၁ဝ၂၇ စစ်ဆင်ရေး ရည်မှန်းချက် နဲ့ ကွန်ဖက်ဒရိတ်အသွင် နယ်မြေများ ဖြစ်ပေါ်လာခြင်း၏ အန္တရာယ်များ (ဘာသာပြန်ဆောင်းပါး)

 7940

Htay Oung (NP News) - ဒီဇင်ဘာ ၂၄

၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁ဝ၂၇ စစ်ဆင်ရေးကို စတင်လိုက် ပြီဖြစ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များလို့ဆိုတဲ့ ရက္ခိုင့်တပ် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA နဲ့ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့က ကြေညာခဲ့ပါ တယ်။

မြောက် ၃ ဖွဲ့ရဲ့စစ်ဆင်ရေးကာလအတွင်း ဆုံးရှုံးခဲ့တာ ရှမ်းမြောက်ဒေသတစ်ခုလုံး မဟုတ်ဘဲ နယ်မြေအစိတ်အပိုင်း အချို့သာဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးက ပြောဆိုပေမယ့် တစ်လတာ ကာလအတွင်း ကင်းစခန်း ပေါင်း ၂၂ဝ ကျော် နဲ့ မြို့အတော်များများကို သိမ်းယူရရှိခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်မှာ မြောက် ၃ ဖွဲ့က ပြောပါ တယ်။
၁ဝ၂၇ စစ်ဆင်ရေးရဲ့နောက်ကွယ်မှာ တရုတ်နိုင်ငံရှိနေပြီး မြောက် ၃ ဖွဲ့ကို ထောက်ပံ့နေတယ်လို့ မြန်မာ ပြည်တွင်း နေအချို့နဲ့ ပြည်ပမီဒီယာများက ခန့်မှန်းနေကြပါတယ်။ ဒီအတွက် ခိုင်မာတဲ့အထောက်အထား မတွေ့ရှိရပေမယ့် စစ်ဆင်ရေးနယ်မြေဟာ အလွန်ကျယ်ပြန့်ပြီး ရိက္ခာ-ခဲယမ်းမီးကျောက်အမြောက်အများ အသုံးပြုနေတဲ့ အဲဒီလို အကြီးစားစစ်ဆင်ရေးမျိုးကို မြောက် ၃ ဖွဲ့ချည်းသက်သက်နဲ့ ဆင်နွှဲနိုင်ပါ့မလားဆိုတာ သံသယဖြစ်ဖွယ်ရှိပါတယ်။ အနည်းဆုံး အဲဒီစစ်ဆင်ရေးပြုလုပ်တော့မယ့်အကြောင်း တရုတ်က ကြိုတင်သိရှိခဲ့ပါတယ်။ "ချသာ ချကွာ" လို့ မီးစိမ်းပြမှုတော့ ရှိကို ရှိလိမ့်မယ်လို့ အနောက်မီဒီယာ စစ်ရေးသုံးသပ်သူများက အခိုင်အမာပြောပြန်ပါတယ်။

မြောက် ၃ ဖွဲ့ရဲ့ရှမ်းမြောက်စစ်ဆင်ရေးပြုလုပ်ရခြင်း ရည်ရွယ်ချက်များမှာ နစကအုပ်ချုပ်ရေးကို ဖယ်ရှားဖို့၊ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် နစက အကူအညီနဲ့ ကျယ်ပြန့်တွင်ကျယ်နေတဲ့ အွန်လိုင်းဂိမ်းလိမ်လည်မှုများကို ဖျက်သိမ်းပစ်ဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

ကျားဖြန့် (သို့မဟုတ်) ကျားဖျန့်ဟူ၍ လူသိများသည့် အသုံးအနှုန်းမှာ တရုတ်ဘာသာစကား - 诈骗 (Zhàpiàn) ၏ အသံထွက်ဖြစ်ပြီး လီဆယ်၊ ငွေလိမ်၊ ဖြားယောင်းသွေးဆောင်တယ်လို့ အဓိပ္ပာယ်ရပြီး အင်္ဂလိပ်ဘာသာနဲ့ Fraud လို့ ရေးနိုင်ပါတယ်။

ကျားဖြန့်ရဲ့တရုတ်ဘာသာ အနက်အဓိပ္ပာယ်မှာ လိမ်လည်မှုဖြစ်ပေမယ့် တရုတ်နိုင်ငံ အပါအဝင် အရှေ့တာင်အာရှ တစ်ခွင်လုံးမှာတော့ ကျားဖျန့်ဆိုတာ အွန်လိုင်း (သို့မဟုတ်) အင်တာနက်ကို အသုံးပြုလိမ်လည်ခြင်းဖြစ်တယ်လို့ နားလည်ထားကြပါတယ်။ ကျားဖြန့်လုပ်ငန်းဟာ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မြန်မာ စသည်ဖြင့် အရှေ့တောင်အာရှနိုင်ငံများမှာ အခိုင်အမာအခြေစိုက်ပြီး ကြီးမားကျယ်ပြန့်စွာ လည်ပတ်နေတဲ့လုပ်ငန်းများ ဖြစ်ပါတယ်။
လူကုန်ကူးမှု၊ လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှုများ ထူပြောရာ နယ်စပ် ဒေသများတွင် အခြေတည်လေ့ရှိပါတယ်။ အဂတိလိုက်စားမှု ထူပြောပြီး ဒေသခံအာဏာပိုင်တွေက ရုံးတစ်ရုံး ဓါးတစ်စင်း ထင်တိုင်းကြဲနေကြတဲ့နိုင်ငံများ၊ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့များ၊ သောင်းကျန်းသူများရဲ့ အကာ အကွယ်ပေးမှုအောက်မှာ လုပ်ငန်းလည်ပတ်လေ့ရှိကြပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါအလွန်မှာ ကျားဖြန့်လုပ်ငန်းဟာ ပိုမိုဖွံ့ဖြိုးလာပြီး ဒေါ်လာဘီလီယံချီ ဝင်ငွေရှာဖွေ တဲ့လုပ်ငန်းကြီးဖြစ်လာပါတယ်။ နိုင်ငံပေါင်းစုံမှ ဘာသာစကားကျွမ်းကျင်သူ ပညာတတ်လူငယ်အများအပြား တို့ဟာ မြင့်မားတဲ့ လစာမက်လုံးဖြင့် လူကုန်ကူးခံရပြီး ကျားဖြန့် အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းမှာ အတင်းအကျပ် ဖိအားပေး အလုပ်ခိုင်းစေခြင်းခံခဲ့ရပါတယ်။

အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ အစရှိတဲ့ အာရှနိုင်ငံများသာမက အာဖရိကနိုင်ငံများမှ အလုပ်အကိုင်ကောင်းနဲ့ လစာကောင်း လိုအပ်နေကြသူ ပညာတတ်လူငယ်လူရွယ်များစွာတို့ဟာ ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးခံခဲ့ရပါတယ်။ အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရပါတယ်။ ကျွန်ပြုခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ရာဇဝတ်မှုများနဲ့ ကျားဖြန့်လုပ်ငန်းမှာ ဒွန်တွဲနေတယ်လို့ ဆိုနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ပြည်နယ် ၂၂ ခု၊ တိုင်းရင်းသားမျိုးနွယ်ဒေသများရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ဟောင်ကောင် နဲ့ မကာအိုတို့လို တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ ခုတို့ ပါဝင်နေပါတယ်။ ပထမဘိန်း စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မန်ချူးအစိုးရဟာ ၁၈၄၂ ခုနှစ် နန်ကျင်းစာချုပ်အရ စစ်လျော်ကြေး ယွမ်ငွေ ၂၁ သန်းအပြင် ဟောင်ကောင်မြေနေရာကို ဗြိတ်ိသျှတို့ထံ လွှဲပြောင်းပေးခဲ့ရပါတယ်။

၁၈၆ဝ ပြည့်နှစ် ဒုတိယဘိန်းစစ်ပွဲမှာ ထပ်မံရှုံးနိမ့်တဲ့အတွက် ဟောင်ကောင် ၉၉ နှစ် အုပ်ချုပ်ခွင့်ကို လက်မှတ် ရေးထိုးပေးရပြန်တယ်။ ၁၅၅၇ ခုနှစ် မင်မင်းဆက်ခေတ်မှာ မကာအိုကျွန်းဆွယ်နေရာကို ပေါ်တူဂီတို့ထံ ငှားရမ်းခဲ့ ပြီး ၁၈၈၇ ခုနှစ် တရုတ်မန်ချူးအစိုးရက နှစ် ၄ဝ ဆက်လက် ငှားရမ်းခဲ့ရတယ်။ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်၊ ၁၉၉၉ နှစ်မှာ မကာအိုတို့ကို တရုတ်ပြည်က ပြန်လည်ရရှိပြီး နှစ် ၅ဝ အပြောင်းအလဲမရှိတဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရဒေသများ ဖြစ်လာကြပါတယ်။

မကာအိုရော ဟောင်ကောင်ပါ အတိတ်ကာလ ပြည်မကြီးကို မွန်ဂိုတို့ သိမ်းပိုက်စဉ် ထွက်ပြေးလာတဲ့ ကန်တုံ နယ်သား ဟန်တရုတ်များ ဖြစ်ကြပါတယ်။ မကာအိုဟာ လောင်းကစားဝိုင်းများ တရားဝင်တည်ရှိနေတဲ့ လောင်းကစား အပန်းဖြေမြိုဖြစ်ပြီး အာရှတိုက်ရဲ့လာ့စ်ဗေးဂတ်စ်အဖြစ် ထင်ရှားပါတယ်။ ခရီးသွားဝင်ငွေ ၉ဝ ရာခိုင်နှုန်းကို လောင်းကစားမှ ရရှိနေခဲ့တဲ့ မကာအိုဟာ ၂ဝ၁၄ ခုနှစ် ရှီကျင့်ဖျင်ရဲ့အကျင့်ပျက်ခြစားမှု နှိမ်နင်းရေး ကြောင့် လစဉ်အမြတ်ငွေများ ကျဆင်းလာခဲ့ရပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ ဝင်ငွေ ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နှစ်စဉ် ခရီးသွား ၃ သန်းရှိရာမှ ၁ သန်းအောက်ကို ရောက်ရှိသွားပါတယ်။ အဲဒီအချက်ဟာ တရုတ်နိုင်ငံပြင်ပ အာရှတိုင်း ပြည်များအတွင်း ကာစီနိုနဲ့ အွန်လိုင်းလောင်းကစားမှုများ ပြန်နှံ့သွားဖို့ ရင်းမြစ်ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာ ထိုင်ဝမ်ထောက်ပံ့မှု အရိပ်အမြွက်တွေ့ရတယ်လို့ ကျွန်တော်လည်း သံသယရှိပါတယ်။ ဆန့်ကျင်ဘက်လက်နက်ကိုင်များကို ထိုင်ဝမ်ထောက်ပံ့မှုဟာ ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းအထိ ရှိနိုင်တယ်လို့ မှတ်ယူရပါတယ်။ အဲဒါဟာ CIA ကိုယ်စား ထိုင်ဝမ်ရဲ့ဆောင်ရွက်မှုဖြစ်နိုင်ပါ တယ်။

ကျားဖြန့် ဆိုတာ ပြည်မကြီး-မကာအို-ဟောင်ကောင်နဲ့ ထိုင်ဝမ်က ဒုစရိုက် သမားအချင်းချင်း ဝံသာနုနေတဲ့ ဆင်ဒီကိတ်ကြီး ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ အလေးအနက် စဉ်းစားစရာရှိပါတယ်။ KIA ဟာ တရုတ်ကြီးရော ထိုင်ဝမ် (CIA) ရဲ့ထောက်ပံ့မှုကို ပါယူ ပြီး နှစ်ဖက် ခွစားနေတယ်လို့ ထင်မှတ်စရာရှိပါတယ်။ ဒါကို တရုတ်ကြီးက မသိနိုင်ဘူးတဲ့လား၊ သူ့ရဲ့ ရန်ဘက်တွေနဲ့ ပတ်သက်နေတဲ့ KIA ကို ဒီအတိုင်း ကြည့်နေသလား။
၄င်းတို့နယ်စပ်မှာ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတာကို တရုတ်ကြီးက ငြိမ်နေပါ့ မလား၊ အထူးသဖြင့် UWSA ၊ MNDAA ဆိုတာ တရုတ်ကြီးရဲ့အရိပ်တွေပါပဲ။ အဲဒါဆို ထိုင်ဝမ်နဲ့ပတ်သက်ဖို့ “ဝ” နဲ့ ကိုးကန့်တို့က ထိုင်၀မ်အကူအညီနဲ့ လုပ်ရဲပါ့မလား။
၂ဝ၂၃ ခုနှစ် အောက်တိုဘာ ပထမပတ် ယူနန်ပြည်နယ် အစိုးရ ဧည့်ခံပွဲမှာ တက်ရောက်နေတဲ့ WUSA ဒုတိယ စစ်ဦးချုပ် အိုက်ချမ်း (ခေါ်) ပေါက်ကျင့်ဖန်းကို အွန်လိုင်းဂိမ်းလိမ်လည်ရာမှာ ပါဝင်မှုနဲ့ ကူမင်းမြို့မှာ ရောက်ရှိနေ ခိုက် ပြည်မကြီး ရဲများက ဖမ်းဆီးလိုက်ပါတယ်။ သူဟာ WUSA ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူအရင်း ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်က တရုတ်ရဲတပ်ဖွဲ့ဟာ WUSA ဆောက်လုပ်ရေး၀န်ကြီး ချန်ယန်ဘန်နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် တပ်မှူးဟောင်း မိုင်းလင်း မြို့တော်၀န် ရှောက်ရန်ကျွမ်းတို့ကို ဖမ်း၀ရမ်း ထုတ်ခဲ့ပါ တယ်။ ရှောက်ရန်ကျွမ်းဟာ ဝခေါင်းဆောင် ပေါက်ယူချန်းရဲ့သားမက်ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုမျိုးလို တရားမဝင် လုပ်ငန်းအများအပြားမှာ ပါဝင်ပတ်သက်မှု မှတ်တမ်းများရှိနေပါတယ်။

