အမေရိကန်၏ လိုတစ်မျိုး မလိုတစ်မျိုး စံနှစ်ခွ ဆက်ဆံရေးနှင့် ကမ္ဘာ့နိုင်ငံများအပေါ် ဂယက်ရိုက်ခတ်မှု (ဘာသာပြန်ဆောင်းပါး)

 1335

Htay Oung (NP News) - ဇန်နဝါရီ ၄

အမေရိကန်ဟာ ကမ္ဘာ့လူမျိုးပေါင်းစုံ ရောနှောနေထိုင်မှု အများဆုံး၊ ယဉ်ကျေးမှု အစုံလင်ဆုံး တိုင်းပြည်ဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ဖွဲ့စည်းပုံဥပဒေမှာ ပြည်သူတို့ရဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် လွတ်လပ်စွာ ရေးသားဟောပြောခွင့်အပါအ၀င် အခြေခံအခွင့်အရေးအများအပြားကို အာမခံထားပါတယ်။ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု ဂျီဒီပီရဲ့ ၂၃ % နဲ့ ၀ယ်ယူစားသုံးမှုရဲ့ ၂၁% ဟာ အမေရိကန်နိုင်ငံမှဖြစ်ပါတယ်။ လူတိုင်းတန်းတူလွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ဟာ အားလုံးကို ပျော်ရွင်စေပြီး ချမ်းသာကြွယ်ဝစေကြောင်းကို ဖော်ညွှန်းတဲ့ ကမ္ဘာ့နံ ပတ်-၁ မီးရှုးတန်ဆောင်နိုင်ငံကြီးအဖြစ် လူသိများပါတယ်။

အဲဒီလိုနိုင်ငံကြီးဟာ သူပြောသလို သူကိုယ်တိုင် လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်နေပါသလား ဆိုတာ အလွန်စိတ်၀င်စားစရာ ကောင်းလှပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်ဟာ နျူကလီယာလက်နက် ပိုင်ဆိုင်ပြီး ကမ္ဘာ့သမုဒ္ဒရာကြီးများ-တိုက်ကြီးများအားလုံးမှာ ကြည်းရေလေ တစ်ပြိုင်နက်တည်း စစ်တိုက်နိုင်တဲ့ ကမ္ဘာ့တစ်ခုတည်းသော နိ်ုင်ငံဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ခန့်မှာ စစ်စခန်းစုစုပေါင်း ၇၅၀ ကျော် ဖွင့်လှစ်ထားပါတယ်။ အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ တစ်ကမ္ဘာလုံးရှိ စစ်တပ်အားလုံးပေါင်း ဘတ်ဂျက်ရဲ့ ၄၃% ရှိပါတယ်။

နိုင်ငံတကာ စီးပွားရေး-နိုင်ငံရေးသာမက စစ်ရေးတို့မှာ သြဇာလွှမ်းမိုးအောင်ကြိုးပမ်းလေ့ရှိပါတယ်။ အဲ့ဒီလို ကမ္ဘာ့နိုင်ငံအများအပြားနဲ့ ဆက်ဆံရာမှာ အမေရိကန်ရဲ့ နိ်ုင်ငံခြားရေးမူဝါဒဟာ သူ့နိုင်ငံမှာ ဂုဏ်ယူ၀င့်ကြွားနေကြတဲ့ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ဖွဲ့စည်းပုံဥပဒေဆိုတာကြီးကို ကျော်လွန်ပြီး ကျင့်၀တ်သိက္ခာပိုင်းမှာ လိုသူအပေါ်တစ်မျိုး မလိုသူများအပေါ် တစ်မျိုး စံနှုန်းနှစ်ခွဖြစ်နေတယ်လို့ နိုင်ငံတကာမီဒီယာကြီးများက အစဉ်တစ်စိုက် ရေးသားဝေဖန်လျက်ရှိကြပါတယ်။

အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်လျှင် ရုရှားနိုင်ငံနဲ့ဆက်ဆံရာမှာ အမေရိကန်ဟာ မတူညီတဲ့ ချဉ်းကပ်မှုအမျိုးမျိုးကို ကျင့်သုံးနေတယ်လို့ ဝေဖန်သူများက စောဒကတက်ကြပါတယ်။ အမေရိကန်ရွေးကောက်ပွဲများမှာ ရုရှားရဲ့ ၀င်ရောက်စွက်ဖက်မှု ဆိုက်ဘာတိုက်ခိုက်ကြောင်း စွပ်စွဲနေတဲ့ အိမ်ဖြူတော်ဟာ မတူညီတဲ့ တုံ့ပြန်မှုများကို ရင်ဆိုင်ရပြီး အချို့အကျိုးဆက်များကို အသုံးချရာမှာ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေပါတယ်။

