ရန်ကုန်တိုင်းအပါအတွင် တိုင်းနှင့် ပြည်နယ် (၆) ခုတွင်ဆန်ဖူလုံမှုမရှိဟု နစကဥက္ကဋ္ဌ ပြော

454

Pearl (NP News) - ဇူလိုင် ၃
ရန်ကုန်တိုင်းအပါအတွင် တိုင်းနှင့် ပြည်နယ် (၆) ခုတွင်ဆန်ဖူလုံမှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ ဇူလိုင်လ (၂)ရက်နေ့က နေပြည်တော်တွင် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် တစ်နိုင်ငံလုံးဆန်ဖူလုံမှုအနေဖြင့် ၁၇၀ ရာခိုင်နှုန်းခန့်ရှိ ကြောင်းနှင့် ဆန်ဖူလုံမှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များလည်းရှိသည်ကို တွေ့ရှိရပြီး ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းတိုးတက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန်ဖူလုံမှုများရှိလာ မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့ပြင် ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဆန်ဖူလုံမှုမရှိသည်ကို တွေ့ရကြောင်း နှင့် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆန်ဖူလုံမှုတိုးတက်လာမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆန်များကို ပြည်ပနိုင်ငံများသို့ အရည်သွေးပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
သီးနှံများ အထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်သကဲ့သို့ စိုက်ဧကများကို တိုးချဲ့ဆောင်ရွက်ပြီး သီးထပ်များစိုက်ပျိုးသွားရန်လိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးမှု စုစုပေါင်းမှာ ၁၇ သန်းရှိကာ အသားတင်စိုက်ပျိုးမှုမှာ ၁၅ သန်းရှိပြီး သီးထပ်စိုက်ပျိုးမှုမှာ ၂ ဒသမ ၂၄ သန်း၊ သီးညှပ်စိုက်ပျိုးမှုမှာ ၂၈၀၀၀ ရှိကြောင်း ၊ တစ်နှစ်လုံးတွင် စပါးတစ်သီးတည်းသာစိုက်ပျိုးသည့် လယ်ယာမြေမှာ ၇ ဒသမ ၃၃ သန်း ရှိကြောင်း၊ အဆိုပါစိုက်ပျိုးမြေများပေါ်၌ စပါး(သို့မဟုတ်) အခြားသီးနှံများကို သီးထပ်စိုက်ပျိုးသွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်တွင် တစ်သီးသာစိုက်ပျိုးသည့် စိုက်ပျိုးမြေမှာ သန်း ၂၀ ခန့်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ရန္ကုန္တိုင္းအပါအတြင္ တိုင္းႏွင့္ ျပည္နယ္ (၆) ခုတြင္ဆန္ဖူလုံမႈမရွိဟု နစက ဥကၠ႒ ေျပာ
Pearl (NP News) - ဇူလိုင္ ၃
ရန္ကုန္တိုင္းအပါအတြင္ တိုင္းႏွင့္ ျပည္နယ္ (၆) ခုတြင္ဆန္ဖူလုံမႈမရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ယမန္ေန႔ ဇူလိုင္လ (၂)ရက္ေန႔က ေနျပည္ေတာ္တြင္ ႏိုင္ငံေတာ္၏ စီးပြားေရးတိုးတက္ေစေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးက်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးတြင္ နစက ဥကၠ႒က မိမိတို႔ႏိုင္ငံတြင္ တစ္ႏိုင္ငံလုံးဆန္ဖူလုံမႈအေနျဖင့္ ၁၇၀ ရာခိုင္ႏႈန္းခန႔္ရွိ ေၾကာင္းႏွင့္ ဆန္ဖူလုံမႈမရွိသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားလည္းရွိသည္ကို ေတြ႕ရွိရၿပီး ပန္းတိုင္ရည္မွန္းခ်က္မ်ားျပည့္မီေအာင္ စနစ္တက်စိုက္ပ်ိဳး၍ အထြက္ႏႈန္းတိုးတက္ ေကာင္းမြန္ေရးအတြက္ ေဆာင္႐ြက္မည္ဆိုပါက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ဆန္ဖူလုံမႈမ်ားရွိလာ မည္ျဖစ္ေၾကာင္းေျပာၾကားသည္။
ထို႔ျပင္ ခ်င္းျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ဆန္ဖူလုံမႈမရွိသည္ကို ေတြ႕ရေၾကာင္း ႏွင့္ အဆိုပါတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၌ ပန္းတိုင္ရည္မွန္းခ်က္အတိုင္း ျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက ခ်င္းျပည္နယ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီးမွလြဲ၍ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ဆန္ဖူလုံမႈတိုးတက္လာမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
မိမိတို႔ႏိုင္ငံမွထြက္ရွိသည့္ ဆန္မ်ားကို ျပည္ပႏိုင္ငံမ်ားသို႔ အရည္ေသြးျပည့္မီစြာျဖင့္ ထုတ္လုပ္တင္ပို႔ႏိုင္မည္ဆိုပါက ႏိုင္ငံျခားဝင္ေငြမ်ား ပိုမိုရရွိလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ စိုက္ပ်ိဳးေရးကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား တိုးတက္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရန္လည္း တိုက္တြန္းေျပာၾကားခဲ့သည္။
သီးႏွံမ်ား အထြက္ႏႈန္းတိုးတက္ေစရန္ ေဆာင္႐ြက္သကဲ့သို႔ စိုက္ဧကမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္ၿပီး သီးထပ္မ်ားစိုက္ပ်ိဳးသြားရန္လိုေၾကာင္းလည္း တိုက္တြန္းေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ ၂၀၂၂-၂၀၂၃ ခုႏွစ္အတြင္း မိုးစပါးစိုက္ပ်ိဳးမႈ စုစုေပါင္းမွာ ၁၇ သန္းရွိကာ အသားတင္စိုက္ပ်ိဳးမႈမွာ ၁၅ သန္းရွိၿပီး သီးထပ္စိုက္ပ်ိဳးမႈမွာ ၂ ဒသမ ၂၄ သန္း၊ သီးညႇပ္စိုက္ပ်ိဳးမႈမွာ ၂၈၀၀၀ ရွိေၾကာင္း ၊ တစ္ႏွစ္လုံးတြင္ စပါးတစ္သီးတည္းသာစိုက္ပ်ိဳးသည့္ လယ္ယာေျမမွာ ၇ ဒသမ ၃၃ သန္း ရွိေၾကာင္း၊ အဆိုပါစိုက္ပ်ိဳးေျမမ်ားေပၚ၌ စပါး(သို႔မဟုတ္) အျခားသီးႏွံမ်ားကို သီးထပ္စိုက္ပ်ိဳးသြားမည္ဆိုပါက မ်ားစြာအက်ိဳးျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္းႏွင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တစ္ႏွစ္တြင္ တစ္သီးသာစိုက္ပ်ိဳးသည့္ စိုက္ပ်ိဳးေျမမွာ သန္း ၂၀ ခန႔္ရွိေၾကာင္းလည္း နစက ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။