အလုံးစုံပျက်သုဉ်းရေး (၂)မျိုး (ဘာသာပြန်ဆောင်းပါး)

 1548

Htay Oung (NP News) - နိုဝင်ဘာ ၂၃

ဒီဘက်နှစ်များ ကျွန်တော်တို့ဆီမှာ ခေတ်အစားဆုံးဝေါဟာရက အလုံးစုံပျက်သုဉ်းရေး Uttermost Devastation ဖြစ်လိမ့်မယ်။ အဲဒီမှာ ၂ မျိုးရှိတယ်လို့ ကျွန်တော် ဉာဏ်မီပါတယ်။

(၁) လိုချင်တဲ့တောင်းဆိုတာရရှိဖို့ တိုင်းပြည်တစ်ခုလုံး အလုံးစုံပျက်သုဉ်းရေးပါ။

၁၉၉၅ ခုနှစ် အမေရိကန်သမ္မတ ဘီလ်ကလင်တန်ရဲ့ အထူးသံတမန် မယ်ဒဲလ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်အပြီး ကျွန်တော်တို့ဆီမှာ ကျယ်လောင်လာခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုဖြစ်ကြောင်း သတိထားမိကြမှာပါ။

အဲဒီအချိန် မြေပေါ် ဒီမိုကရေစီအရေးထင်ရှားပေါ်လွင်သူပုဂ္ဂိုလ်သာမက မြေအောက်ရောက်သွားတဲ့ ကျောင်းသား လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တို့လည်း အလုံးစုံပျက်သုဉ်းရေးမှာ တစ်သံတည်း တူညီနေကြတယ်။

လူ့အဖွဲ့အစည်းကြီးအတွင်း အတွေးအမြင် နဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ပြောင်းလဲစေခြင်းဖြင့် ထိပ်တိုက်တွေကြပြီး တိုင်းပြည်တစ်ခုလုံး အလုံးစုံ ပျက်သုဉ်းရေးပါ။ နောက်မှ ပြန်လည်ထူထောင်တည်ဆောက်ယူမယ်ပေါ့။

ဒါပေမယ့် တိုင်းပြည်ကို ဖျက်ဆီးပြီး ပြန်လည်ထူထောင်ရေးဟာ PUBG Game ကစားသလို မလွယ်ကူပါ။ ရုပ်ဝတ္တုပိုင်းကို ပြန်လည်တည်ဆောက်ရေးဟာ ဂိမ်းပွဲထဲကလို မဟုတ်ပါ။ ရှုံးသွားတဲ့ အသက်တွေကိုလည်း အစားပြန် မရနိုင်ပါ။

သူ့ထက် အရင့် အရင် ဗီယက်နမ် နဲ့ အာဖဂန်၊ ဆီးရီးယား၊ လစ်ဗျားတို့မှာ အလုံးစုံပျက်သုဉ်းရေးဟာ ဆယ်စုနှစ်ချီကြာမြင့်လာပေမယ့် ယခုထိ ပြန်လည်ထူထောင်နိုင်ခြင်း မရှိပါ။ ဗီယက်နမ်တစ်နိုင်ငံတည်းသာ လွတ်မြောက်သွားလို့ ကံကောင်းသွားခြင်းဖြစ်ပြီး နောက်တက်လာတဲ့ ဆိုရှယ်လစ်အစိုးရက တိုင်းပြည်ရဲ့ ပျက်စီးသွားတဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရကြောင်း အများတွေ့မြင်နိုင်ပါတယ်။

(၂) နောက်အဂတိလိုက်စားစေခြင်းဖြင့် အလုံးစုံပျက်သုဉ်းရေးကတော့ ဘယ်သူ ဘယ်အချိန်စတင်လိုက်ပြီး ဘယ်လောက် အောင်မြင်နေမှန်း ကျွန်တော် မသိပါ။ ရှိနေတယ်လို့လည်း စွပ်စွဲခြင်း မပြုလိုပါ။

အစိုးရအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်အတွင်း လာဘ်ပေးခြင်းဖြင့် အလုံးစုံပျက်သုဉ်းစေခြင်း ဖြစ်ပါတယ်။

တကယ်တော့ အဂတိလိုက်စားမှုဟာ တိုင်းပြည်ပျက်အောင် ဖျက်ဆီးရာမှာ နျူကလီယာဗုံးထက် ဆိုးရွားတဲ့ ဘွဲ့ဖြူလက်နက်ဖြစ်ပါတယ်။

ဥပမာ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ရဲ့ သေနတ်သံမထွက်ပဲ တိုင်းပြည်ဖျက်ဆီးနည်းက လာဘ်ပေးလာဘ်ယူခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ အာဏာပိုင်အဖွဲ့အစည်းအတွင်း တံစိုးလက်ဆောင်ထိုးခြင်းအားဖြင့် တိုင်းပြည်တစ်ပြည် အစိုးရနှစ်ဖွဲ့ အသွင်သဏ္ဍာန်မျိုးကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့
တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်သူများဟာ ဒုစရိုက်သမားနဲ့ပုန်ကန်သူများကို နှိမ်နင်းတာလည်း သူတို့
ခွင့်ပြုတာလည်း သူတို့ပဲ ဖြစ်သွားပါတယ်။

အယ်လ်ကိုင်ဒါဟာ ဖွဲ့စည်းပုံ၊ အချင်းချင်း ချိတ်ဆက်ပုံနဲ့ ဘဏ္ဍာငွေကိုင်တွယ်စီမံရာမှာ အလွန်ခေတ်မီပြီး အမေရိကန် CIA၊ ဗြိတိန် MI6 တို့လို ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့ကြီးများ မွှေနှောက်ခြင်းကို ကောင်းကောင်း ခံနိုင်ရည် ရှိတယ်လို့ “အယ်လ်ကိုင်ဒါ နိုင်ငံတကာ အကြမ်းဖက်ကွန်ရက်” စာအုပ်မှာ ပါမောက္ခရိုဟန်ဂူနာရတ်နာက ရေးပါတယ်။

ဘယ်လိုလုပ် ထိုးဖောက်နိုင်မှာလဲ ထောက်လှမ်းရေးဝင်မယ့်အပေါက်အားလုံး ငွေနဲ့ ပိတ်ဆို့ထားလို့ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးလူဆိုးဂိုဏ်းကြီးဖြစ်နေပြီး တစ်ဖက်မှာလည်း ဘာသာရေးယုံကြည်မှုနဲ့ ခြောက်လှန့်ပါတယ်။

ဒုတိယနည်းဟာ အသံမထွက်၊ ရုတ်တရုက် မမြင်ရတဲ့အပြင် တိုင်းပြည်ပျက်သွားတောင် ဗြုံးကနဲ တရားခံ ရှာမတွေ့တတ်ပါ။ မျက်မှောက်ခေတ် လစ်ဗျား၊ ဆီးရီးယား ပြည်တွင်းစစ်၊ အာဖရိကနဲ့ လက်တင်အမေရိက တိုင်းပြည်များ၊ အိန္ဒိယ ပါကစ္စတန်တို့ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး မတည်မငြိမ် ဖြစ်ရခြင်းများမှာ စစ်ဘက် နယ်ဘက် နိုင်ငံဝန်ထမ်းများ အကျင့်ပျက်ခြင်း လာဘ်စားခြင်းတို့ကြောင့် ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားခြင်း၊ အဂတိလိုက်စားမှုဟာ ကျွန်တော်တို့ သိကြတဲ့ ငါးပါးသီလထဲက သူရာမေရယ သိက္ခာပုဒ်နဲ့ အတော်တူပါလိမ့်မယ်။

အရက်မူးပြီဆို သတ်၊ ခိုး၊ လိမ်၊ သူတစ်ပါးအိမ်ရာ ပြစ်မှားမှုတွေ ဆက်တိုက်ကျူးလွန်မိတော့တာပါပဲ။ မြေမြို၍ လူမျိုးမပြုတ်၊ ငွေမြိုမှ လူမျိုးပြုတ်ရပါတယ်။

