ပင်လယ်နီ သင်္ဘောများတိုက်ခိုက်မှုပြုလုပ်နေသည့်ဟူသီတို့ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ဆော်ဒီက အမေရိကန်ကို တိုက်တွန်း

 2210

Htay Oung (NP News) - ဒီဇင်ဘာ ၇

ဂါဇာကမ်းမြှောင်ဒေသမှာဖြစ်ပွားနေတဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲ ကျယ်ပြန့်လာမှာကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ စူးအက်တူးမြောင်းအဝ်-အထွက် ပင်လယ်နီရေပြင်မှာ တိုက်ခိုက်မှုများပြုလုပ်နေတဲ့ ယီမင်သူပုန်ဟူသီတို့ကို အမေရိကန်က တုံ့ပြန်ရာမှာ ထိန်းထိန်းသိမ်းသိမ်းရှိဖို့ တောင်းဆိုလိုက်ကြောင်း ဆော်ဒီ အစိုးရ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်နှစ်ခုက ပြောဆိုတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ဒီဇင်ဘာလ ရ ရက်က ရေးသားပါတယ်။

အာရှတိုက်အနောက်ပိုင်းတည်ရှိတဲ့ ယီမင်ဟာ အာရေဗျကျွန်းဆွယ်မှာ ဒုတိယအကြီးဆုံးဖြစ်ပေမယ့် တူရကီ အော်တိုမန်အင်ပါယာအတွင်း မြောက်ယီမင်နဲ့ ဗြိတိသျှထိန်းသိမ်းစောင့်စောင့်ရှောက်ခံ တောင်ယီမင်အဖြစ် နှစ်ပိုင်း ကွဲနေခဲ့ပါတယ်။ ၁၉၆၁- ၆၇ ခုနှစ်များအတွင်း သီးခြားလွတ်လပ်တဲ့ နိုင်ငံများဖြစ်လာပြီး ၁၉၉ဝ ပြည့်နှစ်မှာ ယီမင် နယ်မြေတစ်ခုလုံးကို နိုင်ငံတစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းခဲ့ပါတယ်။ ဒါပေမယ့် ဆင်းရဲမွဲတေမှု၊ အကျင့်ပျက် ခြစားမှုနဲ့ ရာဇဝတ်မှုများ ထူပြောလာမှုတို့ကို မကျေနပ်တဲ့ ယီမင်လူထုရဲ့ ၂ဝ၁၁ ခုနှစ် လူထုအုံကြွမှုနဲ့အတူ ၂ဝ၁၄ ခုနှစ်မှာ လက်ဝဲဝါဒီ တောင်ပိုင်းလက်နက်ကိုင်များနဲ့ ပြည်တွင်းစစ် စတင်ဖြစ်ပွားပါတယ်။

အဲဒီနောက်ပိုင်း တောင်ပိုင်း ဟူသီသူပုန်တို့က အကြီးဆုံးမြို့တော် ဆာနားကို သိမ်းပိုက်လိုက်တဲ့အတွက် သမ္မတ အဗ္ဗဒူလာ မန်ဆာ ဟာဒီနဲ့ အစိုးရ၀န်ကြီးများ ထွက်ပြေးရပြီး လူဦးရေ ၃၄ သန်းခန့်ရှိ ယီမင်နိုင်ငံမှာ အရှေ့ပိုင်း ကလွဲရင် နယ်မြေအများစုကို အီရန်ကျောထောက်နောက်ခံပြု ဟူသီတို့က ထိန်းချုပ်ထားပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ သမ္မတဟာ ဒီကို ကူညီတဲ့အနေနဲ့ ဆော်ဒီအာရေးဗီးယားဦးဆောင် အနောက်အာရှနဲ့ မြောက်အာဖရိကမှ နိုင်ငံ ၉ နိုင်ငံတို့က ဆားနာ့းမြို့တော်နဲ့ ယီမင်ဟူသီတို့ကို လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယီမင်ရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများကို ချေမှုန်းရေး အကြောင်းပြချက်နဲ့ အမေရိကန်ကလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။ ဟူသီတို့ကလည်း ဆော်ဒီမြို့ကြီးများနဲ့ ရေနံဆိပ်ကမ်းကြီးများကို ဒရုန်း အသုံးပြုတိုက်ခိုက်တဲ့အတွက် အာရေဗျကျွန်းဆွယ် နောက်ဆုံးစစ်ပွဲဟာ ဆွန်နီ ဆော်ဒီနဲ့ ရှီအာ အီရန်တို့ အားပြိုင်ရာ ကိုယ်စားပြုစစ် Proxy war အသွင် ဆောင်လာခဲ့ပါတယ်။