၂ဝ၁ဝ ပြည့်နှစ်အထိ “ရန်ကုန်_အဲဝေး” ပိုင်ရှင်နဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်ခဲ့ဖူးပြီး မြန်မာနိုင်ငံမှာ ပြည့်တန်ဆာများ နဲ့ ဟိုတယ်လုပ်ငန်းတို့ဆက်နွယ်တဲ့ Tet Kham Co ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ၂ဝဝ၃ ခုနှစ် မူးယစ်ဆေးဝါးငွေများကို ငွေကြေးခဝါချကြောင်း အမေရိကန်နိုင်ငံက စွပ်စွဲခံခဲ့ရတဲ့ “မြန်မာ_မေဖလားဝါးဘဏ်” မှာ အရေးပါသူတစ်ဦး ဖြစ်ခဲ့ ပါတယ်။ ၁၉၈၉ ခုနှစ် န၀တအစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ရန်ကုန်မြို့ရှိ UWSA ဆက်ဆံရေးရုံးရဲ့ အကြီးအကဲအဖြစ်လည်း တာ၀န်ယူခဲ့ပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးဟာ မြောက်ပိုင်း ၃ ဖွဲ့ပြောသလို ရည်ရွယ်ချက်များထက် ကိုးကန့်ဒေသကို ပြန်လည်သိမ်းယူရန် ဖြစ်ကြောင်း ပေကျင်းအနေနဲ့ မရိပ်မိပဲ မရှိနိုင်ဘူးလို့ ဟောင်ကောင်အခြေစိုက် အင်ဒိုပစိဖိတ်ရေးရာ လေ့လာသူ နေယန်_ပန်းက ဆိုပါတယ်။ ဒါပေမယ့် ၁ဝ၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ကြိုးကိုင်မှုမဖြစ်နိုင်ဘူးလို့ သုံးသပ်ပါ တယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ ပါ၀င်ပတ်သက်ခြင်းအားဖြင့် နိုင်ငံအနှံ့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ ထားမှုတွေမှာ ထိခိုက်မယ့်အပြင် ယူနန်မြန်မာ စီးပွားရေး စကြင်္န်လို BRI ရဲ့မဟာစီမံကိန်းအစိတ်အပိုင်းများ ပျက်စီး ရလိမ့်မယ်ဆိုတာ ပေကျင်းက စိုးရိမ်မှာပဲလို့ ဆိုပါတယ်။

ဒီနေရာမှာ မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ ခေသူများ မဟုတ်ကြောင်း လက်ရုံးရည်ပြသဖို့သာ ရှိပါတယ်။ ကံဆိုးသူ ကတော့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သွားပါတယ်။ ၁၉၉၂ ခုနှစ် နဝတအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးမှ ရုတ်တရက်နှုတ်ထွက်ပြီးနောက် နိုင်ငံအရှေ့တောင်ပိုင်း ထိုင်းနယ်စပ်မှာ ဆက်တိုက်အောင်ပွဲခံနေတဲ့ တပ်မတော်ကို ပြန်လည်ဆုတ်ခွာစေခဲ့ပါတယ်။ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စွာပါဝင်တဲ့ ဖက်ဒရယ်နိုင်ငံတော်ကို ရှေးရှု့သောအားဖြင့် တစ်ဖက်သပ်အပစ်အခတ်ရပ်စဲပြီး NCA ဆွေးနွေး ပွဲများနဲ့အတူ ဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့ဦးရေ တိုးလာပါတယ်။ ၂ဝဝ၄ ခုနှစ် အမျိုး သားထောက်လှမ်းအဖွဲ့ကို မြေလှန်ဖျက်သိမ်းလိုက်ပြီးနောက် ယခင် နယ်စပ်မှာ အဖြစ်များတဲ့တိုက်ပွဲတွေဟာ မြို့ပေါ်အထိ ရောက်လာပါ တယ်။ တပ်မတော်အရွယ်အား ချဲ့ထွင်ခြင်းကြောင့် တပ်ရင်းတွေဟာ ယခင် အင်အားရဲ့ သုံးပုံတစ်ပုံလောက်သာ ရှိပါတော့တယ်။ နယ်စပ်တလျှောက် ရာနဲ့ ချီတဲ့ ကင်းစခန်းတွေမှာ လိုအပ်အင်အားအတိုင်း မရှိနိုင်တော့တဲ့အပြင် စစ်တပ်တို့ရဲ့ သဘာဝ သေရဲ-သတ်ရဲ-အနိုင်ယူရဲပြီး စစ်တိုက် လိုစိတ် ပြင်းပြနေအောင် မွေးမြူလေ့ကျင့်ပေးဖို့ အခက်အခဲ ရှိပုံရပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ လူဦးရေ ၅၇ သန်းမှာ ဗမာ ၆၈ ရာခိုင်နှုန်း ရှိပြီး ဒုတိယအများဆုံး ရှမ်းမျိုးနွယ်စုတောင် ၉ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကရင် ၇ ရာခိုင်နှုန်း၊ ရခိုင် ၄ ရာခိုင်နှုန်း၊ ချင်း နဲ့ ကချင်မျိုးနွယ်စုများက ၅ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံသား တရုတ်နွယ်ဖွား ၃ ရာခိုင်နှုန်းသာ ရှိပြီး အဲဒီရဲ့ ၃ဝ-၄ဝ ရာခိုင်နှုန်းဟာ ကိုးကန့်ဒေသမှာ ထိုင် ကြပါတယ်။ ကျား/မ သက်ကြီးရွယ်အို စုစုပေါင်း ၂ သိန်းမပြည့်တဲ့ ကိုးကန့်တို့မှာ ဖုန်-ပယ်-ရန် စသည်ဖြင့် အုပ်စု ကွဲပြီး အာဏာလုနေကြပါသေးတယ်။

