ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းနေသည့်အမျိုသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 1331

NP News - ဒီဇင်ဘာ ၁ဝ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းနေသည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော(ဒီဇင်ဘာ ၇ ရက်)၊ ညနေ ၃ နာရီအချိန်တွင် ငါန်းဇွန်မြို့နယ်၊ တံတားဦး-မြို့သာ-မြင်းခြံသွား ကားလမ်းဘေးရှိ မြို့သာ ဈေးအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့သာ(အရှေ့)ကျေးရွာတွင်နေထိုင်သည့် ဦးမြင့်အောင်(ခ)ဦးစိန်မြင့်အောင်(၆၇)နှစ်သည့် အထက်ပါဈေးအတွင်းရှိ ၎င်းဖွင့်လှစ် ရောင်းချနေသည့် ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် PDF အဖွဲ့ဝင်(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်(ခ)ဦးစိန်မြင့်အောင်တွင် ဦးခေါင်းနောက်စေ့မှ ကျည်ဖောက်ဝင်ပြီး နဖူးကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ငါန္းဇြန္ၿမိဳ႕နယ္တြင္ ေဈးေရာင္းေနသည့္အမ်ိဳသားတစ္ဦးအား PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
NP News - ဒီဇင္ဘာ ၁ဝ

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္တြင္ ေဈးေရာင္းေနသည့္ အမ်ိဳးသားတစ္ဦးအား PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ(ဒီဇင္ဘာ ၇ ရက္)၊ ညေန ၃ နာရီအခ်ိန္တြင္ ငါန္းဇြန္ၿမိဳ႕နယ္၊ တံတားဦး-ၿမိဳ႕သာ-ျမင္းၿခံသြား ကားလမ္းေဘးရွိ ၿမိဳ႕သာ ေဈးအတြင္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕သာ(အေရွ႕)ေက်း႐ြာတြင္ေနထိုင္သည့္ ဦးျမင့္ေအာင္(ခ)ဦးစိန္ျမင့္ေအာင္(၆၇)ႏွစ္သည့္ အထက္ပါေဈးအတြင္းရွိ ၎ဖြင့္လွစ္ ေရာင္းခ်ေနသည့္ ေဈးဆိုင္တြင္ ေဈးေရာင္းေနစဥ္ PDF အဖြဲ႕ဝင္(၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဦးျမင့္ေအာင္(ခ)ဦးစိန္ျမင့္ေအာင္တြင္ ဦးေခါင္းေနာက္ေစ့မွ က်ည္ေဖာက္ဝင္ၿပီး နဖူးက်ည္ေဖာက္ထြက္ ဒဏ္ရာတစ္ခ်က္ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.