မြန်မာသည် နဂါးကြီး၏ ခရိုင်မီးယားဖြစ်ခဲ့ဖူးသလား ၂၁ ရာစု မြန်မာဘိန်းစစ်ပွဲနှင့် ငွေကျည်ဆံ (ဘာသာပြန်ဆောင်းပါး)

 3343

Htay Oung (NP News) - ဇန်နဝါရီ ၁၂

ဘိန်းစစ်ပွဲ Opium Wars 鸦片战争 ဆိုရာမှာ တရုတ်တို့နဲ့ ဂရိတ်ဗြိတိန်တို့အကြား ၁၈၃၉-၁၈၄၂ ခုနှစ် ပထမ အကြိမ်နဲ့၊ ၁၈၅၆-၁၈၆ဝ ပြည့်နှစ် ဒုတိအကြိမ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။

ခေတ်နောက်ကျ အသိပညာနည်းပါး ခေါင်းမာလွန်းလှတဲ့ တရုတ်ဧကရာဇ်လက်ထက် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ လွတ်လပ်စွာကုန်စည်ကူးသန်းခွင့်အတွက် ဗြိတိသျှတို့က စစ်တိုက်ရခြင်းဖြစ်တယ်လို့ အဲဒီအချိန် အနောက်မီဒီယာ မျာ ရေးသားခဲ့ကြတဲ့စစ်ပွဲရဲ့ ဒုတိယအကြိမ်မှာ ပြင်သစ်ကလည်း အင်္ဂလိပ်တို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။

အဲဒီအချိန် အင်အားချိနဲ့ ဆင်းရဲမွဲတေနေတဲ့ တရုတ်ဟာ နှစ်ကြိမ်စလုံးမှာ စစ်ရှုံးပါတယ်။ မျက်မှောက် ခေတ်သစ် တရုတ်နိုင်ငံသမိုင်းတစ်စိတ်တစ်ပိုင်းလို့ ဆိုကြတဲ့ အဲဒီစစ်ပွဲကာလ တရုတ်ပြည်ဟာ ချင်မင်းဆက်လက်ထက်ဖြစ် တယ်ဆိုပေမယ့် ဟန်မျိုးနွယ်အများစု အာရှနိုင်ငံကြီးရဲ့ ဧကရာဇ်ဟာ မန်ချူးလူမျိုးသာဖြစ်ပါတယ်။
နယ်ချဲ့လာတဲ့ မန်ချူး (မွန်ဂို) တို့ကို စစ်ရှုံးခဲ့ရတဲ့ တရုတ်ပြည်မှာ ၁၆၃၆ ခုနှစ်မှ စတင်ပြီး မန်ချူးဘုရင်များသာ စိုးစံလာခဲ့ကြပါတယ်။

တရုတ်ပြည်မှ ပိုးထည်၊ ကြွေထည်၊ လဖက်ခြောက်နဲ့ ငွေသတ္တုတို့ကို ကူးသန်းရောင်းဝယ်နေတဲ့ အင်္ဂလိပ်တို့အတွက် ဘိန်းအရောင်းအဝယ်ပြုလုပ်ခြင်းဟာ အမြတ်အစွန်း အများဆုံးဖြစ်နေပါတယ်။ တရုတ်လူ့အဖွဲ့အစည်းကြီးအတွင်း လူညွန့်တုံးစေတဲ့ဘိန်းရောင်းဝယ်ခြင်းကို တားမြစ်လိုက်ပြီး ကျူးလွန်သူများကို သေဒဏ်ပေးဖို့ အမိန့်ထုတ်လိုက် ခြင်းကြောင့် သိမ်းဆည်းခံ သူတို့ဘိန်းများကို ပြန်ရဖို့ တောင်းဆိုရာမှ စစ်ဖြစ်ပွားရခြင်းဖြစ်ပါတယ်။