တရုတ်နဲ့ ဆက်ဆံရာမှာလည်း အလားတူဖြစ်ပါတယ်။ အထူးသဖြင့် ရှင်ကျန့်ပြည်နယ် ဝီဂါမွတ်စလင်တွေအပေါ် ပေကျင်းဆက်ဆံပုံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်ရဲ့ ချဉ်းကပ်ပုံဟာ အတော်ဝေဖန်ခံခဲ့ရပါတယ်။ စျေးနှုန်းချိုသာပြီး ကျွမ်းကျင်မှုရှိတဲ့ တရုတ်အလုပ်သမားတွေဟာ အမေရိကန်ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုဖြစ်နေပါတယ်။ လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်နေထိုင်ရာ ကွန်မြူနစ်တရုတ်ပြည်ရဲ့ ဧရာမစားသုံးသူ စျေးကွက်ကြီးဟာ အမေရိကန်သာမက ဒီမိုကရေစီအနောက်အုပ်စုအတွက်ပါ သွားရည်ကျစရာကြီး ဖြစ်နေပါတယ်။

အရှေ့အလယ်ပိုင်း အထူးသဖြင့် ယီမင်နိုင်ငံအတွင်း ဆော်ဒီဦးဆောင်ညွန့်ပေါင်းလေတပ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း၊ တူရကီနိုင်ငံ ဆော်ဒီသံရုံးအတွင်း ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမဲလ်_ခါရှော့ဂီ အသတ်ခံရမှုတို့နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း တဖွဖွပြောဆိုနေတဲ့ အိမ်ဖြူတော်ဟာ အမှန်တကယ် လက် တွေ့အရေးယူဆောင်ရွက်ဖို့ တုံ့ဆိုင်းနေပါတယ်။ အိမ်ဖြူတော်ရဲ့ လူ့အခွင့်ရေး အသားပေးမှု ပျော့ညံ့ကွက်ကို အလစ်ချောင်းနေတဲ့ တရုတ်နဲ့ ရုရှားတို့က အရှေ့အလယ်ပိုင်းဒေသမှာ မိတ်ဖက်သင်္ဂဟဗျူဟာ တိုးချဲ့ခြင်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့အကြား သြဇာလွှမ်းမိုးစုဖွဲ့မှုသဘာ၀ Polarity ကွဲပြား လာရပါတယ်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အရှေ့အနောက် အုပ်စုဖွဲ့သဏ္ဍာန် ပျက်ပြားပြီး အမေရိကန်_အနောက်အုပ်စု တစ်ခုတည်းက သြဇာလွှမ်းမိုးမှု့ Unipolar အသွင်မှ နိုင်ငံရေးစနစ် မတူညီတဲ့ နိ်ုင်ငံအသီးသီး ကွဲပြားစွာ အုပ်စုဖွဲ့လာမှု Multipolarity ထင်ရှားလာပါတယ်။ နိုင်ငံတကာမှာ အမေရိကန်အုပ်စုအပေါ် ပုခုံးချင်း ယှဉ်ပြိုင်မှုများ သိသာလာပါတယ်။

အမေရိကန်အစိုးရရဲ့ အစ္စရေးနိုင်ငံဘက်မှ တစ်ဖက်သပ်ရပ်တည်ခြင်းဟာ ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အလွန်ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ နောက်ဆက်တွဲ စစ်ရေးနဲ့ စီးပွားရေးပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဇီယွန်ဝါဒနဲ့ အာရပ်အမျိုးသားရေးဝါဒတို့ အချိန်တစ်ပြိုင်နက်တည်း ထွန်းကားလာခြင်းဟာ ၁၉၄၈- ခုနှစ် မြေထဲပင်လယ်အရှေ့ပိုင်းမှာ အစ္စရေးနိုင်ငံထူထောင်ခြင်းနဲ့အတူ ပထမအကြိမ်အာရပ်-အစ္စရေးစစ်ပွဲဖြစ်ပွားပြီး ပါ လက်စတိုင်းတို့ရဲ့ နိုင်ငံလည်း ကွယ်ပျောက်ခဲ့ရပါတယ်။ ၁၉၅၆-ခုနှစ် ဒုတိယအကြိမ်အာရပ်-အစ္စရေးစစ်ပွဲမှာလည်း ဂျူးတို့က ထပ်မံအနိုင်ရရှိပြီး အိမ်နီးချင်း နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အစ္စရေး အပေါ် အခိုင်အမာကျောထောက်နောက်ခံပေးမှုဟာ ၁၉၆၀-ပြည့်လွန်နှစ်များမှာ သိသာထင်ရှားလာတယ်လို နိုင်ငံရေး လေ့လာသူများက အမှတ်အသား ပြုကြပါတယ်။