နှစ်ဖက် ပဋိပက္ခအတွင်း ၂ဝ၁၅ ခုနှစ်ကတည်းက ယီမင်နိုင်ငံဟာ မျက်မှောက်ခေတ် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ပေါ်ပေါက်ခဲ့ရပါတယ်။ ဆွန်နီ ၆၅ ရာခိုင်နှုန်း ရှီအာ ၃၅ ရာခိုင်နှုန်း ရောနှောနေထိုင်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်များနေရာများစွာအတွက် လူသိများခဲ့ဖူးတဲ့ယီမင်ဟာ အကြမ်းဖက်မှု၊ အများပြည်သူမလုံခြုံမှုအပြင် လက်နက်ကိုင်ပဋိပက္ခမျိုးစုံဖြစ်ပွားနေပြီး နေရာအနှံ့အပြားမှာ ပြန်ပေးဆွဲခံရမှု နဲ့ မြေမြှုပ်မိုင်းတို့ကြောင့် ကုန်စည်စီးဆင်းခြင်း ခရီးသွားလာခြင်းများ အဟန့်အတားဖြစ်နေ ရပါတယ်။ အိုမန်နဲ့ ထိစပ်နေတဲ့ အရှေ့ပိုင်းကလွဲရင် ကျန်ယီမင်နယ်မြေတစ်ခုလုံးမှာ ဆော်ဒီညွန့်ပေါင်းတပ်များက ဝိုင်းပတ် ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ပြတ်လပ်ပြီး အများစုဟာ နိုင်ငံတကာအကူအညီပေး ရေး အေဂျင်စီများအပေါ် မှီခိုနေခဲ့ရပါတယ်။

ဆော်ဒီညွန့်ပေါင်းနဲ့ ဟူသီတို့အကြား အပစ်အခတ်ရပ်စဲရေးဟာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလမှာ သက်တမ်း ကုန်ဆုံးသွားပြီးကတည်းက ကြိုတင်စီစဉ်တဲ့ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်း မရှိသေးပါဘူး။ အိုမန် နိုင်ငံ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဆော်ဒီ-ဟူသီအကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိလာခဲ့ပါတယ်။
..
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်-အစ္စရေး စစ်ပွဲဖြစ်ပွားပြီးကတည်းက အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတို့ ဟာ အရေးပါတဲ့ ကုန်သွယ်ရေလမ်းကြောင်းများအတွင်း ကုန်သွယ်ရေကြောင်းသင်္ဘောများကို တိုက်ခိုက်ခြင်း၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များကို အသုံးပြုပြီး အစ္စရေးနိုင်ငံကို ချိန်ရွယ်ပစ်ခတ်ခြင်းဖြင့် အရှေ့ အလယ်ပိုင်းဒေသ ပျံ့နှံ့လာနေတဲ့ပဋိပက္ခအတွင်း ဝင်ရောက်လာခဲ့ပါတယ်။

သူတို့ရဲ့တိုက်ခိုက်မှုတွေဟာ ပါလက်စတိုင်းတို့နဲ့အတူ ရပ်တည်ကြောင်း ပြသခြင်းဖြစ်ကြောင်း၊ ဆာနားမြို့မှ မိုင် ၁၀၀၀ ကျော် ဝေးကွာသည့်တိုင် ဂါဇာကမ်းမြှောင်အတွင်း အစ္စရေးရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်သည်အထိ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ယီမင်နိုင်ငံ နယ်မြေအများစုကို စိုးမိုးထားတဲ့အဖွဲ့က ကြုံးဝါးထားပါတယ်။

ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကစပြီး ပါလက်စတိုင်း မဟာမိတ်တို့နဲ့အတူ အစ္စရေးနဲ့ အမေရိကန်ပစ်မှတ်များကို တိုက်ခိုက်တဲ့ အီရန်မဟာမိတ် ဝင်ရိုးတန်းအုပ်စု၀င် အတော်များများမှာ ဟူသီတို့လည်း ပါ၀င်နေပါတယ်။

ကမ္ဘာ့ရေနံအများအပြားကို တင်ပို့ရာ ပင်လယ်ရေလမ်းများကို ခြိမ်းခြောက်ခံနေရပါတယ်။ အစ္စရေးနိုင်ငံကို ချိန်ရွယ်တဲ့ ဒုံးကျည်များ မောင်းသူမဲ့လေယာဉ်တို့ကို ပစ်လွှတ်ခြင်းတို့ဟာ စူးအက်တူးမြောင်းနဲ့ ဆက်နွယ်နေတဲ့ ပင်လယ်နီရေပြင်တဝှိုက် စိုးရိမ်စရာဖြစ်လာခြင်းမှာ ဟူသီတို့နဲ့ ပတ်သက်နေပါတယ်။

ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့ရောင်းချသူ ဆော်ဒီအာရေးဗီးယားအနေနဲ့ သူ့နိုင်ငံပိုင်နက်အတွင်း ဟူသီဒုံးကျည်ထိမှန် ခြင်းများ ဖြစ်လာတဲ့အတွက် သတိပြု စောင့်ကြည့်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဟူသီတို့က ကုန်သွယ်သင်္ဘောတိုက်ခိုက်မှုများကို အရှိန်မြှင့်လာခဲ့ပါတယ်။ ဒီအတွက် ဝါရှင်တန်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ဖို့ ဆော်ဒီရဲ့တိုက်တွန်းမှုဟာ (ထိပ်တိုက်တွေ့ခြင်းအားဖြင့်) ပဋိပက္ခ ဆက်လက်အရှိန်တိုးမြင့်လာမှုကို ရှောင်ရှားရန် ရည်ရွယ်ထားကြောင်း၊ (လက်ရှိ) အမေရိကန်ရဲ့ကိုင်တွယ်ပုံအပေါ် ကျေနပ်အားရကြောင်း၊ ဂါဇာ ပဋိပက္ခကို ဘာ့ကြောင့် ရပ်စဲသင့်တယ်ဆိုတာ ဖော်ပြခြင်းဖြင့် ဖိအားပေးထားတယ်လို့ သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို အိမ်ဖြူတော်က ငြင်းဆိုပါတယ်။ ဆော်ဒီအစိုးရက လည်း အကြောင်းပြန်ကြားခြင်း မရှိပါဘူး။

ဂါဇာကမ်းမြှောင်အတွင်း တိုက်ခိုက်မှုကို “ရိုင်းစိုင်းသောစစ်ပွဲ" အဖြစ် ကင်ပွန်းတပ်လျှက်ရှိတဲ့ ဆော်ဒီအာရေးဗီးယားဟာ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးနေပါတယ်။ တစ်ဖက်မှာလည်း အီရန်နဲ့ သူ့ရဲ့မဟာမိတ်များအကြား နှစ်ပေါင်းများစွာ ထိပ်တိုက်တွေ့ပြီးနောက် ဒေသတွင်းတည်ငြိမ်ရေးကို မြှင့်တင်ရန် ရည်ရွယ်တဲ့ ဆော်ဒီရဲ့ပိုမိုကျယ်ပြန့်တဲ့ သံတမန်ရေး မူဝါဒကို ထင်ဟပ်နေပါတယ်။

ဆော်ဒီဟာ သမားရိုးကျလမ်းဟောင်းမှ ခွဲထွက်တဲ့အမြင်နဲ့ ကိုယ်ပိုင်စီးပွားရေးကို ချဲ့ထွင်လျှက်ရှိပြီး ယခုနှစ် အတွင်း အီရန်နဲ့ ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ခဲ့ပါတယ်။ အိမ်နီးချင်း ယီမင်နိုင်ငံအတွင်း ဟူသီတို့နဲ့ ထိပ်တိုက် တွေ့ခဲ့ရတဲ့ ကိုးနှစ်နီးပါးကြာ စစ်နွံအတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိနေပါတယ်။

ဂါဇာကမ်းမြောင်မှာ စစ်မက်ဖြစ်ပွားနေချိန်မှာလည်ူ ဆော်ဒီအနေနဲ့ ယီမင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောပါတယ်။ ဆော်ဒီနဲ့ ဟူသီအရာရှိများအကြား တိုက်ရိုက်ငြိမ်းချမ်းရေး ဆွေးနွေးနေခိုက် ယီမင်နိုင်ငံဟာ တစ်နှစ်ကျော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။

ဟားမတ်စ်-အစ္စရေးစစ်ပွဲအတွင်း ဟားမတ်စ်၊ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အီရတ်ရှိ အီရန်ကျော ထောက်နောက်ခံပြု ပြည်သူ့စစ်များစခန်းမှ အစ္စရေးဆန့်ကျင်ရေးတိုက်ခိုက်မှုများမှာ ဟူသီတို့လည်း ပါ၀င်နေပါ တယ်။ ဟူသီတို့ဟာ အာရေဗျကျွန်းဆွယ်မှာ အဓိကစစ်အင်အားကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပြီး မရေမတွက် နိုင်တဲ့တိုက်ခိုက်ရေးသမားများ၊ ထောင်နဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်များအပြင် မောင်းသူမဲ့လေယာဉ် အများအပြားကို လည်း ပိုင်ဆိုင်ထားပါတယ်။