အဲဒီအချိန် တရုတ်ပြည်ဟာ နယ်မြေကျယ်ပြန့်ပြီး လူဦးရေအလွန်များပြားသလောက် လယ်ယာမြေပိုင်ဆိုင်မှု အချိုး မညီခြင်း၊ စီးပွားရေးပုံသဏ္ဍာန် မမှန်ကန်ခြင်း လာဘ်စားလွန်းတဲ့ အစိုးရဝန်ထမ်းများကြောင့် ဆင်းရဲ မွဲတေနေပါ တယ်။ စစ်လျော်ကြေး မတန်တဆနဲ့အတူ တောင်ပိုင်းအချုပ်အခြာအာဏာပိုင်နယ်မြေများ ဆုံးရှုံးရခြင်းဟာ ဟန်တရုတ်တို့၏အကြား အမျိုးသားရေးဝါဒ အရှိန်မြင့်တက်လာအောင် ဖန်တီးပေးခဲ့ပါတယ်။

တရုတ်အမျိုးသားရေးဝါဒီတို့ဟာ စစ်အင်အားချိနဲ့ ခေတ်နောက်ကျနေတဲ့ တရုတ်ပြည်မှာ သူ့ကိုယ်သူ ဧကရာဇ် ထင်မှတ်နေတဲ့ မန်ချူးဘုရင်ကို နန်းတွင်းတော်အတွင်း တဝှိုက်မှာသာ သာယာစေပြီး လူထုနဲ့ကင်းကွာအောင် စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီး အဆက်ဖြတ်ခဲ့ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ ပြင်ပထွက်တိုင်း လုံခြုံရေးကို အကြောင်းပြပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန်စစ်သားတွေက တန်းလန်း တန်းလန်းနဲ့ လိုက်ပါနေပါတယ်။ ၁၈၉၄ ခုနှစ်မှာ အတိအလင်း စတင်တော်လှန်ကြပြီး ၁၉၁၁-ခုနှစ်မှာ နောက်ဆုံး မန်ချူးမင်းဆက် နိဂုံးချုပ်သွား ခဲ့ပါတယ်။
ချင်မင်းဆက် ၁၁ ဆက်မြောက် နောက်ဆုံးဘုရင်ဖြစ်တဲ့ “ပုယီ” ဟာ အသက် ၂ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အဲ့ဒီအချိန် ဂျပန်အင်ပါယာ မန်ချုးကိုး ရုပ်သေးပြည်နယ်ကို အုပ်ချုပ်ရပါတယ်။ ၆ နှစ်အရွယ်မှာ ထီးနန်းစွန့်ခဲ့ရ ပေမယ့် ဗိုလ်ချုပ်အချို့ ဧကရာဇ်အဖြစ် ပြန်လည်တင်မြှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် တားမြစ်ထားတဲ့ မြို့တော် အတွင်းမှာသာ ဘုရင်ဖြစ်နေပြီး ၁၉၂၄ ခုနှစ် မြို့တော်မှ နှင်ထုတ်ခံရချိန်ရောက်မှ သူ့ကိုယ်သူ တကယ့်ဘုရင် မဟုတ်မှန်း အသေအချာ သိရှိသွားရပါတယ်။

၁၇ ရာစုအလယ်ပိုင်း နန်ကင်းမှ “ယန်_စစ်မျိုးနွယ်စု” မင်ဒရင်းဘာသာစကားပြော ဟန်တရုတ်တို့ဟာ ယူနန်နယ်အ တွင်း ပြောင်းရွှေ့လာကြပါတယ်။ ၁၈ ရာစုနှစ်မှာ အဲဒီအထဲကအချို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာကြပြီး သီပေါစော်ဘွားနဲ့ ကျိုင်းတုံစော်ဘွားများလက်အောက်မှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ကို ကိုးကန့်လို့ ခေါ်ဝေါ်ကြပြီး မြန်မာတိုင်းရင်းသား ၁၃၀ ကျော်အနက် လူမျိုးစုတစ်စုဖြစ်ပါတယ်။ ပဒေသရာဇ် လက်ထက် နယ်စပ်နယ်နိမိတ်အပြောင်းအလဲများ ဖြစ်ခဲ့ဖူးပေမယ့် သံလွင်အရှေ့ခြမ်း ကိုးကန့်နယ်မြေဟာ မြန်မာ့ အချုပ်အချာနယ်မြေအတွင်းမှာသာ အစဉ်တစိုက် တည်ရှိခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ ပထမဆုံး ဘိန်းစိုက်ပျိုးခြင်း ကူးသန်းရောင်းဝယ်ခြင်းကို စတင်သူဟာ “ကိုးကန့်စစ်မင်းသမီး ဘိန်းဘုရင်မ_အောလစ်_ယန်း” ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မွေးဖွားပြီး လားရှိုးကွန်ဗင့်ကျောင်းထွက် ယောက်ျားလျာတစ်ဦးအဖြစ် လူသိများပါတယ်။