ကျွန်တော်တစ်ဦးတည်း သဘောကတော့ အကျင့်ပျက်ခြစားမှုကြောင့် နှစ်စဉ်တိုင်းပြည်ဘဏ္ဍာငွေမှာ အကြီးအကျယ် ယိုဖိတ်ရမယ့်အတူတူ အဲဒီငွေတွေကို သက်ဆိုင်ရာဝန်ထမ်းအဆင့်အသီးသီးက တရားဝင်ခံစားစေခြင်း၊ အဂတိလိုက်စားမှုဖြစ်လာရင် ထိရောက်ပြင်းထန်စွာ အရေးယူခြင်းစတဲ့ တရုတ်နဲ့ စင်္ကာပူနည်းလမ်းကို ကျင့်သုံးကြည့်စေချင်ပါတယ်။

အစဉ်လေးစားစွာဖြင့်
HtayOung

zawgyi version
အလုံးစုံပ်က္သုဥ္းေရး (၂)မ်ိဳး (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၂၃

ဒီဘက္ႏွစ္မ်ား ကြၽန္ေတာ္တို႔ဆီမွာ ေခတ္အစားဆုံးေဝါဟာရက အလုံးစုံပ်က္သုဥ္းေရး Uttermost Devastation ျဖစ္လိမ့္မယ္။ အဲဒီမွာ ၂ မ်ိဳးရွိတယ္လို႔ ကြၽန္ေတာ္ ဉာဏ္မီပါတယ္။

(၁) လိုခ်င္တဲ့ေတာင္းဆိုတာရရွိဖို႔ တိုင္းျပည္တစ္ခုလုံး အလုံးစုံပ်က္သုဥ္းေရးပါ။

၁၉၉၅ ခုႏွစ္ အေမရိကန္သမၼတ ဘီလ္ကလင္တန္ရဲ႕ အထူးသံတမန္ မယ္ဒဲလ္လင္း ေအာလ္ဘ႐ိုက္ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္အၿပီး ကြၽန္ေတာ္တို႔ဆီမွာ က်ယ္ေလာင္လာခဲ့တဲ့ ႏိုင္ငံေရးလႈပ္ရွားမႈျဖစ္ေၾကာင္း သတိထားမိၾကမွာပါ။

အဲဒီအခ်ိန္ ေျမေပၚ ဒီမိုကေရစီအေရးထင္ရွားေပၚလြင္သူပုဂၢိဳလ္သာမက ေျမေအာက္ေရာက္သြားတဲ့ ေက်ာင္းသား လက္နက္ကိုင္ေတာ္လွန္ေရးေခါင္းေဆာင္တို႔လည္း အလုံးစုံပ်က္သုဥ္းေရးမွာ တစ္သံတည္း တူညီေနၾကတယ္။

လူ႔အဖြဲ႕အစည္းႀကီးအတြင္း အေတြးအျမင္ နဲ႔ လုပ္ကိုင္ေဆာင္႐ြက္ပုံေတြ ေျပာင္းလဲေစျခင္းျဖင့္ ထိပ္တိုက္ေတြၾကၿပီး တိုင္းျပည္တစ္ခုလုံး အလုံးစုံ ပ်က္သုဥ္းေရးပါ။ ေနာက္မွ ျပန္လည္ထူေထာင္တည္ေဆာက္ယူမယ္ေပါ့။

ဒါေပမယ့္ တိုင္းျပည္ကို ဖ်က္ဆီးၿပီး ျပန္လည္ထူေထာင္ေရးဟာ PUBG Game ကစားသလို မလြယ္ကူပါ။ ႐ုပ္ဝတၱဳပိုင္းကို ျပန္လည္တည္ေဆာက္ေရးဟာ ဂိမ္းပြဲထဲကလို မဟုတ္ပါ။ ရႈံးသြားတဲ့ အသက္ေတြကိုလည္း အစားျပန္ မရႏိုင္ပါ။

