ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ (၄၈)ခုရှိဟုဆို

 680

ယွန်း (NP News) - ဒီဇင်ဘာ ၂

ကျောက်ဆည်ရှိ တမုတ်ရွှေဂူကြီးဘုရား အပါအဝင် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ(၄၈)ခုကို ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဒီဇင်ဘာလ(၁)ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒြပ်ရှိယဥ်ကျေးမှုအမွေအနှစ်များထဲမှ အစောဆုံးယဥ်ကျေးမှုထွန်းကားခဲ့သည့် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနှင့် ပုဂံယဥ်ကျေးမှုအမွေအနှစ်ဒေသများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်သည်။

ထို့ပြင် အဆိုပါဒေသများနည်းတူ မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးကို ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။

အလားတူ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ (၄၈)ခုကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး မြန်မာနိုင်ငံ အမျိုးသားယဥ်ကျေးမှု ဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ပေးခြင်း၊ နယ်မြေအပိုင်းအခြားများ သတ်မှတ်ပေးခြင်းနှင့် နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ရှေးဟောင်းယဥ်ကျေးမှုအဆောက်အအုံတွေရှိတဲ့နေရာတွေကို သတ်မှတ်လိုက်တာပေါ့။ ကျောက်ဆည်က တမုတ်ရွှေဂူကြီးဆိုရင်လည်း ဇုန်အဖြစ်သတ်မှတ်ထားတယ်။ ပဲခူးက က မ္ဘောဇသာဒီနန်းတော်လည်း ပါတယ်၊ ပုဂံဆိုရင်လည်း ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ရပြီးသား ဇုန်အဖြစ်သတ်မှတ်ထားတာပဲ။ အားလုံးကိုဇုန်အဖြစ်သတ်မှတ်ထားပြီး ဥပဒေတွေနဲ့အညီ ထိန်းသိမ်းနေပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက NP News ကိုပြောသည်။

ထို့ပြင် ရှေးဟောင်းနေရာများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများ ပျောက်ပျက်ခြင်း၊ ဆုံးရှုံးခြင်းမရှိရေးကို လိုအပ်သလို ညွှန်ကြားကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ဒြပ်ရှိ၊ ဒြပ်မဲ့များ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအသေးများ နှင့် မရွှေ့ပြောင်းနိုင်သည့် အဆောက်အအုံကြီးများအပြင် ကျယ်ပြန့်ပြီး အ‌ဆောက်အအုံများစွာရှိသည့် ‌ရှေးဟောင်းဒေသများကိုပါ ထိရောက်စွာကာကွယ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိသည့္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေဒသ (၄၈)ခုရွိဟုဆို
ယြန္း (NP News) - ဒီဇင္ဘာ ၂

ေက်ာက္ဆည္ရွိ တမုတ္ေ႐ႊဂူႀကီးဘုရား အပါအဝင္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေဒသ(၄၈)ခုကို ဥပေဒႏွင့္အညီ ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအမ်ိဳးသားယဥ္ေက်းမႈဗဟိုေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ဒီဇင္ဘာလ(၁)ရက္တြင္ ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ယဥ္ေက်းမႈရတနာခန္းမ၌က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ျဒပ္ရွိယဥ္ေက်းမႈအေမြအႏွစ္မ်ားထဲမွ အေစာဆုံးယဥ္ေက်းမႈထြန္းကားခဲ့သည့္ ပ်ဴၿမိဳ႕ေဟာင္းသုံးၿမိဳ႕ျဖစ္သည့္ ဟန္လင္း၊ ဗိႆႏိုး၊ သေရေခတၱရာႏွင့္ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသမ်ားသည္ ကမာၻ႔အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီးျဖစ္သည္။

ထို႔ျပင္ အဆိုပါေဒသမ်ားနည္းတူ ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသကိုလည္း ကမာၻ႔အေမြအႏွစ္စာရင္းဝင္ျဖစ္ေစေရးကို ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

အလားတူ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေဒသ (၄၈)ခုကို ဥပေဒႏွင့္အညီ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားယဥ္ေက်းမႈ ဗဟိုေကာ္မတီအေနျဖင့္ မူဝါဒခ်မွတ္ေပးျခင္း၊ နယ္ေျမအပိုင္းအျခားမ်ား သတ္မွတ္ေပးျခင္းႏွင့္ နည္းဥပေဒမ်ားကို ျပင္ဆင္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

“ေရွးေဟာင္းယဥ္ေက်းမႈအေဆာက္အအုံေတြရွိတဲ့ေနရာေတြကို သတ္မွတ္လိုက္တာေပါ့။ ေက်ာက္ဆည္က တမုတ္ေ႐ႊဂူႀကီးဆိုရင္လည္း ဇုန္အျဖစ္သတ္မွတ္ထားတယ္။ ပဲခူးက က ေမာၻဇသာဒီနန္းေတာ္လည္း ပါတယ္၊ ပုဂံဆိုရင္လည္း ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ရၿပီးသား ဇုန္အျဖစ္သတ္မွတ္ထားတာပဲ။ အားလုံးကိုဇုန္အျဖစ္သတ္မွတ္ထားၿပီး ဥပေဒေတြနဲ႔အညီ ထိန္းသိမ္းေနပါတယ္”ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉး ဦးညိဳျမင့္ထြန္းက NP News ကိုေျပာသည္။

ထို႔ျပင္ ေရွးေဟာင္းေနရာမ်ား၊ ေရွးေဟာင္းအေဆာက္အအုံမ်ားႏွင့္ ေရွးေဟာင္းပစၥည္းမ်ား ေပ်ာက္ပ်က္ျခင္း၊ ဆုံးရႈံးျခင္းမရွိေရးကို လိုအပ္သလို ၫႊန္ၾကားႀကီးၾကပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ျဒပ္ရွိ၊ ျဒပ္မဲ့မ်ား ေ႐ႊ႕ေျပာင္းႏိုင္သည့္ ပစၥည္းအေသးမ်ား ႏွင့္ မေ႐ႊ႕ေျပာင္းႏိုင္သည့္ အေဆာက္အအုံႀကီးမ်ားအျပင္ က်ယ္ျပန႔္ၿပီး အ‌ေဆာက္အအုံမ်ားစြာရွိသည့္ ‌ေရွးေဟာင္းေဒသမ်ားကိုပါ ထိေရာက္စြာကာကြယ္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.