၁၉၄၅ ခုနှစ် စက်တင်ဘာလ အာရှတိုက်မှာ ဂျပန်လက်နက်ချခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပါတယ်။ အဲဒီအချိန် အသက် ၁၉ နှစ်အရွယ် ကိုးကန့်မင်းသမီးဟာ “အောလစ်ရဲ့ကောင်လေးတွေ” လို့ အမည်ရှိတဲ့ လက်နက် ကိုင်တစ်ထောင်ကျော်နဲ့ နယ်စပ်ဘိန်းကုန်သွယ်ရေးကို ထိန်းချုပ်နေပါပြီ။ ကွန်မြူနစ်မော်စီတုံးကို အရေးနိမ့်သွားတဲ့ ချန်ကေရှိတ် ကူမင်တန်စစ်တပ်ဟာ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ ရှမ်းမြောက်ဒေသအတွင်း ဝင်ရောက်လာပြီး ရွှေတြိဂံဒေသ အမေရိကန် စီအိုင်အေ အကူအညီနဲ့ ဘိန်းကုန်သွယ်ရာမှာ ပူးပေါင်းမိသွားပါတယ်။

မြန်မာ ဖဆပလအစိုးရဟာ ရှမ်းမြောက်ဒေသမှ ကူမင်တန်တရုတ်တို့ကို မောင်းထုတ်ရာမှာ အော်လစ်ယန်းအပြင် ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် လောစစ်ဟန်ရဲ့အကူအညီကို ရယူခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှာ အောလစ်ယန်း ဖမ်းဆီးခံရပြီး ၁၉၆၈ ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင် လောစစ်ဟန် (ခေါ်) လိုရှုင်းဟန်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ရှမ်းမြောက် ဗကပများကို တိုက်ထုတ်ရာမှာ ကူညီပေးတဲ့ ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်လာပြီး တစ်ဖက်မှာလည်း ဘိန်းစိုက်ပျိုး ကုန်ကူးခြင်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၇ဝ ပြည့်နှစ် အာရှမူးယစ်ဆေးကမ္ဘာရဲ့ဘုရင်တစ်ဆူဖြစ်လာတဲ့အတွက် ၁၉၇၃ နှစ် ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပေမယ့် ၁၉၈ဝ ပြည့်နှစ်မှာ လွတ်မြောက်လာပြီး စီးပွားရေး ခရိုနီတစ်ဦးဖြစ်လာပါတယ်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက် အရှေ့တောင်နယ်စပ်တလျောက် လက်နက်လူသူ စုရုံးနေတဲ့ ဆန့်ကျင်ရေးအုပ်စုတို့ကို ဗိုလ်ချုပ်မှူးကြီး စောမောင်က လက်ဦးမှု ရယူဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ရှမ်းမြောက် ဒေသ ဗကပတို့မှ ခွဲထွက်လာတဲ့ ဖုန်ကြားရှင်ရဲ့ MNDAA ဟာ ကိုးကန့်ဒေသတစ်ဖြစ်လဲ ရှမ်းပြည်နယ် အမှတ် ၁ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တရုတ် မြန်မာနယ်ခြားဒေသ အေးချမ်းသာယာရေးနဲ့ လုံခြုံရေးကို တာဝန်ယူခဲ့ပါ တယ်။ ကွမ်းလုံအခြေစိုက် စစ်ဗျူဟာအနေနဲ့ အထူးဒေသနဲ့ ရှမ်းပြည်နယ်အခြားအင်အားစုများရဲ့ စစ်ရေးစစ်ရာများ ကို တာဝန်ယူရပြီး အတွင်းရေးကိစ္စများမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။

၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်ချုပ်မှူးကြီး စောမောင် တာဝန်မှ ရုတ်တရက် အနားယူခြင်းနဲ့အတူ အရှေ့တောင် ထိုင်းနယ်စပ် ရန်သူ့စစ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းယူနေတဲ့တပ်မတော်ကို နောက်တန်းသို့ ပြန်လည်ခေါ်ယူ ခဲ့ပါတယ်။ The Nationwide Ceasefire Agreement (NCA) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုရန် အားထုတ်ခြင်းနဲ့အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ၊ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် MNDAA တို့လို ကမ္ဘာသိ လက်နက်ကိုင်မူးယစ်ဆေးကုန်ကူးသူများအပြင် လက်နက် ကိုင်အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာပါတယ်။ ၂ဝဝ၄ ခုနှစ် အမျိုးသားထောက်လှမ်းရေးပျက်ပြားပြီး နောက်ပိုင်း ယခင်နယ်စပ်ဒေသများမှာသာအဖြစ်များတဲ့ ဆန့်ကျင်ရေး အဖျက်အမှောက်တို့ဟာ ပြည်တွင်းမြို့ရွာများအနီး ရောက်ရှိလာခဲ့ပါတယ်။

အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ျမန္မာသည္ နဂါးႀကီး၏ ခ႐ိုင္မီးယားျဖစ္ခဲ့ဖူးသလား ၂၁ ရာစု ျမန္မာဘိန္းစစ္ပြဲႏွင့္ ေငြက်ည္ဆံ (ဘာသာျပန္ေဆာင္းပါး)

Htay Oung (NP News) - ဇန္နဝါရီ ၁၂

ဘိန္းစစ္ပြဲ Opium Wars 鸦片战争 ဆိုရာမွာ တ႐ုတ္တို႔နဲ႔ ဂရိတ္ၿဗိတိန္တို႔အၾကား ၁၈၃၉-၁၈၄၂ ခုႏွစ္ ပထမ အႀကိမ္နဲ႔၊ ၁၈၅၆-၁၈၆ဝ ျပည့္ႏွစ္ ဒုတိအႀကိမ္ ႏွစ္ႀကိမ္တိုင္တိုင္ျဖစ္ပြားခဲ့တဲ့ စစ္ပြဲပါ။

ေခတ္ေနာက္က် အသိပညာနည္းပါး ေခါင္းမာလြန္းလွတဲ့ တ႐ုတ္ဧကရာဇ္လက္ထက္ အေရွ႕အိႏၵိယကုမၸဏီရဲ႕ လြတ္လပ္စြာကုန္စည္ကူးသန္းခြင့္အတြက္ ၿဗိတိသွ်တို႔က စစ္တိုက္ရျခင္းျဖစ္တယ္လို႔ အဲဒီအခ်ိန္ အေနာက္မီဒီယာ မ်ာ ေရးသားခဲ့ၾကတဲ့စစ္ပြဲရဲ႕ ဒုတိယအႀကိမ္မွာ ျပင္သစ္ကလည္း အဂၤလိပ္တို႔နဲ႔အတူ ပါဝင္လာခဲ့ပါတယ္။

