မြန်မာနိုင်ငံသည် အာရှအရှေ့ကုန်းတွင်းပိုင်းသို့ ရှေးဦးလူသားများ စတင်ပြန့်ပွားရာဒေသတစ်ခုဖြစ်သည်ဟု ဆိုလိုက်ခြင်း (ဘာသာပြန်ဆောင်းပါး)

 2742

ရဲထွန်း (သီပေါ) NP News - ဖေဖော်ဝါရီ ၁၅

၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက် နေ့စွဲဖြင့် Scientific Report Journal တွင်ဖော်ပြလိုက်သည့် ခွန်မင်းမြို့ သတ္တဗေဒ အင်စတီကျု ( KZI ) ၏ “ Ancient inland human dispersals from Myanmar into interior East Asia since the late Pleistocene ” (မြန်မာနိုင်ငံမှ အရှေ့အာရှ ကုန်းတွင်းပိုင်းသို့ ရှေးခေတ် လူသားများ ပျံ့နှံလာခဲ့ခြင်းမှာ ပလိုင်စတိုဆင်း ခေတ်နောက်ပိုင်းကာလ ကပင် စတင်ခဲ့သည်) ဆိုသည့် သိပ္ပံသုတေသနစာတမ်းက “ ရှေးဦးမြန်မာလူမျိုးစုများသည် ယနေ့တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည် ” ဆိုသည့် သမိုင်းဆိုင်ရာ သင်ကြားနားလည်ချက်ကို ပြန်လည်သုံးသပ်ရန်ဖြစ်လာပါသည်။ အင်္ဂလိပ်ကိုလိုနီခေတ်မှစတင်ကာ တစ်လျှောက်လုံးပင် မြန်မာလူမျိုးစုများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှ ဝင်ရောက်လာခဲ့ကြသည်ဟု သင်ကြားခဲ့ကြ ရပေသည်။ ထိုသင်ကြားချက်မှာ အင်္ဂလိပ်ကိုလိုနီခေတ် သမိုင်းပါမောက္ခမစ္စတာလုစ် (Gordon Hannington Luce) ၏ ယူဆချက်ဖြစ်သည်။

