ထိုင်းမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ ခြင်္သေ့(၂)ကောင်ကိုဖမ်းဆီး

 2175

ရောင်နီ (NP News) - ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံ၊ ဘန်လန်မန်ခရိုင်မှာ ခြင်္သေ့တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့အကြောင်း တိုင်းကြားချက်ရရှိပြီးနောက် ချန်ဘူရီ ထိုင်းရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါအိမ်မှာ အိမ်ငှားဖြစ်သူ ဂျာရန်နာပွန်ကဲဆိုင်(၂၈ နှစ်) အမည်ရှိ အမျိုးသမီးက ဝန်ထမ်း(၂)ဦးနဲ့အတူ ခြင်္သေ့ (၂)ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတာဖြစ်ပါတယ်။ အဲဒီခြင်္သေ့နှစ်ကောင်ဟာ လမ်းပေါ် မကြာခဏဆိုသလို သွားလာနေတာရှိတာကြောင့် ဒေသခံတွေက ဘေးကင်းရေးအတွက် စိုးရိမ်ခဲ့ပြီး ဒီသီတင်းပတ်အစောပိုင်းက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ချွန်ဘူရီရဲတပ်ဖွဲ့နဲ့ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဌာန (DNP) တို့မှ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၅ ရက်က ဘန်လာမန်ခရိုင်ရှိ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် (၁၀)လအရွယ် Rottweiler အမျိုးအစား ခြင်္သေ့(၂)ကောင်ကို တွေ့ရှိဖမ်းမိခဲ့ပါတယ်။ ခြင်္သေ့တွေကို အီလက်ထရွန်နစ်ထိန်းချုပ်ထားတဲ့ တံခါးတွေနဲ့ အရံအတားပြု မွေးမြူခဲ့တာဖြစ်ပေမယ့် တစ်ခါတစ်ရံ ဂိတ်ချို့ယွင်းတဲ့အခါ ခြင်္သေ့တွေ လွတ်ထွက်သွားကြလေ့ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ၄၅ ရက်သားအရွယ် ခြင်္သေ့တွေကို နန့်ခန်ပသန်ပြည်နယ်ရှိ တိရစ္ဆာန်ရုံမှ တစ်ကောင်စီကို ဘတ် (၅)သိန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခြင်္သေ့တွေဟာ CITES (တောရိုင်းတိရစ္ဆာန်နဲ့ ဖလော်ရာမျိုးစိတ်၊ အန္တရာယ်ရှိ မျိုးစိတ်များဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်) အောက်မှာ အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ အမျိုးသမီးဟာ ခြင်္သေ့တွေ ပိုင်ဆိုင်မှုအတွက် မှတ်ပုံတင်ခြင်းမပြုတဲ့အတွက် ကာကွယ်ထားတဲ့ တိရစ္ဆာန်များဆိုင်ရာဥပဒေကို ချိုးဖောက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုတော့ ခြင်္သေ့တွေကို ဘန်လန်မန် တောရိုင်းတိရိစ္ဆာန် မွေးမြူရေးဌာနဆီ ပို့ဆောင်ထားပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

zawgyi version
ထိုင္းမွာ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးထားတဲ့ ျခေသၤ့(၂)ေကာင္ကိုဖမ္းဆီး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၇

ထိုင္းႏိုင္ငံ၊ ဘန္လန္မန္ခ႐ိုင္မွာ ျခေသၤ့ေတြကို အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးထားတဲ့အေၾကာင္း တိုင္းၾကားခ်က္ရရွိၿပီးေနာက္ ခ်န္ဘူရီ ထိုင္းရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးခဲ့ပါတယ္။

အဆိုပါအိမ္မွာ အိမ္ငွားျဖစ္သူ ဂ်ာရန္နာပြန္ကဲဆိုင္(၂၈ ႏွစ္) အမည္ရွိ အမ်ိဳးသမီးက ဝန္ထမ္း(၂)ဦးနဲ႔အတူ ျခေသၤ့ (၂)ေကာင္ကို အိမ္ေမြးတိရိစာၦန္အျဖစ္ ေမြးျမဴထားတာျဖစ္ပါတယ္။ အဲဒီျခေသၤ့ႏွစ္ေကာင္ဟာ လမ္းေပၚ မၾကာခဏဆိုသလို သြားလာေနတာရွိတာေၾကာင့္ ေဒသခံေတြက ေဘးကင္းေရးအတြက္ စိုးရိမ္ခဲ့ၿပီး ဒီသီတင္းပတ္အေစာပိုင္းက တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ခြၽန္ဘူရီရဲတပ္ဖြဲ႕နဲ႔ အမ်ိဳးသားဥယ်ာဥ္၊ ေတာ႐ိုင္းတိရစာၦန္နဲ႔ အပင္ထိန္းသိမ္းေရးဌာန (DNP) တို႔မွ တာဝန္ရွိသူေတြက ဇန္နဝါရီလ ၂၅ ရက္က ဘန္လာမန္ခ႐ိုင္ရွိ ေနအိမ္ကို ဝင္ေရာက္စီးနင္းခဲ့ရာမွာ အသက္ (၁၀)လအ႐ြယ္ Rottweiler အမ်ိဳးအစား ျခေသၤ့(၂)ေကာင္ကို ေတြ႕ရွိဖမ္းမိခဲ့ပါတယ္။ ျခေသၤ့ေတြကို အီလက္ထ႐ြန္နစ္ထိန္းခ်ဳပ္ထားတဲ့ တံခါးေတြနဲ႔ အရံအတားျပဳ ေမြးျမဴခဲ့တာျဖစ္ေပမယ့္ တစ္ခါတစ္ရံ ဂိတ္ခ်ိဳ႕ယြင္းတဲ့အခါ ျခေသၤ့ေတြ လြတ္ထြက္သြားၾကေလ့ရွိတယ္လို႔ သိရပါတယ္။ အမ်ိဳးသမီးဟာ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလမွာ ၄၅ ရက္သားအ႐ြယ္ ျခေသၤ့ေတြကို နန္႔ခန္ပသန္ျပည္နယ္ရွိ တိရစာၦန္႐ုံမွ တစ္ေကာင္စီကို ဘတ္ (၅)သိန္းနဲ႔ ဝယ္ယူခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ျခေသၤ့ေတြဟာ CITES (ေတာ႐ိုင္းတိရစာၦန္နဲ႔ ဖေလာ္ရာမ်ိဳးစိတ္၊ အႏၲရာယ္ရွိ မ်ိဳးစိတ္မ်ားဆိုင္ရာ ႏိုင္ငံတကာကုန္သြယ္မႈဆိုင္ရာ သေဘာတူစာခ်ဳပ္) ေအာက္မွာ အကာအကြယ္ေပးထားတဲ့ တိရစာၦန္ေတြ ျဖစ္ပါတယ္။ အမ်ိဳးသမီးဟာ ျခေသၤ့ေတြ ပိုင္ဆိုင္မႈအတြက္ မွတ္ပုံတင္ျခင္းမျပဳတဲ့အတြက္ ကာကြယ္ထားတဲ့ တိရစာၦန္မ်ားဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္ေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အခုေတာ့ ျခေသၤ့ေတြကို ဘန္လန္မန္ ေတာ႐ိုင္းတိရိစာၦန္ ေမြးျမဴေရးဌာနဆီ ပို႔ေဆာင္ထားၿပီး အမႈကို ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.