ ျမန္မာႏိုင္ငံသားမွတ္ပုံတင္တစ္ခုတည္းတင္ မဟုတ္ဘဲ တ႐ုတ္ႏိုင္ငံသားကတ္ေတြပါ ပူးတြဲကိုင္ထားၾကတာပါ။ တ႐ုတ္ႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံသားကတ္နဲ႔ တ႐ုတ္ဘဏ္ စာရင္းဖြင့္ထားၾကသလို တိုက္ပြဲေတြျဖစ္လာရင္ ပထမဆုံးေျပးတဲ့ႏိုင္ငံပိုင္နက္နယ္ေျမဟာ တ႐ုတ္ႏိုင္ငံထဲကိုပဲ ျဖစ္ေနပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္မွာရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အမ်ားစုဟာ တ႐ုတ္ယြမ္ေငြကို အဓိကထားသုံးစြဲသလို တ႐ုတ္ဘက္က လူမ်ိဳးကြဲေတြနဲ႔ တစ္နည္းတစ္ဖုံ အႏြယ္ေတာ္ေတြ ျဖစ္ေနတတ္ပါတယ္။ ဥပမာအားျဖင့္ ျမန္မာဘက္မွာ ကခ်င္တိုင္းရင္းသားႏြယ္ဖြားေတြ ရွိေန သလို တ႐ုတ္ဘက္မွာလည္း ရွိေနတဲ့သေဘာမ်ိဳးပါ။ တ႐ုတ္ႏိုင္ငံက အာဏာပိုင္ေတြဟာ KIA ေခါင္းေဆာင္ပိုင္း ေတြျဖစ္တဲ့ အင္ဘန္လ၊ ဂမ္ေရွာင္၊ ဂြမ္ေမာ္တို႔ အေပၚမွာ တစ္နည္းတစ္ဖုံနဲ႔ ပတ္သက္မႈရွိမထားပါဘူးဆိုတဲ့ တိက် ခိုင္မာတဲ့ျငင္းဆိုမႈေတြ ယေန႔အထိ လုပ္ေဆာင္ထားႏိုင္ျခင္း မရွိပါဘူး။ အလားတူ အျခားေသာ TNLA၊ MNDAA၊ NDAA၊ UWSA၊ AA၊ SSPP တို႔ရဲ႕ေခါင္းေဆာင္ပိုင္းေတြနဲ႔လည္း ကင္းကင္းရွင္းရွင္း ရွိေၾကာင္း သက္ေသျပႏိုင္ျခင္း မရွိေသးပါဘူး။ ေနာက္ထပ္တစ္ခ်က္ကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ အမ်ားစု သုံးစြဲေနတဲ့ ယခင္ ဆယ္စုႏွစ္ေက်ာ္တုန္းက လက္နက္အမ်ိဳးအစားေတြဟာ တ႐ုတ္ဘက္က ထုတ္လုပ္ထားတဲ့လက္နက္ေတြ ျဖစ္ေန သလို ဒီဘက္ေနာက္ပိုင္းမွာ အသြင္ေျပာင္းပုံေျပာင္းေတြ ျဖစ္လာတာကလည္း ျမန္မာျပည္သူလူထုက သတိထား မိလာေစပါတယ္။ ေရွာ့တိုက္ဒုံးနည္းပညာက တ႐ုတ္ႏိုင္ငံဆီကေန သင္ယူထားတာျဖစ္သလို ခဲယမ္းေတြကို တ႐ုတ္ႏိုင္ငံထဲက ေဈးဝယ္စင္တာေတြမွာ တင္ေရာင္းတာမဟုတ္သည့္တိုင္ ျမန္မာတိုင္းရင္းသား လက္နက္ကိုင္ေတြဆီမွာ ေဖာေဖာသီသီ ရွိေနတာက သံသယျဖစ္စရာ ရွိေနခဲ့ပါတယ္။ အျခားေသာေထာက္ျပ စရာမ်ားစြာ ရွိထားေပမယ့္ အက်ဥ္းခ်ဳံးတဲ့အေနနဲ႔ ေထာက္ျပစရာ ႏိုင္ငံတကာဆက္ဆံေရးတစ္ခု ရွိေနပါတယ္။ သမၼတ ဦးသိန္းစိန္လက္ထက္က ၿငိမ္းခ်မ္းေရးကို အားထည့္လုပ္ေဆာင္ေနခ်ိန္ကာလအတြင္း တ႐ုတ္-ျမန္မာ နယ္စပ္ ရွမ္းေျမာက္တစ္ခြင္က တိုက္ပြဲႀကီးႏွစ္ခုထက္မနည္းရဲ႕ေနာက္ကြယ္မွာ တ႐ုတ္ႏိုင္ငံက