ဂါဇာစစ်ပွဲကို “စိတ်အလိုအတိုင်း မလုပ်မိတဲ့ နည်းလမ်း” ဖြင့် အဆုံးသတ်ရန် နိုဝင်ဘာလ တီဟီရန်မှာ အီရန်အရာရှိ များနဲ့ တွေ့ဆုံစဉ် ဟူသီကိုယ်စားလှယ်တို့က သဘောတူညီခဲ့ကြောင်း တီဟီရန်သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရပါတယ်။ ဟားမတ်စ်-အစ္စရေးကိစ္စနဲ့ ပတ်သက်လို့ တိုက်ရိုက် အစဆွဲထုတ်ရာရောက်ပြီး ဒေသတွင်း အလုံးစုံ စစ်ခင်းရတဲ့အထိကို အီရန်က မလိုလားကြောင်း အခြား သတင်းရင်းမြစ်က ရှင်းပြခဲ့ပါတယ်။
နောက်ဆုံးဖြစ်ရပ်တစ်ခုအနေနဲ့ တနင်္ဂနွေနေ့က နိုင်ငံတကာရေပိုင်နက်အတွင်း စီးပွားရေးလုပ်ငန်းသုံး သင်္ဘောသုံးစင်းဟာ ဟူသီရဟတ်ယာဉ်များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ၂ စီးဟာ အစ္စရေးပိုင်ဖြစ်တဲ့အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတို့က ပြောပေမယ့် အဲဒီသင်္ဘောများနဲ့ ဆက်နွယ်မှု မရှိကြောင်း အစ္စရေးက ငြင်းဆိုခဲ့ပါတယ်။
အခြားဖြစ်စဉ်တစ်ခုမှာ ယီမင် ဆာနားမှ ပစ်လွှတ်လိုက်တဲ့ ဘက်စုံသုံး ဒရုန်းတစ်စင်းကို အမေရိကန်ရေတပ်က ပစ်ချခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုများမှာ သူတို့ပါ၀င်ပတ်သက်ခြင်း မရှိကြောင်း အီရန်က သတင်းထုတ်ပြန်ပါတယ်။

#ယီမင်_ဟူသီ #ဆော်ဒီအာရေးဗီးယား #အမေရိကန် #ဟားမတ်စ်_အစ္စရေးစစ်ပွဲ #သမ္မတ_အဗ္ဗဒူလာ_မန်ဆာ_ဟာဒီ #Proxy_war #ကိုယ်စားပြုစစ်
(Reuters.,, 7 December 2023,” Saudi Arabia urges US restraint as Houthis attack ships in Red Sea)

Zawgyi Version;
ပင္လယ္နီ သေဘၤာမ်ားတိုက္ခိုက္မႈျပဳလုပ္ေနသည့္ဟူသီတို႔ကို ထိန္းထိန္းသိမ္းသိမ္းလုပ္ရန္ ေဆာ္ဒီက အေမရိကန္ကို တိုက္တြန္း
Htay Oung (NP News) - ဒီဇင္ဘာ ၇

ဂါဇာကမ္းေျမႇာင္ေဒသမွာျဖစ္ပြားေနတဲ့ ဟားမတ္စ္-အစၥေရးစစ္ပြဲ က်ယ္ျပန္႔လာမွာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံဟာ စူးအက္တူးေျမာင္းအဝ္-အထြက္ ပင္လယ္နီေရျပင္မွာ တိုက္ခိုက္မႈမ်ားျပဳလုပ္ေနတဲ့ ယီမင္သူပုန္ဟူသီတို႔ကို အေမရိကန္က တုံ႔ျပန္ရာမွာ ထိန္းထိန္းသိမ္းသိမ္းရွိဖို႔ ေတာင္းဆိုလိုက္ေၾကာင္း ေဆာ္ဒီ အစိုးရ နဲ႔ နီးစပ္တဲ့သတင္းရင္းျမစ္ႏွစ္ခုက ေျပာဆိုတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီက ဒီဇင္ဘာလ ရ ရက္က ေရးသားပါတယ္။

