မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်၌ မြေခွန်တော်ကြွေးကျန်များ ဖြစ်ပေါ်ပါက အသုံးပြုခွင့်ပိတ်သိမ်းမည်

 2168

ယွန်း (NP News) - ဖေဖော်ဝါရီ ၂

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးချခွင့်ပေးထားပြီး မြေခွန်တော်ကြွေးကျန်များ ဖြစ်ပေါ်ပါက ဥပဒေတွင် ပါရှိသည့်အတိုင်း အသုံးပြုခွင့်ပေးထားသည့်မြေကို ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုသာ အသုံးချခွင့်ပေးထားခြင်းဖြစ်ပြီး မြေခွန်တော်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးပါက နှစ်စဥ်ကြေးမြေခွန်ကို အပြည့်အဝစည်းကြပ်ကောက်ခံနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌက ပြောသည်။

မြေခွန်‌တော်ကြွေးကျန်ဖြစ်ပေါ်ခြင်း၊ သတ်မှတ်ထားသောစည်းကမ်းများကို မလိုက်နာခြင်းများ ဖြစ်ပေါ်လာပါက ဥပဒေတွင်ပါရှိသည့်အတိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသောမြေကို ပြန်လည်သိမ်းဆည်းခြင်းနှင့် ပေးသွင်းထားသည့်အာမခံကြးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းများအပြင် တည်ဆဲဥပဒေအရ တရားစွဲဆိုခြင်းကိုလည်း ခံရနိုင်ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျအသုံးပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ရေး နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများတွင် အသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များ ခွင့်ပြု ချထားပေးကြောင်း သိရသည်။

ထို့ကြောင့် အသုံးပြုခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်နှင့်အညီ အပြည့်အဝ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ဆောင်ရွက်ရန် ဗဟိုကော်မတီဥက္ကဋ္ဌက အသိပေးပြောထားသည်။

သို့သော် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် အဓိကအားထားဆောင်ရွက်နေရသည့် လယ်ယာမြေများ မလျော့ပါးစေ ရန်အတွက် အခြေခံအဆောက်အအုံများ တည်‌ဆောက်ရာတွင် လယ်ယာမြေများကို အသုံးပြုခွင့်မပေးကြောင်း သိရသည်။

Zawgyi Version;
ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားေပၚ၌ ေျမခြန္ေတာ္ေႂကြးက်န္မ်ား ျဖစ္ေပၚပါက အသုံးျပဳခြင့္ပိတ္သိမ္းမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို အသုံးခ်ခြင့္ေပးထားၿပီး ေျမခြန္ေတာ္ေႂကြးက်န္မ်ား ျဖစ္ေပၚပါက ဥပေဒတြင္ ပါရွိသည့္အတိုင္း အသုံးျပဳခြင့္ေပးထားသည့္ေျမကို ျပန္လည္သိမ္းဆည္းမည္ျဖစ္ေၾကာင္း သိရသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲေရးဗဟိုေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီးဦးမင္းေနာင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး အစည္း အေဝးခန္းမ၌ က်င္းပခဲ့သည့္ ဗဟိုေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကိုသာ အသုံးခ်ခြင့္ေပးထားျခင္းျဖစ္ၿပီး ေျမခြန္ေတာ္ကင္းလြတ္ခြင့္ကာလ ကုန္ဆုံးၿပီးပါက ႏွစ္စဥ္ေၾကးေျမခြန္ကို အျပည့္အဝစည္းၾကပ္ေကာက္ခံႏိုင္ေရးကို အေလးထားေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ဗဟိုေကာ္မတီဥကၠ႒က ေျပာသည္။

ေျမခြန္‌ေတာ္ေႂကြးက်န္ျဖစ္ေပၚျခင္း၊ သတ္မွတ္ထားေသာစည္းကမ္းမ်ားကို မလိုက္နာျခင္းမ်ား ျဖစ္ေပၚလာပါက ဥပေဒတြင္ပါရွိသည့္အတိုင္း လုပ္ကိုင္ခြင့္၊ အသုံးျပဳခြင့္ေပးထားေသာေျမကို ျပန္လည္သိမ္းဆည္းျခင္းႏွင့္ ေပးသြင္းထားသည့္အာမခံၾကးကို ႏိုင္ငံေတာ္ဘ႑ာေငြအျဖစ္ သိမ္းဆည္းျခင္းမ်ားအျပင္ တည္ဆဲဥပေဒအရ တရားစြဲဆိုျခင္းကိုလည္း ခံရႏိုင္ေၾကာင္း သိရသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို စနစ္တက်အသုံးျပဳၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ဓာတ္သတၱဳထုတ္လုပ္ေရး ႏွင့္ အစိုးရက ခြင့္ျပဳထားေသာ ဥပေဒႏွင့္ညီၫြတ္သည့္ အျခားလုပ္ငန္းမ်ားတြင္ အသုံးျပဳခြင့္၊ လုပ္ကိုင္ခြင့္မ်ား ခြင့္ျပဳ ခ်ထားေပးေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အသုံးျပဳခြင့္ရရွိသူမ်ားအေနျဖင့္ သတ္မွတ္ကာလအတြင္း သတ္မွတ္ထားသည့္စည္းကမ္းခ်က္ႏွင့္အညီ အျပည့္အဝ စိုက္ပ်ိဳးေမြးျမဴေရးကို လုပ္ကိုင္ေဆာင္႐ြက္ရန္ ဗဟိုေကာ္မတီဥကၠ႒က အသိေပးေျပာထားသည္။

သို႔ေသာ္ စားေရရိကၡာဖူလုံပိုလွ်ံေရးအတြက္ အဓိကအားထားေဆာင္႐ြက္ေနရသည့္ လယ္ယာေျမမ်ား မေလ်ာ့ပါးေစ ရန္အတြက္ အေျခခံအေဆာက္အအုံမ်ား တည္‌ေဆာက္ရာတြင္ လယ္ယာေျမမ်ားကို အသုံးျပဳခြင့္မေပးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.