ရွိေနခဲ့တယ္ဆိုတဲ့ ေထာက္လွမ္းေရးအခ်က္အလက္ေတြ ရွိေနခဲ့ပါတယ္။ အဲဒီအထဲက တစ္ခုကေတာ့ ၂၀၁၅ ခုႏွစ္ ေလာက္ကိုင္ တိုက္ပြဲပါပဲ။ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဖုန္ၾကားရွင္ရဲ႕ MNDAA က ေဖာ္ေဆာင္ခဲ့တဲ့ ေလာက္ကိုင္တိုက္ပြဲဟာ ျမစ္ဆုံ စီမံကိန္းကို ရပ္ဆိုင္းခဲ့သူ သမၼတဦးသိန္းစိန္ရဲ႕ဂ်ပန္ခရီးစဥ္နဲ႔ တိုက္ဆိုင္ေနတာကေတာ့ ထူးျခားပါတယ္။ ျဖစ္စဥ္ ျဖစ္ရပ္မ်ားစြာဟာ တ႐ုတ္ႏိုင္ငံအေပၚမွာ တိုက္႐ိုက္မဟုတ္ရင္ေတာင္ သံသယဝင္ေစႏိုင္တဲ့ အခ်က္အလက္ေတြ အျဖစ္ ေျခရာထင္က်န္ခဲ့တာေၾကာင့္ ျမန္မာလူထုရင္ထဲမွာ တ႐ုတ္ႏိုင္ငံအေပၚထားရွိတဲ့ စိတ္ေနစိတ္ထားဟာ လည္း အေရာင္လာဟပ္ေစမွာျဖစ္ပါတယ္။



ရွမ္းေျမာက္တိုက္ပြဲေတြကို ထိုင္ဝမ္နဲ႔ အေနာက္အုပ္စုက ဝင္ေမႊေနသလား
၁ဝ၂၇ ျဖစ္ရပ္ကို ထိုင္ဝမ္တ႐ုတ္အုပ္စုေတြက ဝင္ေမႊတာမ်ိဳး ျဖစ္ႏိုင္သလားဆိုတဲ့ ေကာက္ခ်က္ကိုလည္း ထည့္သြင္းေရးဆြဲလိုပါတယ္။ အထူးသျဖင့္ ေျမာက္ပိုင္းသုံးဖြဲ႕နဲ႔ ေပါင္းစပ္ တိုက္ပြဲဝင္ေနသူ NUG ဘက္ေတာ္သား PDF ၊ BPLA တို႔ဟာ အေမရိကန္ရဲ႕လက္စေျခေစ လက္တံေျခတံေတြပဲ ျဖစ္ပါတယ္။ BPLA ေမာင္ေဆာင္းခဟာ တ႐ုတ္နဲ႔လည္း အရိပ္အာဝါသ မကင္းသူျဖစ္ႏိုင္သလို အေမရိကန္ရဲ႕ရန္ကုန္အေျခစိုက္ အေမရိကန္စင္တာထြက္ ေက်ာင္းသားတစ္ဦးလည္း ျဖစ္ေနျပန္ပါတယ္။ BPLA ဟာ ကိုးကန႔္အုပ္စုရဲ႕၁၀၂၇ တိုက္ပြဲထဲမွာ ေရွ႕ဆုံးကေန ပါဝင္တိုက္ခိုက္ေနတာဟာ ႏွစ္သီးစား အက်ိဳးအျမတ္ရွာေဖြမႈလည္း ျဖစ္ႏိုင္သလို ေမာင္ေဆာင္းခအတြက္ ႀကီးမားတဲ့ဆုလာဘ္ေတြ ရႏိုင္ပါတယ္။ ယေန႔အထိ အေမရိကန္အစိုးရဘက္က ရွမ္းေျမာက္တိုက္ပြဲေတြကို ဘယ္လိုအသံမ်ိဳးမွမထြက္ဘဲ ေျခသံလုံလုံေနေပးတာဟာ ထည့္စဥ္းစားစရာအခ်က္ျဖစ္ေနၿပီး တ႐ုတ္အတြက္ လည္း ထိုးႏွက္ခ်က္တစ္ခုျဖစ္ႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ ျမန္မာမွာ တ႐ုတ္မုန္းတီးေရးဝါဒလႈိင္း ပိုမိုႀကီးမား ေစေရးအတြက္ တ႐ုတ္လက္အိပ္ကိုယူၿပီး ထိုးတဲ့ အေမရိကန္ရဲ႕ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ပစ္တဲ့ ဗ်ဳဟာမ်ား ျဖစ္ေနမလားလို႔ သံသယရွိပါတယ္။ ျမန္မာႏိုင္ငံထဲမွာ ရန္ကုန္-မႏၲေလး အစရွိတဲ့ ၿမိဳ႕ႀကီးေတြမွာ စိမ့္ဝင္ ပ်ံ႕ႏွံ႔ေနၿပီးသား ထိုင္ဝမ္သတင္းေပးမ်ားစြာကလည္း