အာရွတိုက္အေနာက္ပိုင္းတည္ရွိတဲ့ ယီမင္ဟာ အာေရဗ်ကြၽန္းဆြယ္မွာ ဒုတိယအႀကီးဆုံးျဖစ္ေပမယ့္ တူရကီ ေအာ္တိုမန္အင္ပါယာအတြင္း ေျမာက္ယီမင္နဲ႔ ၿဗိတိသွ်ထိန္းသိမ္းေစာင့္ေစာင့္ေရွာက္ခံ ေတာင္ယီမင္အျဖစ္ ႏွစ္ပိုင္း ကြဲေနခဲ့ပါတယ္။ ၁၉၆၁- ၆၇ ခုႏွစ္မ်ားအတြင္း သီးျခားလြတ္လပ္တဲ့ ႏိုင္ငံမ်ားျဖစ္လာၿပီး ၁၉၉ဝ ျပည့္ႏွစ္မွာ ယီမင္ နယ္ေျမတစ္ခုလုံးကို ႏိုင္ငံတစ္ႏိုင္ငံတည္းအျဖစ္ ေပါင္းစည္းခဲ့ပါတယ္။ ဒါေပမယ့္ ဆင္းရဲမြဲေတမႈ၊ အက်င့္ပ်က္ ျခစားမႈနဲ႔ ရာဇဝတ္မႈမ်ား ထူေျပာလာမႈတို႔ကို မေက်နပ္တဲ့ ယီမင္လူထုရဲ႕ ၂ဝ၁၁ ခုႏွစ္ လူထုအုံႂကြမႈနဲ႔အတူ ၂ဝ၁၄ ခုႏွစ္မွာ လက္ဝဲဝါဒီ ေတာင္ပိုင္းလက္နက္ကိုင္မ်ားနဲ႔ ျပည္တြင္းစစ္ စတင္ျဖစ္ပြားပါတယ္။

အဲဒီေနာက္ပိုင္း ေတာင္ပိုင္း ဟူသီသူပုန္တို႔က အႀကီးဆုံးၿမိဳ႕ေတာ္ ဆာနားကို သိမ္းပိုက္လိုက္တဲ့အတြက္ သမၼတ အဗၺဒူလာ မန္ဆာ ဟာဒီနဲ႔ အစိုးရ၀န္ႀကီးမ်ား ထြက္ေျပးရၿပီး လူဦးေရ ၃၄ သန္းခန္႔ရွိ ယီမင္ႏိုင္ငံမွာ အေရွ႕ပိုင္း ကလြဲရင္ နယ္ေျမအမ်ားစုကို အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီတို႔က ထိန္းခ်ဳပ္ထားပါတယ္။ ၂ဝ၁၄ ခုႏွစ္မွာ သမၼတဟာ ဒီကို ကူညီတဲ့အေနနဲ႔ ေဆာ္ဒီအာေရးဗီးယားဦးေဆာင္ အေနာက္အာရွနဲ႔ ေျမာက္အာဖရိကမွ ႏိုင္ငံ ၉ ႏိုင္ငံတို႔က ဆားနာ့းၿမိဳ႕ေတာ္နဲ႔ ယီမင္ဟူသီတို႔ကို ေလေၾကာင္းမွ ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ယီမင္ရွိ အယ္လ္ကိုင္ဒါ အၾကမ္းဖက္သမားမ်ားကို ေခ်မႈန္းေရး အေၾကာင္းျပခ်က္နဲ႔ အေမရိကန္ကလည္း ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ပါတယ္။ ဟူသီတို႔ကလည္း ေဆာ္ဒီၿမိဳ႕ႀကီးမ်ားနဲ႔ ေရနံဆိပ္ကမ္းႀကီးမ်ားကို ဒ႐ုန္း အသုံးျပဳတိုက္ခိုက္တဲ့အတြက္ အာေရဗ်ကြၽန္းဆြယ္ ေနာက္ဆုံးစစ္ပြဲဟာ ဆြန္နီ ေဆာ္ဒီနဲ႔ ရွီအာ အီရန္တို႔ အားၿပိဳင္ရာ ကိုယ္စားျပဳစစ္ Proxy war အသြင္ ေဆာင္လာခဲ့ပါတယ္။

ႏွစ္ဖက္ ပဋိပကၡအတြင္း ၂ဝ၁၅ ခုႏွစ္ကတည္းက ယီမင္ႏိုင္ငံဟာ မ်က္ေမွာက္ေခတ္ ကမာၻ႔အဆိုး႐ြားဆုံး လူသားခ်င္းစာနာမႈဆိုင္ရာအက်ပ္အတည္း ေပၚေပါက္ခဲ့ရပါတယ္။ ဆြန္နီ ၆၅ ရာခိုင္ႏႈန္း ရွီအာ ၃၅ ရာခိုင္ႏႈန္း ေရာေႏွာေနထိုင္ၿပီး ယူနက္စကို ကမာၻ႔အေမြအႏွစ္မ်ားေနရာမ်ားစြာအတြက္ လူသိမ်ားခဲ့ဖူးတဲ့ယီမင္ဟာ အၾကမ္းဖက္မႈ၊ အမ်ားျပည္သူမလုံၿခဳံမႈအျပင္ လက္နက္ကိုင္ပဋိပကၡမ်ိဳးစုံျဖစ္ပြားေနၿပီး ေနရာအႏွံ႔အျပားမွာ ျပန္ေပးဆြဲခံရမႈ နဲ႔ ေျမျမႇဳပ္မိုင္းတို႔ေၾကာင့္ ကုန္စည္စီးဆင္းျခင္း ခရီးသြားလာျခင္းမ်ား အဟန္႔အတားျဖစ္ေန ရပါတယ္။ အိုမန္နဲ႔ ထိစပ္ေနတဲ့ အေရွ႕ပိုင္းကလြဲရင္ က်န္ယီမင္နယ္ေျမတစ္ခုလုံးမွာ ေဆာ္ဒီၫြန္႔ေပါင္းတပ္မ်ားက ဝိုင္းပတ္ ပိတ္ဆို႔ထားတဲ့အတြက္ စားနပ္ရိကၡာနဲ႔ ေဆးဝါးမ်ား ျပတ္လပ္ၿပီး အမ်ားစုဟာ ႏိုင္ငံတကာအကူအညီေပး ေရး ေအဂ်င္စီမ်ားအေပၚ မွီခိုေနခဲ့ရပါတယ္။

