ရပ်ထားသည့် (၆)ဘီးကားကို HIJET ယာဥ်မှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦးထိခိုက်ဒဏ်ရာရ

 1173

သန့်ဇင် (NP News) - ဒီဇင်ဘာ ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ထားသည့် (၆)ဘီးကားကို HIJET ကားမှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာ ၃ဝ ရက်)၊ ည ၆ နာရီ ၃ဝ မိနစ်အချိန်တွင် ဘားအံမြို့၊ တောင်ကလေး အကျဉ်းထောင်အရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“(၆)ဘီးကားက ကျောက်တွေတင်တဲ့ကားပေါ့။ အဲဒီကားက ကားပျက်လို့ လမ်းဘေးမှာ ရပ်ထားတာကို ကောက်ရိတ်ပြီးပြန်လာတဲ့ HIJET ကားက မှောင်နေတော့ ဝင်တိုက်မိတဲ့သဘောပါ” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ဘားအံမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် HIJET ကားပေါ်၌ လိုက်ပါလာသည့် လူ(၈)ဦးအနက် လူ(၆)ဦးမှာ ထိခိုက် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာက စုစုပေါင်းလူ(၈)ဦးပါတာ။ အဲဒီအထဲကမှ လူ(၆)ဦးက စိုးရိမ်ရတယ်။ ခေါင်းပေါက်သွားကြတဲ့လူတွေ များတယ်။ သူ့ရှေ့မှာလည်း ဆိုင်ကယ်(၂)စီးက အဲဒီရပ်ထားတဲ့ကားကို ရှောင်ရင်း မှောက်သွားသေးတယ်။ လူ(၃)ယောက် ထိခိုက်တာပေါ့။ အဲဒီနေရာက ဖြစ်လေ့မရှိပေမယ့် အဲဒီလမ်းပေါ်မှာတော့ ဖြစ်လေ့ရှိတယ်။ ဂရုစိုက်ပြီးမောင်းစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဘားအံမှ တောင်ကလေး စစ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရပ္ထားသည့္ (၆)ဘီးကားကို HIJET ယာဥ္မွ ဝင္တိုက္မိခဲ့ရာ လူ(၆)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၃၁

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕တြင္ ရပ္ထားသည့္ (၆)ဘီးကားကို HIJET ကားမွ ဝင္တိုက္မိခဲ့ရာ လူ(၆)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဒီဇင္ဘာ ၃ဝ ရက္)၊ ည ၆ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ဘားအံၿမိဳ႕၊ ေတာင္ကေလး အက်ဥ္းေထာင္အေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


“(၆)ဘီးကားက ေက်ာက္ေတြတင္တဲ့ကားေပါ့။ အဲဒီကားက ကားပ်က္လို႔ လမ္းေဘးမွာ ရပ္ထားတာကို ေကာက္ရိတ္ၿပီးျပန္လာတဲ့ HIJET ကားက ေမွာင္ေနေတာ့ ဝင္တိုက္မိတဲ့သေဘာပါ” ဟု ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ဘားအံမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ HIJET ကားေပၚ၌ လိုက္ပါလာသည့္ လူ(၈)ဦးအနက္ လူ(၆)ဦးမွာ ထိခိုက္ ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။

“ကားေပၚမွာက စုစုေပါင္းလူ(၈)ဦးပါတာ။ အဲဒီအထဲကမွ လူ(၆)ဦးက စိုးရိမ္ရတယ္။ ေခါင္းေပါက္သြားၾကတဲ့လူေတြ မ်ားတယ္။ သူ႔ေရွ႕မွာလည္း ဆိုင္ကယ္(၂)စီးက အဲဒီရပ္ထားတဲ့ကားကို ေရွာင္ရင္း ေမွာက္သြားေသးတယ္။ လူ(၃)ေယာက္ ထိခိုက္တာေပါ့။ အဲဒီေနရာက ျဖစ္ေလ့မရွိေပမယ့္ အဲဒီလမ္းေပၚမွာေတာ့ ျဖစ္ေလ့ရွိတယ္။ ဂ႐ုစိုက္ၿပီးေမာင္းေစခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္း ဘားအံမွ ေတာင္ကေလး စစ္ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.