ဖုန်းအားသွင်းနေစဉ် ဖုန်းသုံးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိမှု မြစ်ကြီးနားမြို့၌ ဖြစ်ပွား

1385
သန့်ဇင်(NP News) - ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖုန်းအားသွင်းနေစဉ် ဖုန်းအသုံးပြုရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ ည ၈ နာရီခန့်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူနယ်မြေ(၂၃) ခေမာသီရိလမ်းသွယ်(၂၄)ရှိ နေအိမ်တစ်လုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ဖုန်းအားသွင်းနေရင်းနဲ့ ဖုန်းသုံးလို့ ပူပြီးထပေါက်တာပါ။ အဲဒီကနေ မီးလောင်တာပေါ့။ အိမ်တော့မလောင်ပေမဲ့ ဖုန်းသုံးနေတဲ့ လူကတော့ တစ်ကိုယ်လုံးလောင်သွားတာ။ ဖုန်းအမျိုးအစားတော့ ကျွန်တော်တို့လည်း သေချာမသိခဲ့ရဘူး” ဟု မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄၂)နှစ်အရွယ် ဦးမင်းမင်းဦး၌ ခန္ဓာကိုယ်အနှံ့မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက်(၂၅)နှစ်ဝန်းကျင်ရှိ ၎င်း၏ သမီး(၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“သူ့သမီး(၂)ယောက်က မျက်နှာနဲ့လက်တွေမှာ ဒဏ်ရာတွေရတယ်။ မစိုးရိမ်ရပေမဲ့ ဆေးရုံတော့ပို့ခဲ့ရတယ်။ မြစ်ကြီးနားမှာတော့ ခုလိုဖြစ်စဉ်က ပထမဆုံးကြားဖူးတာပါ။ အကြံပြုချင်တာကတော့ ဖုန်းသုံးမယ်ဆို အားသွင်းနေရင်းနဲ့မသုံးဖို့ပါပဲ။ အားသွင်းနေရင်း သုံးမယ်ဆို ဘက်ထရီကအပူလွန်ပြီး ခုလိုဖြစ်တတ်တယ်ဆိုတာလည်း သိထားစေချင်တယ်”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးအား မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဖုန္းအားသြင္းေနစဥ္ ဖုန္းသုံးရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ကာ လူ(၃)ဦးထိခိုက္ဒဏ္ရာရရွိမႈ ျမစ္ႀကီးနားၿမိဳ႕၌ ျဖစ္ပြား
သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၆
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ဖုန္းအားသြင္းေနစဥ္ ဖုန္းအသုံးျပဳရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ကာ လူ(၃)ဦးထိခိုက္ဒဏ္ရာရရွိမႈျဖစ္ပြားခဲ့ေၾကာင္း မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္သည္ ယမန္ေန႔(ဇန္နဝါရီလ ၁၅ ရက္)၊ ည ၈ နာရီခန႔္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူနယ္ေျမ(၂၃) ေခမာသီရိလမ္းသြယ္(၂၄)ရွိ ေနအိမ္တစ္လုံး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္တာက ဖုန္းအားသြင္းေနရင္းနဲ႔ ဖုန္းသုံးလို႔ ပူၿပီးထေပါက္တာပါ။ အဲဒီကေန မီးေလာင္တာေပါ့။ အိမ္ေတာ့မေလာင္ေပမဲ့ ဖုန္းသုံးေနတဲ့ လူကေတာ့ တစ္ကိုယ္လုံးေလာင္သြားတာ။ ဖုန္းအမ်ိဳးအစားေတာ့ ကြၽန္ေတာ္တို႔လည္း ေသခ်ာမသိခဲ့ရဘူး” ဟု မ်ိဳးဆက္သစ္လူမႈ ကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၄၂)ႏွစ္အ႐ြယ္ ဦးမင္းမင္းဦး၌ ခႏၶာကိုယ္အႏွံ႔မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အသက္(၂၅)ႏွစ္ဝန္းက်င္ရွိ ၎၏ သမီး(၂)ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားအနည္းငယ္ရရွိခဲ့ေၾကာင္း သိရသည္။
“သူ႔သမီး(၂)ေယာက္က မ်က္ႏွာနဲ႔လက္ေတြမွာ ဒဏ္ရာေတြရတယ္။ မစိုးရိမ္ရေပမဲ့ ေဆး႐ုံေတာ့ပို႔ခဲ့ရတယ္။ ျမစ္ႀကီးနားမွာေတာ့ ခုလိုျဖစ္စဥ္က ပထမဆုံးၾကားဖူးတာပါ။ အႀကံျပဳခ်င္တာကေတာ့ ဖုန္းသုံးမယ္ဆို အားသြင္းေနရင္းနဲ႔မသုံးဖို႔ပါပဲ။ အားသြင္းေနရင္း သုံးမယ္ဆို ဘက္ထရီကအပူလြန္ၿပီး ခုလိုျဖစ္တတ္တယ္ဆိုတာလည္း သိထားေစခ်င္တယ္”ဟု ၎ကအႀကံျပဳေျပာၾကားထားသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ(၃)ဦးအား မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းမွ ျမစ္ႀကီးနားၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။