အဲဒီအခ်ိန္ အင္အားခ်ိနဲ႔ ဆင္းရဲမြဲေတေနတဲ့ တ႐ုတ္ဟာ ႏွစ္ႀကိမ္စလုံးမွာ စစ္ရႈံးပါတယ္။ မ်က္ေမွာက္ ေခတ္သစ္ တ႐ုတ္ႏိုင္ငံသမိုင္းတစ္စိတ္တစ္ပိုင္းလို႔ ဆိုၾကတဲ့ အဲဒီစစ္ပြဲကာလ တ႐ုတ္ျပည္ဟာ ခ်င္မင္းဆက္လက္ထက္ျဖစ္ တယ္ဆိုေပမယ့္ ဟန္မ်ိဳးႏြယ္အမ်ားစု အာရွႏိုင္ငံႀကီးရဲ႕ ဧကရာဇ္ဟာ မန္ခ်ဴးလူမ်ိဳးသာျဖစ္ပါတယ္။
နယ္ခ်ဲ႕လာတဲ့ မန္ခ်ဴး (မြန္ဂို) တို႔ကို စစ္ရႈံးခဲ့ရတဲ့ တ႐ုတ္ျပည္မွာ ၁၆၃၆ ခုႏွစ္မွ စတင္ၿပီး မန္ခ်ဴးဘုရင္မ်ားသာ စိုးစံလာခဲ့ၾကပါတယ္။

တ႐ုတ္ျပည္မွ ပိုးထည္၊ ေႂကြထည္၊ လဖက္ေျခာက္နဲ႔ ေငြသတၱဳတို႔ကို ကူးသန္းေရာင္းဝယ္ေနတဲ့ အဂၤလိပ္တို႔အတြက္ ဘိန္းအေရာင္းအဝယ္ျပဳလုပ္ျခင္းဟာ အျမတ္အစြန္း အမ်ားဆုံးျဖစ္ေနပါတယ္။ တ႐ုတ္လူ႔အဖြဲ႕အစည္းႀကီးအတြင္း လူၫြန္႔တုံးေစတဲ့ဘိန္းေရာင္း၀ယ္ျခင္းကို တားျမစ္လိုက္ၿပီး က်ဴးလြန္သူမ်ားကို ေသဒဏ္ေပးဖို႔ အမိန္႔ထုတ္လိုက္ ျခင္းေၾကာင့္ သိမ္းဆည္းခံ သူတို႔ဘိန္းမ်ားကို ျပန္ရဖို႔ ေတာင္းဆိုရာမွ စစ္ျဖစ္ပြားရျခင္းျဖစ္ပါတယ္။

အဲဒီအခ်ိန္ တ႐ုတ္ျပည္ဟာ နယ္ေျမက်ယ္ျပန႔္ၿပီး လူဦးေရအလြန္မ်ားျပားသေလာက္ လယ္ယာေျမပိုင္ဆိုင္မႈ အခ်ိဳး မညီျခင္း၊ စီးပြားေရးပုံသ႑ာန္ မမွန္ကန္ျခင္း လာဘ္စားလြန္းတဲ့ အစိုးရဝန္ထမ္းမ်ားေၾကာင့္ ဆင္းရဲ မြဲေတေနပါ တယ္။ စစ္ေလ်ာ္ေၾကး မတန္တဆနဲ႔အတူ ေတာင္ပိုင္းအခ်ဳပ္အျခာအာဏာပိုင္နယ္ေျမမ်ား ဆုံးရႈံးရျခင္းဟာ ဟန္တ႐ုတ္တို႔၏အၾကား အမ်ိဳးသားေရးဝါဒ အရွိန္ျမင့္တက္လာေအာင္ ဖန္တီးေပးခဲ့ပါတယ္။