၁ဝ၂၇ စစ်ဆင်ရေးမှာ မြောက် ၃ ဖွဲ့ရဲ့အင်အားဟာ ၂ဝဝဝဝ ရှိတယ်လို့ စစ်ရေးလေ့လာသူများက ခန့်မှန်းပါတယ်။ အဲဒီနေရာမှာ AA, TNLA, MNDAA ချည့်သက်သက် စုစုပေါင်းက တစ်သောင်းခန့်သာ ရှိပါလိမ့်မယ်။ လိင်တံတက်တူး မောင်ဆောင်းခရဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့မှ ပြည်သူ့ကာကွယ် ရေးတပ် PDFs တို့က ထက်ဝက်ကျော် ပါဝင်နေနိုင်ပါတယ်။

နှစ်လအတွင်း ရောက်ရှိလာပြီဖြစ်တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ကိုးကန့်ဒေသနဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ၊ မြို့များကို ထိန်းချုပ်ရန်ဖြစ်ကြောင်း ပေါ်လွင်လာပါတယ်။ သူတို့ ရည်မှန်းချက် အောင်မြင် သွားခဲ့ရင် တရုတ်အနေနဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရဖို့ မြန်မာနဲ့ ကုန်သွယ်ဖို့အတွက် နစက အပါအဝင် မြောက် ၃ ဖွဲ့ကိုပါ ထည့်သွင်းဆက်ဆံဖွယ် ရှိပါတယ်။ BRI လို နိုင်ငံတကာသိ ပွင့်လင်းမြင်သာစွာ ချပြနေရတဲ့ မဟာ စီမံကိန်းမှာ ဘိန်း-မူးယစ်ဆေး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လက်နက်ကိုင်အဖွဲ့များထိန်းချုပ်နယ်မြေအတွင်း စိတ်ချလက်ချဖြတ်သန်းနိုင်ခြင်း ရှိ-မရှိ အတော်စဉ်းစားစရာကောင်းပါတယ်။ ဥပမာပြောရရင် အာရေဗျပင်လယ် ထွက်ပေါက် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံန်လမ်းမှာ အစ္စလာမ်မာဘတ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ များနဲ့ လုံးထွေးပြီး တရုတ်အလုပ်သမားများပါ ပြန်ပေးဆွဲခံနေရသလို ရှိပါလိမ့်မယ်။
အဲဒီအရေးအခင်းမှာ ရခိုင် AA နဲ့ ဗမာ PDFs များ ပါဝင်တိုက်ခိုက်ပေးနေခြင်းရဲ့ရည်ရွယ်ချက်ကိုတော့ ကျွန်တော့် အနေနဲ့ မှန်းဆရန် ဉာဏ်မမီဘဲ ရှိနေပါတယ်။

Zawgyi Version;
၁ဝ၂၇ စစ္ဆင္ေရး ရည္မွန္းခ်က္ နဲ႔ ကြန္ဖက္ဒရိတ္အသြင္ နယ္ေျမမ်ား ျဖစ္ေပၚလာျခင္း၏ အႏၲရာယ္မ်ား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၂၄

၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္က ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ၁ဝ၂၇ စစ္ဆင္ေရးကို စတင္လိုက္ ၿပီျဖစ္ေၾကာင္း ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သုံးဖြဲ႕ အဖြဲ႕ဝင္မ်ားလို႔ဆိုတဲ့ ရကၡိဳင့္တပ္ AA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္ MNDAA နဲ႔ တေအာင္း အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ TNLA တို႔က ေၾကညာခဲ့ပါ တယ္။

ေျမာက္ ၃ ဖြဲ႕ရဲ႕စစ္ဆင္ေရးကာလအတြင္း ဆုံးရႈံးခဲ့တာ ရွမ္းေျမာက္ေဒသတစ္ခုလုံး မဟုတ္ဘဲ နယ္ေျမအစိတ္အပိုင္း အခ်ိဳ႕သာျဖစ္တယ္လို႔ နစက သတင္းမွန္ျပန္ၾကားေရးက ေျပာဆိုေပမယ့္ တစ္လတာ ကာလအတြင္း ကင္းစခန္း ေပါင္း ၂၂ဝ ေက်ာ္ နဲ႔ ၿမိဳ႕အေတာ္မ်ားမ်ားကို သိမ္းယူရရွိခဲ့တယ္လို႔ ႏိုဝင္ဘာ ၂၇ ရက္မွာ ေျမာက္ ၃ ဖြဲ႕က ေျပာပါ တယ္။
၁ဝ၂၇ စစ္ဆင္ေရးရဲ႕ေနာက္ကြယ္မွာ တ႐ုတ္ႏိုင္ငံရွိေနၿပီး ေျမာက္ ၃ ဖြဲ႕ကို ေထာက္ပံ့ေနတယ္လို႔ ျမန္မာ ျပည္တြင္း ေနအခ်ိဳ႕နဲ႔ ျပည္ပမီဒီယာမ်ားက ခန္႔မွန္းေနၾကပါတယ္။ ဒီအတြက္ ခိုင္မာတဲ့အေထာက္အထား မေတြ႕ရွိရေပမယ့္ စစ္ဆင္ေရးနယ္ေျမဟာ အလြန္က်ယ္ျပန္႔ၿပီး ရိကၡာ-ခဲယမ္းမီးေက်ာက္အေျမာက္အမ်ား အသုံးျပဳေနတဲ့ အဲဒီလို အႀကီးစားစစ္ဆင္ေရးမ်ိဳးကို ေျမာက္ ၃ ဖြဲ႕ခ်ည္းသက္သက္နဲ႔ ဆင္ႏႊဲႏိုင္ပါ့မလားဆိုတာ သံသယျဖစ္ဖြယ္ရွိပါတယ္။ အနည္းဆုံး အဲဒီစစ္ဆင္ေရးျပဳလုပ္ေတာ့မယ့္အေၾကာင္း တ႐ုတ္က ႀကိဳတင္သိရွိခဲ့ပါတယ္။ "ခ်သာ ခ်ကြာ" လို႔ မီးစိမ္းျပမႈေတာ့ ရွိကို ရွိလိမ့္မယ္လို႔ အေနာက္မီဒီယာ စစ္ေရးသုံးသပ္သူမ်ားက အခိုင္အမာေျပာျပန္ပါတယ္။

