ကုလသမဂ္ဂ၏ ချစ်ဖွယ်-ညစ်ကျယ်ရုံးနှင့် မြန်မာနိုင်ငံ (ဘာသာပြန်ဆောင်းပါး)

 1185

ကုလသမဂ္ဂ၏ ချစ်ဖွယ်-ညစ်ကျယ်ရုံးနှင့် မြန်မာနိုင်ငံ (ဘာသာပြန်ဆောင်းပါး)
Htay Oung (NP News) - ဇန်နဝါရီ ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီများ (မူရင်းသတင်း ရိုဟင်ဂျာဟုဖော်ပြ)၊ လက်ခံထားတဲ့ အိမ်ရှင်အသိုင်းအဝိုင်းများနဲ့အတူ ရပ်တည်ညီညွတ်ကြရန် နဲ့ ရန်ပုံငွေများကို တိုးမြှင့်ထည့်ဝင်ကြဖို့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက တောင်းဆိုလိုက်ကြောင်း ဒါကာထရီဗြွန်းသတင်းစာက ဇန်နဝါရီလ ၂၃ ရက်က ရေးသားခဲ့ ပါတယ်။

“ကျွန်တော်တို့ရဲ့ရပ်တည်ထောက်ခံမှုကို ဒုက္ခသည်တွေက လိုအပ်သလို အိမ်ရှင်အသိုင်းအဝိုင်းကလည်း လိုအပ် ကြောင်း။ အဲဒီအားလုံးအတွက် ရန်ပုံငွေ တိုးမြှင့်ထည့်၀င်ကြရပါလိမ့်မယ်” လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က တနင်္လာနေ့ ဇန်နဝါရီလ ၂၂ ရက်က နယူးယောက်မှာ ပြုလုပ်တဲ့ ပုံမှန်မီဒီယာတွေ့ဆုံပွဲမှာ သတင်းထောက်တွေကို ပြောပြပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး နေရပ်ပြန်ရတာမျိုး ဘယ်သူတစ်ဦးတစ်ယောက်မှ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ (ဒုက္ခသည် တစ်ဦးချင်းစီရဲ့) ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို အရှည်သဖြင့် ကာကွယ်စောင့်ရှောက်တဲ့ နည်းလမ်းမျိုး နဲ့ သူတို့တွေရဲ့ဆန္ဒအလျောက် လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း၊ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေဟာ လိုအပ်တဲ့အချက်အလက်တွေနဲ့မကိုက်ညီဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြောင်း၊ အထွေထွေအတွင်းရေးမှူးကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကော့ခ်ဘဇားရှိ ဒုက္ခသည်တို့ကို ကြည်ဖြူရက်ရောစွာ လက်သင့်ခံဆောင်ရွက်ပေးနေတဲ့ အဲဒီအသိုင်းအဝိုင်းများအတွက် နိုင်ငံတကာရပ်တည်ထောက်ခံမှု တိုးမြင့်ပေးရန် ဖြစ်လာကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ ပြန်လည်ရွေးကောက်တင်မြှောက်ခံရချိန်မှာ အစိုးရ (သို့မဟုတ်) ပြည်နယ်များအကြီးအကဲများထံ စာရေးသားပေးပို့ခဲ့ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့သဘောထားကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ ယခင်ပြောကြားချက်များအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေတယ်လို့ ဒီနေရာမှာ မှတ်ချက်ပေးလိုကြောင်း အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်တွေကို ပြောပြပါတယ်။
(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ဟာ ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၈/၁၄၈ အရ ဖွဲ့စည်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရုံးစိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ ၅၃ နိုင်ငံကို ဂျူရီအဖွဲ့အဖြစ် ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီ ECOSOC က ရွေးချယ်တင်မြှောက်ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမှာ OHCHR လို မဟာမင်းကြီးအဆင့် ၂၇ ဦးရှိပြီး လူ့အခွင့်ရေးရုံးဟာ ဒေသန္တရ ရုံးခွဲများစွာ ဖွင့်လှစ် ထားပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြော်ငြာစာတမ်းအရ အသက်ရှင်သန်ပိုင်ခွင့်နဲ့ လွတ်မြောက်ခွင့်၊ ကျွန်ပြုခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်၊ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်၊ အလုပ်လုပ်ပိုင်ခွင့်နဲ့ ပညာသင်ကြားခွင့်တို့ကို လူတိုင်း ခွဲခြားမှုမရှိ ခံစားခွင့်ရရှိရေးအတွက် နိုင်ငံအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများနဲ့ အမြဲလိုလိုတွေ့ဆုံပြီး လူ့အခွင့်အရေး စံနှုန်းများ ကို အများပြည်သူသိရှိရေး ဆောင်ရွက်ပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့တာဝန်အရှိဆုံး အဖွဲ့ကြီးဖြစ်ပေမယ့် မဟာမင်းကြီးကိုယ်တိုင် သာမက ဂျူရီအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ဆိုးရွားတဲ့လူ့အခွင့်အရေးမှတ်တမ်းများကြောင့် အကြိမ်ကြိမ် ဝေဖန်ခံရတဲ့ အတွက် ၂ဝဝ၆ ခုနှစ်မှာ စည်းမျဉ်းသစ်များနဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးကောင်စီ HRC လို့ အမှတ်အသားပြုခဲ့ကြပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးပေတံတစ်ချောင်းတည်းနဲ့ အရာရာကို တိုင်းထွာနေသူများ၊ နိုင်ငံအစိုးရတို့ကို ထိုးနှက် တိုက်ခိုက်တဲ့ ညစ်ပုတ်ကပ်ကျယ်အဖွဲ့အစည်းအဖြစ် လူသိများပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တစ်ခါမှ အပြုသဘောအကောင်းပြော မခံခဲ့ရဖူးပါ။
OHCHR နဲ့ နာမည်ဆင်တူရိုး မှားဖြစ်ပြီး မကြာခဏ မှားယွင်းပြောဆိုမိတဲ့အဖွဲ့အစည်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာပဲ ရုံးစိုက်တဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဖြစ်ပါတယ်။