ေဆာ္ဒီၫြန္႔ေပါင္းနဲ႔ ဟူသီတို႔အၾကား အပစ္အခတ္ရပ္စဲေရးဟာ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလမွာ သက္တမ္း ကုန္ဆုံးသြားၿပီးကတည္းက ႀကိဳတင္စီစဥ္တဲ့ အၾကမ္းဖက္မႈမ်ား ျပန္လည္ျဖစ္ပြားလာျခင္း မရွိေသးပါဘူး။ အိုမန္ ႏိုင္ငံ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ ေဆာ္ဒီ-ဟူသီအၾကား တိုက္႐ိုက္ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ရွိလာခဲ့ပါတယ္။
..
ေအာက္တိုဘာ ၇ ရက္က ဟားမတ္စ္-အစၥေရး စစ္ပြဲျဖစ္ပြားၿပီးကတည္းက အီရန္နဲ႔ မဟာမိတ္ဖြဲ႕ထားတဲ့ ဟူသီတို႔ ဟာ အေရးပါတဲ့ ကုန္သြယ္ေရလမ္းေၾကာင္းမ်ားအတြင္း ကုန္သြယ္ေရေၾကာင္းသေဘၤာမ်ားကို တိုက္ခိုက္ျခင္း၊ ေမာင္းသူမဲ့ေလယာဥ္မ်ား၊ ဒုံးက်ည္မ်ားကို အသုံးျပဳၿပီး အစၥေရးႏိုင္ငံကို ခ်ိန္႐ြယ္ပစ္ခတ္ျခင္းျဖင့္ အေရွ႕ အလယ္ပိုင္းေဒသ ပ်ံ႕ႏွံ႔လာေနတဲ့ပဋိပကၡအတြင္း ဝင္ေရာက္လာခဲ့ပါတယ္။

သူတို႔ရဲ႕တိုက္ခိုက္မႈေတြဟာ ပါလက္စတိုင္းတို႔နဲ႔အတူ ရပ္တည္ေၾကာင္း ျပသျခင္းျဖစ္ေၾကာင္း၊ ဆာနားၿမိဳ႕မွ မိုင္ ၁၀၀၀ ေက်ာ္ ေဝးကြာသည့္တိုင္ ဂါဇာကမ္းေျမႇာင္အတြင္း အစၥေရးရဲ႕ထိုးစစ္ဆင္မႈကို ရပ္တန႔္သည္အထိ ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ယီမင္ႏိုင္ငံ နယ္ေျမအမ်ားစုကို စိုးမိုးထားတဲ့အဖြဲ႕က ႀကဳံးဝါးထားပါတယ္။

ဟားမတ္စ္တို႔က အစၥေရးကို တိုက္ခိုက္ျခင္းျဖင့္ စစ္ပြဲကို စတင္ခဲ့တဲ့ ေအာက္တိုဘာ ၇ ရက္ကစၿပီး ပါလက္စတိုင္း မဟာမိတ္တို႔နဲ႔အတူ အစၥေရးနဲ႔ အေမရိကန္ပစ္မွတ္မ်ားကို တိုက္ခိုက္တဲ့ အီရန္မဟာမိတ္ ဝင္႐ိုးတန္းအုပ္စု၀င္ အေတာ္မ်ားမ်ားမွာ ဟူသီတို႔လည္း ပါ၀င္ေနပါတယ္။

ကမာၻ႔ေရနံအမ်ားအျပားကို တင္ပို႔ရာ ပင္လယ္ေရလမ္းမ်ားကို ၿခိမ္းေျခာက္ခံေနရပါတယ္။ အစၥေရးႏိုင္ငံကို ခ်ိန္႐ြယ္တဲ့ ဒုံးက်ည္မ်ား ေမာင္းသူမဲ့ေလယာဥ္တို႔ကို ပစ္လႊတ္ျခင္းတို႔ဟာ စူးအက္တူးေျမာင္းနဲ႔ ဆက္ႏြယ္ေနတဲ့ ပင္လယ္နီေရျပင္တဝႈိက္ စိုးရိမ္စရာျဖစ္လာျခင္းမွာ ဟူသီတို႔နဲ႔ ပတ္သက္ေနပါတယ္။

