ကျင်စန်းကျော့ဂိတ်အနီးရှိ 7-ဟွာကျင်းကားဝန်းကို TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်၊ ကုန်တင်ကားစီးရေ (၄၀)ခန့် မီးလောင်ပျက်စီး

4611
NP News - နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်အနီးမှ 7-ဟွာကျင်းကားဝန်းကို TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်ကားစီးရေ(၄၀)ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက် ၁၀ နာရီခန့်က ကျင်စန်းကျော့ဂိတ်အနီးရှိ 7-ဟွာကျင်းကုမ္ပဏီပိုင် ကားဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရသည့် ကားဝန်းအတွင်း၌ ကုန်တင်ကားအစီးရေ (၄၀၀)နီးပါးခန့်ရှိပြီး TNLA ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပစ်တာက TNLA အဖွဲ့က ပစ်တာလို့ပြောတယ်။ အဲဒီကားကွင်းထဲမှာက တရုတ်ဘက်ကနေ မြန်မာပြည်ဘက်ကို သွင်းလာတဲ့ ကုန်ပစ္စည်းတွေ အများစုရှိတဲ့နေရာပေါ့။ ကားစီရေက ၃၀၀၊ ၄၀၀လောက်ကိုရှိတယ်။ စားသောက်ကုန်တွေနဲ့ ကျောပိုးအိတ်လို လူသုံးကုန်ပစ္စည်းတွေ တင်လာတဲ့ ကားတွေပေါ့” ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
၎င်းပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် 7-ဟွာကျင်းကုန်တင်ကားဝန်းအတွင်းရှိ ကုန်တင်ကား စီးရေ (၄၀)ခန့်နှင့် ကုန်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“ကျင်စန်းကျော့မှက ကားကွင်းက (၂)ကွင်းရှိတာပေါ့။ ခုဖြစ်တာက အပေါ်ဘက်ကကားကွင်းမှာဖြစ်တာပါ။ အောက်ဘက်ကွင်းမှာတော့ ဆီဘောက်ဆာတွေအများကြီးရှိတဲ့ကွင်းပေါ့။ တရုတ်ဘက်ကနေ လားရှိုး-ကွတ်ခိုင်-မူဆယ်ကို သွင်းခွင့်ရထားတဲ့ ဆီဘောက်ဆာတွေ အများကြီးရှိတဲ့ ကွင်းပေါ့။ အဲဒီကွင်းသာ မီးလောင်သွားရင်တော့ ကျင်စန်းကျော့ တစ်ရွာလုံးမီးလောင်သွားမှာ” ဟု ၎င်းကဆက်လက်ပြော သည်။
အဆိုပါ ကားဝန်းမီလောင်မှုဖြစ်စဉ်အား မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက (၁)နာရီကျော်ကြာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ကုန်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများ၌ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းအား တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းအတွင်း၌ ယနေ့(နိုဝင်ဘာလ ၂၃ ရက်)နံနက်ပိုင်းက လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုသည် TNLA နှင့် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း နစကဘက်က ယနေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
TNLA နှင့် ပူးပေါင်းအဖွဲ့သည် ကုန်စည်စီးဆင်းမှုရပ်တန့်စေရန် နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရပ်ကွက်များ၊ ကျောင်းများ၊ ဘာသာရေး အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ကျင်စန်းကျော့ရွာအတွင်းရှိ (၄)ထပ်အဆောက်အဦးဖြစ်သော စတိုးဆိုင်တစ်ခုအား TNLA ပူးပေါင်းအဖွဲ့မှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း စတိုးဆိုင်အပေါ်ထပ်(၂)ထပ်လုံး ပျိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ နေ့လည် (၁)နာရီခန့်က မူဆယ်မြို့ရှိ (၁၀၅)မိုင် မိဘမဲ့ဘုန်းကြီကျောင်းအတွင်းသို့ TNLA အဖွဲ့က ပစ်ခတ်သော Drop Bomb ကျရောက် ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

zawgyi version
က်င္စန္းေက်ာ့ဂိတ္အနီးရွိ 7-ဟြာက်င္းကားဝန်းကို TNLA ပူးေပါင္းအဖြဲ႕က ပစ္ခတ္တိုက္ခိုက္၊ ကုန္တင္ကားစီးေရ (၄၀)ခန႔္ မီးေလာင္ပ်က္စီး
NP News - ႏိုဝင္ဘာ ၂၃