လူတစ်ဦးချင်း ဒီမိုကရေစီကို အသားပေးတဲ့ နိုင်ငံကြီးဟာ အစ္စရေးရဲ့ အိမ်နီးချင်း လက်ဘနွန်-ဂျော်ဒန်-အီဂျစ်တို့ နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို မြှင့်တင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အမေရိကန်ဟာ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များမှာ စုစုပေါင်း ကန်ဒေါ်လာ ၂၅.၄ ဘီလီယံ သုံးစွဲခြင်းဖြင့် တကမ္ဘာလုံးမှာ အများဆုံး ဖြစ်လာပါတယ်။ နိုင်ငံအလိုက်စုစုပေါင်း ဝင်ငွေအချိုးအရ အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ ၀.၁၈ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ချမ်းသာအလှူရှင်နိုင်ငံများစာရင်းမှာ နံပါတ် ၂၂ ဖြစ်တယ်လို့ ဆိုရမှာပါ။ အခြားတစ်ဖက်မှ ကြည့်လျှင်တော့ အမေရိကန်ရဲ့ နိုင်ငံခြားတိုင်းပြည်များကို လှူဒါန်းမှုများဟာ အလွန်ရက်ရောကြောင်းတွေ့ရှိနိုင်ပါ တယ်။

ပါလက်စတိုင်းတို့အတွက် ကိ်ုယ်ပိုင်နယ်မြေ သတ်မှတ်ရေးကို အစဉ်တစ်စိုက် ကြွေးကြော်လျှက်ရှိတဲ့ အမေရိကန်ဟာ အစ္စရေးတို့က သိမ်းယူခဲ့တဲ့ နယ်မြေများမှာ ဂျုးအိမ်ရာများ ထူထောင်ခြင်းကိုလည်း အမျိုးသားလုံခြုံရေး အကြောင်းပြပြီး ထောက်ခံအားပေးနေပါတယ်။ ဒီအချက်ဟာ အမေရိကန်ရဲ့ အပြောတစ်မျိုး အလုပ် တစ်မျိုး လျှာနှစ်ခွမူဝါဒအဖြစ် ကာလရှည် ဝေဖန်စရာဖြစ်နေပါတယ်။

အမေရိကန်ရဲ့ အခြားထင်ရှားတဲ့ စံနှစ်ခွ ဆက်ဆံရေးကို ပါကစ္စတန်နိုင်ငံမှာ တွေ့ရပါတယ်။ ကမ္ဘာ့ရေနံသယ်ပို့မှု အချက်အချာ အာရေဗျပင်လယ် ၀င်ထွက်ပေါက်မှာ တည်ရှိပြီး တရုတ်ရဲ့ အနောက်တောင်ဘက် အိမ်နီးချင်းနိုင်ငံ ဟာ စစ်ရေး နိုင်ငံရေး မဟာဗျူဟာအရ အလွန်အရေးပါပါတယ်။ ၁၉၄၇-ခုနှစ် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်မြောက်လာတဲ့ အိန္ဒိယတိုက်ငယ်မှ မွတ်စလင်ဘာသာ၀င်အများစုနယ်မြေကို သီးခြားခွဲထွက်ခြင်းဖြင့် ပါကစ္စတန်နိုင်ငံဖြစ်ပေါ်လာခဲ့ပါတယ်။

လူဦးရေ သန်းပေါင်း ၂၄၀ ကျော်ရှိပြီး ဘာသာရေး အစွဲအလန်းကြီးမားသူ အစ္စလာမ်သာသာ၀င်အများအပြားနေထိုင်ရာ တိုင်းပြည်ဟာ ဒီမိုကရေစီ ဆန္ဒမဲစနစ် အစိုးရ အုပ်ချုပ်တယ်ဆိုပေမယ့် မကြာခဏ စစ်အာဏာသိမ်းယူခဲ့ဖူးပြီး စစ် တပ်သြဇာလွှမ်းမိုးတဲ့ နိုင်ငံရေးပုံစံရှိပါတယ်။ စစ်အာဏာရှင်များကို အစဉ်တစိုက်ဆန့်ကျင်လေ့ရှိတဲ့ အမေရိကန်ဟာ ပါကစ္စတန်စစ်ဗိုလ်ချုပ်ကြီးများနဲ့ ဖက်လဲတကင်းရှိနေပြီး တောင်အာရှနိုင်ငံဟာ အမေရိကန်ရဲ့ နေတိုး အဖွဲ့၀င်မဟုတ်သော အဓိက မဟာမိတ်နိုင်ငံဖြစ်နေပါတယ်။ စစ်အေးတိုက်ပွဲကာလ အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပါကစ္စတန်က လက်ခံထားခဲ့ပြီး အပြန်အလှန်အားဖြင့် ပါကစ္စတန်ဗိုလ်လောင်းများကို အမေရိကန်က လေ့ကျင့်ပေးခြင်း စစ်လက်နက်ယန္တရား ရောင်းချခြင်းများ ရှိခဲ့ပါတယ်။ ပါကစ္စတန်စစ်တပ်မှာ လည်း အမေရိကန် စစ်အကြံပေးများ ရှိခဲ့ဖူးပါတယ်။