သူ႔ထက္ အရင့္ အရင္ ဗီယက္နမ္ နဲ႔ အာဖဂန္၊ ဆီးရီးယား၊ လစ္ဗ်ားတို႔မွာ အလုံးစုံပ်က္သုဥ္းေရးဟာ ဆယ္စုႏွစ္ခ်ီၾကာျမင့္လာေပမယ့္ ယခုထိ ျပန္လည္ထူေထာင္ႏိုင္ျခင္း မရွိပါ။ ဗီယက္နမ္တစ္ႏိုင္ငံတည္းသာ လြတ္ေျမာက္သြားလို႔ ကံေကာင္းသြားျခင္းျဖစ္ၿပီး ေနာက္တက္လာတဲ့ ဆိုရွယ္လစ္အစိုးရက တိုင္းျပည္ရဲ႕ ပ်က္စီးသြားတဲ့ ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာမ်ားကို ခက္ခက္ခဲခဲ ျပန္လည္ထူေထာင္ေနရေၾကာင္း အမ်ားေတြ႕ျမင္ႏိုင္ပါတယ္။

(၂) ေနာက္အဂတိလိုက္စားေစျခင္းျဖင့္ အလုံးစုံပ်က္သုဥ္းေရးကေတာ့ ဘယ္သူ ဘယ္အခ်ိန္စတင္လိုက္ၿပီး ဘယ္ေလာက္ ေအာင္ျမင္ေနမွန္း ကြၽန္ေတာ္ မသိပါ။ ရွိေနတယ္လို႔လည္း စြပ္စြဲျခင္း မျပဳလိုပါ။

အစိုးရအာဏာပိုင္အဖြဲ႕အစည္းအဆင့္ဆင့္အတြင္း လာဘ္ေပးျခင္းျဖင့္ အလုံးစုံပ်က္သုဥ္းေစျခင္း ျဖစ္ပါတယ္။

တကယ္ေတာ့ အဂတိလိုက္စားမႈဟာ တိုင္းျပည္ပ်က္ေအာင္ ဖ်က္ဆီးရာမွာ န်ဴကလီယာဗုံးထက္ ဆိုး႐ြားတဲ့ ဘြဲ႕ျဖဴလက္နက္ျဖစ္ပါတယ္။

ဥပမာ အယ္လ္ကိုင္ဒါအၾကမ္းဖက္အဖြဲ႕ရဲ႕ ေသနတ္သံမထြက္ပဲ တိုင္းျပည္ဖ်က္ဆီးနည္းက လာဘ္ေပးလာဘ္ယူျခင္း ျဖစ္တယ္လို႔ဆိုပါတယ္။ အာဏာပိုင္အဖြဲ႕အစည္းအတြင္း တံစိုးလက္ေဆာင္ထိုးျခင္းအားျဖင့္ တိုင္းျပည္တစ္ျပည္ အစိုးရႏွစ္ဖြဲ႕ အသြင္သ႑ာန္မ်ိဳးကို ဖန္တီးျခင္းျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔
တိုင္းျပည္တစ္ျပည္ရဲ႕ အုပ္ခ်ဳပ္သူမ်ားဟာ ဒုစ႐ိုက္သမားနဲ႔ပုန္ကန္သူမ်ားကို ႏွိမ္နင္းတာလည္း သူတို႔
ခြင့္ျပဳတာလည္း သူတို႔ပဲ ျဖစ္သြားပါတယ္။