OHCHR ရဲ့လက်ရှိ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးမှာ သြစတြီးယားနိုင်ငံသား ဗော်လကာ _တပ်ခ်ဖြစ်ပြီး၊ ဒုက္ခသည်များရေးရာ UNHCR မဟာမင်းကြီးကတော့ အီတလီနိုင်ငံသား ဖိလစ်ပို_ဂရင်းဒီဖြစ်ပါတယ်။ အတိုကောက်မှတ်လိုသူများအတွက် “ကုလသမဂ္ဂရဲ့_ချစ်ဖွယ်နဲ့ ညစ်ကျယ်ရုံးများ” လို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ပြောရရင် ၂ဝ၂၃ ခုနှစ် ချစ်ဖွယ်ရုံးရဲ့ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းလုံးမှာ ဒုက္ခသည် ပေါင်း ၃၅.၃ သန်း၊ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာနေထိုင်ရသူ သန်း ၁၁ဝ ကျော် ရှိပါသတဲ့။ မဖြစ်မနေ ပြန်လည်နေရာချထားပေးဖို့ လိုအပ်နေသူ ဒုက္ခသည် ၂ သန်းကျော်ရှိနေပြီး ယခင်နှစ်ထက်စာလျှင် ၃၆ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ပါသတဲ့။ ကမ္ဘာ့ဘဏ်ရဲ့ ၂ဝ၂၂ ခုနှစ် တွက်ချက်မှုအရ ၂ဝ၂၃ ခုနှစ် လူဦးရေ ၅၇ သန်းရှိတဲ့ မြန်မာ နိုင်ငံမှာ ဒုက္ခသည် (သို့မဟုတ်) ဒုက္ခသည်နည်းတူ ကျောတစ်ခင်းစာရရှိဖို့အရေး ရှာဖွေသူပေါင်း ၁.၃၅ သန်း ရှိနေပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေး ပြည်တွင်းရွှေ့ပြောင်း နေထိုင်ရသူ ၂.၃ သန်း ရှိပြီး မြန်မာနိုင်ငံမှာ လူ ၁ဝဝ လျှင် ၂ ယောက်ကျော်ဟာ ဆင်းရဲဒုက္ခကြီးစွာ ရင်ဆိုင်နေရပါတယ်။ အဲဒီမှာ မိန်းမ နှင့် အမျိုးသမီးငယ် ၅ဝ ရာခိုင်နှုန်း၊ ကလေးငယ် ၄၉ ရာခိုင်နှုန်း ရှိပါသတဲ့။
ဆိုလိုတာ ဒုက္ခသည်ဖြစ်နေတဲ့ ကျန် ၁ ရာခိုင်နှုန်းဟာ အိုမင်းမစွမ်း အဘိုးကြီးဖြစ်ပါလိမ့်မယ်။ အရွယ်ကောင်း ယောက်ျားများကတော့ နိုင်ငံအနှံ့စစ်မြေပြင်မှာ လက်နက်မျိုးစုံ စွဲကိုင်ပြီး “မြန်မာ့သတ္တိ ကမ္ဘာက သိအောင်၊ ငါတို့ တိုက်နေကြ” ပုံရပါတယ်။
ယမန်နေ့ ကျွန်တော်တစ်ဦးတည်းရဲ့တွက်ချက်မှုအရ ဗမာနဲ့ အခြားတိုင်းရင်းသား အဝင်မခံဘဲ မြန်မာ့ဘာသာရေးနဲ့ ယဉ်ကျေးမှုလက်ရာများကို အစဖျောက်နေတဲ့ MNDAA ကြီးစိုးရာ သံလွင်အရှေ့ခြမ်း ကိုးကန့်နဲ့ ဝဒေသအပြင် ပလောင် TNLA နဲ့ ရှမ်း RCSS/ SSA တို့ ထိန်းချုပ်ရာ ရှမ်းမြောက်အနောက်ခြမ်းမှာ ကချင် KIA က လည်း နယ်မြေ သိမ်းယူမှုများ တိုးမြင့်လာပါတယ်။
မြစ်ကြီးနား ကွက်ကွက်လေးကလွဲရင် လက်နက်ကိုင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ဟာ တစ်ဆက်တည်းနီးပါး ချိတ်ဆက်ဖြစ်လုနီးရှိပြီး ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အထက်ပိုင်း မြို့အတော်များများနဲ့အတူ ဧရိယာအကျယ်အ၀န်းမှ သုံးပုံတစ်ပုံနီးပါး ပဲ့ထွက်သွားပြီဖြစ်ကြောင်း သတိပြုမိပါတယ်။ အစိုးရမှာလည်း ကရင်၊ ကယား၊ ကိုးကန့်၊ ပလောင်တို့က အသီးသီး တစ်ဖွဲ့စီ၊ NUG, နစက နှင့်ပေါင်းလျှင် အစိုးရ ၆ ဖွဲ့ပြူးအထိ ကမ္ဘာ့စံချိန်သစ် တင်လာပါတယ်။ နောက်ထပ်လည်း အစိုးရသစ်များ ဆက်လက်ထွန်းပေါ်ဖွယ်ရှိနေပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံလို့ တစ်ချိန်က ခေါ်ဆိုခဲ့ဖူးတဲ့တိုင်းပြည်အတွင်း ကုလသမဂ္ဂချစ်ဖွယ်ရုံးရဲ့ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေဟာ လာမည့်လ အနည်းငယ်အတွင်း ယခုထက် အဆပေါင်းများစွာ တိုးမြင့် လာဖွယ်ရှိနေပါတယ်။ ။သတင်းဘာသာပြန်သူ)

