ဒီဇင်ဘာလ တတိယပတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၃၀၀)နီးပါးရရှိထား

 356

ယွန်း (NP News) - ဇန်နဝါရီ ၁

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်မှ (၂၂)ရက်အထိ တစ်ပတ်တာကာလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂၆၆)သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

အဆိုပါကာလ၌ ပြည်ပသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ နှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုစွန် နှင့် အခြားရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့ပြီး စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပဲမျိုးစုံတင်ပို့မှုတွင် တန်ချိန် (၂၄၇၇၉)တန် ရှိခဲ့ရာ အမေရိကန်ဒေါ်လာ(၂၁) သန်းကျော်ရရှိခဲ့ပြီး ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတင်ပို့မှု တိုးတက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၈၂)သန်းကျော်ရရှိခဲ့ပြီး နိုင်ငံပေါင်း(၅၃)နိုင်ငံကိုတင်ပို့ခဲ့ရာ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများမှ အများဆုံးမှာယူတင်သွင်းခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

အလားတူ နှမ်းမျိုးစုံသည် နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားမြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံသို့ ယခင်အပတ်ထက် နှမ်းမျိုးစုံပိုမိုတင်ပို့နိုင်ခဲ့သည့်အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်တို့မှလည်း ဝယ်လိုအားများပြားခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက အသိပေးထားသည်။

နိုင်ငံတော်အနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးဆောင်ရွက်ရာတွင် CMP ကဏ္ဍတိုးတက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဒီဇင္ဘာလ တတိယပတ္အတြင္း ျပည္ပပို႔ကုန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္း(၃၀၀)နီးပါးရရွိထား

ယြန္း (NP News) - ဇန္နဝါရီ ၁

ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁၆)ရက္မွ (၂၂)ရက္အထိ တစ္ပတ္တာကာလအတြင္း ျပည္ပပို႔ကုန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ(၂၆၆)သန္းရရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္ အလက္မ်ားအရ သိရသည္။

အဆိုပါကာလ၌ ျပည္ပသို႔ ပဲတီစိမ္း၊ မတ္ပဲ၊ ပဲစင္းငုံ ႏွင့္ အျခားပဲမ်ိဳးစုံ၊ ႏွမ္း၊ ေျမပဲ၊ ဖရဲ၊ သခြား၊ သစ္သီးဝလံမ်ား၊ ေရာ္ဘာစိမ္း၊ ၾကက္သြန္နီစသည့္ လယ္ယာထြက္ကုန္ပစၥည္းမ်ား၊ ပုစြန္ ႏွင့္ အျခားေရထြက္ကုန္မ်ား ပိုမိုတင္ပို႔ႏိုင္ခဲ့ၿပီး စက္မႈကုန္ေခ်ာမ်ားျဖစ္သည့္ CMP ခ်ဳပ္ၿပီး အထည္မ်ားလည္း တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။

ပဲမ်ိဳးစုံတင္ပို႔မႈတြင္ တန္ခ်ိန္ (၂၄၇၇၉)တန္ ရွိခဲ့ရာ အေမရိကန္ေဒၚလာ(၂၁) သန္းေက်ာ္ရရွိခဲ့ၿပီး ပါကစၥတန္၊ ထိုင္း၊ ယူေအအီး၊ ဗီယက္နမ္၊ ကေနဒါ၊ အေမရိကန္၊ ဂ်ပန္ႏိုင္ငံမ်ားသို႔ ပင္လယ္ေရေၾကာင္းမွတင္ပို႔မႈ တိုးတက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပသို႔ခ်ဳပ္ၿပီးအထည္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ(၈၂)သန္းေက်ာ္ရရွိခဲ့ၿပီး ႏိုင္ငံေပါင္း(၅၃)ႏိုင္ငံကိုတင္ပို႔ခဲ့ရာ ဂ်ပန္၊ ပိုလန္၊ ေတာင္ကိုရီးယား၊ ၿဗိတိန္၊ အေမရိကန္ႏိုင္ငံမ်ားမွ အမ်ားဆုံးမွာယူတင္သြင္းခဲ့ေၾကာင္း အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

အလားတူ ႏွမ္းမ်ိဳးစုံသည္ ႏွစ္သစ္ကူးကာလအတြင္း ဝယ္လိုအားျမင့္တက္လ်က္ရွိရာ တ႐ုတ္ႏိုင္ငံသို႔ ယခင္အပတ္ထက္ ႏွမ္းမ်ိဳးစုံပိုမိုတင္ပို႔ႏိုင္ခဲ့သည့္အျပင္ ဂ်ပန္၊ ထိုင္း၊ စင္ကာပူ၊ ထိုင္ဝမ္တို႔မွလည္း ဝယ္လိုအားမ်ားျပားခဲ့ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာနက အသိေပးထားသည္။

ႏိုင္ငံေတာ္အေနျဖင့္ ပို႔ကုန္က႑တိုးျမႇင့္ေရးေဆာင္႐ြက္ရာတြင္ CMP က႑တိုးတက္ေရးကိုလည္း ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.