လောလောဆယ် ပါကစ္စတန်မှာ အမေရိကန်စစ်စခန်းများ မရှိတော့ပေမယ့် ၁၉၉၂-၁၉၉၅-ခုနှစ် ဘော့စနီးယား စစ်ပွဲနဲ့ ၂၀၀၁- ၂၀၂၁-ခုနှစ် အကြမ်းဖက်မှုနှိမ်နင်းရေး ဝါရှင်တန်ရဲ့ နှစ် ၂၀-ကြာစစ်ပွဲမှာ အမေရိကန်စစ်လေ ယာဉ်တွေဟာ ပါကစ္စတန်ဝေဟင်ကို အသုံးပြုခွင့် ရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲနဲ့ လော၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားမှ ပြင်သစ်တို့ ဆုတ်ခွာသွားပြီးနောက် ၁၉၄၅- ၁၉၉၁-ခုနှစ် အင်ဒိုချိုင်းနားစစ်ပွဲမှာ အမေရိကန်စစ်တပ်များ ၀င်ရောက်ဖက်ခဲ့ ခြင်းဟာ ကွန်မြူနစ်ဝါဒနိုင်ငံများ ပျံ့နှံ့မှု တားဆီးရေးနဲ့ အစပျိုးခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပစိဖိတ်ကျွန်းနိုင်ငံများ၊ အာရှတိုက်အရှေ့ပိုင်းနဲ့ တောင်ပိုင်း နိုင်ငံများအတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရေး မဟာဗျူဟာမိတ်ဖက် တည်ဆောက်ဖို့ ဖြစ်နေပါတယ်။

ဒီအတွက် အမေရိကန်ဟာ လှေနံဒါးထစ်သတ်မှတ်ချက်မထားပဲ သူ့ရဲ စံနှစ်မျိုး အစဉ်အလာအတိုင်း ဆက်လက်စွဲကိုင်ဖွယ် ရှိပါတယ်။ တနည်းအားဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ သြဇာနယ်ပယ်ချဲ့ထွင်ရေးမှာ နိုင်ငံငယ်အများအပြားဟာ Proxy_Battlefield ကိုယ်စားပြု စစ်တလင်းဖြစ်ကိန်း ဆိုက်ရဖွယ်ရှိပါတယ်။

zawgyi version
အေမရိကန္၏ လိုတစ္မ်ိဳး မလိုတစ္မ်ိဳး စံႏွစ္ခြ ဆက္ဆံေရးႏွင့္ ကမာၻ႔ႏိုင္ငံမ်ားအေပၚ ဂယက္႐ိုက္ခတ္မႈ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၄

အေမရိကန္ဟာ ကမာၻ႔လူမ်ိဳးေပါင္းစုံ ေရာေႏွာေနထိုင္မႈ အမ်ားဆုံး၊ ယဥ္ေက်းမႈ အစုံလင္ဆုံး တိုင္းျပည္ျဖစ္ပါတယ္။ သူ႔ႏိုင္ငံရဲ႕ လြတ္လပ္ေရးေၾကညာစာတမ္းနဲ႔ ဖြဲ႕စည္းပုံဥပေဒမွာ ျပည္သူတို႔ရဲ႕ လြတ္လပ္စြာယုံၾကည္ကိုးကြယ္ခြင့္ လြတ္လပ္စြာ ေရးသားေဟာေျပာခြင့္အပါအ၀င္ အေျခခံအခြင့္အေရးအမ်ားအျပားကို အာမခံထားပါတယ္။ တစ္ကမာၻလုံး ကုန္ထုတ္လုပ္မႈ ဂ်ီဒီပီရဲ႕ ၂၃ % နဲ႔ ၀ယ္ယူစားသုံးမႈရဲ႕ ၂၁% ဟာ အေမရိကန္ႏိုင္ငံမွျဖစ္ပါတယ္။ လူတိုင္းတန္းတူလြတ္လပ္တဲ့ ဒီမိုကေရစီစနစ္ဟာ အားလုံးကို ေပ်ာ္႐ြင္ေစၿပီး ခ်မ္းသာႂကြယ္ဝေစေၾကာင္းကို ေဖာ္ၫႊန္းတဲ့ ကမာၻ႔နံ ပတ္-၁ မီးရႈးတန္ေဆာင္ႏိုင္ငံႀကီးအျဖစ္ လူသိမ်ားပါတယ္။