ပလိုင်စတိုဆင်းခေတ်ဆိုသည့် မဟာရေခဲခေတ်ကြီးတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂ ဒသမ ၆ သန်းက စတင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁၁၇၀ဝ (တစ်သောင်းတစ်ထောင်ခုနစ်ရာ ) လောက်တွင်ကုန်ဆုံးသည်ဖြစ်ရာ KZI မှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံဘက်မှ ရှေးဦးလူသားမျိုးနွယ်များ ယူနန်နယ်နှင့် အာရှအရှေ့ပိုင်းသို့ ပြန့်ပွားသွားခဲ့သည်မှာ နှစ်ပေါင်း ၁၁၇၀ဝ မတိုင်မီကပင် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KZI – Kunming Institute of Zoology, Chinese Academy of Sciences တက္ကသိုလ်သည် ၁၉၅၈ ခုနှစ်က တည်ထောင်ခဲ့သည့်တက္ကသိုလ်ဖြစ်ပြီး၊ တစ်ကမ္ဘာလုံးရှိအမျိုးအစားတူ သိပ္ပံတက္ကသိုလ်ပေါင်း ၂၆၂၈ ခုတွင် အဆင့် ၇၁၃၊ အာရှရှိ အမျိုးအစားတူ သိပ္ပံတက္ကသိုလ်ပေါင်း ၇၃၅ တွင် အဆင့် ၁၃၄ နှင့် တရုတ်ပြည်ရှိ အမျိုးအစားတူ သိပ္ပံတက္ကသိုလ်ပေါင်း ၁၇၉ ခုတွင် အဆင့် ၅၄ ရှိသော ထင်ရှားသည့်တက္ကသိုလ် တစ်ခုဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့် စာတမ်းကို တင်ပြခဲ့သူများမှာ လီယွိချွန်း Li Yu-Chun ၊ ဝမ်ဟွားဝေ Wang Hua-Wei ၊ ထင်ကျောက်ယန် Tian Jiao-Yang ၊ လျိုလိန Liu Li-Na ၊ ယန်လိချင့် Yang Li-Qin ၊ ကျူချွန်းလင် Zhu Chun-Ling ၊ ဝူးရှစ်ဖန်း Wu Shi-Fang ၊ ခုန်ချင်းဖုန် Kong Qing-Peng နှင့် ကျန်းယဖျင် Zhang Ya-Ping တို့ဖြစ်ကြသည်။
စာတမ်း၏ အနှစ်ချုပ်တွင်ဖော်ပြထားသည်မှာ “ အရှေ့အာရှ ကုန်းတွင်းပိုင်းသို့ ရှေးခေတ်လူသားများ ပျံ့နှံလာခဲ့ခြင်းမှာ ပလိုင်စ်တိုဆင်း ခေတ်နောက်ပိုင်းကာလ ကပင် မြန်မာနိုင်ငံမှစတင်ခဲ့သည် ” ဆိုသည့်အချက် ဖြစ်သည်။
အာရှတိုက်၏ အရှေ့ဘက်နှင့် အရှေ့တောင်အရပ်များတွင် မြစ်ဝှမ်းလွင်ပြင်ပေါင်း မြောက်မြားစွာဆက်စပ် တည်ရှိနေသည့်အတွက်၊ အချို့သော ကုန်းကြောင်းလမ်းများသည် ကမ္ဘာဦးလူသားများ အရှေ့အာရှကုန်းတွင်းပိုင်းသို့ ဝင်ရောက်အခြေချခဲ့သည့် လမ်းကြောင်းများဖြစ်ခဲ့ဖွယ်ရာရှိကြောင်း ယူဆခဲ့ကြသော်လည်း ပညာရပ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် တိကျသည့် သက်သေအထောက်အထား မပြသနိုင်ခဲ့ကြောင်း။ ယခု KZI မှ ပညာရှင်များ၏ မျိုးဗီဇဆိုင်ရာလေ့လာတွေ့ရှိချက် အရ သိပ္ပံနည်းကျ အထောက်အထားပြနိုင်ခဲ့ပြီ ဟုဆိုသည်။ အထက်ဖော်ပြပါစာတမ်းတွင် KZI – Kunming Institute of Zoology , Chinese Academy of Sciences တက္ကသိုလ်မှ ပညာရှင်များက မိခင်ဘက်မှ လာသော mitochondrial DNA ( mtDNA ) ကို စုဆောင်းသုတေသနပြုလုပ်ပြီး တွေ့ရှိခဲ့သည့် ရလဒ်များကို တင်ပြထားခြင်းဖြစ်ပါသည်။ DNA sample များကို မြန်မာနိုင်ငံရှိ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုမှ လူ ၈၄၅ ဦးထံမှ လတ်လတ်ဆတ်ဆတ်စုဆောင်းခဲ့သည့် နမူနာများ၊ မြန်မာနိုင်ငံနှင့် ၎င်း၏ ပတ်ဝန်းကျင်လူနေ ဒေသ ၁၁၅ ခုက မှတ်တမ်းတင်ထားသည့် လူဦးရေ ၅၉၀၇ ဦးဆီကရသည့် နမူနာများကို လေ့လာသုတေသနပြု ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့လေ့လာခဲ့ရာတွင် မြန်မာနိုင်ငံမှ ဒီအန်အေ နမူနာ များတွင် မျိုးရိုးဗီဇကွဲပြားမှု အများဆုံး နှင့် အခြေခံ မျိုးရိုးဗီဇလိုင်းများ များပြားစုံလင်စွာ ပါရှိမှုကို တွေ့ရှိခဲ့ကြသည်။ ဤတွေ့ရှိချက်က မြန်မာနိုင်ငံသည် ခေတ်သစ်လူသားများ အစကနဦး ပြန့်ပွားရာ ဗဟိုဌာန များအနက်မှ တစ်နေရာဖြစ်နိုင်ကြောင်း ထောက်ပြနေ သည်ဟုဆိုပါသည်။
စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ အချို့သော သီးသန့် ဒီအန်အေအုပ်စုများကို မြန်မာနိုင်ငံနှင့် တရုတ်ပြည် အနောက်တောင်ပိုင်းသား ဒီအန်အေများတွင်သာ သီးသန့်ပါဝင်နေကြသည်ကို တွေ့ရခြင်းဖြစ်သည်။ ဤ အချက်က ဒေသနှစ်ခုရှိလူမျိုးများအကြား မျိုးရိုးဗီဇ အရဆက်စပ်မှုရှိသည်ကို ပြသနေပါသည်။ ဆက်လက် လေ့လာသုတေသနပြုချက်များအရ ထိုသို့သော ဆက်စပ်မှုများသည် မကြာသေးသည့်ကာလက မျိုးဗီဇစီးဆင်း မှု အရသော်လည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ၀ မှ ၁၀ဝဝဝ အတွင်း မြန်မာနိုင်ငံမှ တရုတ်ပြည် အနောက်တောင်ပိုင်းသို့ လူသားမျိုးနွယ်များ ပြန့်ပွားခဲ့ခြင်းမှသော်လည်းကောင်း ဆက်နွှယ်လာခဲ့ခြင်းဖြစ်သည် ဟု မှတ်ယူနိုင်ခြင်းဖြစ်သည်။