တ႐ုတ္အမ်ိဳးသားေရးဝါဒီတို႔ဟာ စစ္အင္အားခ်ိနဲ႔ ေခတ္ေနာက္က်ေနတဲ့ တ႐ုတ္ျပည္မွာ သူ႔ကိုယ္သူ ဧကရာဇ္ ထင္မွတ္ေနတဲ့ မန္ခ်ဴးဘုရင္ကို နန္းတြင္းေတာ္အတြင္း တဝႈိက္မွာသာ သာယာေစၿပီး လူထုနဲ႔ကင္းကြာေအာင္ စ္ိတ္ရွည္ရွည္နဲ႔ အခ်ိန္ယူၿပီး အဆက္ျဖတ္ခဲ့ပါတယ္။ လြတ္လပ္စြာ သြားလာခြင့္မရွိဘဲ ျပင္ပထြက္တိုင္း လုံၿခဳံေရးကို အေၾကာင္းျပၿပီး ခ်န္ေကရွိတ္ရဲ႕ ကူမင္တန္စစ္သားေတြက တန္းလန္း တန္းလန္းနဲ႔ လိုက္ပါေနပါတယ္။ ၁၈၉၄ ခုႏွစ္မွာ အတိအလင္း စတင္ေတာ္လွန္ၾကၿပီး ၁၉၁၁-ခုႏွစ္မွာ ေနာက္ဆုံး မန္ခ်ဴးမင္းဆက္ နိဂုံးခ်ဳပ္သြား ခဲ့ပါတယ္။
ခ်င္မင္းဆက္ ၁၁ ဆက္ေျမာက္ ေနာက္ဆုံးဘုရင္ျဖစ္တဲ့ “ပုယီ” ဟာ အသက္ ၂ ႏွစ္အ႐ြယ္မွာ ဘုရင္ျဖစ္လာခဲ့ၿပီး အဲ့ဒီအခ်ိန္ ဂ်ပန္အင္ပါယာ မန္ခ်ဳးကိုး ႐ုပ္ေသးျပည္နယ္ကို အုပ္ခ်ဳပ္ရပါတယ္။ ၆ ႏွစ္အ႐ြယ္မွာ ထီးနန္းစြန္႔ခဲ့ရ ေပမယ့္ ဗိုလ္ခ်ဳပ္အခ်ိဳ႕ ဧကရာဇ္အျဖစ္ ျပန္လည္တင္ေျမႇာက္ခဲ့ၾကပါတယ္။ ဒါေပမယ့္ တားျမစ္ထားတဲ့ ၿမိဳ႕ေတာ္ အတြင္းမွာသာ ဘုရင္ျဖစ္ေနၿပီး ၁၉၂၄ ခုႏွစ္ ၿမိဳ႕ေတာ္မွ ႏွင္ထုတ္ခံရခ်ိန္ေရာက္မွ သူ႔ကိုယ္သူ တကယ့္ဘုရင္ မဟုတ္မွန္း အေသအခ်ာ သိရွိသြားရပါတယ္။

၁၇ ရာစုအလယ္ပိုင္း နန္ကင္းမွ “ယန္_စစ္မ်ိဳးႏြယ္စု” မင္ဒရင္းဘာသာစကားေျပာ ဟန္တ႐ုတ္တို႔ဟာ ယူနန္နယ္အ တြင္း ေျပာင္းေ႐ႊ႕လာၾကပါတယ္။ ၁၈ ရာစုႏွစ္မွာ အဲဒီအထဲကအခ်ိဳ႕ဟာ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္အတြင္း ဝင္ေရာက္လာၾကၿပီး သီေပါေစာ္ဘြားနဲ႔ က်ိဳင္းတုံေစာ္ဘြားမ်ားလက္ေအာက္မွာ ေနထိုင္ခဲ့ၾကပါတယ္။ သူတို႔ကို ကိုးကန္႔လို႔ ေခၚေဝၚၾကၿပီး ျမန္မာတိုင္းရင္းသား ၁၃၀ ေက်ာ္အနက္ လူမ်ိဳးစုတစ္စုျဖစ္ပါတယ္။ ပေဒသရာဇ္ လက္ထက္ နယ္စပ္နယ္နိမိတ္အေျပာင္းအလဲမ်ား ျဖစ္ခဲ့ဖူးေပမယ့္ သံလြင္အေရွ႕ျခမ္း ကိုးကန္႔နယ္ေျမဟာ ျမန္မာ့ အခ်ဳပ္အခ်ာနယ္ေျမအတြင္းမွာသာ အစဥ္တစိုက္ တည္ရွိခဲ့ပါတယ္။