ေျမာက္ ၃ ဖြဲ႕ရဲ႕ရွမ္းေျမာက္စစ္ဆင္ေရးျပဳလုပ္ရျခင္း ရည္႐ြယ္ခ်က္မ်ားမွာ နစကအုပ္ခ်ဳပ္ေရးကို ဖယ္ရွားဖို႔၊ တ႐ုတ္-ျမန္မာနယ္စပ္တစ္ေလွ်ာက္ နစက အကူအညီနဲ႔ က်ယ္ျပန္႔တြင္က်ယ္ေနတဲ့ အြန္လိုင္းဂိမ္းလိမ္လည္မႈမ်ားကို ဖ်က္သိမ္းပစ္ဖို႔ ဆိုတာလည္း ပါဝင္ပါတယ္။

က်ားျဖန႔္ (သို႔မဟုတ္) က်ားဖ်န႔္ဟူ၍ လူသိမ်ားသည့္ အသုံးအႏႈန္းမွာ တ႐ုတ္ဘာသာစကား - 诈骗 (Zhàpiàn) ၏ အသံထြက္ျဖစ္ၿပီး လီဆယ္၊ ေငြလိမ္၊ ျဖားေယာင္းေသြးေဆာင္တယ္လို႔ အဓိပၸာယ္ရၿပီး အဂၤလိပ္ဘာသာနဲ႔ Fraud လို႔ ေရးႏိုင္ပါတယ္။

က်ားျဖန႔္ရဲ႕တ႐ုတ္ဘာသာ အနက္အဓိပၸာယ္မွာ လိမ္လည္မႈျဖစ္ေပမယ့္ တ႐ုတ္ႏိုင္ငံ အပါအဝင္ အေရွ႕တာင္အာရွ တစ္ခြင္လုံးမွာေတာ့ က်ားဖ်န္႔ဆိုတာ အြန္လိုင္း (သို႔မဟုတ္) အင္တာနက္ကို အသုံးျပဳလိမ္လည္ျခင္းျဖစ္တယ္လို႔ နားလည္ထားၾကပါတယ္။ က်ားျဖန႔္လုပ္ငန္းဟာ ကေမာၻဒီယား၊ လာအို၊ ဖိလစ္ပိုင္နဲ႔ ျမန္မာ စသည္ျဖင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွာ အခိုင္အမာအေျခစိုက္ၿပီး ႀကီးမားက်ယ္ျပန႔္စြာ လည္ပတ္ေနတဲ့လုပ္ငန္းမ်ား ျဖစ္ပါတယ္။
လူကုန္ကူးမႈ၊ လက္နက္ေရာင္းဝယ္မႈ၊ မူးယစ္ေဆးဝါးမႈ၊ ေလာင္းကစားမႈ၊ ရာဇဝတ္မႈမ်ား ထူေျပာရာ နယ္စပ္ ေဒသမ်ားတြင္ အေျခတည္ေလ့ရွိပါတယ္။ အဂတိလိုက္စားမႈ ထူေျပာၿပီး ေဒသခံအာဏာပိုင္ေတြက ႐ုံးတစ္႐ုံး ဓါးတစ္စင္း ထင္တိုင္းႀကဲေနၾကတဲ့ႏိုင္ငံမ်ား၊ ေဒသအတြင္း လက္နက္ကိုင္အဖြဲ႕မ်ား၊ ေသာင္းက်န္းသူမ်ားရဲ႕ အကာ အကြယ္ေပးမႈေအာက္မွာ လုပ္ငန္းလည္ပတ္ေလ့ရွိၾကပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ ကိုဗစ္ကပ္ေရာဂါအလြန္မွာ က်ားျဖန႔္လုပ္ငန္းဟာ ပိုမိုဖြံ႕ၿဖိဳးလာၿပီး ေဒၚလာဘီလီယံခ်ီ ဝင္ေငြရွာေဖြ တဲ့လုပ္ငန္းႀကီးျဖစ္လာပါတယ္။ ႏိုင္ငံေပါင္းစုံမွ ဘာသာစကားကြၽမ္းက်င္သူ ပညာတတ္လူငယ္အမ်ားအျပား တို႔ဟာ ျမင့္မားတဲ့ လစာမက္လုံးျဖင့္ လူကုန္ကူးခံရၿပီး က်ားျဖန႔္ အြန္လိုင္းေငြေၾကး လိမ္လည္မႈလုပ္ငန္းမွာ အတင္းအက်ပ္ ဖိအားေပး အလုပ္ခိုင္းေစျခင္းခံခဲ့ရပါတယ္။

အထူးသျဖင့္ တ႐ုတ္၊ ေဟာင္ေကာင္၊ အိႏၵိယ၊ မေလးရွား၊ နီေပါ၊ ဖိလစ္ပိုင္၊ ထိုင္ဝမ္၊ ထိုင္း၊ ဗီယက္နမ္၊ ျမန္မာ အစရွိတဲ့ အာရွႏိုင္ငံမ်ားသာမက အာဖရိကႏိုင္ငံမ်ားမွ အလုပ္အကိုင္ေကာင္းနဲ႔ လစာေကာင္း လိုအပ္ေနၾကသူ ပညာတတ္လူငယ္လူ႐ြယ္မ်ားစြာတို႔ဟာ က်ားျဖန္႔လုပ္ငန္းအတြက္ လူကုန္ကူးခံခဲ့ရပါတယ္။ အႀကီးအက်ယ္ ႏွိပ္စက္ညႇဥ္းပန္းသတ္ျဖတ္ခံေနရၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနရပါတယ္။ ကြၽန္ျပဳခိုင္းေစမႈ၊ ျပန္ေပးဆြဲမႈ၊ လူကုန္ကူးမႈ၊ ရာဇဝတ္မႈမ်ားနဲ႔ က်ားျဖန႔္လုပ္ငန္းမွာ ဒြန္တြဲေနတယ္လို႔ ဆိုႏိုင္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ျပည္နယ္ ၂၂ ခု၊ တိုင္းရင္းသားမ်ိဳးႏြယ္ေဒသမ်ားရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၅ ခု၊ ေဟာင္ေကာင္ နဲ႔ မကာအိုတို႔လို တစ္စိတ္တစ္ပိုင္း ကိုယ္ပိုင္ျပဌာန္းအုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ ၂ ခုတို႔ ပါဝင္ေနပါတယ္။ ပထမဘိန္း စစ္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ မန္ခ်ဴးအစိုးရဟာ ၁၈၄၂ ခုႏွစ္ နန္က်င္းစာခ်ဳပ္အရ စစ္ေလ်ာ္ေၾကး ယြမ္ေငြ ၂၁ သန္းအျပင္ ေဟာင္ေကာင္ေျမေနရာကို ၿဗိတ္ိသွ်တို႔ထံ လႊဲေျပာင္းေပးခဲ့ရပါတယ္။

