
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၀ ရက်)၊ မွန်း တည့် ၁၂ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၄ x ၈၃ လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ယူဆရတာတော့ လမ်းပေါ်မှာမောင်းနေတဲ့ သဲကားကို ဆိုင်ကယ်က ဖြတ်ဝင်တဲ့အချိန်မှာတိုက်မိတဲ့သဘောပါ။ ဆိုင်ကယ်က လူကတော့ ပွဲချင်းပြီးဆုံးသွားတယ်”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် သေဆုံးသွားခဲ့သည့် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားသည် အသက်(၄၃)နှစ်အရွယ်ရှိ ကိုဇော်လှိုင်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကြေမွဒဏ်ရာ နှင့် နံရိုးကျိုးဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကြည့်ရတာတော့ သဲကားရဲ့ရှေ့ဘီးက ခါးကိုအရင်နင်းပြီး နောက်ဘီးက ခေါင်းကိုဖြတ်နင်းမိတဲ့ ပုံစံဗျ။ ခေါင်းကကြေမွပြီး ဦးနှောဏ်တွေတောင်ထွက်သွားတယ်။ ခါးအနင်းခံရတော့ နံရိုးတွေလဲကျိုးသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုတွင် သေဆုံးသွားသူအမျိုးသားအား မဏီစလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး သဲကားယာဉ်မောင်းအမျိုးသားအား အမှတ်(၇)နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
“ဆိုင်ကယ်သမားပဲဖြစ်ဖြစ်၊ ကားသမားပဲဖြစ်ဖြစ် ဖြည်း ဖြည်းမောင်းကြဖို့ပဲပြောချင်တယ်။ အဲဒီနေရာက သဲကားတွေအများဆုံးဖြတ်တာ။ အရမ်းလဲမောင်းကြတယ်။ ခုလိုဖြစ်စဉ်တွေက ခဏခဏဖြစ်နေတော့ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ကြပ်မတ်သင့်တယ်” ဟု အထက်ပါအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၁၃ ရက်ကလည်း မဟာအောင်မြေမြို့နယ်တွင် အိမ်စီးကားနှင့်ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
မႏၲေလးတြင္ ဆိုင္ကယ္ ႏွင့္ FAW ကားတို႔ တိုက္မိရာမွ ဆိုင္ကယ္ေမာင္းႏွင္သူ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News) - ဒီဇင္ဘာ ၂၀
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ဆိုင္ကယ္ႏွင့္FAW ကားတို႔ တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း မဏီစလ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဒီဇင္ဘာလ ၂၀ ရက္)၊ မြန္း တည့္ ၁၂ နာရီအခ်ိန္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၄၁ လမ္း၊ ၈၄ x ၈၃ လမ္းၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ယူဆရတာေတာ့ လမ္းေပၚမွာေမာင္းေနတဲ့ သဲကားကို ဆိုင္ကယ္က ျဖတ္ဝင္တဲ့အခ်ိန္မွာတိုက္မိတဲ့သေဘာပါ။ ဆိုင္ကယ္က လူကေတာ့ ပြဲခ်င္းၿပီးဆုံးသြားတယ္”ဟု မဏီစလလူမႈကူညီေရးအသင္းမွ တာဝန္ ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈတြင္ ေသဆုံးသြားခဲ့သည့္ ဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသားသည္ အသက္(၄၃)ႏွစ္အ႐ြယ္ရွိ ကိုေဇာ္လႈိင္ျဖစ္ၿပီး ယာဥ္တိုက္မႈေၾကာင့္ ဦးေခါင္းေၾကမြဒဏ္ရာ ႏွင့္ နံ႐ိုးက်ိဳးဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ၾကည့္ရတာေတာ့ သဲကားရဲ႕ေရွ႕ဘီးက ခါးကိုအရင္နင္းၿပီး ေနာက္ဘီးက ေခါင္းကိုျဖတ္နင္းမိတဲ့ ပုံစံဗ်။ ေခါင္းကေၾကမြၿပီး ဦးေႏွာဏ္ေတြေတာင္ထြက္သြားတယ္။ ခါးအနင္းခံရေတာ့ နံ႐ိုးေတြလဲက်ိဳးသြားတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ယာဥ္တိုက္မႈတြင္ ေသဆုံးသြားသူအမ်ိဳးသားအား မဏီစလလူမႈကူညီေရးအသင္းမွ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး သဲကားယာဥ္ေမာင္းအမ်ိဳးသားအား အမွတ္(၇)နယ္ေျမရဲစခန္းမွ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
“ဆိုင္ကယ္သမားပဲျဖစ္ျဖစ္၊ ကားသမားပဲျဖစ္ျဖစ္ ျဖည္း ျဖည္းေမာင္းၾကဖို႔ပဲေျပာခ်င္တယ္။ အဲဒီေနရာက သဲကားေတြအမ်ားဆုံးျဖတ္တာ။ အရမ္းလဲေမာင္းၾကတယ္။ ခုလိုျဖစ္စဥ္ေတြက ခဏခဏျဖစ္ေနေတာ့ ၿမိဳ႕နယ္စည္ပင္နဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြကလည္း ၾကပ္မတ္သင့္တယ္” ဟု အထက္ပါအသင္းမွတာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာၾကားထားသည္။
အလားတူ ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၁၃ ရက္ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္တြင္ အိမ္စီးကားႏွင့္ဆိုင္ကယ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဆိုင္ကယ္ေမာင္းသူ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရွိခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။