နယ်စပ်တင်ပို့မှုကျဆင်းလာခြင်းကြောင့် ကြက်သွန်နီကုန်သည်များ အရှုံးပေါ်နေ

1184

NP News - ဖေဖော်ဝါရီ ၈
မြန်မာ့ကြက်သွန်နီ ပြည်ပသို့တင်ပို့ရာတွင် ပုံမှန်ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေရပြီး နယ်စပ်လမ်းကြောင်းများရပ်တန့်နေသဖြင့် သိုလှောင်ကုန်သည်များ အရှုံးပေါ်၍ လုပ်ငန်းများရပ်နေကြောင်း သိရသည်။
လက်ရှိဈေးကွက်တွင်းရှိသော မိုးကြက်သွန်များသည် အချိန်ကြာကြာ အထားမခံသည့်အပြင် ဂိုဒေါင်အတွင်း သိုလှောင်ရန်ခက်ခဲခြင်းကြောင့် ကုန်စည်ပို့ဆောင်သော လမ်းကြောင်းတစ် လျှောက် အချိန်ကြာမြင့်သည့်အတွက် အပျက်အစီးများဖြစ်ပေါ်နေသည်။
" ယိုးဒယားကနေတစ်ဆင့် ဗီယက်နမ်ကို သွားတယ်။ မလေးရှားကို သွားတယ်။ ဒီလိုင်းတစ်ခုပဲ နည်းနည်းလေး ပွင့်နေတာပေါ့။ Border တွေက လုံး၀သွားတာ သိပ်မရှိသလောက်ပဲ။ ကျွန်တော်တို့ ကျိုင်းတုံလမ်းကလည်း သွားတယ်။ ဒါပေမဲ့ ရက်အရမ်းကြာတော့ ဟိုရောက်တော့ ဒေသကြက်သွန်တွေက ပျက်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်းတွေတော့ သူတို့ အ၀ယ်တွေက ရှိတယ်။ Normal Trade မှာ၀ယ်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဟိုရောက်တော့ ပစ္စည်းတွေက မြစ်သားမဟုတ်တဲ့ အစတွေကတော့ နည်းနည်းအသေးတွေရှိတော့ လျော်ပေးရတာတွေရှိတယ်။ နစ်နာမှုတွေရှိတယ်"ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌက ပြောသည်။
မိုးကြက်သွန် စတင်ထွက်ရှိချိန်က ဈေးမြင့်သည့်အတွက် တောင်သူများသည် ကြက်သွန်စိုက် ခင်းများကို အချိန်မစေ့ဘဲ တူးဖော်လိုက်ခြင်းကြောင့် အရည်အသွေးမမီဖြစ်ကာ ဈေးနှုန်းကျဆင်းပြီး ကုန်သည်များအရှုံးပေါ်နေကြောင်း သိရသည်။ အလားတူ မူဆယ်၊ တမူး နှင့် မြဝတီ စသော နယ်စပ်များမှတင်ပို့သည့် ကုန်သည်များသည် လုပ်ငန်းများရပ်နားထားခြင်းကြောင့် ကုန်စည်ဒိုင်များသို့ ကြက်သွန်အဝင် လျော့နည်းသွားကြောင်း သိရသည်။
ဇန်နဝါရီလဆန်းအထိ ဗီယက်နမ် နှင့် မလေးရှားသို့ ထိုင်းနိုင်ငံမှတဆင့် ကုန်ချိန်တန် ၂၀၀၀၀ တင်ဆောင်ထားသည့် တွဲကားအစီး ၅၀ ခန့်တင်ပို့ထားပြီး လတ်တလောတွင် အရောင်းအ၀ယ်ရပ်တန့်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏မိုးကြက်သွန် စိုက်ဧကတစ်သိန်းခုနှစ်သောင်းကျော်ရှိပြီး နှစ်စဥ်တန်ချိန်တစ်သန်းခန့်ထွက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည် ။