ရွမ္းေျမာက္ေဒသမွာ ပထမဆုံး ဘိန္းစိုက္ပ်ိဳးျခင္း ကူးသန္းေရာင္း၀ယ္ျခင္းကို စတင္သူဟာ “ကိုးကန္႔စစ္မင္းသမီး ဘိန္းဘုရင္မ_ေအာလစ္_ယန္း” ျဖစ္ပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္းမွာ ေမြးဖြားၿပီး လားရႈိးကြန္ဗင့္ေက်ာင္းထြက္ ေယာက္်ားလ်ာတစ္ဦးအျဖစ္ လူသိမ်ားပါတယ္။

၁၉၄၅ ခုႏွစ္ စက္တင္ဘာလ အာရွတိုက္မွာ ဂ်ပန္လက္နက္ခ်ျခင္းျဖင့္ ဒုတိယကမာၻစစ္ ၿပီးဆုံးသြားပါတယ္။ အဲဒီအခ်ိန္ အသက္ ၁၉ ႏွစ္အ႐ြယ္ ကိုးကန္႔မင္းသမီးဟာ “ေအာလစ္ရဲ႕ေကာင္ေလးေတြ” လို႔ အမည္ရွိတဲ့ လက္နက္ ကိုင္တစ္ေထာင္ေက်ာ္နဲ႔ နယ္စပ္ဘိန္းကုန္သြယ္ေရးကို ထိန္းခ်ဳပ္ေနပါၿပီ။ ကြန္ျမဴနစ္ေမာ္စီတုံးကို အေရးနိမ့္သြားတဲ့ ခ်န္ေကရွိတ္ ကူမင္တန္စစ္တပ္ဟာ ၁၉၅ဝ ျပည့္လြန္ႏွစ္မ်ားမွာ ရွမ္းေျမာက္ေဒသအတြင္း ဝင္ေရာက္လာၿပီး ေ႐ႊႀတိဂံေဒသ အေမရိကန္ စီအိုင္ေအ အကူအညီနဲ႔ ဘိန္းကုန္သြယ္ရာမွာ ပူးေပါင္းမိသြားပါတယ္။

ျမန္မာ ဖဆပလအစိုးရဟာ ရွမ္းေျမာက္ေဒသမွ ကူမင္တန္တ႐ုတ္တို႔ကို ေမာင္းထုတ္ရာမွာ ေအာ္လစ္ယန္းအျပင္ ကိုးကန္႔ကာကြယ္ေရးေခါင္းေဆာင္ ေလာစစ္ဟန္ရဲ႕အကူအညီကို ရယူခဲ့ရပါတယ္။ ၁၉၆၂ ခုႏွစ္ အာဏာသိမ္းခ်ိန္မွာ ေအာလစ္ယန္း ဖမ္းဆီးခံရၿပီး ၁၉၆၈ ခုႏွစ္မွာ လြတ္ေျမာက္ခဲ့ပါတယ္။ ျပည္သူ႔စစ္ေခါင္းေဆာင္ ေလာစစ္ဟန္ (ေခၚ) လိုရႈင္းဟန္ကေတာ့ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းရဲ႕ရွမ္းေျမာက္ ဗကပမ်ားကို တိုက္ထုတ္ရာမွာ ကူညီေပးတဲ့ ျပည္သူ႔ စစ္ေခါင္းေဆာင္ျဖစ္လာၿပီး တစ္ဖက္မွာလည္း ဘိန္းစိုက္ပ်ိဳး ကုန္ကူးျခင္းကို အႀကီးအက်ယ္လုပ္ကိုင္ခဲ့ပါတယ္။ ၁၉၇ဝ ျပည့္ႏွစ္ အာရွမူးယစ္ေဆးကမာၻရဲ႕ဘုရင္တစ္ဆူျဖစ္လာတဲ့အတြက္ ၁၉၇၃ ႏွစ္ ထိုင္းႏိုင္ငံက ဖမ္းဆီးၿပီး ျမန္မာႏိုင္ငံကို လႊဲေျပာင္းေပးခဲ့ပါတယ္။ ႏိုင္ငံေတာ္ပုန္ကန္မႈျဖင့္ ေသဒဏ္ခ်မွတ္ခံခဲ့ရေပမယ့္ ၁၉၈ဝ ျပည့္ႏွစ္မွာ လြတ္ေျမာက္လာၿပီး စီးပြားေရး ခ႐ိုနီတစ္ဦးျဖစ္လာပါတယ္။