#ဒုက္ခသည်ဘင်္ဂလီများ_ဆန္ဒအလျောက်နေရပ်ပြန်ရေး #အန်တိုနီယို_ဂူတာရက်စ် #OHCHR #UNHCR
#ကုလသမဂ္ဂ_လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး #ကုလသမဂ္ဂ_ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး
(Dhaka Tribune., 23 January 2024,” UN stresses voluntary Rohingya repatriation, calls for increased funding” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ကုလသမဂၢ၏ ခ်စ္ဖြယ္-ညစ္က်ယ္႐ုံးႏွင့္ ျမန္မာႏိုင္ငံ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၂၅

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ခ္ဘဇားေရာက္ ဒုကၡသည္ဘဂၤါလီမ်ား (မူရင္းသတင္း ႐ိုဟင္ဂ်ာဟုေဖာ္ျပ)၊ လက္ခံထားတဲ့ အိမ္ရွင္အသိုင္းအဝိုင္းမ်ားနဲ႔အတူ ရပ္တည္ညီၫြတ္ၾကရန္ နဲ႔ ရန္ပုံေငြမ်ားကို တိုးျမႇင့္ထည့္ဝင္ၾကဖို႔ ကမာၻ႔ ကုလသမဂၢအဖြဲ႕ႀကီးက ေတာင္းဆိုလိုက္ေၾကာင္း ဒါကာထရီႁဗြန္းသတင္းစာက ဇန္နဝါရီလ ၂၃ ရက္က ေရးသားခဲ့ ပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ရပ္တည္ေထာက္ခံမႈကို ဒုကၡသည္ေတြက လိုအပ္သလို အိမ္ရွင္အသိုင္းအဝိုင္းကလည္း လိုအပ္ ေၾကာင္း။ အဲဒီအားလုံးအတြက္ ရန္ပုံေငြ တိုးျမႇင့္ထည့္၀င္ၾကရပါလိမ့္မယ္” လို႔ ကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ စတီဖန္ ဒူဂ်ာရစ္က တနလၤာေန႔ ဇန္နဝါရီလ ၂၂ ရက္က နယူးေယာက္မွာ ျပဳလုပ္တဲ့ ပုံမွန္မီဒီယာေတြ႕ဆုံပြဲမွာ သတင္းေထာက္ေတြကို ေျပာျပပါတယ္။

ဒါေပမယ့္ ဒုကၡသည္ေတြရဲ႕ဆႏၵကို ဆန္႔က်င္ၿပီး ေနရပ္ျပန္ရတာမ်ိဳး ဘယ္သူတစ္ဦးတစ္ေယာက္မွ မျဖစ္သင့္ဘူးလို႔ ဆိုပါတယ္။ (ဒုကၡသည္ တစ္ဦးခ်င္းစီရဲ႕) ဂုဏ္သိကၡာနဲ႔ လုံၿခဳံေရးကို အရွည္သျဖင့္ ကာကြယ္ေစာင့္ေရွာက္တဲ့ နည္းလမ္းမ်ိဳး နဲ႔ သူတို႔ေတြရဲ႕ဆႏၵအေလ်ာက္ လုပ္ေဆာင္ေပးဖို႔ လိုအပ္ေၾကာင္း၊ ဒီေနရာမွာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ အေျခအေနေတြဟာ လိုအပ္တဲ့အခ်က္အလက္ေတြနဲ႔မကိုက္ညီဘူးဆိုတာ ရွင္းရွင္းလင္းလင္း သိျမင္ႏိုင္ေၾကာင္း၊ အေထြေထြအတြင္းေရးမႉးကိုယ္တိုင္သြားေရာက္ခဲ့တဲ့ ေကာ့ခ္ဘဇားရွိ ဒုကၡသည္တို႔ကို ၾကည္ျဖဴရက္ေရာစြာ လက္သင့္ခံေဆာင္႐ြက္ေပးေနတဲ့ အဲဒီအသိုင္းအဝိုင္းမ်ားအတြက္ ႏိုင္ငံတကာရပ္တည္ေထာက္ခံမႈ တိုးျမင့္ေပးရန္ ျဖစ္လာေၾကာင္း၊ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ဟာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာနဲ႔ ျပန္လည္ေ႐ြးေကာက္တင္ေျမႇာက္ခံရခ်ိန္မွာ အစိုးရ (သို႔မဟုတ္) ျပည္နယ္မ်ားအႀကီးအကဲမ်ားထံ စာေရးသားေပးပို႔ခဲ့ေၾကာင္း၊ ကမာၻ႔ကုလသမဂၢအဖြဲ႕ႀကီးရဲ႕သေဘာထားကေတာ့ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံး OHCHR ရဲ႕ ယခင္ေျပာၾကားခ်က္မ်ားအတိုင္း အေျပာင္းအလဲမရွိ ဆက္လက္ရပ္တည္ေနတယ္လို႔ ဒီေနရာမွာ မွတ္ခ်က္ေပးလိုေၾကာင္း အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ က သတင္းေထာက္ေတြကို ေျပာျပပါတယ္။
(ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံး (OHCHR) ဟာ ၁၉၉ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ ကုလသမဂၢ အေထြေထြညီလာခံ ဆုံးျဖတ္ခ်က္အမွတ္ ၄၈/၁၄၈ အရ ဖြဲ႕စည္းခဲ့ၿပီး ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ ႐ုံးစိုက္ပါတယ္။ ကုလသမဂၢအဖြဲ႕ဝင္ ၁၉၃ ႏိုင္ငံမွ ၅၃ ႏိုင္ငံကို ဂ်ဴရီအဖြဲ႕အျဖစ္ ကုလသမဂၢစီးပြားေရးနဲ႔ လူမႈေရးေကာင္စီ ECOSOC က ေ႐ြးခ်ယ္တင္ေျမႇာက္ထားပါတယ္။