အဲ့ဒီလိုႏိုင္ငံႀကီးဟာ သူေျပာသလို သူကိုယ္တိုင္ လက္ေတြ႕ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနပါသလား ဆိုတာ အလြန္စိတ္၀င္စားစရာ ေကာင္းလွပါတယ္။ တစ္ဖက္မွာေတာ့ အေမရိကန္ဟာ န်ဴကလီယာလက္နက္ ပိုင္ဆိုင္ၿပီး ကမာၻ႔သမုဒၵရာႀကီးမ်ား-တိုက္ႀကီးမ်ားအားလုံးမွာ ၾကည္းေရေလ တစ္ၿပိဳင္နက္တည္း စစ္တိုက္ႏိုင္တဲ့ ကမာၻ႔တစ္ခုတည္းေသာ နိ္ုင္ငံျဖစ္ေအာင္ ျပင္ဆင္ထားပါတယ္။ ကမာၻ႔ႏိုင္ငံေပါင္း ၈၀ ခန္႔မွာ စစ္စခန္းစုစုေပါင္း ၇၅၀ ေက်ာ္ ဖြင့္လွစ္ထားပါတယ္။ အေမရိကန္ရဲ႕ ကာကြယ္ေရးအသုံးစရိတ္ဟာ တစ္ကမာၻလုံးရွိ စစ္တပ္အားလုံးေပါင္း ဘတ္ဂ်က္ရဲ႕ ၄၃% ရွိပါတယ္။

ႏိုင္ငံတကာ စီးပြားေရး-ႏိုင္ငံေရးသာမက စစ္ေရးတို႔မွာ ၾသဇာလႊမ္းမိုးေအာင္ႀကိဳးပမ္းေလ့ရွိပါတယ္။ အဲ့ဒီလို ကမာၻ႔ႏိုင္ငံအမ်ားအျပားနဲ႔ ဆက္ဆံရာမွာ အေမရိကန္ရဲ႕ နိ္ုင္ငံျခားေရးမူဝါဒဟာ သူ႔ႏိုင္ငံမွာ ဂုဏ္ယူ၀င့္ႂကြားေနၾကတဲ့ လြတ္လပ္ေရးေၾကညာစာတမ္းနဲ႔ ဖြဲ႕စည္းပုံဥပေဒဆိုတာႀကီးကို ေက်ာ္လြန္ၿပီး က်င့္၀တ္သိကၡာပိုင္းမွာ လိုသူအေပၚတစ္မ်ိဳး မလိုသူမ်ားအေပၚ တစ္မ်ိဳး စံႏႈန္းႏွစ္ခြျဖစ္ေနတယ္လို႔ ႏိုင္ငံတကာမီဒီယာႀကီးမ်ားက အစဥ္တစ္စိုက္ ေရးသားေဝဖန္လ်က္ရွိၾကပါတယ္။

အျခားႏိုင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္လွ်င္ ႐ုရွားႏိုင္ငံနဲ႔ဆက္ဆံရာမွာ အေမရိကန္ဟာ မတူညီတဲ့ ခ်ဥ္းကပ္မႈအမ်ိဳးမ်ိဳးကို က်င့္သုံးေနတယ္လို႔ ေဝဖန္သူမ်ားက ေစာဒကတက္ၾကပါတယ္။ အေမရိကန္ေ႐ြးေကာက္ပြဲမ်ားမွာ ႐ုရွားရဲ႕ ၀င္ေရာက္စြက္ဖက္မႈ ဆိုက္ဘာတိုက္ခိုက္ေၾကာင္း စြပ္စြဲေနတဲ့ အိမ္ျဖဴေတာ္ဟာ မတူညီတဲ့ တုံ႔ျပန္မႈမ်ားကို ရင္ဆိုင္ရၿပီး အခ်ိဳ႕အက်ိဳးဆက္မ်ားကို အသုံးခ်ရာမွာ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳးျဖစ္ေနပါတယ္။

တ႐ုတ္နဲ႔ ဆက္ဆံရာမွာလည္း အလားတူျဖစ္ပါတယ္။ အထူးသျဖင့္ ရွင္က်န္႔ျပည္နယ္ ဝီဂါမြတ္စလင္ေတြအေပၚ ေပက်င္းဆက္ဆံပုံနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေမရိကန္ရဲ႕ ခ်ဥ္းကပ္ပုံဟာ အေတာ္ေဝဖန္ခံခဲ့ရပါတယ္။ ေစ်းႏႈန္းခ်ိဳသာၿပီး ကြၽမ္းက်င္မႈရွိတဲ့ တ႐ုတ္အလုပ္သမားေတြဟာ အေမရိကန္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ဆြဲေဆာင္မႈျဖစ္ေနပါတယ္။ လူဦးေရ သန္းေပါင္း ၁၄၀၀ ေက်ာ္ေနထိုင္ရာ ကြန္ျမဴနစ္တ႐ုတ္ျပည္ရဲ႕ ဧရာမစားသုံးသူ ေစ်းကြက္ႀကီးဟာ အေမရိကန္သာမက ဒီမိုကေရစီအေနာက္အုပ္စုအတြက္ပါ သြားရည္က်စရာႀကီး ျဖစ္ေနပါတယ္။