၁၉၈၈ ခုႏွစ္ ျမန္မာႏိုင္ငံ အာဏာသိမ္းၿပီးေနာက္ အေရွ႕ေတာင္နယ္စပ္တေလ်ာက္ လက္နက္လူသူ စု႐ုံးေနတဲ့ ဆန္႔က်င္ေရးအုပ္စုတို႔ကို ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္က လက္ဦးမႈ ရယူၿဖိဳခြင္းခဲ့ပါတယ္။ ၁၉၈၉ ခုႏွစ္ ရွမ္းေျမာက္ ေဒသ ဗကပတို႔မွ ခြဲထြက္လာတဲ့ ဖုန္ၾကားရွင္ရဲ႕ MNDAA ဟာ ကိုးကန္႔ေဒသတစ္ျဖစ္လဲ ရွမ္းျပည္နယ္ အမွတ္ ၁ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို တ႐ုတ္ ျမန္မာနယ္ျခားေဒသ ေအးခ်မ္းသာယာေရးနဲ႔ လုံၿခဳံေရးကို တာဝန္ယူခဲ့ပါ တယ္။ ကြမ္းလုံအေျခစိုက္ စစ္ဗ်ဴဟာအေနနဲ႔ အထူးေဒသနဲ႔ ရွမ္းျပည္နယ္အျခားအင္အားစုမ်ားရဲ႕ စစ္ေရးစစ္ရာမ်ား ကို တာဝန္ယူရၿပီး အတြင္းေရးကိစၥမ်ားမွာ ဝင္ေရာက္စြက္ဖက္ပိုင္ခြင့္ မရွိပါဘူး။

၁၉၉၂ ခုႏွစ္ ဧၿပီလ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ တာဝန္မွ ႐ုတ္တရက္ အနားယူျခင္းနဲ႔အတူ အေရွ႕ေတာင္ ထိုင္းနယ္စပ္ ရန္သူ႔စစ္စခန္းမ်ားကို တစ္ခုၿပီးတစ္ခု သိမ္းယူေနတဲ့တပ္မေတာ္ကို ေနာက္တန္းသို႔ ျပန္လည္ေခၚယူ ခဲ့ပါတယ္။ The Nationwide Ceasefire Agreement (NCA) တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုရန္ အားထုတ္ျခင္းနဲ႔အတူ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးတပ္ UWSA ၊ ကိုးကန္႔ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္မဟာမိတ္တပ္ MNDAA တို႔လို ကမာၻသိ လက္နက္ကိုင္မူးယစ္ေဆးကုန္ကူးသူမ်ားအျပင္ လက္နက္ ကိုင္အဖြဲ႕သစ္မ်ား ထပ္မံေပၚေပါက္လာပါတယ္။ ၂ဝဝ၄ ခုႏွစ္ အမ်ိဳးသားေထာက္လွမ္းေရးပ်က္ျပားၿပီး ေနာက္ပိုင္း ယခင္နယ္စပ္ေဒသမ်ားမွာသာအျဖစ္မ်ားတဲ့ ဆန္႔က်င္ေရး အဖ်က္အေမွာက္တို႔ဟာ ျပည္တြင္းၿမိဳ႕႐ြာမ်ားအနီး ေရာက္ရွိလာခဲ့ပါတယ္။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.