ကမာၻ႔ကုလသမဂၢမွာ OHCHR လို မဟာမင္းႀကီးအဆင့္ ၂၇ ဦးရွိၿပီး လူ႔အခြင့္ေရး႐ုံးဟာ ေဒသႏၲရ ႐ုံးခြဲမ်ားစြာ ဖြင့္လွစ္ ထားပါတယ္။ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကာ္ျငာစာတမ္းအရ အသက္ရွင္သန္ပိုင္ခြင့္နဲ႔ လြတ္ေျမာက္ခြင့္၊ ကြၽန္ျပဳျခင္းနဲ႔ ညႇင္းပန္းႏွိပ္စက္ျခင္းမွ ကင္းလြတ္ခြင့္၊ လြတ္လပ္စြာ ထင္ျမင္ယူဆခြင့္နဲ႔ ထုတ္ေဖာ္ေျပာဆိုခြင့္၊ အလုပ္လုပ္ပိုင္ခြင့္နဲ႔ ပညာသင္ၾကားခြင့္တို႔ကို လူတိုင္း ခြဲျခားမႈမရွိ ခံစားခြင့္ရရွိေရးအတြက္ ႏိုင္ငံအစိုးရမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ပညာေရးဆိုင္ရာအဖြဲ႕အစည္းမ်ားနဲ႔ အၿမဲလိုလိုေတြ႕ဆုံၿပီး လူ႔အခြင့္အေရး စံႏႈန္းမ်ား ကို အမ်ားျပည္သူသိရွိေရး ေဆာင္႐ြက္ပါတယ္။

လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢအဖြဲ႕ႀကီးရဲ႕တာဝန္အရွိဆုံး အဖြဲ႕ႀကီးျဖစ္ေပမယ့္ မဟာမင္းႀကီးကိုယ္တိုင္ သာမက ဂ်ဴရီအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ရဲ႕ဆိုး႐ြားတဲ့လူ႔အခြင့္အေရးမွတ္တမ္းမ်ားေၾကာင့္ အႀကိမ္ႀကိမ္ ေဝဖန္ခံရတဲ့ အတြက္ ၂ဝဝ၆ ခုႏွစ္မွာ စည္းမ်ဥ္းသစ္မ်ားနဲ႔ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ၿပီး လူ႔အခြင့္အေရးေကာင္စီ HRC လို႔ အမွတ္အသားျပဳခဲ့ၾကပါတယ္။

