အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ စစ်ပွဲဖြစ်လာမယ်ဆိုရင် ကမ္ဘာ့စုစုပေါင်း ဂျီဒီပီရဲ့ ၁ဝ ရာခိုင်နှုန်းကျော် လျော့နည်း ကျဆင်းဖွယ်ရှိနေ

1217

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁ဝ
အမေရိကန် နဲ့ တရုတ်နိုင်ငံကြားစစ်ရေးအရ ထိပ်တိုပ်တွေ့ဆုံမယ်ဆိုရင် ကမ္ဘာ့စုစုပေါင်း ဂျီဒီပီ တန်ဖိုးဟာ ၁ဝ ဒသမ ၂ ရာခိုင်နှုန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁ဝ ထရီလီယံအထိ လျော့နည်းကျဆင်းသွားဖွယ်ရှိနေကြောင်း၊ Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။
သက်ဆိုင်ရာအဖွဲ့စည်းတွေအနေနဲ့ လက်ရှိအချိန်မှာ ပဋိပက္ခတွေကိုရှောင်ရှားဖို့ လိုအပ်ကြောင်း အဆိုပါ သတင်းဌာနက တိုက်တွန်းထားပါတယ်။
ထိုင်ဝမ်အရေးအပြင် တောင်တရုတ်ပင်လယ်အရေးတို့နဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်တက်နေကြောင်း သိရပါတယ်။ ထိုင်ဝမ်ဟာ အမေရိကန်နိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်လုပ်ဆောင် ထားပြီး အမေရိကန်က ထိုင်ဝမ်ကျွန်းကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်နယ်မြေဖြစ်ပြီး တစ်ချိန်မှာ ပြန်လည်ပေါင်းစည်းနိုင်အောင် လုပ်ဆောင် ဖြစ်ကာ လိုအပ်ရင် အင်အားသုံးမယ်လို့ သတိပေးထားပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းလို ခြင်းမရှိဘဲ ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေရာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေပါတယ်။
ထိုင်ဝမ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားရေးအတွက် အဓိကအရေးပါတဲ့ကျွန်းဖြစ်နေပြီး ကုန်စည်သင်္ဘောတွေ သွားလာတဲ့ အဓိကရေလမ်းကြောင်းမှာ တည်ရှိနေသလို မိုလ်ဘိုင်းဖုန်း၊လက်တော့၊ လေဆာဒီဂရီ နဲ့ ကားတွေ ထုတ်ုလပ်ရာမှာ အဓိက အသုံးပြုရတဲ့ semiconductors ကို အဓိကထုတ်လုပ်နေပါတယ်။
တရုတ်သမ္မတဟာ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းသွားမယ်လို့ မကြာသေးမီက ထပ်မံပြောဆိုခဲ့ပြီး ထိုင်ဝမ်ကလည်း ၎င်းတို့ ဒီမိုကရေစီနဲ့ဖြစ်တည်မှုကို လေးစားမှုမရှိဘူးဆိုရင် တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

Zawgyi Version;
အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ စစ္ပြဲျဖစ္လာမယ္ဆိုရင္ ကမာၻ႔စုစုေပါင္း ဂ်ီဒီပီရဲ႕ ၁ဝ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့နည္း က်ဆင္းဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁ဝ
အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကားစစ္ေရးအရ ထိပ္တိုပ္ေတြ႕ဆုံမယ္ဆိုရင္ ကမာၻ႔စုစုေပါင္း ဂ်ီဒီပီ တန္ဖိုးဟာ ၁ဝ ဒသမ ၂ ရာခိုင္ႏႈန္း ဒါမွမဟုတ္ အေမရိကန္ေဒၚလာ ၁ဝ ထရီလီယံအထိ ေလ်ာ့နည္းက်ဆင္းသြားဖြယ္ရွိေနေၾကာင္း၊ Bloomberg သတင္းဌာနက ေဖာ္ျပထားပါတယ္။
သက္ဆိုင္ရာအဖြဲ႕စည္းေတြအေနနဲ႔ လက္ရွိအခ်ိန္မွာ ပဋိပကၡေတြကိုေရွာင္ရွားဖို႔ လိုအပ္ေၾကာင္း အဆိုပါ သတင္းဌာနက တိုက္တြန္းထားပါတယ္။
ထိုင္ဝမ္အေရးအျပင္ ေတာင္တ႐ုတ္ပင္လယ္အေရးတို႔နဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈ အရွိန္ျမင့္တက္ေနေၾကာင္း သိရပါတယ္။ ထိုင္ဝမ္ဟာ အေမရိကန္ႏိုင္ငံနဲ႔ လုံၿခဳံေရးဆိုင္ရာ မဟာမိတ္လုပ္ေဆာင္ ထားၿပီး အေမရိကန္က ထိုင္ဝမ္ကြၽန္းကို ကာကြယ္ေပးမယ္လို႔ ကတိျပဳထားပါတယ္။
တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ တ႐ုတ္ပိုင္နက္နယ္ေျမျဖစ္ၿပီး တစ္ခ်ိန္မွာ ျပန္လည္ေပါင္းစည္းႏိုင္ေအာင္ လုပ္ေဆာင္ ျဖစ္ကာ လိုအပ္ရင္ အင္အားသုံးမယ္လို႔ သတိေပးထားပါတယ္။ ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ျပန္လည္ေပါင္းစည္းလို ျခင္းမရွိဘဲ ကိုယ္ပိုင္လႊတ္လပ္ေရးရယူဖို႔ ႀကိဳးပမ္းေနရာ ထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြ ရွိေနပါတယ္။
ထိုင္ဝမ္ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔စီးပြားေရးအတြက္ အဓိကအေရးပါတဲ့ကြၽန္းျဖစ္ေနၿပီး ကုန္စည္သေဘၤာေတြ သြားလာတဲ့ အဓိကေရလမ္းေၾကာင္းမွာ တည္ရွိေနသလို မိုလ္ဘိုင္းဖုန္း၊လက္ေတာ့၊ ေလဆာဒီဂရီ နဲ႔ ကားေတြ ထုတ္ုလပ္ရာမွာ အဓိက အသုံးျပဳရတဲ့ semiconductors ကို အဓိကထုတ္လုပ္ေနပါတယ္။
တ႐ုတ္သမၼတဟာ ထိုင္ဝမ္နဲ႔ျပန္လည္ေပါင္းစည္းဖို႔ ႀကိဳးပမ္းသြားမယ္လို႔ မၾကာေသးမီက ထပ္မံေျပာဆိုခဲ့ၿပီး ထိုင္ဝမ္ကလည္း ၎တို႔ ဒီမိုကေရစီနဲ႔ျဖစ္တည္မႈကို ေလးစားမႈမရွိဘူးဆိုရင္ တ႐ုတ္ႏိုင္ငံနဲ႔ ျပန္လည္ေပါင္းစည္းမွာ မဟုတ္ေၾကာင္း ေျပာဆိုထားပါတယ္။