ကမာၻ႔ထိပ္တန္းေရနံတင္ပို႔ေရာင္းခ်သူ ေဆာ္ဒီအာေရးဗီးယားအေနနဲ႔ သူ႔ႏိုင္ငံပိုင္နက္အတြင္း ဟူသီဒုံးက်ည္ထိမွန္ ျခင္းမ်ား ျဖစ္လာတဲ့အတြက္ သတိျပဳ ေစာင့္ၾကည့္ေနခဲ့ပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္မ်ားအတြင္း ဟူသီတို႔က ကုန္သြယ္သေဘၤာတိုက္ခိုက္မႈမ်ားကို အရွိန္ျမႇင့္လာခဲ့ပါတယ္။ ဒီအတြက္ ဝါရွင္တန္အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္း တုံ႔ျပန္ဖို႔ ေဆာ္ဒီရဲ႕တိုက္တြန္းမႈဟာ (ထိပ္တိုက္ေတြ႕ျခင္းအားျဖင့္) ပဋိပကၡ ဆက္လက္အရွိန္တိုးျမင့္လာမႈကို ေရွာင္ရွားရန္ ရည္႐ြယ္ထားေၾကာင္း၊ (လက္ရွိ) အေမရိကန္ရဲ႕ကိုင္တြယ္ပုံအေပၚ ေက်နပ္အားရေၾကာင္း၊ ဂါဇာ ပဋိပကၡကို ဘာ့ေၾကာင့္ ရပ္စဲသင့္တယ္ဆိုတာ ေဖာ္ျပျခင္းျဖင့္ ဖိအားေပးထားတယ္လို႔ သတင္းရင္းျမစ္မ်ားထံမွ သိရွိရပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို အိမ္ျဖဴေတာ္က ျငင္းဆိုပါတယ္။ ေဆာ္ဒီအစိုးရက လည္း အေၾကာင္းျပန္ၾကားျခင္း မရွိပါဘူး။

ဂါဇာကမ္းေျမႇာင္အတြင္း တိုက္ခိုက္မႈကို “႐ိုင္းစိုင္းေသာစစ္ပြဲ" အျဖစ္ ကင္ပြန္းတပ္လွ်က္ရွိတဲ့ ေဆာ္ဒီအာေရးဗီးယားဟာ အပစ္အခတ္ရပ္စဲေရးအတြက္ ဖိအားေပးေနပါတယ္။ တစ္ဖက္မွာလည္း အီရန္နဲ႔ သူ႔ရဲ႕မဟာမိတ္မ်ားအၾကား ႏွစ္ေပါင္းမ်ားစြာ ထိပ္တိုက္ေတြ႕ၿပီးေနာက္ ေဒသတြင္းတည္ၿငိမ္ေရးကို ျမႇင့္တင္ရန္ ရည္႐ြယ္တဲ့ ေဆာ္ဒီရဲ႕ပိုမိုက်ယ္ျပန႔္တဲ့ သံတမန္ေရး မူဝါဒကို ထင္ဟပ္ေနပါတယ္။

ေဆာ္ဒီဟာ သမား႐ိုးက်လမ္းေဟာင္းမွ ခြဲထြက္တဲ့အျမင္နဲ႔ ကိုယ္ပိုင္စီးပြားေရးကို ခ်ဲ႕ထြင္လွ်က္ရွိၿပီး ယခုႏွစ္ အတြင္း အီရန္နဲ႔ ပုံမွန္ဆက္ဆံေရးျပန္လည္ထူေထာင္ခဲ့ပါတယ္။ အိမ္နီးခ်င္း ယီမင္ႏိုင္ငံအတြင္း ဟူသီတို႔နဲ႔ ထိပ္တိုက္ ေတြ႕ခဲ့ရတဲ့ ကိုးႏွစ္နီးပါးၾကာ စစ္ႏြံအတြင္းမွ လြတ္ေျမာက္ရန္ ႀကိဳးပမ္းလ်က္ရွိေနပါတယ္။

ဂါဇာကမ္းေျမာင္မွာ စစ္မက္ျဖစ္ပြားေနခ်ိန္မွာလည္ူ ေဆာ္ဒီအေနနဲ႔ ယီမင္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျမႇင့္တင္ရန္ ဆက္လက္ႀကိဳးပမ္းေနဆဲျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာပါတယ္။ ေဆာ္ဒီနဲ႔ ဟူသီအရာရွိမ်ားအၾကား တိုက္႐ိုက္ၿငိမ္းခ်မ္းေရး ေဆြးေႏြးေနခိုက္ ယီမင္ႏိုင္ငံဟာ တစ္ႏွစ္ေက်ာ္ၾကာ တိတ္ဆိတ္ၿငိမ္သက္ေနခဲ့ပါတယ္။

