စင်ကာပူနိုင်ငံ၊ SMRT Bus နံပါတ် ၁၉၀ ကို လမ်းပေါ်က လူက ပုလင်းနဲ့ပစ်ပေါက်လို့ ကားပေါ်က အမျိုးသမီးတစ်ဦး ဒဏ်ရာရ

 266

ရောင်နီ (NP News) - ဇူလိုင် ၇
စင်ကာပူနိုင်ငံ၊ SMRT ဘတ်စ်ကားနံပါတ် ၁၉၀ ကို လမ်းပေါ်က လူတစ်ဦးက ပုလင်းနဲ့ပစ်ပေါက်ခဲ့တာကြောင့် ကားတံခါးအပေါက်ဖြစ်သွားကာ ကားပေါ်မှ ခရီးသည်တစ်ဦး ဒဏ်ရာများရရှိခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်က Orchard Road မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒဏ်ရာရခရီးသည်ဟာ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးရုံ ပို့ဆောင်နေစဉ် သတိလစ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ စင်ကာပူ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့တို့က ပြောကြားပါတယ်။
SMRT Buses ရဲ့လက်ထောက် မန်နေဂျင်း ဒါရိုက်တာ မစ္စတာဗင်းဆင့်ဂေး ရဲ့ပြောကြားချက်အရ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က လမ်းပေါ်မှ လူက နှစ်ထပ်ဘတ်စ်ကားကို ပုလင်းနဲ့ ပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာမြင်တွေ့ရတဲ့ပုံတွေမှာ ဘတ်စ်ကား အပေါ်ထပ်ရှိ ပြတင်းပေါက်တစ်ခုမှာ အဝိုင်းပုံစံ ပုလင်းပေါက်ရာဖြစ်နေပြီး ပြတင်းပေါက်ဘောင်မှာ အက်ကြောင်းထနေကာ ဘတ်စ်ကားတံခါးအနီးမှာ သွေးစွန်းထင်းနေတာ တွေ့ရပါတယ်။

Zawgyi Version:
စင္ကာပူႏိုင္ငံ၊ SMRT Bus နံပါတ္ ၁၉၀ ကို လမ္းေပၚက လူက ပုလင္းနဲ႔ပစ္ေပါက္လို႔ ကားေပၚက အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဇူလိုင္ ၇
စင္ကာပူႏိုင္ငံ၊ SMRT ဘတ္စ္ကားနံပါတ္ ၁၉၀ ကို လမ္းေပၚက လူတစ္ဦးက ပုလင္းနဲ႔ပစ္ေပါက္ခဲ့တာေၾကာင့္ ကားတံခါးအေပါက္ျဖစ္သြားကာ ကားေပၚမွ ခရီးသည္တစ္ဦး ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ ဇူလိုင္လ ၅ ရက္ေန႔ ညေန ၆ နာရီ ၅၀ မိနစ္ခန႔္က Orchard Road မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒဏ္ရာရခရီးသည္ဟာ အသက္ ၅၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ေဆး႐ုံ ပို႔ေဆာင္ေနစဥ္ သတိလစ္သြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ စင္ကာပူ အရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕တို႔က ေျပာၾကားပါတယ္။
SMRT Buses ရဲ႕လက္ေထာက္ မန္ေနဂ်င္း ဒါ႐ိုက္တာ မစၥတာဗင္းဆင့္ေဂး ရဲ႕ေျပာၾကားခ်က္အရ ညေန ၆ နာရီ ၄၅ မိနစ္ခန႔္က လမ္းေပၚမွ လူက ႏွစ္ထပ္ဘတ္စ္ကားကို ပုလင္းနဲ႔ ပစ္ေပါက္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာျမင္ေတြ႕ရတဲ့ပုံေတြမွာ ဘတ္စ္ကား အေပၚထပ္ရွိ ျပတင္းေပါက္တစ္ခုမွာ အဝိုင္းပုံစံ ပုလင္းေပါက္ရာျဖစ္ေနၿပီး ျပတင္းေပါက္ေဘာင္မွာ အက္ေၾကာင္းထေနကာ ဘတ္စ္ကားတံခါးအနီးမွာ ေသြးစြန္းထင္းေနတာ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.