ဒါေပမယ့္ လူ႔အခြင့္အေရးေပတံတစ္ေခ်ာင္းတည္းနဲ႔ အရာရာကို တိုင္းထြာေနသူမ်ား၊ ႏိုင္ငံအစိုးရတို႔ကို ထိုးႏွက္ တိုက္ခိုက္တဲ့ ညစ္ပုတ္ကပ္က်ယ္အဖြဲ႕အစည္းအျဖစ္ လူသိမ်ားပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ တစ္ခါမွ အျပဳသေဘာအေကာင္းေျပာ မခံခဲ့ရဖူးပါ။
OHCHR နဲ႔ နာမည္ဆင္တူ႐ိုး မွားျဖစ္ၿပီး မၾကာခဏ မွားယြင္းေျပာဆိုမိတဲ့အဖြဲ႕အစည္းက ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာ ၿမိဳ႕မွာပဲ ႐ုံးစိုက္တဲ့ UNHCR ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးျဖစ္ပါတယ္။

OHCHR ရဲ႕လက္ရွိ လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီးမွာ ၾသစႀတီးယားႏိုင္ငံသား ေဗာ္လကာ _တပ္ခ္ျဖစ္ၿပီး၊ ဒုကၡသည္မ်ားေရးရာ UNHCR မဟာမင္းႀကီးကေတာ့ အီတလီႏိုင္ငံသား ဖိလစ္ပို_ဂရင္းဒီျဖစ္ပါတယ္။ အတိုေကာက္မွတ္လိုသူမ်ားအတြက္ “ကုလသမဂၢရဲ႕_ခ်စ္ဖြယ္နဲ႔ ညစ္က်ယ္႐ုံးမ်ား” လို႔ ေျပာႏိုင္ပါတယ္။