zawgyi version
နယ္စပ္တင္ပို႔မႈက်ဆင္းလာျခင္းေၾကာင့္ ၾကက္သြန္နီကုန္သည္မ်ား အရႈံးေပၚေန
NP News - ေဖေဖာ္ဝါရီ ၈
ျမန္မာ့ၾကက္သြန္နီ ျပည္ပသို႔တင္ပို႔ရာတြင္ ပုံမွန္ပင္လယ္ေရေၾကာင္းတစ္ခုတည္းမွသာ တင္ပို႔ေနရၿပီး နယ္စပ္လမ္းေၾကာင္းမ်ားရပ္တန႔္ေနသျဖင့္ သိုေလွာင္ကုန္သည္မ်ား အရႈံးေပၚ၍ လုပ္ငန္းမ်ားရပ္ေနေၾကာင္း သိရသည္။
လက္ရွိေဈးကြက္တြင္းရွိေသာ မိုးၾကက္သြန္မ်ားသည္ အခ်ိန္ၾကာၾကာ အထားမခံသည့္အျပင္ ဂိုေဒါင္အတြင္း သိုေလွာင္ရန္ခက္ခဲျခင္းေၾကာင့္ ကုန္စည္ပို႔ေဆာင္ေသာ လမ္းေၾကာင္းတစ္ ေလွ်ာက္ အခ်ိန္ၾကာျမင့္သည့္အတြက္ အပ်က္အစီးမ်ားျဖစ္ေပၚေနသည္။
" ယိုးဒယားကေနတစ္ဆင့္ ဗီယက္နမ္ကို သြားတယ္။ မေလးရွားကို သြားတယ္။ ဒီလိုင္းတစ္ခုပဲ နည္းနည္းေလး ပြင့္ေနတာေပါ့။ Border ေတြက လုံး၀သြားတာ သိပ္မရွိသေလာက္ပဲ။ ကြၽန္ေတာ္တို႔ က်ိဳင္းတုံလမ္းကလည္း သြားတယ္။ ဒါေပမဲ့ ရက္အရမ္းၾကာေတာ့ ဟိုေရာက္ေတာ့ ေဒသၾကက္သြန္ေတြက ပ်က္တယ္။ အဲဒါေၾကာင့္ ဒီရက္ပိုင္းေတြေတာ့ သူတို႔ အ၀ယ္ေတြက ရွိတယ္။ Normal Trade မွာ၀ယ္တာေတြလည္း ရွိတယ္။ ဒါေပမဲ့ ဟိုေရာက္ေတာ့ ပစၥည္းေတြက ျမစ္သားမဟုတ္တဲ့ အစေတြကေတာ့ နည္းနည္းအေသးေတြရွိေတာ့ ေလ်ာ္ေပးရတာေတြရွိတယ္။ နစ္နာမႈေတြရွိတယ္"ဟု ျမန္မာႏိုင္ငံ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ စားဖိုေဆာင္သီးႏွံ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠ႒က ေျပာသည္။
မိုးၾကက္သြန္ စတင္ထြက္ရွိခ်ိန္က ေဈးျမင့္သည့္အတြက္ ေတာင္သူမ်ားသည္ ၾကက္သြန္စိုက္ ခင္းမ်ားကို အခ်ိန္မေစ့ဘဲ တူးေဖာ္လိုက္ျခင္းေၾကာင့္ အရည္အေသြးမမီျဖစ္ကာ ေဈးႏႈန္းက်ဆင္းၿပီး ကုန္သည္မ်ားအရႈံးေပၚေနေၾကာင္း သိရသည္။ အလားတူ မူဆယ္၊ တမူး ႏွင့္ ျမဝတီ စေသာ နယ္စပ္မ်ားမွတင္ပို႔သည့္ ကုန္သည္မ်ားသည္ လုပ္ငန္းမ်ားရပ္နားထားျခင္းေၾကာင့္ ကုန္စည္ဒိုင္မ်ားသို႔ ၾကက္သြန္အဝင္ ေလ်ာ့နည္းသြားေၾကာင္း သိရသည္။
ဇန္နဝါရီလဆန္းအထိ ဗီယက္နမ္ ႏွင့္ မေလးရွားသို႔ ထိုင္းႏိုင္ငံမွတဆင့္ ကုန္ခ်ိန္တန္ ၂၀၀၀၀ တင္ေဆာင္ထားသည့္ တြဲကားအစီး ၅၀ ခန႔္တင္ပို႔ထားၿပီး လတ္တေလာတြင္ အေရာင္းအ၀ယ္ရပ္တန႔္ေနျခင္း ျဖစ္သည္။ ျမန္မာႏိုင္ငံ၏မိုးၾကက္သြန္ စိုက္ဧကတစ္သိန္းခုႏွစ္ေသာင္းေက်ာ္ရွိၿပီး ႏွစ္စဥ္တန္ခ်ိန္တစ္သန္းခန႔္ထြက္ရွိေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနမွသိရသည္ ။