၁၈၆ဝ ျပည့္ႏွစ္ ဒုတိယဘိန္းစစ္ပြဲမွာ ထပ္မံရႈံးနိမ့္တဲ့အတြက္ ေဟာင္ေကာင္ ၉၉ ႏွစ္ အုပ္ခ်ဳပ္ခြင့္ကို လက္မွတ္ ေရးထိုးေပးရျပန္တယ္။ ၁၅၅၇ ခုႏွစ္ မင္မင္းဆက္ေခတ္မွာ မကာအိုကြၽန္းဆြယ္ေနရာကို ေပၚတူဂီတို႔ထံ ငွားရမ္းခဲ့ ၿပီး ၁၈၈၇ ခုႏွစ္ တ႐ုတ္မန္ခ်ဴးအစိုးရက ႏွစ္ ၄ဝ ဆက္လက္ ငွားရမ္းခဲ့ရတယ္။ ၁၉၉၇ ခုႏွစ္မွာ ေဟာင္ေကာင္၊ ၁၉၉၉ ႏွစ္မွာ မကာအိုတို႔ကို တ႐ုတ္ျပည္က ျပန္လည္ရရွိၿပီး ႏွစ္ ၅ဝ အေျပာင္းအလဲမရွိတဲ့ တစ္စိတ္တစ္ပိုင္း ကိုယ္ပိုင္ျပဌာန္းအုပ္ခ်ဳပ္ခြင့္ရေဒသမ်ား ျဖစ္လာၾကပါတယ္။

မကာအိုေရာ ေဟာင္ေကာင္ပါ အတိတ္ကာလ ျပည္မႀကီးကို မြန္ဂိုတို႔ သိမ္းပိုက္စဥ္ ထြက္ေျပးလာတဲ့ ကန္တုံ နယ္သား ဟန္တ႐ုတ္မ်ား ျဖစ္ၾကပါတယ္။ မကာအိုဟာ ေလာင္းကစားဝိုင္းမ်ား တရားဝင္တည္ရွိေနတဲ့ ေလာင္းကစား အပန္းေျဖၿမိဳျဖစ္ၿပီး အာရွတိုက္ရဲ႕လာ့စ္ေဗးဂတ္စ္အျဖစ္ ထင္ရွားပါတယ္။ ခရီးသြားဝင္ေငြ ၉ဝ ရာခိုင္ႏႈန္းကို ေလာင္းကစားမွ ရရွိေနခဲ့တဲ့ မကာအိုဟာ ၂ဝ၁၄ ခုႏွစ္ ရွီက်င့္ဖ်င္ရဲ႕အက်င့္ပ်က္ျခစားမႈ ႏွိမ္နင္းေရး ေၾကာင့္ လစဥ္အျမတ္ေငြမ်ား က်ဆင္းလာခဲ့ရပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္မွာ ဝင္ေငြ ၅၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ႏွစ္စဥ္ ခရီးသြား ၃ သန္းရွိရာမွ ၁ သန္းေအာက္ကို ေရာက္ရွိသြားပါတယ္။ အဲဒီအခ်က္ဟာ တ႐ုတ္ႏိုင္ငံျပင္ပ အာရွတိုင္း ျပည္မ်ားအတြင္း ကာစီႏိုနဲ႔ အြန္လိုင္းေလာင္းကစားမႈမ်ား ျပန္ႏွံ႔သြားဖို႔ ရင္းျမစ္ျဖစ္ႏိုင္ပါတယ္။

ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္မွာ ထိုင္ဝမ္ေထာက္ပံ့မႈ အရိပ္အႁမြက္ေတြ႕ရတယ္လို႔ ကြၽန္ေတာ္လည္း သံသယရွိပါတယ္။ ဆန႔္က်င္ဘက္လက္နက္ကိုင္မ်ားကို ထိုင္ဝမ္ေထာက္ပံ့မႈဟာ ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းအထိ ရွိႏိုင္တယ္လို႔ မွတ္ယူရပါတယ္။ အဲဒါဟာ CIA ကိုယ္စား ထိုင္ဝမ္ရဲ႕ေဆာင္႐ြက္မႈျဖစ္ႏိုင္ပါ တယ္။

