မော်လမြိုင်မြို့တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး၍ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ

 1619

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်-ကျိုက္ခမီသွားကားလမ်း တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး၍ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၁ ရက်)၊ ည ၈နာရီ ၅၆မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီ သွားကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုဒုံဘက်ကနေ မော်လမြိုင်ဘက်ကိုမောင်းလာတဲ့ Probox ကားက ဆိုင်ကယ်ကိုရှောင်ရင်းနဲ့ သူနဲ့လားရာတူမောင်းလာတဲ့ သုံးဘီး ကားကို ဝင်တိုက်မိတာ။ တိုက်တဲ့အရှိန်ကလည်းများတော့ သုံးဘီးက လူတွေကအကုန်လွင့်ထွက်သွားပြီး ကလေးတွေဆိုရင် လိုက်ရှာယူရတယ်။ ပြီးတော့ ဆိုင်ကယ်ကိုထပ်ပြီးတိုက်မိတာ”ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် (၃)ဘီးကားပေါ်တွင်လိုက်ပါလာသည့် အသက်(၃၅)နှစ်အရွယ် မမိုးမိုးဝင်း၌ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အားလုံးစုစုပေါင်း(၁၂)ယောက် ဒဏ်ရာရတဲ့အထဲမှာ (၃)ဘီးကားပေါ်က အမျိုးသမီးတစ်ဦးက ယာဉ်တိုက်မှုဖြစ်တော့ လမ်းပေါ်ပြုတ်ကျခဲ့တာ။ အဲဒီအမျိုးသမီးကတော့ ဆုံးသွားတယ်။ ကလေးတစ်ယောက်လည်း သွားတွေအကုန်ကျွတ်သွားပြီး ဒဏ်ရာပြင်း ပြင်းထန်ထန် ရသွားတယ်။ အဲဒီကလေးကလည်း စိုးရိမ်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအသင်း၊ မော်လမြိုင် Rescue လူမူ ကယ် ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မုဒုံကန်ကြီးလူငယ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မိုးစေတနာလူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“မော်လမြိုင်မှာက (၂၀၂၁)ခုနှစ်ကစပြီး ခုလိုယာဉ်တိုက်မှုမျိုး မဖြစ်တာကြာပြီပေါ့နော်။ ယာဉ်တိုက်မှုတွေက အခု(၂၀၂၄)ခုနှစ် နှစ်ဆန်းပိုင်းမှာ နေတိုင်းလိုလိုပြန်ဖြစ်လာတာတွေ တွေ့ရတယ်။ အဲဒါကြောင့် ယာဉ်မောင်းတွေကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့၊ အရှိန်တွေလျှော့မောင်းဖို့နဲ့ မလိုအပ်ဘဲ အပြင်သွားတာတွေမလုပ်ဖို့ပဲ ပြောချင်တယ်”ဟု အထက်ပါလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားသည်။

အလားတူ အဆိုပါနေ့၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ တောင်ဝိုင်းဓာတ်အားခွဲရုံအနီး၊ TTC ကျောင်းလမ်း၌ HIJET ကားတစ်စီး လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့ရာ ကလေးငယ်(၆)ဦးအပါအဝင် လူ(၇)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕တြင္ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံး၍ လူ(၁၁)ဦး ထိခိုက္ဒဏ္ရာရ

သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၂

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေမာ္လၿမိဳင္-က်ိဳကၡမီသြားကားလမ္း တြင္ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံး၍ လူ(၁၁)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၂၁ ရက္)၊ ည ၈နာရီ ၅၆မိနစ္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဂြးကုန္းရပ္ကြက္၊ ေမာ္လၿမိဳင္-က်ိဳကၡမီ သြားကားလမ္းေပၚ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မုဒုံဘက္ကေန ေမာ္လၿမိဳင္ဘက္ကိုေမာင္းလာတဲ့ Probox ကားက ဆိုင္ကယ္ကိုေရွာင္ရင္းနဲ႔ သူနဲ႔လားရာတူေမာင္းလာတဲ့ သုံးဘီး ကားကို ဝင္တိုက္မိတာ။ တိုက္တဲ့အရွိန္ကလည္းမ်ားေတာ့ သုံးဘီးက လူေတြကအကုန္လြင့္ထြက္သြားၿပီး ကေလးေတြဆိုရင္ လိုက္ရွာယူရတယ္။ ၿပီးေတာ့ ဆိုင္ကယ္ကိုထပ္ၿပီးတိုက္မိတာ”ဟု ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ (၃)ဘီးကားေပၚတြင္လိုက္ပါလာသည့္ အသက္(၃၅)ႏွစ္အ႐ြယ္ မမိုးမိုးဝင္း၌ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့သျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္ေနစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အားလုံးစုစုေပါင္း(၁၂)ေယာက္ ဒဏ္ရာရတဲ့အထဲမွာ (၃)ဘီးကားေပၚက အမ်ိဳးသမီးတစ္ဦးက ယာဥ္တိုက္မႈျဖစ္ေတာ့ လမ္းေပၚျပဳတ္က်ခဲ့တာ။ အဲဒီအမ်ိဳးသမီးကေတာ့ ဆုံးသြားတယ္။ ကေလးတစ္ေယာက္လည္း သြားေတြအကုန္ကြၽတ္သြားၿပီး ဒဏ္ရာျပင္း ျပင္းထန္ထန္ ရသြားတယ္။ အဲဒီကေလးကလည္း စိုးရိမ္ရတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအသင္း၊ ေမာ္လၿမိဳင္ Rescue လူမူ ကယ္ ဆယ္ေရးအဖြဲ႕၊ ေ႐ႊနတ္ေတာင္လူမႈကယ္ဆယ္ေရးအဖြဲ႕၊ မုဒုံကန္ႀကီးလူငယ္လူမႈကယ္ဆယ္ေရးအဖြဲ႕ႏွင့္ မိုးေစတနာလူမႈကယ္ဆယ္ေရးအဖြဲ႕တို႔ ပူးေပါင္းကာ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

“ေမာ္လၿမိဳင္မွာက (၂၀၂၁)ခုႏွစ္ကစၿပီး ခုလိုယာဥ္တိုက္မႈမ်ိဳး မျဖစ္တာၾကာၿပီေပါ့ေနာ္။ ယာဥ္တိုက္မႈေတြက အခု(၂၀၂၄)ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ ေနတိုင္းလိုလိုျပန္ျဖစ္လာတာေတြ ေတြ႕ရတယ္။ အဲဒါေၾကာင့္ ယာဥ္ေမာင္းေတြကို ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာဖို႔၊ အရွိန္ေတြေလွ်ာ့ေမာင္းဖို႔နဲ႔ မလိုအပ္ဘဲ အျပင္သြားတာေတြမလုပ္ဖို႔ပဲ ေျပာခ်င္တယ္”ဟု အထက္ပါလူမႈကယ္ဆယ္ေရးအသင္းမွတာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာၾကားသည္။

အလားတူ အဆိုပါေန႔၊ နံနက္ ၁၀နာရီဝန္းက်င္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေတာင္ဝိုင္းဓာတ္အားခြဲ႐ုံအနီး၊ TTC ေက်ာင္းလမ္း၌ HIJET ကားတစ္စီး လမ္းေဘးရွိသစ္ပင္အားဝင္တိုက္မိခဲ့ရာ ကေလးငယ္(၆)ဦးအပါအဝင္ လူ(၇)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.