ရွမ္းေျမာက္တိုက္ပြဲေတြကို တစ္နည္းတစ္ဖုံ ပါဝင္ပတ္သက္ ႏိုင္တယ္လို႔ ေကာက္ခ်က္ဆြဲႏိုင္သလို တ႐ုတ္အတြက္လည္း မထင္မွတ္တဲ့အကြက္ကေန အရႈိက္ထိုးခံရတာမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ ျမန္မာႏိုင္ငံမွာ တ႐ုတ္မုန္းတီးေရးဝါဒလႈိင္းက ပိုမိုႀကီးထြားေစၿပီး NUG ဘက္ေတာ္သားမ်ားရဲ႕လိုဘလည္း ျပည့္ေစႏိုင္မယ့္ တ႐ုတ္ေရးဆြဲတဲ့ စီမံခ်က္မ်ိဳးလို႔ ေကာက္ခ်က္ဆြဲခ်င္ပါတယ္။ ထူးျခားခ်က္ကေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူေတြျဖစ္တဲ့ ေမာင္းနင္၊ ဝမ့္ဝမ္ဘင္းတို႔ ဟာ ရွမ္းေျမာက္တိုက္ပြဲေတြကို ညိႏႈိင္းအေျဖရွာၾကဖို႔ တိုက္တြန္းေနျခင္းသာရွိၿပီး နယ္စပ္ေဒသ မတည္မၿငိမ္ ျဖစ္ေအာင္ တိုက္ပြဲေဖာ္ေဆာင္သူေတြျဖစ္တဲ့ ေျမာက္ပိုင္းသုံးဖြဲ႕အေပၚမွာ မွတ္ခ်က္တစ္ခုမွ မေပးခဲ့တာက ထည့္စဥ္းစားစရာပါပဲ။

ျမန္မာအစိုးရဘက္က တ႐ုတ္လိုအင္ေတြကို ျဖည့္ဆည္းေပးသလား
ရွမ္းေျမာက္တိုက္ပြဲေတြဟာ တ႐ုတ္ရဲ႕လိုလားခ်က္ျဖစ္တဲ့ က်ားျဖန႔္ႏွိမ္နင္းေရးနဲ႔အတူ ေရာပါလာတဲ့ ေဆးတစ္ခြက္ ျဖစ္ေနပါတယ္။ တ႐ုတ္အစိုးရထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ျမန္မာအစိုးရေခါင္းေဆာင္ေတြၾကားမွာ ေဆြးေႏြးထား ခ်က္ေတြ ရွိေနမယ္လို႔ ေကာက္ခ်က္ခ်ရပါမယ္။ ၁၀၂၇ တိုက္ပြဲ စတင္ကတည္းက တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ပိုင္းခ်င္းေတြ႕ဆုံမႈဟာ အေတာ္ေလး ေျခလွမ္းစိတ္ေနခဲ့သလို တ႐ုတ္ဘက္က ထုတ္ျပန္တဲ့ အလိုရွိ ဖမ္းဝရမ္းစာရင္းေတြကို ျမန္မာအစိုးရဘက္ကလည္း ထပ္ဆင့္ဖမ္းဝရမ္းထုတ္ၿပီး တ႐ုတ္အစီအစဥ္ထဲမွာ ဝင္ပါ ေပးေနခဲ့ပါတယ္။ အထူးသျဖင့္ ျမန္မာ့ပိုင္နက္ထဲမွာ ျဖစ္ေနသည့္တိုင္ တ႐ုတ္ရဲ႕သေဘာထားကို လိုက္ပါ လုပ္ေဆာင္ေပးေနတာလို႔ ေျပာႏိုင္တာပါ။ ဥပမာအားျဖင့္ ေနာက္ဆုံးဖမ္းဝရမ္းထုတ္လိုက္တဲ့ ေလာက္ကိုင္ အေျခစိုက္ ၿမီမိသားစုကိစၥလိုမ်ိဳးဟာ အထူးေပၚလြင္လာတဲ့ ေျခလွမ္းေတြျဖစ္ၿပီး တ႐ုတ္-ျမန္မာအစိုးရ ေခါင္းေဆာင္ပိုင္းၾကားမွာ အလဲအထပ္တစ္ခုခု ရွိေနခဲ့ၿပီလို႔ တြက္ဆစရာျဖစ္လာပါတယ္။ တ႐ုတ္အစိုးရဟာ ကိုးကန႔္နဲ႔ ဝ - မိုင္းလားေဒသက ေခါင္းေဆာင္အခ်ိဳ႕ကို တ႐ုတ္ႏိုင္ငံအထိ စီးပြားေရးအေၾကာင္းျပ ဆင့္ေခၚၿပီး ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့သလို