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ တ႐ုတ္နယ္စပ္ရွိ က်င္စန္းေက်ာ့ဂိတ္အနီးမွ 7-ဟြာက်င္းကားဝန်းကို TNLA ပူးေပါင္းအဖြဲ႕က ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ကုန္ကားစီးေရ(၄၀)ခန႔္ မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယေန႔(ႏိုဝင္ဘာလ ၂၃ ရက္)၊ နံနက္ ၁၀ နာရီခန႔္က က်င္စန္းေက်ာ့ဂိတ္အနီးရွိ 7-ဟြာက်င္းကုမၸဏီပိုင္ ကားဝန်းအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပစ္ခတ္တိုက္ခိုက္ခံရသည့္ ကားဝန္းအတြင္း၌ ကုန္တင္ကားအစီးေရ (၄၀၀)နီးပါးခန႔္ရွိၿပီး TNLA ပူးေပါင္းအဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပစ္တာက TNLA အဖြဲ႕က ပစ္တာလို႔ေျပာတယ္။ အဲဒီကားကြင္းထဲမွာက တ႐ုတ္ဘက္ကေန ျမန္မာျပည္ဘက္ကို သြင္းလာတဲ့ ကုန္ပစၥည္းေတြ အမ်ားစုရွိတဲ့ေနရာေပါ့။ ကားစီေရက ၃၀၀၊ ၄၀၀ေလာက္ကိုရွိတယ္။ စားေသာက္ကုန္ေတြနဲ႔ ေက်ာပိုးအိတ္လို လူသုံးကုန္ပစၥည္းေတြ တင္လာတဲ့ ကားေတြေပါ့” ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
၎ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ 7-ဟြာက်င္းကုန္တင္ကားဝန္းအတြင္းရွိ ကုန္တင္ကား စီးေရ (၄၀)ခန႔္ႏွင့္ ကုန္ပစၥည္းမ်ား မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။
“က်င္စန္းေက်ာ့မွက ကားကြင္းက (၂)ကြင္းရွိတာေပါ့။ ခုျဖစ္တာက အေပၚဘက္ကကားကြင္းမွာျဖစ္တာပါ။ ေအာက္ဘက္ကြင္းမွာေတာ့ ဆီေဘာက္ဆာေတြအမ်ားႀကီးရွိတဲ့ကြင္းေပါ့။ တ႐ုတ္ဘက္ကေန လားရႈိး-ကြတ္ခိုင္-မူဆယ္ကို သြင္းခြင့္ရထားတဲ့ ဆီေဘာက္ဆာေတြ အမ်ားႀကီးရွိတဲ့ ကြင္းေပါ့။ အဲဒီကြင္းသာ မီးေလာင္သြားရင္ေတာ့ က်င္စန္းေက်ာ့ တစ္႐ြာလုံးမီးေလာင္သြားမွာ” ဟု ၎ကဆက္လက္ေျပာ သည္။
အဆိုပါ ကားဝန္းမီေလာင္မႈျဖစ္စဥ္အား မီးသတ္တပ္ဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားက (၁)နာရီေက်ာ္ၾကာ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရၿပီး ကုန္ပစၥည္းမ်ားႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ က်င္စန္းေက်ာ့ဂိတ္ ယာဥ္ရပ္နားစခန္းဝန္းအား တပ္မေတာ္မွ လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု သတင္းမ်ား ထြက္ေပၚခဲ့သည္။
ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕နယ္ရွိ က်င္စန္းေက်ာ့ဂိတ္ ယာဥ္ရပ္နားစခန္းဝန္းအတြင္း၌ ယေန႔(ႏိုဝင္ဘာလ ၂၃ ရက္)နံနက္ပိုင္းက လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲမႈသည္ TNLA ႏွင့္ ပူးေပါင္းအဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ျဖစ္ေၾကာင္း နစကဘက္က ယေန႔၊ ေန႔လည္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။
TNLA ႏွင့္ ပူးေပါင္းအဖြဲ႕သည္ ကုန္စည္စီးဆင္းမႈရပ္တန႔္ေစရန္ ႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစရန္ ရပ္ကြက္မ်ား၊ ေက်ာင္းမ်ား၊ ဘာသာေရး အေဆာက္အဦမ်ားအား လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ယေန႔နံနက္ပိုင္းတြင္ က်င္စန္းေက်ာ့႐ြာအတြင္းရွိ (၄)ထပ္အေဆာက္အဦးျဖစ္ေသာ စတိုးဆိုင္တစ္ခုအား TNLA ပူးေပါင္းအဖြဲ႕မွ Drop Bomb ျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူ မရွိေသာ္လည္း စတိုးဆိုင္အေပၚထပ္(၂)ထပ္လုံး ပ်ိဳက်ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယမန္ေန႔ ေန႔လည္ (၁)နာရီခန႔္က မူဆယ္ၿမိဳ႕ရွိ (၁၀၅)မိုင္ မိဘမဲ့ဘုန္းႀကီေက်ာင္းအတြင္းသို႔ TNLA အဖြဲ႕က ပစ္ခတ္ေသာ Drop Bomb က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ကိုရင္တစ္ပါး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။