ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် နှစ်သစ်ကူးညတစ်ညတာအား ညမထွက်ရအမိန့်မှ ပယ်ဖျက်ပေးထား

5064

မြူနစ် (NP News) - ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် နှစ်သစ်ကူးည တစ်ညတာအား ညမထွက်ရအမိန့်မှ ပယ်ဖျက်ပေးထား ကြောင်း သိရသည်။
အဆိုပါညမထွက်ရအမိန့်ကို ယနေ့(ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းမှ မနက်ဖြန် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ပယ်ဖျက်ပေးထားကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက NP News ကို ပြောသည်။
“အဓိကတော့ နှစ်သစ်ကူးပွဲတော်တွေ ရှိတဲ့အတွက် ပြည်သူတွေ ပျော်ရွှင်ရအောင်လို့ တစ်ညတာ ပယ်ဖျက်ပေးတဲ့ သဘောပါ။ ဒီနေ့ညကနေ မနက်ဖြန် မနက်ထိ ညမထွက်ရအမိန့် ပယ်ဖျက်ပေးထားတာ။ တစ်ရက်တည်းပါပဲ။ ရန်ကုန်တစ်တိုင်းလုံး ပဲ။ အဲဒါက သူ့မြို့နယ်နဲ့သူ ဒေသန္တရအမိန့်ထုတ်ကြတာပေါ့” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
2024 Yangon New Year Countdown ပွဲတော်ကို ယနေ့ ညနေ ၆ နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ထားသည်။
အဆိုပါ Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့ များနှင့် မျိုးဆက်သစ်တေးသံရှင်များက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
၎င်းနှစ်သစ်ကူးပွဲတော်ပြီးစီးပါက ညမထွက်ရ ဒေသန္တရအမိန့်သည် ပုံမှန်အတိုင်း ပြန်လည်တည်ရှိမည်ဖြစ်ကြောင်း သိရသည်။
“နောက်ရက်တွေဆိုရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပေါ့။ ည ၁ နာရီကနေ မနက် ၃ နာရီ ညမထွက်ရက ပုံမှန်အ တိုင်း ပြန်ဖြစ်သွားမှာပေါ့” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
အဆိုပါနှစ်သစ်ကူးပွဲတော် ပြီးစီးပါက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် ညမထွက်ရအမိန့်သည် ည ၁ နာရီမှ နံ နက် ၃ နာရီအထိ ပုံမှန်အတိုင်းရှိနေမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အားလုံးတြင္ ႏွစ္သစ္ကူးညတစ္ညတာအား ညမထြက္ရအမိန႔္မွ ပယ္ဖ်က္ေပးထားျ
မဴနစ္ (NP News) - ဒီဇင္ဘာ ၃၁
ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အားလုံးတြင္ ႏွစ္သစ္ကူးည တစ္ညတာအား ညမထြက္ရအမိန႔္မွ ပယ္ဖ်က္ေပးထား ေၾကာင္း သိရသည္။
အဆိုပါညမထြက္ရအမိန႔္ကို ယေန႔(ဒီဇင္ဘာ ၃၁ ရက္) ညပိုင္းမွ မနက္ျဖန္ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီ ၁ ရက္အထိ ပယ္ဖ်က္ေပးထားေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက NP News ကို ေျပာသည္။
“အဓိကေတာ့ ႏွစ္သစ္ကူးပြဲေတာ္ေတြ ရွိတဲ့အတြက္ ျပည္သူေတြ ေပ်ာ္႐ႊင္ရေအာင္လို႔ တစ္ညတာ ပယ္ဖ်က္ေပးတဲ့ သေဘာပါ။ ဒီေန႔ညကေန မနက္ျဖန္ မနက္ထိ ညမထြက္ရအမိန႔္ ပယ္ဖ်က္ေပးထားတာ။ တစ္ရက္တည္းပါပဲ။ ရန္ကုန္တစ္တိုင္းလုံး ပဲ။ အဲဒါက သူ႔ၿမိဳ႕နယ္နဲ႔သူ ေဒသႏၲရအမိန႔္ထုတ္ၾကတာေပါ့” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
2024 Yangon New Year Countdown ပြဲေတာ္ကို ယေန႔ ညေန ၆ နာရီမွစတင္ကာ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ က်င္းပရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က စီစဥ္ထားသည္။
အဆိုပါ Countdown ပြဲေတာ္တြင္ ႏိုင္ငံေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ အဆိုေတာ္မ်ား၊ DJ ပညာရွင္မ်ား၊ အကအဖြဲ႕ မ်ားႏွင့္ မ်ိဳးဆက္သစ္ေတးသံရွင္မ်ားက ေဖ်ာ္ေျဖတင္ဆက္သြားမည္ျဖစ္ၿပီး မီးရႉးမီးပန္းပစ္ေဖာက္ျခင္းမ်ားျဖင့္ က်င္းပသြားမည္ျဖစ္ေၾကာင္း အစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။
၎ႏွစ္သစ္ကူးပြဲေတာ္ၿပီးစီးပါက ညမထြက္ရ ေဒသႏၲရအမိန႔္သည္ ပုံမွန္အတိုင္း ျပန္လည္တည္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
“ေနာက္ရက္ေတြဆိုရင္ေတာ့ ပုံမွန္အတိုင္း ျပန္ျဖစ္သြားမွာေပါ့။ ည ၁ နာရီကေန မနက္ ၃ နာရီ ညမထြက္ရက ပုံမွန္အ တိုင္း ျပန္ျဖစ္သြားမွာေပါ့” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ဆက္လက္ေျပာသည္။
အဆိုပါႏွစ္သစ္ကူးပြဲေတာ္ ၿပီးစီးပါက ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အားလုံးတြင္ ညမထြက္ရအမိန႔္သည္ ည ၁ နာရီမွ နံ နက္ ၃ နာရီအထိ ပုံမွန္အတိုင္းရွိေနမည္ျဖစ္ေၾကာင္း သိရသည္။