ဂရိနိုင်ငံ ကရေတီမှာ ရာသီဥတုပူပြင်းမှုကြောင့် တောမီးလောင်ကျွမ်းမှုဖြစ်

102

ရောင်နီ (NP News) - ဇူလိုင် ၄
ဂရိနိုင်ငံတောင်ပိုင်း၊ ကရေတီကျွန်းမှာ ပြင်းထန်တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒေသခံတွေနဲ့ ခရီးသွားတွေ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၃ ရက်မှာ ပြောကြားပါတယ်။
နိုင်ငံမှာ နွေရာသီရဲ့ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ပြီးခဲ့တဲ့နှစ်တွေကလည်း တောမီးတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၅၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
မီဂါမြို့ရှိ၊ ဟိုတယ်အများအပြားမှာလည်း ဘေးလွတ်ရာရွှေ့ပြောင်းရမယ့် နယ်မြေထဲ ပါဝင်နေတာကြောင့် ခရီးသွားတွေကို လီရာပီတရာခရိုင်ရှိ အားကစားရုံထဲသို့ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဒု-စီရင်စုမှူး ရန်နက်စ်အန်ဒရိုလကစ် က ပြောကြားပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၂၇၀ ခန့်၊ ရဟတ်ယာဉ် ၁၀ စင်း နဲ့ မောင်းသူမဲ့လေယာဉ်တွေ ဖြန့်ကျက်ချထားတယ်လို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဗက်စီလိုစ့် ဗက်သရာကိုရန်နစ်က ပြောကြားပါတယ်။
ဒါပေမယ့် ကရေတီကျွန်းဟာ ရေရှားပြီး မညီညာတဲ့ မြေပြင်ပုံစံကြောင့် လျှိုတွေကိုဖြတ်ပြီး မီးငြှိမ်းသတ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အိမ်နဲ့ စိုက်ခင်း၊ သီးနှံတွေ ပျက်စီးခဲ့ပြီး မီးလောင်မှုထိန်းချုပ်နိုင်မှ ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်နိုင်မယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Zawgyi Version:
ဂရိႏိုင္ငံ ကေရတီမွာ ရာသီဥတုပူျပင္းမႈေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈျဖစ္
ေရာင္နီ (NP News) - ဇူလိုင္ ၄
ဂရိႏိုင္ငံေတာင္ပိုင္း၊ ကေရတီကြၽန္းမွာ ျပင္းထန္ေတာမီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ၿပီး ေဒသခံေတြနဲ႔ ခရီးသြားေတြ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ၾကရတယ္လို႔ တာဝန္ရွိသူေတြက ဇူလိုင္ ၃ ရက္မွာ ေျပာၾကားပါတယ္။
ႏိုင္ငံမွာ ေႏြရာသီရဲ႕ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဥတုေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြကလည္း ေတာမီးေတြ ျဖစ္ပြားခဲ့ပါတယ္။ ဗုဒၶဟူးေန႔ (ဇူလိုင္ ၂ ရက္) ညေနပိုင္းက ျဖစ္ပြားခဲ့တဲ့မီးေလာင္ကြၽမ္းမႈေၾကာင့္ လူေပါင္း ၁၅၀၀ ခန႔္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
မီဂါၿမိဳ႕ရွိ၊ ဟိုတယ္အမ်ားအျပားမွာလည္း ေဘးလြတ္ရာေ႐ႊ႕ေျပာင္းရမယ့္ နယ္ေျမထဲ ပါဝင္ေနတာေၾကာင့္ ခရီးသြားေတြကို လီရာပီတရာခ႐ိုင္ရွိ အားကစား႐ုံထဲသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့တယ္လို႔ ဒု-စီရင္စုမႉး ရန္နက္စ္အန္ဒ႐ိုလကစ္ က ေျပာၾကားပါတယ္။
မီးျငႇိမ္းသတ္ဖို႔ မီးသတ္သမား ၂၇၀ ခန႔္၊ ရဟတ္ယာဥ္ ၁၀ စင္း နဲ႔ ေမာင္းသူမဲ့ေလယာဥ္ေတြ ျဖန႔္က်က္ခ်ထားတယ္လို႔ မီးသတ္ဌာနေျပာေရးဆိုခြင့္ရွိသူ ဗက္စီလိုစ့္ ဗက္သရာကိုရန္နစ္က ေျပာၾကားပါတယ္။
ဒါေပမယ့္ ကေရတီကြၽန္းဟာ ေရရွားၿပီး မညီညာတဲ့ ေျမျပင္ပုံစံေၾကာင့္ လွ်ိဳေတြကိုျဖတ္ၿပီး မီးျငႇိမ္းသတ္ဖို႔ ခက္ခဲေနတယ္လို႔ သိရပါတယ္။ မီးေလာင္မႈေၾကာင့္ အိမ္နဲ႔ စိုက္ခင္း၊ သီးႏွံေတြ ပ်က္စီးခဲ့ၿပီး မီးေလာင္မႈထိန္းခ်ဳပ္ႏိုင္မွ ပ်က္စီးဆုံးရႈံးမႈေတြကို အကဲျဖတ္ႏိုင္မယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။