ဘတ်စ်ကားရပ်နားကွင်း ၁၅ ခုကို ယခုနှစ်အတွင်း တည်ဆောက်မည်

 1507

NP News - ဖေဖော် ဝါရီ ၁၁

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များ ညအိပ်ရပ်နားနိုင်ရန် ယာဉ်ရပ်ကွင်း ၁၅ ကွင်းကို ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

YBS ယာဉ် ညအိပ်ရပ်နားကွင်းများကို ၂ဝ၂၃ ခုနှစ်က စတင်ကာ မြို့နယ် ၈ ခုမှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ တွင် ကျန်ရှိနေသေးသော ဒဂုံတောင်မြို့နယ်ရှိအိုးအိမ်ဦးစီးဌာနမှ ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ၅ ဧကအကျယ်ရှိသည့် မြေပေါ်တွင် ဆောက်လုပ်နေကြောင်း YRTC ထံမှ သိရသည်။
"အဓိကအားဖြင့် YBS ယာဉ်တွေ လုံခြုံမှုရှိစေဖို့ ကုန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ယာဉ်ရပ်ကွင်း ၁၅ ကွင်း ရှိပါတယ်။ ဒါတွေကို ယခုနှစ်ထဲမှာ အပြီးတည်ဆောက်ပြီး အားလုံးပြီးစီးသွားရင်တော့ YBS ယာဉ်အားလုံးရဲ့ဂိတ်စအဖြစ် ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်" လို့ YRTC ၏ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါ ယာဉ်ရပ်နားကွင်းများကိုဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံမြို့သစ်၊ မင်္ဂလာဒုံ၊ ထောက်ကြန့် နဲ့ လှိုင်သာယာမြို့နယ်များတွင် တည်ဆောက်နေခြင်းဖြစ်သည်။

YBS ကားများ ညအိပ်ရပ်နားချိန် နှင့် မြို့နယ်အလိုက်ပြေးဆွဲနေသောဂိတ်ရင်း၊ ဂိတ်ဖျားများရှိ လမ်းပေါ်မှာ ညအိပ် ရပ်နားရချိန်များတွင် ကားပစ္စည်းဖြုတ်ခိုးခံရမှုများ၊ လမ်းပိတ်မှုများ ရှိလာသည့်အတွက် YBS ယာဉ်တွေ ရပ်နားရန် ကားကွင်း တည်ဆောက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

Zawgyi Version;
ဘတ္စ္ကားရပ္နားကြင္း ၁၅ ခုကို ယခုႏွစ္အတြင္း တည္ေဆာက္မည္
NP News - ေဖေဖာ္ ဝါရီ ၁၁

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ YBS ခရီးသည္တင္ယာဥ္မ်ား ညအိပ္ရပ္နားႏိုင္ရန္ ယာဥ္ရပ္ကြင္း ၁၅ ကြင္းကို ယခု ၂၀၂၄ ခုႏွစ္အတြင္းမွာ အၿပီးတည္ေဆာက္သြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) မွ သိရသည္။

YBS ယာဥ္ ညအိပ္ရပ္နားကြင္းမ်ားကို ၂ဝ၂၃ ခုႏွစ္က စတင္ကာ ၿမိဳ႕နယ္ ၈ ခုမွာ ေဖာ္ေဆာင္ခဲ့တာျဖစ္ၿပီး လက္ရွိ တြင္ က်န္ရွိေနေသးေသာ ဒဂုံေတာင္ၿမိဳ႕နယ္ရွိအိုးအိမ္ဦးစီးဌာနမွ ခြင့္ျပဳခ်ေပးထားသည့္ သုခဒဂုံအိမ္ရာဝင္းရွိ ၅ ဧကအက်ယ္ရွိသည့္ ေျမေပၚတြင္ ေဆာက္လုပ္ေနေၾကာင္း YRTC ထံမွ သိရသည္။
"အဓိကအားျဖင့္ YBS ယာဥ္ေတြ လုံၿခဳံမႈရွိေစဖို႔ ကုန္ခဲ့တဲ့ ၂၀၂၃ ခုႏွစ္မွာ စတင္အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။ ယာဥ္ရပ္ကြင္း ၁၅ ကြင္း ရွိပါတယ္။ ဒါေတြကို ယခုႏွစ္ထဲမွာ အၿပီးတည္ေဆာက္ၿပီး အားလုံးၿပီးစီးသြားရင္ေတာ့ YBS ယာဥ္အားလုံးရဲ႕ဂိတ္စအျဖစ္ ေျပာင္းလဲေပးသြားမွာျဖစ္ပါတယ္" လို႔ YRTC ၏ တာဝန္ရွိသူတစ္ဦးမွ ေျပာသည္။

အဆိုပါ ယာဥ္ရပ္နားကြင္းမ်ားကိုဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ သာေကတ၊ ေျမာက္ဥကၠလာ၊ ေ႐ႊေပါက္ကံၿမိဳ႕သစ္၊ မဂၤလာဒုံ၊ ေထာက္ၾကန႔္ နဲ႔ လႈိင္သာယာၿမိဳ႕နယ္မ်ားတြင္ တည္ေဆာက္ေနျခင္းျဖစ္သည္။

YBS ကားမ်ား ညအိပ္ရပ္နားခ်ိန္ ႏွင့္ ၿမိဳ႕နယ္အလိုက္ေျပးဆြဲေနေသာဂိတ္ရင္း၊ ဂိတ္ဖ်ားမ်ားရွိ လမ္းေပၚမွာ ညအိပ္ ရပ္နားရခ်ိန္မ်ားတြင္ ကားပစၥည္းျဖဳတ္ခိုးခံရမႈမ်ား၊ လမ္းပိတ္မႈမ်ား ရွိလာသည့္အတြက္ YBS ယာဥ္ေတြ ရပ္နားရန္ ကားကြင္း တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီထံမွ သိရသည္။

Related news

© 2021. All rights reserved.