(၁)လကျော်ကာလအတွင်း အွန်လိုင်းလောင်းကစား ဒိုင်များနှင့် အေးဂျင့်များသုံးစွဲသည့် ဖုန်းနံပါတ်နှင့် ဘဏ်အကောင့် (၉၀၀)နီးပါး ပိတ်သိမ်းထားဟုဆို

2467
ယွန်း (NP News) - ဇန်နဝါရီ ၂၃
(၁)လကျော်ကာလအတွင်း အွန်လိုင်းလောင်းကစား ဆောင်ရွက်နေသော ဒိုင်များနှင့် အေးဂျင့်များ သုံးစွဲနေသည့် ဖုန်းနံပါတ်နှင့် ဘဏ်အကောင့် (၉၀၀) နီးပါး ပိတ်သိမ်းထားပြီး အလားတူကန့်သတ်မှုမျိုးကို စဥ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးညွန့်ဝေ၏ ပြောကြားချက်အရ သိရသည်။

နေပြည်တော်ရှိ Hilton Hotel တွင် ဇန်နဝါရီလ(၂၂)ရက်က ကျင်းပခဲ့သည့် မိုဘိုင်းပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှု တားဆီးရေး အသိပညာပေးဆွေးနွေးပွဲ၌ ရဲမှူးကြီးညွန့်ဝေက အထက်ပါကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီတစ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အွန်လိုင်းလောင်းကစားဆောင်ရွက်နေသည့် ဒိုင်များနှင့် Agent အသုံးပြုသည့် တယ်လီဖုန်းနံပါတ်များနှင့် ဘဏ်အကောင့် စုစုပေါင်း (၈၈၁)ခုကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အွန်လိုင်းလောင်းကစားတွေနဲ့ ပတ်သက်ပြီးတော့ တစ်နေ့ကို (၁၀)မှုနဲ့ (၁၅)မှုကြား SIM Card နံပါတ်တွေ လိုက်ပိတ်နေပါတယ်။ ရှေ့ဆက်ပြီးတော့ တောက်လျှောက်လုပ်သွားမှာပါ”ဟု ရဲမှူးကြီးညွန့်ဝေက ရှင်းလင်းပြောကြားသည်။
အဆိုပါကော်မတီမဖွဲ့စည်းမီကပင် အွန်လိုင်းအသုံးပြုကာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခဲ့သည့် အကောင့်ပိုင်ရှင်ဦးရေ (၃၁၀၀)ကို အရေးယူထား ခဲ့ကာ ကော်မတီဖွဲ့စည်းပြီးနောက် လူပေါင်း(၂၆)ဦးကို ထပ်မံအမှုဖွင့်အရေး ယူထားကြောင်း ၎င်းကပြောသည်။
အလားတူ အွန်လိုင်းပေါ်တွင် မဖွယ်မရာတင်ခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် အခကြေးငွေရယူဆောင်ရွက်နေသည့် အကောင့်များကိုလည်း နေ့စဥ်ရှာဖွေနေပြီး ၎င်းတို့အသုံးပြုနေသည့် ဖုန်းနံပါတ်ပေါင်း(၃၇၁)ခုကို ပိတ်သိမ်းထားနိုင်ခဲ့သည်ဟု သိရသည်။
“လက်ရှိ သူတို့ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းအနှောင့်အနှေးဖြစ်စေဖို့အတွက် ကျွန်တော်တို့က လောလောဆယ်မှာ SIM Card ပိတ်တဲ့ကိစ္စကို ဆောင်ရွက်ခဲ့ပါတယ်။ (၅၀၀၀)ပေး (၁၀၀၀၀)ပေးနဲ့ မှောင်ရိပ်ခိုပြီး လုပ်စားနေတဲ့သူတွေရှိပါတယ်။ အဲဒီ SIM Card တွေကို စဥ်ဆက်မပြတ် ပိတ်သွားမှာဖြစ်ပါတယ်။ နောက်ထပ် SIM Card တစ်ခုထပ်သုံးရင်လည်း ထပ်သုံးတဲ့ SIM Card ကို ပိတ်သိမ်းဦးမှာဖြစ်ပါတယ်”ဟု ရဲမှူးကြီးညွန့်ဝေက ပြော သည်။
ထိုသို့ အရေးယူဆောင်ရွက်မှုများရှိနေသော်လည်း တရားမဝင်အွန်လိုင်းလောင်းကစားများသည် လူမှုကွန်ရက်စာမျက်နှာများထက်တွင် ကြော်ငြာများထည့်သွင်းပြီး ဆော့ကစားသူများ တိုးပွားလာစေရန် ဆွဲဆောင်မှုများ ရှိနေသေးကြောင်း တွေ့ရသည်။