အေရွ႕အလယ္ပိုင္း အထူးသျဖင့္ ယီမင္ႏိုင္ငံအတြင္း ေဆာ္ဒီဦးေဆာင္ၫြန္႔ေပါင္းေလတပ္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ျခင္း၊ တူရကီႏိုင္ငံ ေဆာ္ဒီသံ႐ုံးအတြင္း ဝါရွင္တန္ပို႔စ္သတင္းေထာက္ ဂ်မဲလ္_ခါေရွာ့ဂီ အသတ္ခံရမႈတို႔နဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း တဖြဖြေျပာဆိုေနတဲ့ အိမ္ျဖဴေတာ္ဟာ အမွန္တကယ္ လက္ ေတြ႕အေရးယူေဆာင္႐ြက္ဖို႔ တုံ႔ဆိုင္းေနပါတယ္။ အိမ္ျဖဴေတာ္ရဲ႕ လူ႔အခြင့္ေရး အသားေပးမႈ ေပ်ာ့ညံ့ကြက္ကို အလစ္ေခ်ာင္းေနတဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔က အေရွ႕အလယ္ပိုင္းေဒသမွာ မိတ္ဖက္သဂၤဟဗ်ဴဟာ တိုးခ်ဲ႕ျခင္းျဖင့္ ကမာၻ႔ႏိုင္ငံအသီးသီးတို႔အၾကား ၾသဇာလႊမ္းမိုးစုဖြဲ႕မႈသဘာ၀ Polarity ကြဲျပား လာရပါတယ္။

၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံ ၿပိဳကြဲၿပီးေနာက္ အေရွ႕အေနာက္ အုပ္စုဖြဲ႕သ႑ာန္ ပ်က္ျပားၿပီး အေမရိကန္_အေနာက္အုပ္စု တစ္ခုတည္းက ၾသဇာလႊမ္းမိုးမႈ႕ Unipolar အသြင္မွ ႏိုင္ငံေရးစနစ္ မတူညီတဲ့ နိ္ုင္ငံအသီးသီး ကြဲျပားစြာ အုပ္စုဖြဲ႕လာမႈ Multipolarity ထင္ရွားလာပါတယ္။ ႏိုင္ငံတကာမွာ အေမရိကန္အုပ္စုအေပၚ ပုခုံးခ်င္း ယွဥ္ၿပိဳင္မႈမ်ား သိသာလာပါတယ္။

အေမရိကန္အစိုးရရဲ႕ အစၥေရးႏိုင္ငံဘက္မွ တစ္ဖက္သပ္ရပ္တည္ျခင္းဟာ ကမာၻ႔ႏိုင္ငံအခ်င္းခ်င္း ဆက္ဆံေရးမွာ အလြန္ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။ ေနာက္ဆက္တြဲ စစ္ေရးနဲ႔ စီးပြားေရးပဋိပကၡမ်ားလည္း ျဖစ္ေပၚခဲ့ပါတယ္။ ဇီယြန္ဝါဒနဲ႔ အာရပ္အမ်ိဳးသားေရးဝါဒတို႔ အခ်ိန္တစ္ၿပိဳင္နက္တည္း ထြန္းကားလာျခင္းဟာ ၁၉၄၈- ခုႏွစ္ ေျမထဲပင္လယ္အေရွ႕ပိုင္းမွာ အစၥေရးႏိုင္ငံထူေထာင္ျခင္းနဲ႔အတူ ပထမအႀကိမ္အာရပ္-အစၥေရးစစ္ပြဲျဖစ္ပြားၿပီး ပါ လက္စတိုင္းတို႔ရဲ႕ ႏိုင္ငံလည္း ကြယ္ေပ်ာက္ခဲ့ရပါတယ္။ ၁၉၅၆-ခုႏွစ္ ဒုတိယအႀကိမ္အာရပ္-အစၥေရးစစ္ပြဲမွာလည္း ဂ်ဴးတို႔က ထပ္မံအႏိုင္ရရွိၿပီး အိမ္နီးခ်င္း နယ္ေျမအမ်ားအျပားကို သိမ္းယူႏိုင္ခဲ့ပါတယ္။ အေမရိကန္ရဲ႕ အစၥေရး အေပၚ အခိုင္အမာေက်ာေထာက္ေနာက္ခံေပးမႈဟာ ၁၉၆၀-ျပည့္လြန္ႏွစ္မ်ားမွာ သိသာထင္ရွားလာတယ္လို ႏိုင္ငံေရး ေလ့လာသူမ်ားက အမွတ္အသား ျပဳၾကပါတယ္။

