လာမည့် (၂)ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် (၈)ခုတွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ဟု မိုးဇလအသိပေး

4423
စော (NP News) - ဇန်နဝါရီ ၁၁
လာမည့် (၂)ရက်အတွင်း ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီး (၆)ခု နှင့် ပြည်နယ်(၂)ခုတို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇန်နဝါ ရီလ ၁၁ ရက်)၊ နံနက် (၇)နာရီထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးရေးသားထားခြင်းဖြစ်သည်။
“အများကြီးတော့ မလျော့ပါဘူး။ လက်ရှိအနေအထားကနေ တစ်ဒီဂရီ၊ နှစ်ဒီဂရီ လျော့မှာပါ။ တစ်ဒီဂရီ၊ နှစ်ဒီဂရီ လျော့ရင်လည်း အေးတာပဲပေါ့နော်။ ရန်ကုန်တို့၊ ဧရာဝတီတို့ လက်ရှိအေးတာထက် နည်းနည်းလေး အေးလာနိုင်တယ်။ အရမ်းကြီးအအေးပိုလာနိုင်တာတော့မရှိနိုင်ပါဘူး။ မှန်းထားတာတော့ ဇန်နဝါရီလ (၁၅)၊ (၁၆)၊ (၁၇)ရက်အထိတော့ တစ်ပြည်လုံးမှာ အေးနိုင်တယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။
ရန်ကုန်တိုင်း အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လာမည့် (၂)ရက်အတွင်း ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး အမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် အများအားဖြင့် သာယာမည်ဖြစ်ပြီး မန္တလေးမြို့ အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

zawgyi version
လာမည့္ (၂)ရက္အတြင္း ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၈)ခုတြင္ ညအပူခ်ိန္မ်ား အနည္းငယ္ေလ်ာ့နည္းႏိုင္ဟု မိုးဇလအသိေပး
ေစာ (NP News) - ဇန္နဝါရီ ၁၁
လာမည့္ (၂)ရက္အတြင္း ရန္ကုန္တိုင္း အပါအဝင္ တိုင္းေဒသႀကီး (၆)ခု ႏွင့္ ျပည္နယ္(၂)ခုတို႔တြင္ ညအပူခ်ိန္မ်ား အနည္းငယ္ေလ်ာ့နည္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဇန္နဝါ ရီလ ၁၁ ရက္)၊ နံနက္ (၇)နာရီထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးေရးသားထားျခင္းျဖစ္သည္။
“အမ်ားႀကီးေတာ့ မေလ်ာ့ပါဘူး။ လက္ရွိအေနအထားကေန တစ္ဒီဂရီ၊ ႏွစ္ဒီဂရီ ေလ်ာ့မွာပါ။ တစ္ဒီဂရီ၊ ႏွစ္ဒီဂရီ ေလ်ာ့ရင္လည္း ေအးတာပဲေပါ့ေနာ္။ ရန္ကုန္တို႔၊ ဧရာဝတီတို႔ လက္ရွိေအးတာထက္ နည္းနည္းေလး ေအးလာႏိုင္တယ္။ အရမ္းႀကီးအေအးပိုလာႏိုင္တာေတာ့မရွိႏိုင္ပါဘူး။ မွန္းထားတာေတာ့ ဇန္နဝါရီလ (၁၅)၊ (၁၆)၊ (၁၇)ရက္အထိေတာ့ တစ္ျပည္လုံးမွာ ေအးႏိုင္တယ္”ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။
ရန္ကုန္တိုင္း အပါအဝင္ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ မေကြး တိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ လာမည့္ (၂)ရက္အတြင္း ညအပူခ်ိန္မ်ား အနည္းငယ္ေလ်ာ့နည္းႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိၿပီး အျမင့္သည္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၄)ေပမွ (၇)ေပခန႔္ ရွိႏိုင္ေၾကာင္း သိရသည္။
ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕ အနီးတစ္ဝိုက္တြင္ ယေန႔ညေနအထိ ခန႔္မွန္းခ်က္အေနျဖင့္ အမ်ားအားျဖင့္ သာယာမည္ျဖစ္ၿပီး မႏၲေလးၿမိဳ႕ အနီးတစ္ဝိုက္တြင္ တိမ္အသင့္အတင့္ျဖစ္ထြန္းႏိုင္ေၾကာင္း သိရသည္။