ဒီေနရာမွာ စကားစပ္မိလို႔ေျပာရရင္ ၂ဝ၂၃ ခုႏွစ္ ခ်စ္ဖြယ္႐ုံးရဲ႕ခန္႔မွန္းခ်က္အရ ကမာၻတစ္ဝန္းလုံးမွာ ဒုကၡသည္ ေပါင္း ၃၅.၃ သန္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိုးအိမ္စြန္႔ခြာေနထိုင္ရသူ သန္း ၁၁ဝ ေက်ာ္ ရွိပါသတဲ့။ မျဖစ္မေန ျပန္လည္ေနရာခ်ထားေပးဖို႔ လိုအပ္ေနသူ ဒုကၡသည္ ၂ သန္းေက်ာ္ရွိေနၿပီး ယခင္ႏွစ္ထက္စာလွ်င္ ၃၆ ရာခိုင္ႏႈန္း တိုးလာျခင္းျဖစ္ပါသတဲ့။ ကမာၻ႔ဘဏ္ရဲ႕ ၂ဝ၂၂ ခုႏွစ္ တြက္ခ်က္မႈအရ ၂ဝ၂၃ ခုႏွစ္ လူဦးေရ ၅၇ သန္းရွိတဲ့ ျမန္မာ ႏိုင္ငံမွာ ဒုကၡသည္ (သို႔မဟုတ္) ဒုကၡသည္နည္းတူ ေက်ာတစ္ခင္းစာရရွိဖို႔အေရး ရွာေဖြသူေပါင္း ၁.၃၅ သန္း ရွိေနပါတယ္။ အိုးအိမ္စြန္႔ခြာထြက္ေျပး ျပည္တြင္းေ႐ႊ႕ေျပာင္း ေနထိုင္ရသူ ၂.၃ သန္း ရွိၿပီး ျမန္မာႏိုင္ငံမွာ လူ ၁ဝဝ လွ်င္ ၂ ေယာက္ေက်ာ္ဟာ ဆင္းရဲဒုကၡႀကီးစြာ ရင္ဆိုင္ေနရပါတယ္။ အဲဒီမွာ မိန္းမ ႏွင့္ အမ်ိဳးသမီးငယ္ ၅ဝ ရာခိုင္ႏႈန္း၊ ကေလးငယ္ ၄၉ ရာခိုင္ႏႈန္း ရွိပါသတဲ့။
ဆိုလိုတာ ဒုကၡသည္ျဖစ္ေနတဲ့ က်န္ ၁ ရာခိုင္ႏႈန္းဟာ အိုမင္းမစြမ္း အဘိုးႀကီးျဖစ္ပါလိမ့္မယ္။ အ႐ြယ္ေကာင္း ေယာက္်ားမ်ားကေတာ့ ႏိုင္ငံအႏွံ႔စစ္ေျမျပင္မွာ လက္နက္မ်ိဳးစုံ စြဲကိုင္ၿပီး “ျမန္မာ့သတၱိ ကမာၻက သိေအာင္၊ ငါတို႔ တိုက္ေနၾက” ပုံရပါတယ္။
ယမန္ေန႔ ကြၽန္ေတာ္တစ္ဦးတည္းရဲ႕တြက္ခ်က္မႈအရ ဗမာနဲ႔ အျခားတိုင္းရင္းသား အဝင္မခံဘဲ ျမန္မာ့ဘာသာေရးနဲ႔ ယဥ္ေက်းမႈလက္ရာမ်ားကို အစေဖ်ာက္ေနတဲ့ MNDAA ႀကီးစိုးရာ သံလြင္အေရွ႕ျခမ္း ကိုးကန္႔နဲ႔ ဝေဒသအျပင္ ပေလာင္ TNLA နဲ႔ ရွမ္း RCSS/ SSA တို႔ ထိန္းခ်ဳပ္ရာ ရွမ္းေျမာက္အေနာက္ျခမ္းမွာ ကခ်င္ KIA က လည္း နယ္ေျမ သိမ္းယူမႈမ်ား တိုးျမင့္လာပါတယ္။
