ကာကွယ်ဆေးများကို ဘဏ္ဍာငွေအများအပြား သုံးစွဲဝယ်ယူရ၍ ပျက်စီးဆုံးရှုံးမှုနှင့် လေလွင့်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် တိုက်တွန်း

 640

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၇

ကာကွယ်ဆေးများကို ဘဏ္ဍာငွေအများအပြား သုံးစွဲဝယ်ယူရသည့်အတွက် ပျက်စီးဆုံးရှုံးမှု နှင့် လေလွင့်မှုမရှိစေ ရေး ဂရုပြုဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းထားသည်။

ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်းသို့သွားရောက်စစ်ဆေးစဉ် သက်ဆိုင်ရာတာဝန်ရှိသူများကို အထက်ပါကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်မှ ကာကွယ်ဆေးများဝယ်ယူရန် ဘဏ္ဍာငွေအမြောက်အများ စိုက်ထုတ်သုံးစွဲထားရသည့်အတွက် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ လေလွင့်မှုမရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကာကွယ် ဆေးလိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားရန် ဝန်ကြီးက ပြောသည်။

ကာကွယ်ဆေးထိုးနှံသူများ၏ ပေါ့ဆမှုနှင့် ကာကွယ်ဆေးသယ်ဆောင်ရာတွင် လမ်းခရီးအခက်အခဲများကြောင့် လေလွင့် ဆုံးရှုံးမှုဖြစ်စဉ်အချို့ရှိကြောင်း သိရသည်။

“ကာကွယ်ဆေးက ဒီအတိုင်းထားလို့မရဘူး။ သာမန်အပူချိန်မှာပေါ့။ ကာကွယ်ဆေးသိုလှောင်ခန်းတွေ ဘာတွေ ရှိတယ်။ သူက အပူချိန်တစ်ခုမှာ ထိန်းသိမ်းထားရတာ ရှိတယ်။ ကာကွယ်ဆေးအမျိုးအစားပေါ မူတည်ပြီးတော့ ထိန်းသိမ်းတဲ့ အပူချိန်ကတော့ မတူဘူးပေါ့။နောက်တစ်ခုက ကာကွယ်ဆေးကို သယ်ယူပို့ဆောင်တဲ့နေရာမှာ Main Store ကနေ ကျေးလက်ကျန်းမာရေးဌာနအထိ၊ ဆေးထိုးမယ့်နေရာအထိ သယ်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ပျက်စီးမှုမရှိအောင် သယ်ဆောင်ရာတာတွေရှိတယ်။ နောက်တစ်ခုက ထိုးတဲ့သူတွေရဲ့ တစ်ချို့ပေါ့ဆမှုလေးတွေ ကြောင့် ပျက်စီးရတာရှိတယ်။ ဥပမာ (၅)ယောက်လာမှ တစ်လုံးဖောက်ရမယ့်ဟာကို (၄)ယောက်နဲ့ ဖောက်လိုက်လို့ တစ်လုံးစာကုန်သွားတာတွေ ဒီလိုလေးတွေတော့ ရှိတာပေါ့” ဟု အပူပိုင်းဆေးပညာအထူးကု ဆရာဝန် ဒေါက်တာပြည့်ထူးက သုံးသပ်ပြောကြားသည်။

ကာကွယ်ဆေးများနှင့်ပတ်သက်သောအသုံးစရိတ်သည် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း/ ၃ဝ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

ယခု ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၈၁၄)ဘီလျံကျော် သုံးစွဲသွားရန် လျားထားသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများနှင့်ပတ်သက်၍ ထုတ်လုပ်နိုင်မှု နည်းပါးနေသေးသည့်အတွက် ပြည်ပမှ ဝယ်ယူ သုံးစွဲရသည့်ကာကွယ်ဆေးများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒေါက်တာပြည့်ထူးက အကြံပြုထားသည်။

Zawgyi Version;
ကာကြယ္ေဆးမ်ားကို ဘ႑ာေငြအမ်ားအျပား သုံးစြဲဝယ္ယူရ၍ ပ်က္စီးဆုံးရႈံးမႈႏွင့္ ေလလြင့္မႈမရွိေစေရး ဂ႐ုျပဳ ေဆာင္႐ြက္ရန္ တိုက္တြန္း
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၇

ကာကြယ္ေဆးမ်ားကို ဘ႑ာေငြအမ်ားအျပား သုံးစြဲဝယ္ယူရသည့္အတြက္ ပ်က္စီးဆုံးရႈံးမႈ ႏွင့္ ေလလြင့္မႈမရွိေစ ေရး ဂ႐ုျပဳေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက တိုက္တြန္းထားသည္။

ဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ယခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕၊ မင္းဓမၼလမ္းရွိ ဗဟိုကာကြယ္ေဆး သိုေလွာင္ အေအးခန္းသို႔သြားေရာက္စစ္ေဆးစဥ္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို အထက္ပါကဲ့သို႔ တိုက္တြန္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ႏိုင္ငံေတာ္မွ ကာကြယ္ေဆးမ်ားဝယ္ယူရန္ ဘ႑ာေငြအေျမာက္အမ်ား စိုက္ထုတ္သုံးစြဲထားရသည့္အတြက္ ကာကြယ္ေဆးမ်ား ပ်က္စီးဆုံးရႈံးမႈမရွိေစေရး၊ ေလလြင့္မႈမရွိေစေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ကာကြယ္ ေဆးလိုအပ္ခ်က္မ်ားကိုလည္း အခ်ိန္ႏွင့္တစ္ေျပးညီတြက္ခ်က္၍ ျဖန႔္ျဖဴးေပးႏိုင္ေရးေဆာင္႐ြက္သြားရန္ ဝန္ႀကီးက ေျပာသည္။

ကာကြယ္ေဆးထိုးႏွံသူမ်ား၏ ေပါ့ဆမႈႏွင့္ ကာကြယ္ေဆးသယ္ေဆာင္ရာတြင္ လမ္းခရီးအခက္အခဲမ်ားေၾကာင့္ ေလလြင့္ ဆုံးရႈံးမႈျဖစ္စဥ္အခ်ိဳ႕ရွိေၾကာင္း သိရသည္။

“ကာကြယ္ေဆးက ဒီအတိုင္းထားလို႔မရဘူး။ သာမန္အပူခ်ိန္မွာေပါ့။ ကာကြယ္ေဆးသိုေလွာင္ခန္းေတြ ဘာေတြ ရွိတယ္။ သူက အပူခ်ိန္တစ္ခုမွာ ထိန္းသိမ္းထားရတာ ရွိတယ္။ ကာကြယ္ေဆးအမ်ိဳးအစားေပါ မူတည္ၿပီးေတာ့ ထိန္းသိမ္းတဲ့ အပူခ်ိန္ကေတာ့ မတူဘူးေပါ့။ေနာက္တစ္ခုက ကာကြယ္ေဆးကို သယ္ယူပို႔ေဆာင္တဲ့ေနရာမွာ Main Store ကေန ေက်းလက္က်န္းမာေရးဌာနအထိ၊ ေဆးထိုးမယ့္ေနရာအထိ သယ္တဲ့လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ပ်က္စီးမႈမရွိေအာင္ သယ္ေဆာင္ရာတာေတြရွိတယ္။ ေနာက္တစ္ခုက ထိုးတဲ့သူေတြရဲ႕ တစ္ခ်ိဳ႕ေပါ့ဆမႈေလးေတြ ေၾကာင့္ ပ်က္စီးရတာရွိတယ္။ ဥပမာ (၅)ေယာက္လာမွ တစ္လုံးေဖာက္ရမယ့္ဟာကို (၄)ေယာက္နဲ႔ ေဖာက္လိုက္လို႔ တစ္လုံးစာကုန္သြားတာေတြ ဒီလိုေလးေတြေတာ့ ရွိတာေပါ့” ဟု အပူပိုင္းေဆးပညာအထူးကု ဆရာဝန္ ေဒါက္တာျပည့္ထူးက သုံးသပ္ေျပာၾကားသည္။

ကာကြယ္ေဆးမ်ားႏွင့္ပတ္သက္ေသာအသုံးစရိတ္သည္ က်န္းမာေရးဝန္ႀကီးဌာနတစ္ခုလုံး အသုံးစရိတ္၏ ၂ဝ ရာခိုင္ႏႈန္း/ ၃ဝ ရာခိုင္ႏႈန္းခန႔္ ရွိႏိုင္ေၾကာင္း ေျပာဆိုမႈမ်ား ရွိေနသည္။

ယခု ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္ျပည္ေထာင္စု၏ ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒတြင္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ေငြက်ပ္ (၈၁၄)ဘီလ်ံေက်ာ္ သုံးစြဲသြားရန္ လ်ားထားသည္။

ျမန္မာႏိုင္ငံတြင္ ကာကြယ္ေဆးမ်ားႏွင့္ပတ္သက္၍ ထုတ္လုပ္ႏိုင္မႈ နည္းပါးေနေသးသည့္အတြက္ ျပည္ပမွ ဝယ္ယူ သုံးစြဲရသည့္ကာကြယ္ေဆးမ်ားကို ေလလြင့္ဆုံးရႈံးမႈမရွိေစေရး ဂ႐ုျပဳေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း ေဒါက္တာျပည့္ထူးက အႀကံျပဳထားသည္။

Related news

© 2021. All rights reserved.