ဟားမတ္စ္-အစၥေရးစစ္ပြဲအတြင္း ဟားမတ္စ္၊ လက္ဘႏြန္မွ ဟစ္ဇ္ဘိုလာအဖြဲ႕နဲ႔ အီရတ္ရွိ အီရန္ေက်ာ ေထာက္ေနာက္ခံျပဳ ျပည္သူ႔စစ္မ်ားစခန္းမွ အစၥေရးဆန္႔က်င္ေရးတိုက္ခိုက္မႈမ်ားမွာ ဟူသီတို႔လည္း ပါ၀င္ေနပါ တယ္။ ဟူသီတို႔ဟာ အာေရဗ်ကြၽန္းဆြယ္မွာ အဓိကစစ္အင္အားႀကီးတစ္ခုအျဖစ္ ေပၚေပါက္လာခဲ့ၿပီး မေရမတြက္ ႏိုင္တဲ့တိုက္ခိုက္ေရးသမားမ်ား၊ ေထာင္နဲ႔ခ်ီတဲ့ ပဲ့ထိန္းဒုံးက်ည္မ်ားအျပင္ ေမာင္းသူမဲ့ေလယာဥ္ အမ်ားအျပားကို လည္း ပိုင္ဆိုင္ထားပါတယ္။

ဂါဇာစစ္ပြဲကို “စိတ္အလိုအတိုင္း မလုပ္မိတဲ့ နည္းလမ္း” ျဖင့္ အဆုံးသတ္ရန္ ႏိုဝင္ဘာလ တီဟီရန္မွာ အီရန္အရာရွိ မ်ားနဲ႔ ေတြ႕ဆုံစဥ္ ဟူသီကိုယ္စားလွယ္တို႔က သေဘာတူညီခဲ့ေၾကာင္း တီဟီရန္သတင္းရင္းျမစ္တစ္ခုထံမွ သိရွိရပါတယ္။ ဟားမတ္စ္-အစၥေရးကိစၥနဲ႔ ပတ္သက္လို႔ တိုက္႐ိုက္ အစဆြဲထုတ္ရာေရာက္ၿပီး ေဒသတြင္း အလုံးစုံ စစ္ခင္းရတဲ့အထိကို အီရန္က မလိုလားေၾကာင္း အျခား သတင္းရင္းျမစ္က ရွင္းျပခဲ့ပါတယ္။
ေနာက္ဆုံးျဖစ္ရပ္တစ္ခုအေနနဲ႔ တနဂၤေႏြေန႔က ႏိုင္ငံတကာေရပိုင္နက္အတြင္း စီးပြားေရးလုပ္ငန္းသုံး သေဘၤာသုံးစင္းဟာ ဟူသီရဟတ္ယာဥ္မ်ားရဲ႕ တိုက္ခိုက္ျခင္းကို ခံခဲ့ရပါတယ္။ ၂ စီးဟာ အစၥေရးပိုင္ျဖစ္တဲ့အတြက္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဟူသီတို႔က ေျပာေပမယ့္ အဲဒီသေဘၤာမ်ားနဲ႔ ဆက္ႏြယ္မႈ မရွိေၾကာင္း အစၥေရးက ျငင္းဆိုခဲ့ပါတယ္။
အျခားျဖစ္စဥ္တစ္ခုမွာ ယီမင္ ဆာနားမွ ပစ္လႊတ္လိုက္တဲ့ ဘက္စုံသုံး ဒ႐ုန္းတစ္စင္းကို အေမရိကန္ေရတပ္က ပစ္ခ်ခဲ့ပါတယ္။ အဲ့ဒီတိုက္ခိုက္မႈမ်ားမွာ သူတို႔ပါ၀င္ပတ္သက္ျခင္း မရွိေၾကာင္း အီရန္က သတင္းထုတ္ျပန္ပါတယ္။

#ယီမင္_ဟူသီ #ေဆာ္ဒီအာေရးဗီးယား #အေမရိကန္ #ဟားမတ္စ္_အစၥေရးစစ္ပြဲ #သမၼတ_အဗၺဒူလာ_မန္ဆာ_ဟာဒီ #Proxy_war #ကိုယ္စားျပဳစစ္
(Reuters.,, 7 December 2023,” Saudi Arabia urges US restraint as Houthis attack ships in Red Sea)

Related news

© 2021. All rights reserved.