လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် ယွမ်(၁၅၀)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာ

2053
မြူနစ် (NP News) - နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် တရုတ်ယွမ် (၁၅၀)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။

MNDAA ဦးဆောင်မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများရှိ လုံခြုံရေးစခန်းများကို အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်မှုနှင့်အတူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများသည် ပိတ်ဆို့ရပ်တန့်သွားခဲ့ပြီး ကုန်စည်ပြတ်လပ်မှုများရှိခဲ့ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိတွင် လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် ယွမ် ၁၅၀ (၇၀၀၀၀ ကျပ်ဝန်းကျင်)၊ ကြဥတစ်ကတ်လျှင် ယွမ် ၆၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မြို့ခံများက NP News ကို ပြောသည်။
“နံနက်ပင်က (၅) ယွမ်ကနေ အခု ယွမ် (၅၀)အထိ ရှိနေပြီ။ တရုတ်ဘက်က ကားဝင်လာတုန်းက ကြက်ဥတစ်ကတ်ကို ယွမ် (၆၀)နဲ့ရတယ်။ အခုမရတော့ဘူး။ ယွမ်(၁၀၀)ကျော်သွားပြီ။ ကုန်ဈေးနှုန်းတွေက မကျဘဲနဲ့ ဆတိုးနဲ့ကိုတက်နေတာ”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် လောက်ကိုင်မြို့၌ ယခင်က ဆန်(၂၄)ပြည်တစ်အိတ်လျှင် တရုတ်ယွမ် (၂၇၀)သာရှိခဲ့ရာမှ လက်ရှိတွင် ဆန်တစ်ပြည်လျှင် ယွမ် (၁၅၀)ဝန်းကျင်အထိ ပေးဝယ်နေရမှုများရှိကြောင်း ၎င်းက ထပ်မံပြော သည်။
“ဈေးမှာ ခင်းရောင်းနေတာ မေးကြည့်တော့ ဆန်တစ်ပြည် ယွမ်(၁၅၀)လို့ ပြောတယ်။ မြန်မာငွေနဲ့ဆိုရင် (၇၀၀၀၀)ဝန်းကျင် လောက်ပေါ့။ ကုန်ဈေးနှုန်းတအား တက်တယ်။ တစ်ချို့ဆိုရင် ထမင်းမစားနိုင်ဘူး။ ခေါက်ဆွဲခြောက်ပဲ စားနေရတယ်။ အလုပ်တွေကလည်း ပိတ်တာတွေရှိတော့ အခြေခံပြည်သူတွေအတွက် ခက်ခဲတာပေါ့။ လောက်ကိုင်မှာက ကုန်ဈေးနှုန်း ပိုကြီးလာတော့ သူတို့အတွက် ရပ်တည်ဖို့က ခက်ခဲတာပေါ့”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
အလားတူ လောက်ကိုင်မြို့၌ စက်သုံးဆီ (၁၀)ပိသာပုံး တစ်ပုံးလျှင် တရုတ်ယွမ် (၂၅၀၀)ဝန်းကျင်အထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။
“စက်သုံးဆီဈေးကတော့ ဆယ်ပိသာပုံးအဝါ တစ်ပုံးကို (၂၅၀၀) ယွမ်ရှိတယ်။ လီတာနဲ့ရောင်းတာ မရှိသလောက်ပဲ။ ဆီပန့်ဆိုင်တွေက ပိတ်ထားတယ်လေ။ အဲဒီတော့ ပုံးအဝါတွေနဲ့ လမ်းဘေးမှာ တစ်ဆင့်ခံတွေက ရောင်းနေကြတာ”ဟု ၎င်းက ထပ်မံပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်)တွင် လောက်ကိုင်မြို့၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ဦးဆောင်ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေး၌ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ၊ ပြည်သူများအတွက် လတ်တလောရိက္ခာပြတ်လပ်မှုအခြေအနေများကို ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ထံ တင်ပြခဲ့ကြောင်း သိရသည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕၌ ဆန္တစ္ျပည္လွ်င္ ယြမ္(၁၀၀)ေက်ာ္အထိ ေဈးျမင့္တက္လ်က္ရွိၿပီး အေျခခံျပည္သူမ်ား ရပ္တည္ရန္ ခက္ခဲလာ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၄
