ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ

 1283

Pearl (NP News) - ဇန်နဝါရီ ၃၁

ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံ ခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စု၊ ဘာဘူကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် အမှတ် (၉ဝ၁) ကုန်တင်ရထားသည် ဘာဘူကုန်းကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၁ဝ၃ မိုင် ၁၂ ဖာလုံ နှင့် ၁ဝ၃ မိုင် ၁၃ ဖာလုံကြားသို့ရောက်ရှိချိန်တွင် အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရထားကတော့ ကုန်တင်ရထား ခရီးသည်တင် ရထားမဟုတ်ဘူး။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် မီးရထားခေါင်းတွဲ နှင့် ခေါင်းတွဲနောက်၌ (၂ဝ)ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ကာ မီးရထားအရှေ့ဘက်ခြမ်းရှိ သံလမ်းအရှည် (၈)ပေခန့်မှာ ကွေးသွားပြီး အနောက်ဘက်ခြမ်းသံလမ်း အရှည်ပေ (၅ဝ) ခန့်မှာ အရှေ့ဘက်သို့ (၁)ပေခန့် နေရာရွေ့သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇလီဖာတုံး(၆)တုံးခန့် ပျက်စီးသွားခဲ့ပြီး ဇလီဖာတုံး(၇၂) တုံးခန့် နေရာရွေ့သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ယနေ့အချိန်ထိ မြန်မာ့မီးရထား လမ်းကွန်ယက်တစ်ခုလုံးတွင် ဘူတာအဆောက်အဦး နှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးမှု (၁၂) ကြိမ်၊ မီးရထားတံတားများအား မိုင်းခွဲဖျက်ဆီးမှု (၄၆) ကြိမ်၊ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်၊ မိုင်းခွဲခြင်း (၁၃၀) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္- မႏၲေလး မီးရထားလမ္းပိုင္းတြင္ ကုန္တင္ရထားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံရ
Pearl (NP News) - ဇန္နဝါရီ ၃၁

ရန္ကုန္- မႏၲေလး မီးရထားလမ္းပိုင္းတြင္ ကုန္တင္ရထားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံ ခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၃၁ ရက္)၊ နံနက္ပိုင္းက ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ဟာရီးေက်း႐ြာ အုပ္စု၊ ဘာဘူကုန္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္မွ မႏၲေလးဘက္သို႔ ေမာင္းႏွင္လာသည့္ အမွတ္ (၉ဝ၁) ကုန္တင္ရထားသည္ ဘာဘူကုန္းေက်း႐ြာအနီးရွိ မိုင္တိုင္အမွတ္ ၁ဝ၃ မိုင္ ၁၂ ဖာလုံ ႏွင့္ ၁ဝ၃ မိုင္ ၁၃ ဖာလုံၾကားသို႔ေရာက္ရွိခ်ိန္တြင္ အၾကမ္းဖက္သမားမ်ားက မိုင္းခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ရထားကေတာ့ ကုန္တင္ရထား ခရီးသည္တင္ ရထားမဟုတ္ဘူး။ လူထိခိုက္ဒဏ္ရာရတာေတာ့ မရွိပါဘူး" ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ မိုင္းခြဲတိုက္ခိုက္ခံရမႈေၾကာင့္ မီးရထားေခါင္းတြဲ ႏွင့္ ေခါင္းတြဲေနာက္၌ (၂ဝ)ဒီဂရီခန႔္ တိမ္းေစာင္းသြားခဲ့ကာ မီးရထားအေရွ႕ဘက္ျခမ္းရွိ သံလမ္းအရွည္ (၈)ေပခန႔္မွာ ေကြးသြားၿပီး အေနာက္ဘက္ျခမ္းသံလမ္း အရွည္ေပ (၅ဝ) ခန႔္မွာ အေရွ႕ဘက္သို႔ (၁)ေပခန႔္ ေနရာေ႐ြ႕သြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇလီဖာတုံး(၆)တုံးခန႔္ ပ်က္စီးသြားခဲ့ၿပီး ဇလီဖာတုံး(၇၂) တုံးခန႔္ ေနရာေ႐ြ႕သြားခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္သမားမ်ားအေနျဖင့္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္မွ ယေန႔အခ်ိန္ထိ ျမန္မာ့မီးရထား လမ္းကြန္ယက္တစ္ခုလုံးတြင္ ဘူတာအေဆာက္အဦး ႏွင့္ ဝန္ထမ္းေနအိမ္မ်ားအားမီးရႈိ႕ဖ်က္ဆီးမႈ (၁၂) ႀကိမ္၊ မီးရထားတံတားမ်ားအား မိုင္းခြဲဖ်က္ဆီးမႈ (၄၆) ႀကိမ္၊ ရထားလမ္းႏွင့္ ရထားဘူတာနယ္ေျမအတြင္း မိုင္းေထာင္၊ မိုင္းခြဲျခင္း (၁၃၀) ႀကိမ္ထက္မနည္း က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.