လူတစ္ဦးခ်င္း ဒီမိုကေရစီကို အသားေပးတဲ့ ႏိုင္ငံႀကီးဟာ အစၥေရးရဲ႕ အိမ္နီးခ်င္း လက္ဘႏြန္-ေဂ်ာ္ဒန္-အီဂ်စ္တို႔ နဲ႔လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ျမႇင့္တင္ခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္ အေမရိကန္ဟာ ႏိုင္ငံတကာ ဖြံ႕ၿဖိဳး တိုးတက္ေရး အစီအစဥ္မ်ားမွာ စုစုေပါင္း ကန္ေဒၚလာ ၂၅.၄ ဘီလီယံ သုံးစြဲျခင္းျဖင့္ တကမာၻလုံးမွာ အမ်ားဆုံး ျဖစ္လာပါတယ္။ ႏိုင္ငံအလိုက္စုစုေပါင္း ဝင္ေငြအခ်ိဳးအရ အေမရိကန္ရဲ႕ ေထာက္ပံ့မႈဟာ ၀.၁၈ ရာခိုင္ႏႈန္းသာ ရွိတဲ့အတြက္ ခ်မ္းသာအလႉရွင္ႏိုင္ငံမ်ားစာရင္းမွာ နံပါတ္ ၂၂ ျဖစ္တယ္လို႔ ဆိုရမွာပါ။ အျခားတစ္ဖက္မွ ၾကည့္လွ်င္ေတာ့ အေမရိကန္ရဲ႕ ႏိုင္ငံျခားတိုင္းျပည္မ်ားကို လႉဒါန္းမႈမ်ားဟာ အလြန္ရက္ေရာေၾကာင္းေတြ႕ရွိႏိုင္ပါ တယ္။

ပါလက္စတိုင္းတို႔အတြက္ ကိ္ုယ္ပိုင္နယ္ေျမ သတ္မွတ္ေရးကို အစဥ္တစ္စိုက္ ေႂကြးေၾကာ္လွ်က္ရွိတဲ့ အေမရိကန္ဟာ အစၥေရးတို႔က သိမ္းယူခဲ့တဲ့ နယ္ေျမမ်ားမွာ ဂ်ဳးအိမ္ရာမ်ား ထူေထာင္ျခင္းကိုလည္း အမ်ိဳးသားလုံၿခဳံေရး အေၾကာင္းျပၿပီး ေထာက္ခံအားေပးေနပါတယ္။ ဒီအခ်က္ဟာ အေမရိကန္ရဲ႕ အေျပာတစ္မ်ိဳး အလုပ္ တစ္မ်ိဳး လွ်ာႏွစ္ခြမူဝါဒအျဖစ္ ကာလရွည္ ေဝဖန္စရာျဖစ္ေနပါတယ္။

အေမရိကန္ရဲ႕ အျခားထင္ရွားတဲ့ စံႏွစ္ခြ ဆက္ဆံေရးကို ပါကစၥတန္ႏိုင္ငံမွာ ေတြ႕ရပါတယ္။ ကမာၻ႔ေရနံသယ္ပို႔မႈ အခ်က္အခ်ာ အာေရဗ်ပင္လယ္ ၀င္ထြက္ေပါက္မွာ တည္ရွိၿပီး တ႐ုတ္ရဲ႕ အေနာက္ေတာင္ဘက္ အိမ္နီးခ်င္းႏိုင္ငံ ဟာ စစ္ေရး ႏိုင္ငံေရး မဟာဗ်ဴဟာအရ အလြန္အေရးပါပါတယ္။ ၁၉၄၇-ခုႏွစ္ ၿဗိတိသွ်ကိုလိုနီအျဖစ္မွ လြတ္ေျမာက္လာတဲ့ အိႏၵိယတိုက္ငယ္မွ မြတ္စလင္ဘာသာ၀င္အမ်ားစုနယ္ေျမကို သီးျခားခြဲထြက္ျခင္းျဖင့္ ပါကစၥတန္ႏိုင္ငံျဖစ္ေပၚလာခဲ့ပါတယ္။

