KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က ပြန်လည်ထိုးစစ်ဆင်နေ

3026

မြူနစ် (NP News) - ဖေဖော်ဝါရီ ၄
KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က ပြန်လည်ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။
ကောလင်းမြို့နှင့်အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့သည် ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
"အရင်ရက်တွေကတော့ ကန့်ဘလူ-ကျွန်းလှကနေ ရဟတ်ယာဉ်တွေနဲ့ အင်အားတော်တော်များများ ပို့တယ်လို့ ကြားတယ်။ ထိုးစစ်က စတော့မှာပေါ့။ ကောလင်းက PDF တွေ သိမ်းထားတာလေ။ ကောလင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာနိုင်တာပေါ့" ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြော သည်။
တပ်မတော်စစ်ကြောင်း (၄)ကြောင်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) ညနေပိုင်းမှစတင်ကာ ကောလင်းမြို့၏ တောင်ဘက် နှင့် မြောက်ဘက်တို့မှ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ကောလင်း PDF အဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ထိုးစစ်ဆင်လာသည့်အတွက် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေ လျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာနေသည့် အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်နေ လျက်ရှိပြီး စစ်ဘေးရှောင်ရန် ပြင်ဆင်ဆောင်ရွက်နေ လျက်ရှိကြောင်း သိရသည်။
KIA၊ PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ကောလင်းမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

zawgyi version
KIA၊ PDF ပူးေပါင္းအဖြဲ႕ ထိန္းခ်ဳပ္ထားေသာ ေကာလင္းၿမိဳ႕ကို တပ္မေတာ္ဘက္က ျပန္လည္ထိုးစစ္ဆင္ေန
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၄
KIA၊ PDF ပူးေပါင္းအဖြဲ႕ ထိန္းခ်ဳပ္ထားေသာ ေကာလင္းၿမိဳ႕ကို တပ္မေတာ္ဘက္က ျပန္လည္ထိုးစစ္ဆင္ေနေၾကာင္း သတင္းရရွိသည္။
ေကာလင္းၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ KIA၊ PDF ပူးေပါင္းအဖြဲ႕တို႔သည္ ေဖေဖာ္ဝါရီလ ၃ ရက္ ညေနပိုင္းမွစတင္ကာ လက္ရွိအခ်ိန္အထိ တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"အရင္ရက္ေတြကေတာ့ ကန႔္ဘလူ-ကြၽန္းလွကေန ရဟတ္ယာဥ္ေတြနဲ႔ အင္အားေတာ္ေတာ္မ်ားမ်ား ပို႔တယ္လို႔ ၾကားတယ္။ ထိုးစစ္က စေတာ့မွာေပါ့။ ေကာလင္းက PDF ေတြ သိမ္းထားတာေလ။ ေကာလင္းမွာေတာ့ တိုက္ပြဲက ပိုျပင္းထန္လာႏိုင္တာေပါ့" ဟု ေဒသခံသတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာ သည္။
တပ္မေတာ္စစ္ေၾကာင္း (၄)ေၾကာင္းသည္ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၃ ရက္) ညေနပိုင္းမွစတင္ကာ ေကာလင္းၿမိဳ႕၏ ေတာင္ဘက္ ႏွင့္ ေျမာက္ဘက္တို႔မွ ထိုးစစ္ဆင္လာျခင္းျဖစ္ေၾကာင္း ေကာလင္း PDF အဖြဲ႕ကလည္း အသိေပးထုတ္ျပန္ထားသည္။
ထိုသို႔ ထိုးစစ္ဆင္လာသည့္အတြက္ တပ္မေတာ္ႏွင့္ KIA၊ PDF ပူးေပါင္းအဖြဲ႕အၾကား တိုက္ပြဲမ်ား ျပင္းထန္ေန လ်က္ရွိေၾကာင္း သိရသည္။
ေကာလင္းၿမိဳ႕အနီးတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလာေနသည့္ အတြက္ ေဒသခံျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္ေန လ်က္ရွိၿပီး စစ္ေဘးေရွာင္ရန္ ျပင္ဆင္ေဆာင္႐ြက္ေန လ်က္ရွိေၾကာင္း သိရသည္။
KIA၊ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္တြင္ ေကာလင္းၿမိဳ႕ေပၚရွိ လုံၿခဳံေရးစခန္းမ်ားကို တိုက္ခိုက္သိမ္းပိုက္ကာ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။