ျမန္မာႏိုင္ငံပိုင္နက္ထဲအထိပါ ဝင္ေရာက္စီးနင္း ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ခ်င္ေပမယ့္ ႏိုင္ငံတကာ ဥပေဒေတြကို ေလးစားလိုက္နာျပခ်င္တဲ့အတြက္ သည္းခံေနခဲ့ပုံရပါတယ္။ သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံထဲမွာ ဖမ္းဆီးလိုက္တဲ့ ကိုးကန႔္ေဒသ ဦးစီးအဖြဲ႕ဝင္ ဦးေမာင္ေမာင္တို႔ရဲ႕ ထြက္ဆိုခ်က္ ေတြဟာ တ႐ုတ္အစိုးရအတြက္ ခိုင္မာတဲ့အခ်က္အလက္ေတြ ရရွိခဲ့တယ္လို႔ ဆိုႏိုင္သလို ျမန္မာအစိုးရကို ေပးဖို႔အတြက္ အေထာက္အထားေတြ ျဖစ္ေစခဲ့တယ္လို႔ ေျပာရမွာပါ။ တစ္နည္းအားျဖင့္ ျမန္မာအစိုးရ ေခါင္းေဆာင္ရဲ႕လက္ထဲမွာ ဖမ္းဆီးေပးရမယ့္ လူစာရင္းစာ႐ြက္ သို႔မဟုတ္ က်ားျဖန႔္ကိစၥ လာဘ္ေပးလာဘ္ယူ အဂတိက်ဳးလြန္သူ စာရင္းက ေရာက္ရွိေနၿပီလို႔ ေကာက္ခ်က္ခ်ခ်င္တာပါ။ ဒါေၾကာင့္လည္း ကိုးကန႔္ေဒသက အင္အားႀကီးမိသားစုေတြထဲက တစ္စုျဖစ္တဲ့ ၿမီေရွာက္ခ်န္းဦးေဆာင္ ၿမီမိသားစုကို ျမန္မာအစိုးရက ဖမ္းဆီး ေပးခဲ့သလို ပယ္မိသားစုေခါင္းေဆာင္ ပယ္ေစာက္ခ်ိန္ကိုပါ ေခၚယူစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုးကန႔္ေဒသ ဥကၠ႒ ဦးျမင့္ေဆြကိုပါ ရာထူးက ရပ္ဆိုင္းခဲ့ၿပီး ယာယီဥကၠ႒အျဖစ္ ကြမ္းလုံ ဇာတိသား ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္ကို ခန႔္အပ္ေပးခဲ့ပါတယ္။ ကိုးကန႔္ေဒသရဲ႕ ေခါင္းေဆာင္မႈပိုင္း အေျပာင္းအလဲကို နစက ဘက္က အလဲအထပ္နဲ႔ အေျပာင္းအလဲလုပ္မယ့္သေဘာမွာ ရွိေနပါတယ္။ ဆိုလိုတာက တ႐ုတ္အစိုးရရဲ႕သေဘာ ထားအတိုင္း တတ္ႏိုင္သမွ် လိုက္ပါလုပ္ေဆာင္ေပးဖို႔ နစကဘက္က ျပင္ဆင္ထားပုံရၿပီး ကိုးကန႔္နယ္ေျမအခ်ိဳ႕ကို တ႐ုတ္လိုလားတဲ့ ဖုန္ၾကားရွင္ရဲ႕သားျဖစ္သူ ဖုန္တာ႐ႊင့္တို႔ရဲ႕လက္ထဲမွာ ယာယီထည့္ေပးမယ့္သေဘာမ်ိဳး သုံးသပ္ စရာရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံဘက္က လုပ္ေပးရမယ့္အရာ
တ႐ုတ္ႏိုင္ငံအေနျဖင့္ စစ္လက္နက္မ်ားသုံးမယ့္အစား က်ားျဖန႔္လိမ္လည္မႈေတြကို တိုက္ဖ်က္ဖို႔အတြက္ ျမန္မာ အစိုးရနဲ႔ လက္တြဲလုပ္ေဆာင္သင့္ပါတယ္။ ကုန္က်စရိတ္ ႀကီးမားလြန္းလွတဲ့ တ႐ုတ္-ျမန္မာနယ္စပ္တစ္ေလွ်ာက္ က စစ္ပြဲေတြဟာ တ႐ုတ္နယ္စပ္က ေဒသခံမေတြရဲ႕ လုံၿခဳံေရးကိုလည္းထိခိုက္ေစပါတယ္။ ဒါ့အျပင္ က်ားျဖန႔္ လိမ္လည္မႈရဲ႕ အဓိကဧရိယာဟာ ျမန္မာေျမာက္ပိုင္းေဒသမဟုတ္ဘဲ KK Park တည္ရွိရာ ထိုင္း-ျမန္မာနယ္စပ္က ျမဝတီနယ္ေျမသာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ စစ္မက္ျဖစ္ပြားမႈကို ဆန႔္က်င္ျခင္းနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ေဆြးေႏြးျခင္းကိုသာ လိုလားတယ္ဆိုတာကို အႏွစ္သာရရွိရွိျပသေပးဖို႔ လိုပါၿပီ။ အပတ္စဥ္ သတင္းစာ ရွင္းလင္းေနတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္ကေန လက္ရွိေျပာေနတဲ့စကားေတြဟာ ႏွစ္ဖက္တိုက္ပြဲေတြ ရပ္တန႔္ၿပီး နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေစ့စပ္ညႇိႏႈိင္းေဆြးေႏြးၾကပါရန္ ဆိုေသာ အခ်က္ေတြ ျဖစ္ေနပါတယ္။
လက္ရွိကာလမွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ျပည္သူအမ်ားစုက ၁၀၂၇ ျဖစ္စဥ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ပါဝင္ပတ္သက္မႈအေပၚ သံသယရွိေနတာ ေသခ်ာပါတယ္။ တ႐ုတ္အစိုးရဟာ ျမန္မာအစိုးရနဲ႔ EAO ဆိုတဲ့ ႏွစ္ဖက္စလုံးအေပၚမွာ ႀကီးမားေသာၾသဇာလႊမ္းမိုးမႈ ရွိေနတာလည္း အမွန္ပါပဲ။ လက္ရွိတိုက္ပြဲေတြ စတင္ျဖစ္ပြားခဲ့တဲ့ေနရာက လက္နက္ကိုင္အဖြဲ႕ေတြကို ပံ့ပိုးကူညီျခင္း (သို႔မဟုတ္) ပါဝင္ေဆာင္႐ြက္မႈမျပဳျခင္းျဖင့္ ျမန္မာျပည္သူေတြရဲ႕ စိုးရိမ္ပူပန္မႈေတြနဲ႔ သံသယေတြကို ေခ်ဖ်က္ျပသဖို႔ အေထာက္အကူျဖစ္ေစမွာ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ တ႐ုတ္ဟာ ႏွစ္ဘက္ၾကားက စစ္မက္ျဖစ္ပြားမႈေတြကို ေျပလည္ေအာင္ ေဆာင္႐ြက္ႏိုင္ရင္ (သို႔မဟုတ္) ႏွစ္ဖက္ အၾကား အပစ္အခတ္ရပ္စဲေရးဆိုင္ရာ ညႇိႏႈိင္းမႈေတြကို လြယ္ကူေခ်ာေမြ႕ေစမည္ျဖစ္ပါတယ္။ တ႐ုတ္-ျမန္မာ နယ္စပ္ေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ ရရွိေရးဟာ ႏွစ္ႏိုင္ငံျပည္သူေတြအတြက္ ႀကီးမားေသာ အက်ိဳးေက်းဇူး ေတြ ရရွိေစမည္ျဖစ္ပါတယ္။ ကမာၻ႔အဆင့္အထိ ၾသဇာႀကီးမားလာတဲ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္း ျမန္မာ ျပည္သူလူထုရဲ႕သံသယေတြကို ေျဖေဖ်ာက္ေပးဖို႔ လုပ္မလား၊ မလုပ္ဘူးလားဆိုတာကလည္း ဂုဏ္သိကၡာရွိေသာ ႏိုင္ငံႀကီးေကာင္း ပီသသလား မပီသဘူးလားဆိုတာကို ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.