လိမ္မော်သီးလုပ်ငန်း နှင့် စီးပွားဖြစ်သီးနှံ သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာ-တရုတ်ကြား လက်မှတ်ရေးထိုး

958
Pearl (NP News) - ဒီဇင်ဘာ ၂၀
လိမ္မော်သီးလုပ်ငန်း၊ အပူပိုင်းဒေသ နှင့် အပူလျော့ပိုင်းဒေသစီးပွားဖြစ် သီးနှံသိပ္ပံနည်းပညာ ပူးပေါင်းဆောင် ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာ နှင့် တရုတ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်တွင် ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သုတေသနဌာန နှင့် မြန်မာနိုင်ငံ မျိုးစေ့အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့သည် အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ ယူနန်ပြည်နယ် ကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လိမ္မော်သီးလုပ်ငန်းနှင့် အပူပိုင်းဒေသ၊ အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံသည် ကျယ်ပြန့် သောဖွံ့ဖြိုးတိုးတက်နိုင်ပြီး အနာဂတ်တွင် လိမ္မော်သီးမျိုးစိတ်များ ရွေးချယ်ပျိုးထောင်ခြင်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ စိုက်ပျိုးရေးနည်းပညာသုတေသနပြုလုပ်ခြင်းတွင် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ တရုတ်-မြန်မာ စိုက်ပျိုးရေးစီးပွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ်မြှင့်တင်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်က ယခုစာချွန်လွှာလက်မှတ်ရေး ထိုးခြင်းသည် မြန်မာနိုင်ငံကို များစွာအကျိုးဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်မီသော သိပ္ပံနည်းကျ စိုက်ပျိုးရေး နှင့် မျိုးစေ့ကောင်းများ ရွေး ချယ် ပျိုးထောင်ခြင်း နည်းပညာများကို လေ့လာသင်ယူထိုက်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ အနာဂတ်တွင် စိုက်ပျိုးရေးနည်းပညာ၊ လယ် ယာထွက်ကုန် ကုန်ချောထုတ်လုပ်ခြင်း၊ လယ်ယာထွက်ကုန်များ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်မှု အလားအလာများ ရှိလာမည်ဟု ယုံကြည်ကြောင်း မြန်မာကိုယ်စားလှယ်ကပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

zawgyi version
လိေမၼာ္သီးလုပ္ငန္း ႏွင့္ စီးပြားျဖစ္သီးႏွံ သိပၸံနည္းပညာပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈစာခြၽန္လႊာကို ျမန္မာ-တ႐ုတ္ၾကား လက္မွတ္ေရးထိုး
Pearl (NP News) - ဒီဇင္ဘာ ၂၀
လိေမၼာ္သီးလုပ္ငန္း၊ အပူပိုင္းေဒသ ႏွင့္ အပူေလ်ာ့ပိုင္းေဒသစီးပြားျဖစ္ သီးႏွံသိပၸံနည္းပညာ ပူးေပါင္းေဆာင္ ႐ြက္မႈ နားလည္မႈစာခြၽန္လႊာကို ျမန္မာ ႏွင့္ တ႐ုတ္ႏိုင္ငံၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၈ ရက္တြင္ ယူနန္ျပည္နယ္ စိုက္ပ်ိဳးေရးသိပၸံအကယ္ဒမီ အပူပိုင္းေဒသႏွင့္ အပူေလ်ာ့ပိုင္းေဒသ စီးပြားျဖစ္သီးႏွံ သုေတသနဌာန ႏွင့္ ျမန္မာႏိုင္ငံ မ်ိဳးေစ့အသင္း၊ ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းတို႔သည္ အဆိုပါ နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္း အခမ္းအနားကို အြန္လိုင္းမွတစ္ဆင့္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနား၌ ယူနန္ျပည္နယ္ ကိုယ္စားလွယ္က ျမန္မာႏိုင္ငံရွိ လိေမၼာ္သီးလုပ္ငန္းႏွင့္ အပူပိုင္းေဒသ၊ အပူေလ်ာ့ပိုင္းေဒသ စီးပြားျဖစ္သီးႏွံသည္ က်ယ္ျပန႔္ ေသာဖြံ႕ၿဖိဳးတိုးတက္ႏိုင္ၿပီး အနာဂတ္တြင္ လိေမၼာ္သီးမ်ိဳးစိတ္မ်ား ေ႐ြးခ်ယ္ပ်ိဳးေထာင္ျခင္း၊ အပူပိုင္းေဒသႏွင့္ အပူေလ်ာ့ပိုင္းေဒသ စီးပြားျဖစ္သီးႏွံ စိုက္ပ်ိဳးေရးနည္းပညာသုေတသနျပဳလုပ္ျခင္းတြင္ ျမန္မာႏိုင္ငံႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္၍ တ႐ုတ္-ျမန္မာ စိုက္ပ်ိဳးေရးစီးပြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္မႈကို အဆက္မျပတ္ျမႇင့္တင္လိုေၾကာင္းလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျမန္မာကိုယ္စားလွယ္က ယခုစာခြၽန္လႊာလက္မွတ္ေရး ထိုးျခင္းသည္ ျမန္မာႏိုင္ငံကို မ်ားစြာအက်ိဳးျဖစ္ထြန္းေစၿပီး ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ ေခတ္မီေသာ သိပၸံနည္းက် စိုက္ပ်ိဳးေရး ႏွင့္ မ်ိဳးေစ့ေကာင္းမ်ား ေ႐ြး ခ်ယ္ ပ်ိဳးေထာင္ျခင္း နည္းပညာမ်ားကို ေလ့လာသင္ယူထိုက္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ အနာဂတ္တြင္ စိုက္ပ်ိဳးေရးနည္းပညာ၊ လယ္ ယာထြက္ကုန္ ကုန္ေခ်ာထုတ္လုပ္ျခင္း၊ လယ္ယာထြက္ကုန္မ်ား ပို႔ကုန္သြင္းကုန္ ကုန္သြယ္ေရးတို႔တြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္မႈ အလားအလာမ်ား ရွိလာမည္ဟု ယုံၾကည္ေၾကာင္း ျမန္မာကိုယ္စားလွယ္ကေျပာၾကားခဲ့သည္ဟု တ႐ုတ္သံ႐ုံးက ထုတ္ျပန္ထားသည္။