ျမစ္ႀကီးနား ကြက္ကြက္ေလးကလြဲရင္ လက္နက္ကိုင္ဆန္႔က်င္ေရးလႈပ္ရွားမႈ ျပင္းထန္ေနတဲ့ ကခ်င္ျပည္နယ္၊ ရွမ္းေျမာက္၊ စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္တို႔ဟာ တစ္ဆက္တည္းနီးပါး ခ်ိတ္ဆက္ျဖစ္လုနီးရွိၿပီး ျပည္ေထာင္စု ျမန္မာႏိုင္ငံရဲ႕ အထက္ပိုင္း ၿမိဳ႕အေတာ္မ်ားမ်ားနဲ႔အတူ ဧရိယာအက်ယ္အ၀န္းမွ သုံးပုံတစ္ပုံနီးပါး ပဲ့ထြက္သြားၿပီျဖစ္ေၾကာင္း သတိျပဳမိပါတယ္။ အစိုးရမွာလည္း ကရင္၊ ကယား၊ ကိုးကန္႔၊ ပေလာင္တို႔က အသီးသီး တစ္ဖြဲ႕စီ၊ NUG, နစက ႏွင့္ေပါင္းလွ်င္ အစိုးရ ၆ ဖြဲ႕ျပဴးအထိ ကမာၻ႔စံခ်ိန္သစ္ တင္လာပါတယ္။ ေနာက္ထပ္လည္း အစိုးရသစ္မ်ား ဆက္လက္ထြန္းေပၚဖြယ္ရွိေနပါတယ္။

အဲဒါေၾကာင့္ ျမန္မာႏိုင္ငံလို႔ တစ္ခ်ိန္က ေခၚဆိုခဲ့ဖူးတဲ့တိုင္းျပည္အတြင္း ကုလသမဂၢခ်စ္ဖြယ္႐ုံးရဲ႕ဒုကၡသည္နဲ႔ အိုးအိမ္စြန္႔ခြာထြက္ေျပးရသူ ဦးေရဟာ လာမည့္လ အနည္းငယ္အတြင္း ယခုထက္ အဆေပါင္းမ်ားစြာ တိုးျမင့္ လာဖြယ္ရွိေနပါတယ္။ ။သတင္းဘာသာျပန္သူ)

#ဒုကၡသည္ဘဂၤလီမ်ား_ဆႏၵအေလ်ာက္ေနရပ္ျပန္ေရး #အန္တိုနီယို_ဂူတာရက္စ္ #OHCHR #UNHCR
#ကုလသမဂၢ_လူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး႐ုံး #ကုလသမဂၢ_ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံး
(Dhaka Tribune., 23 January 2024,” UN stresses voluntary Rohingya repatriation, calls for increased funding” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.