မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသော်လည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်နေဟုဆို

18325
မြူနစ် (NP News) - ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသော်လည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်နေကြောင်း သိရသည်။

မူဆယ် (၁၀၅)မိုင်ရှိ တပ်စခန်းကုန်းသည် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့(ဒီဇင်ဘာလ ၁၄ ရက်)ညပိုင်းတွင် စခန်းဆုတ်ခွာပေးခဲ့ရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
သို့သော် တပ်မတော်အနေဖြင့် ၎င်းစခန်းကုန်းအား ပြန်လည်ရရှိရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်ကာ ကြိုးပမ်းနေလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
“မူဆယ် ၁၀၅ မိုင်ကုန်းကတော့ မနေ့က တပ်ကနောက်ဆုံးပေး လိုက်တယ်။ မနေ့က ညပိုင်းကတည်းက ပြန်တိုက်နေတယ်။ လေယာဉ်တွေနဲ့ရော၊ လက်နက်ကြီးတွေနဲ့ရော ပြန်ပြီးကြိုးစားနေတာတွေ့ရတယ်။ ဒီနေ့လည်း ဆက်တိုက်နေတယ်။ အခုချိန်ထိပါ တိုက်နေတာ”ဟု မူဆယ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါစခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသည့်အခြေအနေနှင့်ပတ် သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ပြောခြင်းမျိုး မရှိသေးပေး။
မူဆယ် (၁၀၅)ရှိ တပ်စခန်းကုန်းသည် ကုန်သွယ်ရေးဇုန်အနီးတွင်တည်ရှိပြီး ပြီးခဲ့သော ကာလများအတွင်း၌ Drop ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးခြင်း၊ ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီးခြင်းစသောဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။
ထို့ပြင် မူဆယ်မြို့အနီးရှိ ကျေးရွာအချို့တွင်လည်း တပ်မတော်နှင့် MNDAA၊ TNLA ပူးပေါင်းအဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မူဆယ် (၁၀၅)မိုင်အပါအဝင်၊ မူဆယ်မြို့နှင့်တစ်ဝိုက်အား MNDAA၊ TNLA ပူးပေါင်းအဖွဲ့များက ကျူးကျော်တိုက်ခိုက်ကာ တိုက်ပွဲဖော်ဆောင်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရလျက်ရှိသည်။

zawgyi version
မူဆယ္ (၁၀၅)မိုင္ရွိ တပ္မေတာ္စခန္းကုန္း ေနာက္ဆုတ္ေပးခဲ့ရေသာ္လည္း ေလေၾကာင္းပစ္ကူမ်ားျဖင့္ ျပန္လည္ထိုးစစ္ဆင္ေနဟုဆို
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၅
ရွမ္းျပည္နယ္၊ မူဆယ္ (၁၀၅)မိုင္ရွိ တပ္မေတာ္စခန္းကုန္း ေနာက္ဆုတ္ေပးခဲ့ရေသာ္လည္း ေလေၾကာင္းပစ္ကူမ်ားျဖင့္ ျပန္လည္ထိုးစစ္ဆင္ေနေၾကာင္း သိရသည္။
မူဆယ္ (၁၀၅)မိုင္ရွိ တပ္စခန္းကုန္းသည္ ကိုးကန္႔လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA တို႔၏ ပူးေပါင္းတိုက္ခိုက္မႈေၾကာင့္ ယမန္ေန႔(ဒီဇင္ဘာလ ၁၄ ရက္)ညပိုင္းတြင္ စခန္းဆုတ္ခြာေပးခဲ့ရေၾကာင္း မူဆယ္ေဒသခံမ်ားထံမွ သိရသည္။
သို႔ေသာ္ တပ္မေတာ္အေနျဖင့္ ၎စခန္းကုန္းအား ျပန္လည္ရရွိေရးအတြက္ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ျပန္လည္ထိုးစစ္ဆင္ကာ ႀကိဳးပမ္းေနလ်က္ရွိေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။
“မူဆယ္ ၁၀၅ မိုင္ကုန္းကေတာ့ မေန႔က တပ္ကေနာက္ဆုံးေပး လိုက္တယ္။ မေန႔က ညပိုင္းကတည္းက ျပန္တိုက္ေနတယ္။ ေလယာဥ္ေတြနဲ႔ေရာ၊ လက္နက္ႀကီးေတြနဲ႔ေရာ ျပန္ၿပီးႀကိဳးစားေနတာေတြ႕ရတယ္။ ဒီေန႔လည္း ဆက္တိုက္ေနတယ္။ အခုခ်ိန္ထိပါ တိုက္ေနတာ”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါစခန္းကုန္း ေနာက္ဆုတ္ေပးခဲ့ရသည့္အေျခအေနႏွင့္ပတ္ သက္၍ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာထုတ္ျပန္ေျပာျခင္းမ်ိဳး မရွိေသးေပး။
မူဆယ္ (၁၀၅)ရွိ တပ္စခန္းကုန္းသည္ ကုန္သြယ္ေရးဇုန္အနီးတြင္တည္ရွိၿပီး ၿပီးခဲ့ေသာ ကာလမ်ားအတြင္း၌ Drop ဗုံးမ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သားထိခိုက္ေသဆုံးျခင္း၊ ျပည္သူလူထုေနအိမ္မ်ား ထိခိုက္ပ်က္စီးျခင္းစေသာျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ဖူးသည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕အနီးရွိ ေက်း႐ြာအခ်ိဳ႕တြင္လည္း တပ္မေတာ္ႏွင့္ MNDAA၊ TNLA ပူးေပါင္းအဖြဲ႕မ်ားၾကား ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။
မူဆယ္ (၁၀၅)မိုင္အပါအဝင္၊ မူဆယ္ၿမိဳ႕ႏွင့္တစ္ဝိုက္အား MNDAA၊ TNLA ပူးေပါင္းအဖြဲ႕မ်ားက က်ဴးေက်ာ္တိုက္ခိုက္ကာ တိုက္ပြဲေဖာ္ေဆာင္လာသည့္အတြက္ ေဒသခံျပည္သူမ်ားအေနျဖင့္ ေနရပ္စြန႔္ခြာကာ စစ္ေဘးေရွာင္ေနရလ်က္ရွိသည္။