ရေနစ်နေသည့်သူငယ်ချင်းကို ကယ်ဆယ်ရာမှ ဆယ်ကျော်သက်အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု တာချီလိတ်မြို့၌ ဖြစ်ပွား

2332
သန့်ဇင် (NP News) - ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မယ်ဟုတ်ချောင်းအတွင်း၌ ရေနစ်နေသည့်သူငယ်ချင်းကို ကယ်ဆယ်ရာမှ ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းထံမှ သိရသည်။

ရေနစ်ပျောက်ဆုံးမှုသည် ပြီးခဲ့သော ဒီဇင်ဘာလ ၃ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်တွင် တာချီလိတ်မြို့၊ မယ်ယန်းရွာအနီး၊ မယ်ဟုတ်ချောင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေနစ်တဲ့ကလေးက သူ့သူငယ်ချင်းကောင်မလေးရေနစ်နေတာကို ကယ်ရင်းနဲ့ သူကရေစီးနဲ့မျောသွားပြီး ပျောက်ဆုံးသွားတာပေါ့။ ကောင်မလေးကိုတော့ကယ်လိုက်နိုင်တယ်။ ချောင်းကရေစီးကလည်းသန်တော့ မျောပါသွားတာပေါ့”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသွားခဲ့သည့် အမျိုးသားသည် မယ်ယန်းကျေးရွာတွင်နေထိုင်သည့် အသက်(၁၂)နှစ်အရွယ် မောင်ကျော်မင်းထက်ဖြစ်ပြီး တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းများပူးပေါင်း၍ တစ်ရက်ကျော်ခန့် ရှာဖွေမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့လဲ (၂၄)နာရီကျော်ကျော်လောက်ထိ ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။ ပြန်တွေ့တော့ မနေ့ကည (၈)နာရီခွဲလောက်မှာ မယ်ဟုတ်ချောင်းရဲ့အောက်ပိုင်း ဘကုန်းကျေးရွာအနီးနားမှာ ပြန်ရှာတွေ့ခဲ့တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ရေနစ်သေဆုံးသူအမျိုးသားအား ရွှေမယ်ယန်းလူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေရနစ္ေနသည့္သူငယ္ခ်င္းကို ကယ္ဆယ္ရာမွ ဆယ္ေက်ာ္သက္အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးမႈ တာခ်ီလိတ္ၿမိဳ႕၌ ျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းအတြင္း၌ ေရနစ္ေနသည့္သူငယ္ခ်င္းကို ကယ္ဆယ္ရာမွ ဆယ္ေက်ာ္သက္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း ဦးလွမိုး(တာခ်ီလိတ္) လူမႈကူညီေရးအသင္းထံမွ သိရသည္။
ေရနစ္ေပ်ာက္ဆုံးမႈသည္ ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၃ ရက္၊ မြန္းလြဲ ၃နာရီဝန္းက်င္တြင္ တာခ်ီလိတ္ၿမိဳ႕၊ မယ္ယန္း႐ြာအနီး၊ မယ္ဟုတ္ေခ်ာင္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရနစ္တဲ့ကေလးက သူ႔သူငယ္ခ်င္းေကာင္မေလးေရနစ္ေနတာကို ကယ္ရင္းနဲ႔ သူကေရစီးနဲ႔ေမ်ာသြားၿပီး ေပ်ာက္ဆုံးသြားတာေပါ့။ ေကာင္မေလးကိုေတာ့ကယ္လိုက္ႏိုင္တယ္။ ေခ်ာင္းကေရစီးကလည္းသန္ေတာ့ ေမ်ာပါသြားတာေပါ့”ဟု ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေသဆုံးသြားခဲ့သည့္ အမ်ိဳးသားသည္ မယ္ယန္းေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၁၂)ႏွစ္အ႐ြယ္ ေမာင္ေက်ာ္မင္းထက္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကူညီေရး အသင္းမ်ားပူးေပါင္း၍ တစ္ရက္ေက်ာ္ခန႔္ ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔လဲ (၂၄)နာရီေက်ာ္ေက်ာ္ေလာက္ထိ ရွာေဖြမႈေတြလုပ္ခဲ့ပါတယ္။ ျပန္ေတြ႕ေတာ့ မေန႔ကည (၈)နာရီခြဲေလာက္မွာ မယ္ဟုတ္ေခ်ာင္းရဲ႕ေအာက္ပိုင္း ဘကုန္းေက်း႐ြာအနီးနားမွာ ျပန္ရွာေတြ႕ခဲ့တာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေရနစ္ေသဆုံးသူအမ်ိဳးသားအား ေ႐ႊမယ္ယန္းလူမႈကူညီေရးအသင္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။