ဖားကန့်တွင် အမည်မသိလူတစ်ဦးကိုသတ်ပြီးအလောင်းလာရောက်စွန့်ပစ်မှုဖြစ်ပွား

 505

သက်ပိုင်(NP News) - စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ မရှိကထောင်ရပ်ကွက်တွင် အမည်မသိလူတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းလာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(စက်တင်ဘာလ ၁ ရက်) နံနက် (၇:၃၀) မိနစ်ခန့်က လူတစ်စုက လာရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါအလောင်းကို လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားခဲ့ကြောင်း အမည်မဖော်လိုသည့် ဖားကန့်ဒေသခံတစ်ဦးကဆိုသည်။
“မရှိကထောင်ရပ်ကွက်က အောင်မျိုးသူကားဝပ်ရှော့ မျက်စောင်းထိုးမှာရှိတဲ့ သုခ ဆေးခန်းရှေ့မှာ အရပ်ဝတ်တွေနဲ့ လူတစ်ယောက်ကို လမ်းပေါ်လာပစ်သွားတာ။ လူကတော့ လမ်းပေါ်မှာ မှောက်ရက်ကြီးသေနေပြီ။ အခုလို လူစည်ကားရာအရပ်မှာ နေ့ခင်းဘက် အခုလိုကြီး သတ်ထားတဲ့ အလောင်းကို ပေါ်တင်လာစွန့်ပစ်တာကြီးက တော်တော်ယုတ်မာလွန်းတယ်ဗျာ ” ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှော်စီစာကျေးရွာအတွင်းတွင်လည်း ပြီးခဲ့သည့် ဩဂုတ်လ (၂၂)ရက် နံနက်ပိုင်းကလည်း အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်ဒေသတွင် တပ်မတော်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် KIA အဖွဲ့မှ ညမထွက်ရအမိန့် ကြေညာကာ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများရှိခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူအချို့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံခဲ့ကြရကာ လက်ရှိတွင် တရားခံမပေါ်ဘဲ ပစ်သတ်ခံရသူ (၁၅) ဦးအထက် ရှိလာပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။

Zawgyi Version:
ဖားကန႔္တြင္ အမည္မသိလူတစ္ဦးကိုသတ္ၿပီးအေလာင္းလာေရာက္စြန႔္ပစ္မႈျဖစ္ပြား
သက္ပိုင္(NP News) - စက္တင္ဘာ ၁
ကခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕နယ္၊ မရွိကေထာင္ရပ္ကြက္တြင္ အမည္မသိလူတစ္ဦးကို သတ္ျဖတ္ၿပီး အေလာင္းလာေရာက္စြန႔္ပစ္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယေန႔(စက္တင္ဘာလ ၁ ရက္) နံနက္ (၇:၃၀) မိနစ္ခန႔္က လူတစ္စုက လာေရာက္စြန႔္ပစ္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ အဆိုပါအေလာင္းကို လူမႈကူညီေရးအသင္းက လာေရာက္သယ္ေဆာင္သြားခဲ့ေၾကာင္း အမည္မေဖာ္လိုသည့္ ဖားကန႔္ေဒသခံတစ္ဦးကဆိုသည္။
“မရွိကေထာင္ရပ္ကြက္က ေအာင္မ်ိဳးသူကားဝပ္ေရွာ့ မ်က္ေစာင္းထိုးမွာရွိတဲ့ သုခ ေဆးခန္းေရွ႕မွာ အရပ္ဝတ္ေတြနဲ႔ လူတစ္ေယာက္ကို လမ္းေပၚလာပစ္သြားတာ။ လူကေတာ့ လမ္းေပၚမွာ ေမွာက္ရက္ႀကီးေသေနၿပီ။ အခုလို လူစည္ကားရာအရပ္မွာ ေန႔ခင္းဘက္ အခုလိုႀကီး သတ္ထားတဲ့ အေလာင္းကို ေပၚတင္လာစြန္႔ပစ္တာႀကီးက ေတာ္ေတာ္ယုတ္မာလြန္းတယ္ဗ်ာ ” ဟု ၎ကဆိုသည္။
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ေမွာ္စီစာေက်း႐ြာအတြင္းတြင္လည္း ၿပီးခဲ့သည့္ ဩဂုတ္လ (၂၂)ရက္ နံနက္ပိုင္းကလည္း အမ်ိဳးသားႏွစ္ဦး ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဖားကန႔္ေဒသတြင္ တပ္မေတာ္မွ စစ္ေၾကာင္းထိုးဝင္ေရာက္လာၿပီးေနာက္ KIA အဖြဲ႕မွ ညမထြက္ရအမိန႔္ ေၾကညာကာ ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္မႈမ်ားရွိခဲ့ၿပီး ေနာက္ပိုင္းတြင္ ျပည္သူအခ်ိဳ႕ လက္သည္မေပၚဘဲ ပစ္သတ္ခံခဲ့ၾကရကာ လက္ရွိတြင္ တရားခံမေပၚဘဲ ပစ္သတ္ခံရသူ (၁၅) ဦးအထက္ ရွိလာၿပီျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။

Related news

© 2021. All rights reserved.