နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးခြင်းသည် ဒေသတွင်းရှိလက်နက်ကိုင်ပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်ဟုဆို

705
ယွန်း (NP News) - ဒီဇင်ဘာ ၁၉
နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းသည် ဒေသတွင်းရှိလက်နက်ကိုင်ပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်ကြောင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌက ပြော သည်။

ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး ထွန်းထွန်းနောင်က ဒီဇင်ဘာလ (၁၈)ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကော်မတီအနေဖြင့် ပြီးခဲ့သည့် ဧပြီလ(၇)ရက်မှ နိုဝင်ဘာ(၃၀)ရက်အထိ (၈)လနီးပါး အတွင်း အိမ်ထောင်စု(၆၂၄၆)စု၊ လူဦးရေ(၂၄၃၇၀) တို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရေးစခန်း/စုရပ်(၉၀)ကိုလည်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထိုသို့ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းကြောင့် ၎င်းတို့၏လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာနိုင်ပြီး ဒေသတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများလျော့နည်းပပျောက်စေနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာ၌ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်မှုများကို အဆုံးသတ်စေနိုင်မည့် နယ်မြေ၊ တည်တံ့ခိုင်မြဲသောနယ်မြေ အေးချမ်းမှုအမြန်ရရှိရေးကို ဦးတည်ဆောင်ရွက်ရန် ၎င်းက အကြံပြုပြောကြားထားသည်။
အလားတူ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မ တီများအားလုံး ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းပြောကြားထားသည်။
ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် (၂ ဒသမ ၆)သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ဖြစ်ပွားခဲ့သည့်တိုက် ပွဲများကြောင့် လူပေါင်း(၅)သိန်းကျော်နေရပ်စွန့်ခွာခဲ့ရပြီး ရှမ်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်၊ မွန် နှင့် တနင်္သာရီတို့တွင် နေရပ်စွန့်ခွာသူဦးရေများပြားခဲ့ကြောင်း သိရသည်။

zawgyi version
ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္ထူေထာင္ေရးေဆာင္ ႐ြက္ေပးျခင္းသည္ ေဒသတြင္းရွိလက္နက္ကိုင္ပဋိပကၡမ်ားကို ေလ်ာ့နည္းပေပ်ာက္ေစႏိုင္ဟုဆို
ယြန္း (NP News) - ဒီဇင္ဘာ ၁၉
ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေပးျခင္းသည္ ေဒသတြင္းရွိလက္နက္ကိုင္ပဋိပကၡမ်ားကို ေလ်ာ့နည္းပေပ်ာက္ေစႏိုင္ေၾကာင္း ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ား ျပန္လည္ေနရာခ်ထားေရးႏွင့္ ယာယီခိုလႈံရာစခန္းမ်ား ပိတ္သိမ္းေရးဆိုင္ရာ အမ်ိဳးသားအဆင့္ေကာ္မတီ ဥကၠ႒က ေျပာ သည္။
ေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး ထြန္းထြန္းေနာင္က ဒီဇင္ဘာလ (၁၈)ရက္တြင္ နယ္စပ္ေရးရာဝန္ႀကီးဌာန၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါေကာ္မတီအေနျဖင့္ ၿပီးခဲ့သည့္ ဧၿပီလ(၇)ရက္မွ ႏိုဝင္ဘာ(၃၀)ရက္အထိ (၈)လနီးပါး အတြင္း အိမ္ေထာင္စု(၆၂၄၆)စု၊ လူဦးေရ(၂၄၃၇၀) တို႔ကို မူလေနရာမ်ားသို႔ ျပန္လည္ပို႔ေဆာင္ေနရာခ်ထားေပးႏိုင္ခဲ့ၿပီး ယာယီခိုလႈံေရးစခန္း/စုရပ္(၉၀)ကိုလည္း ပိတ္သိမ္းႏိုင္ခဲ့ေၾကာင္း ေကာ္မတီဥကၠ႒က အသိေပးေျပာၾကားထားသည္။
ထိုသို႔ ေနရပ္စြန႔္ခြာသူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးျခင္းေၾကာင့္ ၎တို႔၏လူမႈစီးပြားဘဝတိုးတက္ဖြံ႕ၿဖိဳးလာႏိုင္ၿပီး ေဒသတြင္းရွိ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ လူမႈေရးပဋိပကၡမ်ားေလ်ာ့နည္းပေပ်ာက္ေစႏိုင္ေၾကာင္း ၎က သုံးသပ္ေျပာဆိုထားသည္။
ထို႔ျပင္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ားကို အဆုံးသတ္ေစႏိုင္မည့္ နယ္ေျမ၊ တည္တံ့ခိုင္ၿမဲေသာနယ္ေျမ ေအးခ်မ္းမႈအျမန္ရရွိေရးကို ဦးတည္ေဆာင္႐ြက္ရန္ ၎က အႀကံျပဳေျပာၾကားထားသည္။
အလားတူ ျပည္တြင္း၊ ျပည္ပအဖြဲ႕အစည္းမ်ား၏ လႉဒါန္းမႈမ်ားႏွင့္ ကူညီပံ့ပိုးမႈမ်ားကို စနစ္တက်စီမံခန႔္ခြဲ၍ လုပ္ငန္းေကာ္မတီမ်ား၊ ျပည္နယ္အဆင့္ေကာ္မ တီမ်ားအားလုံး ထိေရာက္စြာအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ဒုဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က တိုက္တြန္းေျပာၾကားထားသည္။
ကုလသမဂၢ၏ ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ ျမန္မာ ႏိုင္ငံတစ္ဝန္း ျပည္တြင္းေနရပ္စြန႔္ခြာသူဦးေရသည္ (၂ ဒသမ ၆)သန္းေက်ာ္အထိ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလမွစ၍ ျဖစ္ပြားခဲ့သည့္တိုက္ ပြဲမ်ားေၾကာင့္ လူေပါင္း(၅)သိန္းေက်ာ္ေနရပ္စြန႔္ခြာခဲ့ရၿပီး ရွမ္း၊ ကယား၊ ရခိုင္၊ ခ်င္း၊ စစ္ကိုင္း၊ မႏၲေလး၊ ပဲခူး၊ ကရင္၊ မြန္ ႏွင့္ တနသၤာရီတို႔တြင္ ေနရပ္စြန႔္ခြာသူဦးေရမ်ားျပားခဲ့ေၾကာင္း သိရသည္။