အယ္လ္ကိုင္ဒါဟာ ဖြဲ႕စည္းပုံ၊ အခ်င္းခ်င္း ခ်ိတ္ဆက္ပုံနဲ႔ ဘ႑ာေငြကိုင္တြယ္စီမံရာမွာ အလြန္ေခတ္မီၿပီး အေမရိကန္ CIA၊ ၿဗိတိန္ MI6 တို႔လို ကမာၻေက်ာ္ ေထာက္လွမ္းေရးအဖြဲ႕ႀကီးမ်ား ေမႊေႏွာက္ျခင္းကို ေကာင္းေကာင္း ခံႏိုင္ရည္ ရွိတယ္လို႔ “အယ္လ္ကိုင္ဒါ ႏိုင္ငံတကာ အၾကမ္းဖက္ကြန္ရက္” စာအုပ္မွာ ပါေမာကၡ႐ိုဟန္ဂူနာရတ္နာက ေရးပါတယ္။

ဘယ္လိုလုပ္ ထိုးေဖာက္ႏိုင္မွာလဲ ေထာက္လွမ္းေရးဝင္မယ့္အေပါက္အားလုံး ေငြနဲ႔ ပိတ္ဆို႔ထားလို႔ျဖစ္ပါတယ္။ တစ္တိုင္းျပည္လုံးလူဆိုးဂိုဏ္းႀကီးျဖစ္ေနၿပီး တစ္ဖက္မွာလည္း ဘာသာေရးယုံၾကည္မႈနဲ႔ ေျခာက္လွန႔္ပါတယ္။

ဒုတိယနည္းဟာ အသံမထြက္၊ ႐ုတ္တ႐ုက္ မျမင္ရတဲ့အျပင္ တိုင္းျပည္ပ်က္သြားေတာင္ ၿဗဳံးကနဲ တရားခံ ရွာမေတြ႕တတ္ပါ။ မ်က္ေမွာက္ေခတ္ လစ္ဗ်ား၊ ဆီးရီးယား ျပည္တြင္းစစ္၊ အာဖရိကနဲ႔ လက္တင္အေမရိက တိုင္းျပည္မ်ား၊ အိႏၵိယ ပါကစၥတန္တို႔ရဲ႕ ႏိုင္ငံေရးနဲ႔ လုံၿခဳံေရး မတည္မၿငိမ္ ျဖစ္ရျခင္းမ်ားမွာ စစ္ဘက္ နယ္ဘက္ ႏိုင္ငံဝန္ထမ္းမ်ား အက်င့္ပ်က္ျခင္း လာဘ္စားျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။

အက်င့္ပ်က္ ျခစားျခင္း၊ အဂတိလိုက္စားမႈဟာ ကြၽန္ေတာ္တို႔ သိၾကတဲ့ ငါးပါးသီလထဲက သူရာေမရယ သိကၡာပုဒ္နဲ႔ အေတာ္တူပါလိမ့္မယ္။

အရက္မူးၿပီဆို သတ္၊ ခိုး၊ လိမ္၊ သူတစ္ပါးအိမ္ရာ ျပစ္မွားမႈေတြ ဆက္တိုက္က်ဴးလြန္မိေတာ့တာပါပဲ။ ေျမၿမိဳ၍ လူမ်ိဳးမျပဳတ္၊ ေငြၿမိဳမွ လူမ်ိဳးျပဳတ္ရပါတယ္။

ကြၽန္ေတာ္တစ္ဦးတည္း သေဘာကေတာ့ အက်င့္ပ်က္ျခစားမႈေၾကာင့္ ႏွစ္စဥ္တိုင္းျပည္ဘ႑ာေငြမွာ အႀကီးအက်ယ္ ယိုဖိတ္ရမယ့္အတူတူ အဲဒီေငြေတြကို သက္ဆိုင္ရာဝန္ထမ္းအဆင့္အသီးသီးက တရားဝင္ခံစားေစျခင္း၊ အဂတိလိုက္စားမႈျဖစ္လာရင္ ထိေရာက္ျပင္းထန္စြာ အေရးယူျခင္းစတဲ့ တ႐ုတ္နဲ႔ စကၤာပူနည္းလမ္းကို က်င့္သုံးၾကည့္ေစခ်င္ပါတယ္။

အစဥ္ေလးစားစြာျဖင့္
HtayOung

Related news

© 2021. All rights reserved.