ရွမ္းျပည္နယ္၊ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕၌ ဆန္တစ္ျပည္လွ်င္ တ႐ုတ္ယြမ္ (၁၀၀)ေက်ာ္အထိ ေဈးျမင့္တက္လ်က္ရွိၿပီး အေျခခံျပည္သူမ်ား ရပ္တည္ရန္ ခက္ခဲလာေၾကာင္း သိရသည္။
MNDAA ဦးေဆာင္မဟာမိတ္(၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းေဒသမ်ားရွိ လုံၿခဳံေရးစခန္းမ်ားကို အင္းအားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိသည္။
ထိုသို႔ တိုက္ခိုက္မႈႏွင့္အတူ ကုန္စည္စီးဆင္းရာ လမ္းေၾကာင္းမ်ားသည္ ပိတ္ဆို႔ရပ္တန႔္သြားခဲ့ၿပီး ကုန္စည္ျပတ္လပ္မႈမ်ားရွိခဲ့ကာ ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားလည္း ျဖစ္ေပၚလ်က္ရွိသည္။
လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕၌ ဆန္တစ္ျပည္လွ်င္ ယြမ္ ၁၅၀ (၇၀၀၀၀ က်ပ္ဝန္းက်င္)၊ ၾကဥတစ္ကဒ္လွ်င္ ယြမ္ ၆၀ အထိ ေဈးႏႈန္းျမင့္တက္လ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။
“နံနက္ပင္က (၅) ယြမ္ကေန အခု ယြမ္ (၅၀)အထိ ရွိေနၿပီ။ တ႐ုတ္ဘက္က ကားဝင္လာတုန္းက ၾကက္ဥတစ္ကတ္ကို ယြမ္ (၆၀)နဲ႔ရတယ္။ အခုမရေတာ့ဘူး။ ယြမ္(၁၀၀)ေက်ာ္သြားၿပီ။ ကုန္ေဈးႏႈန္းေတြက မက်ဘဲနဲ႔ ဆတိုးနဲ႔ကိုတက္ေနတာ”ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ထို႔ျပင္ ေလာက္ကိုင္ၿမိဳ႕၌ ယခင္က ဆန္(၂၄)ျပည္တစ္အိတ္လွ်င္ တ႐ုတ္ယြမ္ (၂၇၀)သာရွိခဲ့ရာမွ လက္ရွိတြင္ ဆန္တစ္ျပည္လွ်င္ ယြမ္ (၁၅၀)ဝန္းက်င္အထိ ေပးဝယ္ေနရမႈမ်ားရွိေၾကာင္း ၎က ထပ္မံေျပာ သည္။
“ေဈးမွာ ခင္းေရာင္းေနတာ ေမးၾကည့္ေတာ့ ဆန္တစ္ျပည္ ယြမ္(၁၅၀)လို႔ ေျပာတယ္။ ျမန္မာေငြနဲ႔ဆိုရင္ (၇၀၀၀၀)ဝန္းက်င္ ေလာက္ေပါ့။ ကုန္ေဈးႏႈန္းတအား တက္တယ္။ တစ္ခ်ိဳ႕ဆိုရင္ ထမင္းမစားႏိုင္ဘူး။ ေခါက္ဆြဲေျခာက္ပဲ စားေနရတယ္။ အလုပ္ေတြကလည္း ပိတ္တာေတြရွိေတာ့ အေျခခံျပည္သူေတြအတြက္ ခက္ခဲတာေပါ့။ ေလာက္ကိုင္မွာက ကုန္ေဈးႏႈန္း ပိုႀကီးလာေတာ့ သူတို႔အတြက္ ရပ္တည္ဖို႔က ခက္ခဲတာေပါ့”ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အလားတူ ေလာက္ကိုင္ၿမိဳ႕၌ စက္သုံးဆီ (၁၀)ပိသာပုံး တစ္ပုံးလွ်င္ တ႐ုတ္ယြမ္ (၂၅၀၀)ဝန္းက်င္အထိ ေဈးျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
“စက္သုံးဆီေဈးကေတာ့ ဆယ္ပိသာပုံးအဝါ တစ္ပုံးကို (၂၅၀၀) ယြမ္ရွိတယ္။ လီတာနဲ႔ေရာင္းတာ မရွိသေလာက္ပဲ။ ဆီပန႔္ဆိုင္ေတြက ပိတ္ထားတယ္ေလ။ အဲဒီေတာ့ ပုံးအဝါေတြနဲ႔ လမ္းေဘးမွာ တစ္ဆင့္ခံေတြက ေရာင္းေနၾကတာ”ဟု ၎က ထပ္မံေျပာသည္။
ယမန္ေန႔ (ႏိုဝင္ဘာလ ၂၃ ရက္)တြင္ ေလာက္ကိုင္ၿမိဳ႕၌ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ေခတၱဥကၠ႒ ဗိုလ္မႉးခ်ဳပ္ထြန္းထြန္းျမင့္ ဦးေဆာင္ကာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတစ္ရပ္ က်င္းပခဲ့ေၾကာင္း သိရသည္။
၎အစည္းအေဝး၌ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လက္ရွိျဖစ္ေပၚေနေသာ အခက္အခဲမ်ား၊ ျပည္သူမ်ားအတြက္ လတ္တေလာရိကၡာျပတ္လပ္မႈအေျခအေနမ်ားကို ဗိုလ္မႉးခ်ဳပ္ထြန္းထြန္းျမင့္ထံ တင္ျပခဲ့ေၾကာင္း သိရသည္။