က်ားျဖန႔္ ဆိုတာ ျပည္မႀကီး-မကာအို-ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္က ဒုစ႐ိုက္ သမားအခ်င္းခ်င္း ဝံသာႏုေနတဲ့ ဆင္ဒီကိတ္ႀကီး ျဖစ္ႏိုင္ပါတယ္။
ဒီေနရာမွာ အေလးအနက္ စဥ္းစားစရာရွိပါတယ္။ KIA ဟာ တ႐ုတ္ႀကီးေရာ ထိုင္ဝမ္ (CIA) ရဲ႕ေထာက္ပံ့မႈကို ပါယူ ၿပီး ႏွစ္ဖက္ ခြစားေနတယ္လို႔ ထင္မွတ္စရာရွိပါတယ္။ ဒါကို တ႐ုတ္ႀကီးက မသိႏိုင္ဘူးတဲ့လား၊ သူ႔ရဲ႕ ရန္ဘက္ေတြနဲ႔ ပတ္သက္ေနတဲ့ KIA ကို ဒီအတိုင္း ၾကည့္ေနသလား။
၄င္းတို႔နယ္စပ္မွာ ထိုင္ဝမ္နဲ႔ပတ္သက္တဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ရွိေနတာကို တ႐ုတ္ႀကီးက ၿငိမ္ေနပါ့ မလား၊ အထူးသျဖင့္ UWSA ၊ MNDAA ဆိုတာ တ႐ုတ္ႀကီးရဲ႕အရိပ္ေတြပါပဲ။ အဲဒါဆို ထိုင္ဝမ္နဲ႔ပတ္သက္ဖို႔ “ဝ” နဲ႔ ကိုးကန္႔တို႔က ထိုင္၀မ္အကူအညီနဲ႔ လုပ္ရဲပါ့မလား။
၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ ပထမပတ္ ယူနန္ျပည္နယ္ အစိုးရ ဧည့္ခံပြဲမွာ တက္ေရာက္ေနတဲ့ WUSA ဒုတိယ စစ္ဦးခ်ဳပ္ အိုက္ခ်မ္း (ေခၚ) ေပါက္က်င့္ဖန္းကို အြန္လိုင္းဂိမ္းလိမ္လည္ရာမွာ ပါဝင္မႈနဲ႔ ကူမင္းၿမိဳ႕မွာ ေရာက္ရွိေန ခိုက္ ျပည္မႀကီး ရဲမ်ားက ဖမ္းဆီးလိုက္ပါတယ္။ သူဟာ WUSA ေခါင္းေဆာင္ ေပါက္ယူခ်န္းရဲ႕ တူအရင္း ျဖစ္ပါတယ္။ ေအာက္တိုဘာ ၁၂ ရက္က တ႐ုတ္ရဲတပ္ဖြဲ႕ဟာ WUSA ေဆာက္လုပ္ေရး၀န္ႀကီး ခ်န္ယန္ဘန္နဲ႔ ဝျပည္ ေသြးစည္းညီၫြတ္ေရးတပ္ တပ္မႉးေဟာင္း မိုင္းလင္း ၿမိဳ႕ေတာ္၀န္ ေရွာက္ရန္ကြၽမ္းတို႔ကို ဖမ္း၀ရမ္း ထုတ္ခဲ့ပါ တယ္။ ေရွာက္ရန္ကြၽမ္းဟာ ဝေခါင္းေဆာင္ ေပါက္ယူခ်န္းရဲ႕သားမက္ျဖစ္ၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္မႈနဲ႔ ေငြေၾကးခဝါခ်မႈမ်ိဳးလို တရားမဝင္ လုပ္ငန္းအမ်ားအျပားမွာ ပါဝင္ပတ္သက္မႈ မွတ္တမ္းမ်ားရွိေနပါတယ္။

၂ဝ၁ဝ ျပည့္ႏွစ္အထိ “ရန္ကုန္_အဲေဝး” ပိုင္ရွင္နဲ႔ မန္ေနဂ်င္း ဒါ႐ိုက္တာျဖစ္ခဲ့ဖူးၿပီး ျမန္မာႏိုင္ငံမွာ ျပည့္တန္ဆာမ်ား နဲ႔ ဟိုတယ္လုပ္ငန္းတို႔ဆက္ႏြယ္တဲ့ Tet Kham Co ဥကၠ႒လည္းျဖစ္ပါတယ္။ ၂ဝဝ၃ ခုႏွစ္ မူးယစ္ေဆးဝါးေငြမ်ားကို ေငြေၾကးခဝါခ်ေၾကာင္း အေမရိကန္ႏိုင္ငံက စြပ္စြဲခံခဲ့ရတဲ့ “ျမန္မာ_ေမဖလားဝါးဘဏ္” မွာ အေရးပါသူတစ္ဦး ျဖစ္ခဲ့ ပါတယ္။ ၁၉၈၉ ခုႏွစ္ န၀တအစိုးရနဲ႔ အပစ္အခတ္ရပ္စဲၿပီးေနာက္ ရန္ကုန္ၿမိဳ႕ရွိ UWSA ဆက္ဆံေရး႐ုံးရဲ႕ အႀကီးအကဲအျဖစ္လည္း တာ၀န္ယူခဲ့ပါတယ္။

၁ဝ၂၇ စစ္ဆင္ေရးဟာ ေျမာက္ပိုင္း ၃ ဖြဲ႕ေျပာသလို ရည္႐ြယ္ခ်က္မ်ားထက္ ကိုးကန္႔ေဒသကို ျပန္လည္သိမ္းယူရန္ ျဖစ္ေၾကာင္း ေပက်င္းအေနနဲ႔ မရိပ္မိပဲ မရွိႏိုင္ဘူးလို႔ ေဟာင္ေကာင္အေျခစိုက္ အင္ဒိုပစိဖိတ္ေရးရာ ေလ့လာသူ ေနယန္_ပန္းက ဆိုပါတယ္။ ဒါေပမယ့္ ၁ဝ၂၇ စစ္ဆင္ေရးဟာ တ႐ုတ္ရဲ႕ႀကိဳးကိုင္မႈမျဖစ္ႏိုင္ဘူးလို႔ သုံးသပ္ပါ တယ္။ ျမန္မာႏိုင္ငံ ျပည္တြင္းစစ္မွာ ပါ၀င္ပတ္သက္ျခင္းအားျဖင့္ ႏိုင္ငံအႏွံ႔ ေဒၚလာသန္းေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံ ထားမႈေတြမွာ ထိခိုက္မယ့္အျပင္ ယူနန္ျမန္မာ စီးပြားေရး စၾကနၤ္လို BRI ရဲ႕မဟာစီမံကိန္းအစိတ္အပိုင္းမ်ား ပ်က္စီး ရလိမ့္မယ္ဆိုတာ ေပက်င္းက စိုးရိမ္မွာပဲလို႔ ဆိုပါတယ္။

