ထိုင်း-မြန်မာကြား နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာလေ့လာရေးခရီးစဉ် နှင့် နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတို့ကို ပြုလုပ်မည်

 639

Pika (NP News) - ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသည် ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) နှင့်ပူးပေါင်းကာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာလေ့လာရေးခရီးစဉ် နှင့် နည်းပညာ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတို့ကို ပူးပေါင်းစီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပူးပေါင်းစီစဉ်မှုများကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ(၁၈)ရက် မှ (၂၈)ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါနည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် PM 2.5 ဟု လူသိများသော နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာပြဿနာကိုဖြေရှင်းရာတွင် ထိုင်းအစိုးရ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ် ဧပြီလ(၇)ရက်တွင် လာအို၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာများကိုဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနည်းလမ်းများကို ဆွေးနွေးခဲ့သည့် အစည်းအဝေး အပြီးတွင် အဆိုပါလုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် ကုန်းမြင့်စိုက်ပျိုးရေးစီမံခန့်ခွဲမှုအပြင် မီးလောင်သည့်နေရာများကို စောင့်ကြည့်ရန်အတွက် ဂြိုလ်တု နည်းပညာကို အသုံးပြုခြင်း၊ မြေအသုံးပြုခြင်းဆိုင်ရာအကျိုးကျေးဇူးများနှင့်ပတ်သက်ပြီး အသိပညာနှင့် အတွေ့ အကြုံများကို မြန်မာနိုင်ငံဖက်သို့ မျှဝေပေးရန် အဆင်သင့်ရှိကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။

အဆိုပါနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေး နှင့် ဆက်စပ်သောနယ်ပယ်တွင် လုပ်ကိုင်နေသည့် မြန်မာအရာရှိ(၂ဝ)ဦး နှင့် ထိုင်းအရာရှိ(၁၀)ဦး၊ ထိုင်းနိုင်ငံ ရာသီဥတု ပြောင်းလဲမှုနှင့်သဘာဝပတ်ဝန်းကျင်ဌာနနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများရှိသည့် ထိုင်းသံရုံးနှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PCD)၊ Meteorological Department Geo-Informatics and Space Technology Development Agency (GISTDA)၊Asian Institute of Technology၊Thaicom Public Company Limited နှင့် ထိုင်းကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေရှင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် မကြာမီကာလအတွင်း ထိုင်း နှင့် မြန်မာနိုင်ငံတို့တွင် PM 2.5 ပြဿနာကို လျော့ကျသွားစေမည်ဟု ထိုင်းသံရုံး နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မျှော်လင့်ထားကြောင်း သိရသည်။

Zawgyi Version;
ထိုင္း-ျမန္မာၾကား နယ္စပ္ျဖတ္ေက်ာ္ ေလထုညစ္ညမ္းမႈစီမံခန႔္ခြဲေရးဆိုင္ရာေလ့လာေရးခရီးစဥ္ ႏွင့္ နည္းပညာ ဆိုင္ရာအလုပ္႐ုံေဆြးေႏြးပြဲတို႔ကို ျပဳလုပ္မည္
Pika (NP News) - ဇန္နဝါရီ ၁၇

ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕ရွိ ထိုင္းသံ႐ုံးသည္ ထိုင္းႏိုင္ငံ ေလထုညစ္ညမ္းမႈထိန္းခ်ဳပ္ေရးဌာန (PCD) ႏွင့္ပူးေပါင္းကာ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ ေလထုညစ္ညမ္းမႈစီမံခန႔္ခြဲေရးဆိုင္ရာေလ့လာေရးခရီးစဥ္ ႏွင့္ နည္းပညာ ဆိုင္ရာအလုပ္႐ုံေဆြးေႏြးပြဲတို႔ကို ပူးေပါင္းစီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပူးေပါင္းစီစဥ္မႈမ်ားကို ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလ(၁၈)ရက္ မွ (၂၈)ရက္အထိ ထိုင္းႏိုင္ငံတြင္ ျပဳလုပ္သြားမည္ ျဖစ္သည္။ အဆိုပါနည္းပညာဆိုင္ရာအလုပ္႐ုံေဆြးေႏြးပြဲသည္ PM 2.5 ဟု လူသိမ်ားေသာ နယ္စပ္ျဖတ္ေက်ာ္ ေလထုညစ္ညမ္းမႈစီမံခန႔္ခြဲေရးဆိုင္ရာျပႆနာကိုေျဖရွင္းရာတြင္ ထိုင္းအစိုးရ၏ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းျဖစ္ ေၾကာင္း သိရသည္။

၂ဝ၂၃ ခုႏွစ္ ဧၿပီလ(၇)ရက္တြင္ လာအို၊ ျမန္မာ ႏွင့္ ထိုင္းႏိုင္ငံတို႔ၾကား နယ္စပ္ျဖတ္ေက်ာ္ ေလထုညစ္ညမ္းမႈ ျပႆနာမ်ားကိုေျဖရွင္းရန္အတြက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာနည္းလမ္းမ်ားကို ေဆြးေႏြးခဲ့သည့္ အစည္းအေဝး အၿပီးတြင္ အဆိုပါလုပ္ေဆာင္ခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။

ထို႔အျပင္ ကုန္းျမင့္စိုက္ပ်ိဳးေရးစီမံခန႔္ခြဲမႈအျပင္ မီးေလာင္သည့္ေနရာမ်ားကို ေစာင့္ၾကည့္ရန္အတြက္ ၿဂိဳလ္တု နည္းပညာကို အသုံးျပဳျခင္း၊ ေျမအသုံးျပဳျခင္းဆိုင္ရာအက်ိဳးေက်းဇူးမ်ားႏွင့္ပတ္သက္ၿပီး အသိပညာႏွင့္ အေတြ႕ အႀကဳံမ်ားကို ျမန္မာႏိုင္ငံဖက္သို႔ မွ်ေဝေပးရန္ အဆင္သင့္ရွိေၾကာင္း ထိုင္းအစိုးရက ေျပာၾကားခဲ့သည္။

အဆိုပါနည္းပညာဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲတြင္ ထိုင္း-ျမန္မာနယ္စပ္ရွိ ေလထုညစ္ညမ္းမႈစီမံခန႔္ခြဲေရး ႏွင့္ ဆက္စပ္ေသာနယ္ပယ္တြင္ လုပ္ကိုင္ေနသည့္ ျမန္မာအရာရွိ(၂ဝ)ဦး ႏွင့္ ထိုင္းအရာရွိ(၁၀)ဦး၊ ထိုင္းႏိုင္ငံ ရာသီဥတု ေျပာင္းလဲမႈႏွင့္သဘာဝပတ္ဝန္းက်င္ဌာနႏွင့္ နီးကပ္ေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိသည့္ ထိုင္းသံ႐ုံးႏွင့္ ေလထုညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးဌာန (PCD)၊ Meteorological Department Geo-Informatics and Space Technology Development Agency (GISTDA)၊Asian Institute of Technology၊Thaicom Public Company Limited ႏွင့္ ထိုင္းက်န္းမာေရးျမႇင့္တင္ေရးေဖာင္ေဒရွင္းတို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

နည္းပညာဆိုင္ရာအလုပ္႐ုံေဆြးေႏြးပြဲသည္ မၾကာမီကာလအတြင္း ထိုင္း ႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ PM 2.5 ျပႆနာကို ေလ်ာ့က်သြားေစမည္ဟု ထိုင္းသံ႐ုံး ႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.