zawgyi version
(၁)လေက်ာ္ကာလအတြင္း အြန္လိုင္းေလာင္းကစား ဒိုင္မ်ားႏွင့္ ေအးဂ်င့္မ်ားသုံးစြဲသည့္ ဖုန္းနံပါတ္ႏွင့္ ဘဏ္အေကာင့္ (၉၀၀)နီးပါး ပိတ္သိမ္းထားဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၂၃
(၁)လေက်ာ္ကာလအတြင္း အြန္လိုင္းေလာင္းကစား ေဆာင္႐ြက္ေနေသာ ဒိုင္မ်ားႏွင့္ ေအးဂ်င့္မ်ား သုံးစြဲေနသည့္ ဖုန္းနံပါတ္ႏွင့္ ဘဏ္အေကာင့္ (၉၀၀) နီးပါး ပိတ္သိမ္းထားၿပီး အလားတူကန႔္သတ္မႈမ်ိဳးကို စဥ္ဆက္မျပတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရဲမႉးႀကီးၫြန႔္ေဝ၏ ေျပာၾကားခ်က္အရ သိရသည္။
ေနျပည္ေတာ္ရွိ Hilton Hotel တြင္ ဇန္နဝါရီလ(၂၂)ရက္က က်င္းပခဲ့သည့္ မိုဘိုင္းေပးေခ်မႈလမ္းေၾကာင္းမ်ားမွတစ္ဆင့္ ေငြေၾကးလိမ္လည္မႈ တားဆီးေရး အသိပညာေပးေဆြးေႏြးပြဲ၌ ရဲမႉးႀကီးၫြန႔္ေဝက အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အင္တာနက္ေပၚတြင္ သတင္းတု၊ သတင္းမွားမ်ားတင္ျခင္း၊ မဖြယ္မရာမ်ားတင္ျခင္း၊ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုျခင္းအေပၚ ဥပေဒေၾကာင္းအရ တားျမစ္အေရးယူေဆာင္႐ြက္ႏိုင္ေရး ေကာ္မတီတစ္ရပ္ကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၿပီးခဲ့သည့္ ဒီဇင္ဘာလတြင္ ဖြဲ႕စည္းၿပီးေနာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ အြန္လိုင္းေလာင္းကစားေဆာင္႐ြက္ေနသည့္ ဒိုင္မ်ားႏွင့္ Agent အသုံးျပဳသည့္ တယ္လီဖုန္းနံပါတ္မ်ားႏွင့္ ဘဏ္အေကာင့္ စုစုေပါင္း (၈၈၁)ခုကို ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အြန္လိုင္းေလာင္းကစားေတြနဲ႔ ပတ္သက္ၿပီးေတာ့ တစ္ေန႔ကို (၁၀)မႈနဲ႔ (၁၅)မႈၾကား SIM Card နံပါတ္ေတြ လိုက္ပိတ္ေနပါတယ္။ ေရွ႕ဆက္ၿပီးေတာ့ ေတာက္ေလွ်ာက္လုပ္သြားမွာပါ”ဟု ရဲမႉးႀကီးၫြန႔္ေဝက ရွင္းလင္းေျပာၾကားသည္။
အဆိုပါေကာ္မတီမဖြဲ႕စည္းမီကပင္ အြန္လိုင္းအသုံးျပဳကာ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုခဲ့သည့္ အေကာင့္ပိုင္ရွင္ဦးေရ (၃၁၀၀)ကို အေရးယူထား ခဲ့ကာ ေကာ္မတီဖြဲ႕စည္းၿပီးေနာက္ လူေပါင္း(၂၆)ဦးကို ထပ္မံအမႈဖြင့္အေရး ယူထားေၾကာင္း ၎ကေျပာသည္။
အလားတူ အြန္လိုင္းေပၚတြင္ မဖြယ္မရာတင္ျခင္း၊ လိင္ပိုင္းဆိုင္ရာကိစၥရပ္မ်ားတြင္ အခေၾကးေငြရယူေဆာင္႐ြက္ေနသည့္ အေကာင့္မ်ားကိုလည္း ေန႔စဥ္ရွာေဖြေနၿပီး ၎တို႔အသုံးျပဳေနသည့္ ဖုန္းနံပါတ္ေပါင္း(၃၇၁)ခုကို ပိတ္သိမ္းထားႏိုင္ခဲ့သည္ဟု သိရသည္။
“လက္ရွိ သူတို႔ေဆာင္႐ြက္ေနတဲ့ စီးပြားေရးလုပ္ငန္းအေႏွာင့္အေႏွးျဖစ္ေစဖို႔အတြက္ ကြၽန္ေတာ္တို႔က ေလာေလာဆယ္မွာ SIM Card ပိတ္တဲ့ကိစၥကို ေဆာင္႐ြက္ခဲ့ပါတယ္။ (၅၀၀၀)ေပး (၁၀၀၀၀)ေပးနဲ႔ ေမွာင္ရိပ္ခိုၿပီး လုပ္စားေနတဲ့သူေတြရွိပါတယ္။ အဲဒီ SIM Card ေတြကို စဥ္ဆက္မျပတ္ ပိတ္သြားမွာျဖစ္ပါတယ္။ ေနာက္ထပ္ SIM Card တစ္ခုထပ္သုံးရင္လည္း ထပ္သုံးတဲ့ SIM Card ကို ပိတ္သိမ္းဦးမွာျဖစ္ပါတယ္”ဟု ရဲမႉးႀကီးၫြန႔္ေဝက ေျပာ သည္။
ထိုသို႔ အေရးယူေဆာင္႐ြက္မႈမ်ားရွိေနေသာ္လည္း တရားမဝင္အြန္လိုင္းေလာင္းကစားမ်ားသည္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ေၾကာ္ျငာမ်ားထည့္သြင္းၿပီး ေဆာ့ကစားသူမ်ား တိုးပြားလာေစရန္ ဆြဲေဆာင္မႈမ်ား ရွိေနေသးေၾကာင္း ေတြ႕ရသည္။