ဒီေနရာမွာ ေျမာက္ပိုင္း ၃ ဖြဲ႕အေနနဲ႔ ေခသူမ်ား မဟုတ္ေၾကာင္း လက္႐ုံးရည္ျပသဖို႔သာ ရွိပါတယ္။ ကံဆိုးသူ ကေတာ့ လက္ရွိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ျဖစ္သြားပါတယ္။ ၁၉၉၂ ခုႏွစ္ နဝတအစိုးရ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ ရာထူးမွ ႐ုတ္တရက္ႏႈတ္ထြက္ၿပီးေနာက္ ႏိုင္ငံအေရွ႕ေတာင္ပိုင္း ထိုင္းနယ္စပ္မွာ ဆက္တိုက္ေအာင္ပြဲခံေနတဲ့ တပ္မေတာ္ကို ျပန္လည္ဆုတ္ခြာေစခဲ့ပါတယ္။ တိုင္းရင္းသားအားလုံး စည္းလုံး ညီၫြတ္စြာပါဝင္တဲ့ ဖက္ဒရယ္ႏိုင္ငံေတာ္ကို ေရွးရႈ႕ေသာအားျဖင့္ တစ္ဖက္သပ္အပစ္အခတ္ရပ္စဲၿပီး NCA ေဆြးေႏြး ပြဲမ်ားနဲ႔အတူ ဆန္႔က်င္ေရးလက္နက္ကိုင္အဖြဲ႕ဦးေရ တိုးလာပါတယ္။ ၂ဝဝ၄ ခုႏွစ္ အမ်ိဳး သားေထာက္လွမ္းအဖြဲ႕ကို ေျမလွန္ဖ်က္သိမ္းလိုက္ၿပီးေနာက္ ယခင္ နယ္စပ္မွာ အျဖစ္မ်ားတဲ့တိုက္ပြဲေတြဟာ ၿမိဳ႕ေပၚအထိ ေရာက္လာပါ တယ္။ တပ္မေတာ္အ႐ြယ္အား ခ်ဲ႕ထြင္ျခင္းေၾကာင့္ တပ္ရင္းေတြဟာ ယခင္ အင္အားရဲ႕ သုံးပုံတစ္ပုံေလာက္သာ ရွိပါေတာ့တယ္။ နယ္စပ္တေလွ်ာက္ ရာနဲ႔ ခ်ီတဲ့ ကင္းစခန္းေတြမွာ လိုအပ္အင္အားအတိုင္း မရွိႏိုင္ေတာ့တဲ့အျပင္ စစ္တပ္တို႔ရဲ႕ သဘာဝ ေသရဲ-သတ္ရဲ-အႏိုင္ယူရဲၿပီး စစ္တိုက္ လိုစိတ္ ျပင္းျပေနေအာင္ ေမြးျမဴေလ့က်င့္ေပးဖို႔ အခက္အခဲ ရွိပုံရပါတယ္။

တကယ္ေတာ့ ျမန္မာႏိုင္ငံ လူဦးေရ ၅၇ သန္းမွာ ဗမာ ၆၈ ရာခိုင္ႏႈန္း ရွိၿပီး ဒုတိယအမ်ားဆုံး ရွမ္းမ်ိဳးႏြယ္စုေတာင္ ၉ ရာခိုင္ႏႈန္းသာ ရွိပါတယ္။ ကရင္ ၇ ရာခိုင္ႏႈန္း၊ ရခိုင္ ၄ ရာခိုင္ႏႈန္း၊ ခ်င္း နဲ႔ ကခ်င္မ်ိဳးႏြယ္စုမ်ားက ၅ ရာခိုင္ႏႈန္း ရွိပါတယ္။ ႏိုင္ငံသား တ႐ုတ္ႏြယ္ဖြား ၃ ရာခိုင္ႏႈန္းသာ ရွိၿပီး အဲဒီရဲ႕ ၃ဝ-၄ဝ ရာခိုင္ႏႈန္းဟာ ကိုးကန္႔ေဒသမွာ ထိုင္ ၾကပါတယ္။ က်ား/မ သက္ႀကီး႐ြယ္အို စုစုေပါင္း ၂ သိန္းမျပည့္တဲ့ ကိုးကန္႔တို႔မွာ ဖုန္-ပယ္-ရန္ စသည္ျဖင့္ အုပ္စု ကြဲၿပီး အာဏာလုေနၾကပါေသးတယ္။

၁ဝ၂၇ စစ္ဆင္ေရးမွာ ေျမာက္ ၃ ဖြဲ႕ရဲ႕အင္အားဟာ ၂ဝဝဝဝ ရွိတယ္လို႔ စစ္ေရးေလ့လာသူမ်ားက ခန္႔မွန္းပါတယ္။ အဲဒီေနရာမွာ AA, TNLA, MNDAA ခ်ည့္သက္သက္ စုစုေပါင္းက တစ္ေသာင္းခန္႔သာ ရွိပါလိမ့္မယ္။ လိင္တံတက္တူး ေမာင္ေဆာင္းခရဲ႕ ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္ BPLA၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြးတိုင္းတို႔မွ ျပည္သူ႔ကာကြယ္ ေရးတပ္ PDFs တို႔က ထက္ဝက္ေက်ာ္ ပါဝင္ေနႏိုင္ပါတယ္။

ႏွစ္လအတြင္း ေရာက္ရွိလာၿပီျဖစ္တဲ့ ၁ဝ၂၇ စစ္ဆင္ေရးဟာ ရွမ္းေျမာက္ကိုးကန္႔ေဒသနဲ႔ တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရးဂိတ္မ်ား၊ ၿမိဳ႕မ်ားကို ထိန္းခ်ဳပ္ရန္ျဖစ္ေၾကာင္း ေပၚလြင္လာပါတယ္။ သူတို႔ ရည္မွန္းခ်က္ ေအာင္ျမင္ သြားခဲ့ရင္ တ႐ုတ္အေနနဲ႔ အိႏၵိယသမုဒၵရာထြက္ေပါက္ရဖို႔ ျမန္မာနဲ႔ ကုန္သြယ္ဖို႔အတြက္ နစက အပါအဝင္ ေျမာက္ ၃ ဖြဲ႕ကိုပါ ထည့္သြင္းဆက္ဆံဖြယ္ ရွိပါတယ္။ BRI လို ႏိုင္ငံတကာသိ ပြင့္လင္းျမင္သာစြာ ခ်ျပေနရတဲ့ မဟာ စီမံကိန္းမွာ ဘိန္း-မူးယစ္ေဆး နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ လက္နက္ကိုင္အဖြဲ႕မ်ားထိန္းခ်ဳပ္နယ္ေျမအတြင္း စိတ္ခ်လက္ခ်ျဖတ္သန္းႏိုင္ျခင္း ရွိ-မရွိ အေတာ္စဥ္းစားစရာေကာင္းပါတယ္။ ဥပမာေျပာရရင္ အာေရဗ်ပင္လယ္ ထြက္ေပါက္ တ႐ုတ္-ပါကစၥတန္ စီးပြားေရး စႀကႍန္လမ္းမွာ အစၥလာမ္မာဘတ္ဆန္႔က်င္ေရး လက္နက္ကိုင္အဖြဲ႕ မ်ားနဲ႔ လုံးေထြးၿပီး တ႐ုတ္အလုပ္သမားမ်ားပါ ျပန္ေပးဆြဲခံေနရသလို ရွိပါလိမ့္မယ္။
အဲဒီအေရးအခင္းမွာ ရခိုင္ AA နဲ႔ ဗမာ PDFs မ်ား ပါဝင္တိုက္ခိုက္ေပးေနျခင္းရဲ႕ရည္႐ြယ္ခ်က္ကိုေတာ့ ကြၽန္ေတာ့္ အေနနဲ႔ မွန္းဆရန္ ဉာဏ္မမီဘဲ ရွိေနပါတယ္။

Related news

© 2021. All rights reserved.