လျှပ်စစ်တာဝါတိုင်တစ်တိုင်လျှင် ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ

 8837

ယွန်း (NP News) - ဇန်နဝါရီ ၁၃

လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပျမ်းမျှအနေဖြင့် ငွေကျပ်သန်း(၃၀၀)နီးပါး ကုန်ကျလျက်ရှိပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်(၉၀) နီးပါးရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပစ္စည်းခများ အပါအဝင် လုပ်အားခကုန်ကျစရိတ်များ စုစု‌ပေါင်း ပျမ်းမျှတစ်တိုင်လျှင် မြန်မာကျပ်ငွေသန်း(၃၀၀) နီးပါး ကုန်ကျကြောင်း သိရသည်။

ထို့ပြင် အဆိုပါတာဝါတိုင်တစ်တိုင် တည်‌ဆောက်ရန်အတွက် ဖောင်ဒေးရှင်းလောင်းခြင်း(၁၅)ရက်ခန့် ကြာ မြင့်ပြီး တိုင်ဆင်ခြင်း(၄)ရက် နှင့် ကြိုးကြွေသီးတပ်ခြင်း (၁)ရက် စုစုပေါင်းရက်(၂၀)ခန့် ကြာမြင့်ကြောင်း လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

“တာဝါတိုင်ကြီးရဲ့တန်ဖိုးရော အဲဒီမှာတပ်တဲ့ကြိုးကြွေသီးတွေရောအကုန်ပါတယ်။ ပစ္စည်းရော၊ တည်ဆောက်ရေးစရိတ်ပါ အကုန်အပါ ပျမ်းမျှသန်း (၃၀၀)လောက်ကုန်ပါတယ်။ တာဝါတိုင်တွေရဲ့ တန်ချိန်က ပျမ်းမျှတစ်တိုင်ကို (၁၃)တန်၊ (၁၄)တန်လောက်ရှိတယ်။ ပြီးတော့ တပ်ရတဲ့ကြိုးတွေ ကြွေသီးတွေကလည်း ဈေးကြီးတယ်လေ” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဓာတ်အားပို့လွှတ်ရေးလိုင်းများအား (၅၉)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း(၃၉)တိုင် ပြိုလဲပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လျှပ်စစ်တာဝါတိုင်ပေါင်း(၃၃) တိုင် ကျန်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ မိုင်းထောင်ဖောက်ခွဲခံရသည့် လျှပ်စစ်တာဝါတိုင်ပေါင်း (၈၉)တိုင်ရှိပြီး စုစုပေါင်း (၁၁၈)ကြိမ် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္တာဝါတိုင္တစ္တိုင္လွ်င္ ေငြက်ပ္သန္း(၃၀၀) နီးပါးကုန္က်ၿပီး ဖ်က္ဆီးခံခဲ့ရသည့္ တာဝါတိုင္ေပါင္း (၉ဝ)နီးပါးရွိေန

ယြန္း (NP News) - ဇန္နဝါရီ ၁၃

လွ်ပ္စစ္တာဝါတိုင္တစ္တိုင္ တည္ေဆာက္မႈအတြက္ ပ်မ္းမွ်အေနျဖင့္ ေငြက်ပ္သန္း(၃၀၀)နီးပါး ကုန္က်လ်က္ရွိၿပီး ဖ်က္ဆီးခံခဲ့ရသည့္ တာဝါတိုင္(၉၀) နီးပါးရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။

လွ်ပ္စစ္တာဝါတိုင္တစ္တိုင္ တည္ေဆာက္မႈအတြက္ ပစၥည္းခမ်ား အပါအဝင္ လုပ္အားခကုန္က်စရိတ္မ်ား စုစု‌ေပါင္း ပ်မ္းမွ်တစ္တိုင္လွ်င္ ျမန္မာက်ပ္ေငြသန္း(၃၀၀) နီးပါး ကုန္က်ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါတာဝါတိုင္တစ္တိုင္ တည္‌ေဆာက္ရန္အတြက္ ေဖာင္ေဒးရွင္းေလာင္းျခင္း(၁၅)ရက္ခန႔္ ၾကာ ျမင့္ၿပီး တိုင္ဆင္ျခင္း(၄)ရက္ ႏွင့္ ႀကိဳးေႂကြသီးတပ္ျခင္း (၁)ရက္ စုစုေပါင္းရက္(၂၀)ခန႔္ ၾကာျမင့္ေၾကာင္း လွ်ပ္ စစ္စြမ္းအားဝန္ႀကီးဌာနမွ သိရသည္။

“တာဝါတိုင္ႀကီးရဲ႕တန္ဖိုးေရာ အဲဒီမွာတပ္တဲ့ႀကိဳးေႂကြသီးေတြေရာအကုန္ပါတယ္။ ပစၥည္းေရာ၊ တည္ေဆာက္ေရးစရိတ္ပါ အကုန္အပါ ပ်မ္းမွ်သန္း (၃၀၀)ေလာက္ကုန္ပါတယ္။ တာဝါတိုင္ေတြရဲ႕ တန္ခ်ိန္က ပ်မ္းမွ်တစ္တိုင္ကို (၁၃)တန္၊ (၁၄)တန္ေလာက္ရွိတယ္။ ၿပီးေတာ့ တပ္ရတဲ့ႀကိဳးေတြ ေႂကြသီးေတြကလည္း ေဈးႀကီးတယ္ေလ” ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၂၀၂၃ ခုႏွစ္အတြင္း အၾကမ္းဖက္သမားမ်ားအေနျဖင့္ ဓာတ္အားပို႔လႊတ္ေရးလိုင္းမ်ားအား (၅၉)ႀကိမ္ ေဖာက္ခြဲဖ်က္ဆီးခဲ့ၿပီး လွ်ပ္စစ္တာဝါတိုင္ေပါင္း(၃၉)တိုင္ ၿပိဳလဲပ်က္စီးခဲ့ၿပီး ျပင္ဆင္ရန္ လွ်ပ္စစ္တာဝါတိုင္ေပါင္း(၃၃) တိုင္ က်န္ရွိေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလအထိ မိုင္းေထာင္ေဖာက္ခြဲခံရသည့္ လွ်ပ္စစ္တာဝါတိုင္ေပါင္း (၈၉)တိုင္ရွိၿပီး စုစုေပါင္း (၁၁၈)ႀကိမ္ ဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.