လူဦးေရ သန္းေပါင္း ၂၄၀ ေက်ာ္ရွိၿပီး ဘာသာေရး အစြဲအလန္းႀကီးမားသူ အစၥလာမ္သာသာ၀င္အမ်ားအျပားေနထိုင္ရာ တိုင္းျပည္ဟာ ဒီမိုကေရစီ ဆႏၵမဲစနစ္ အစိုးရ အုပ္ခ်ဳပ္တယ္ဆိုေပမယ့္ မၾကာခဏ စစ္အာဏာသိမ္းယူခဲ့ဖူးၿပီး စစ္ တပ္ၾသဇာလႊမ္းမိုးတဲ့ ႏိုင္ငံေရးပုံစံရွိပါတယ္။ စစ္အာဏာရွင္မ်ားကို အစဥ္တစိုက္ဆန္႔က်င္ေလ့ရွိတဲ့ အေမရိကန္ဟာ ပါကစၥတန္စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားနဲ႔ ဖက္လဲတကင္းရွိေနၿပီး ေတာင္အာရွႏိုင္ငံဟာ အေမရိကန္ရဲ႕ ေနတိုး အဖြဲ႕၀င္မဟုတ္ေသာ အဓိက မဟာမိတ္ႏိုင္ငံျဖစ္ေနပါတယ္။ စစ္ေအးတိုက္ပြဲကာလ အေမရိကန္ေလတပ္အေျခစိုက္စခန္းကို ပါကစၥတန္က လက္ခံထားခဲ့ၿပီး အျပန္အလွန္အားျဖင့္ ပါကစၥတန္ဗိုလ္ေလာင္းမ်ားကို အေမရိကန္က ေလ့က်င့္ေပးျခင္း စစ္လက္နက္ယႏၲရား ေရာင္းခ်ျခင္းမ်ား ရွိခဲ့ပါတယ္။ ပါကစၥတန္စစ္တပ္မွာ လည္း အေမရိကန္ စစ္အႀကံေပးမ်ား ရွိခဲ့ဖူးပါတယ္။

ေလာေလာဆယ္ ပါကစၥတန္မွာ အေမရိကန္စစ္စခန္းမ်ား မရွိေတာ့ေပမယ့္ ၁၉၉၂-၁၉၉၅-ခုႏွစ္ ေဘာ့စနီးယား စစ္ပြဲနဲ႔ ၂၀၀၁- ၂၀၂၁-ခုႏွစ္ အၾကမ္းဖက္မႈႏွိမ္နင္းေရး ဝါရွင္တန္ရဲ႕ ႏွစ္ ၂၀-ၾကာစစ္ပြဲမွာ အေမရိကန္စစ္ေလ ယာဥ္ေတြဟာ ပါကစၥတန္ေဝဟင္ကို အသုံးျပဳခြင့္ ရရွိခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

ဒုတိယကမာၻစစ္အၿပီး ၁၉၅၀-၁၉၅၃ ခုႏွစ္ ကိုရီးယားစစ္ပြဲနဲ႔ ေလာ၊ ဗီယက္နမ္၊ ကေမာၻဒီးယားမွ ျပင္သစ္တို႔ ဆုတ္ခြာသြားၿပီးေနာက္ ၁၉၄၅- ၁၉၉၁-ခုႏွစ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲမွာ အေမရိကန္စစ္တပ္မ်ား ၀င္ေရာက္ဖက္ခဲ့ ျခင္းဟာ ကြန္ျမဴနစ္ဝါဒႏိုင္ငံမ်ား ပ်ံ႕ႏွံ႔မႈ တားဆီးေရးနဲ႔ အစပ်ိဳးခဲ့ပါတယ္။ ခုေနာက္ပိုင္းမွာေတာ့ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒဟာ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ား၊ အာရွတိုက္အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္း ႏိုင္ငံမ်ားအတြင္း တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို တန္ျပန္ေရး မဟာဗ်ဴဟာမိတ္ဖက္ တည္ေဆာက္ဖို႔ ျဖစ္ေနပါတယ္။

ဒီအတြက္ အေမရိကန္ဟာ ေလွနံဒါးထစ္သတ္မွတ္ခ်က္မထားပဲ သူ႔ရဲ စံႏွစ္မ်ိဳး အစဥ္အလာအတိုင္း ဆက္လက္စြဲကိုင္ဖြယ္ ရွိပါတယ္။ တနည္းအားျဖင့္ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားရဲ႕ ၾသဇာနယ္ပယ္ခ်ဲ႕ထြင္ေရးမွာ ႏိုင္ငံငယ္အမ်ားအျပားဟာ Proxy_Battlefield ကိုယ္စားျပဳ စစ္တလင္းျဖစ္ကိန္း ဆိုက္ရဖြယ္ရွိပါတယ္။

Picture

L Mone

04/01/2024 21:26

ငြင်းချက်ထုတ်ပြီး....လိုင်းမတူရင်..Block..ခြင်းကလည်း...အန္တရာယ်င်းစေပါလိမ့်မယ်....။ရုရှားသာကြည့်တော့...ဗျာ...။ထိုင်းကတရုတ်ကြောက်နေပြီ...သက်ဆင်ကိုသွားဆော်ကားတာကို...တရုတ်က..အသကုန်လိုက်တာ

Related news

© 2021. All rights reserved.