ဤသုတေသနစာတမ်း၏ အနှစ်ချုပ်အရ၊ မြန်မာလူထုထံမှရယူသည့် ဒီအန်အေများတွင် အခြေခံမျိုးဗီဇ လိုင်းများ စုံလင်များပြားစွာ ပါဝင်နေသည်ကို တွေ့ရှိရသည့်အတွက် ဤဒေသမှလူသားများသည် အရှေ့အာရှ နှင့် အရှေ့တောင်အာရှသို့ ရှေးဦးအခြေချနေထိုင်သူများ အဖြစ် ပြန့်ပွားရာ ဗဟိုဌာနတစ်ခုဖြစ်ကြောင်း ကောက်ချက်ချနိုင်ခြင်းဖြစ်သည် ဆိုပါသည်။ ထို့ပြင် မြန်မာနှင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ဒေသတို့အကြား ပထဝီ အဆက်အစပ်ရှိမှုနှင့် တိုက်ရိုက်မျိုးဗီဇအဆက် အစပ်ရှိမှုတို့အရ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ဝ၀ မှ ၁၀ဝဝဝ အတွင်းမြန်မာမှတရုတ်အနောက်တောင်ပိုင်းဒေသသို့ မျိုးဗီဇ စီးဆင်းပြန့်ပွားလာခဲ့ကြောင်းဆိုသည်။ ဤလေ့လာတွေ့ရှိချက်ကို ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိချက်များကလည်း မှန်ကန်ကြောင်းအထောက်အကူပြုကြပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တူးဖော်တွေ့ရှိသည့် ပယ်လီယို လစ်သစ်ခေတ် ယဉ်ကျေးမှုဖြစ်သော ထုဆစ်ထားသည့် ကျောက်တုံးများကို မြန်မာနိုင်ငံတွင်းရှိ အညာသီယံ ဆိုက်တွင်လည်း တွေ့ရှိရခြင်းမျိုးဖြစ်သည်။ ထို့ပြင် ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်ခြမ်း ပြဒါးလင်းဂူများ ( လွန်ခဲ့သည့် နှစ်ပါင်း ၁၇၅၀ မှ ၁၃၀ဝ၀ အကြား) တွင် နီယိုလစ်သစ် ခေတ် ယဉ်ကျေးမှုများကိုတွေ့ရှိရခြင်းက ယူနန် အနောက်ပိုင်း‌ဒေသ အပါအဝင် ပတ်ဝန်းကျင်ဒေသများတွင် တွေ့ရှိရသည်တို့နှင့် တူညီနေသည်။ မြန်မာနိုင်ငံအတွင်း နှောင်းခေတ် အညာသီယံ ယဉ်ကျေးမှုသည် ဧရာဝတီမြစ်ဝှမ်းဒေသတစ်လျှောက် ပျံ့နှံ့လာခဲ့ခြင်းကို သက်သေပြခဲ့ပြီး ဖြစ်ပြီး၊ အစောဆုံး အမဲလိုက်-ရှာဖွေစားသောက် သူများသည် အဓိက မြစ်ဝှမ်းတောင်ကြား‌ ဒေသများအတိုင်း အတွင်းပိုင်း အရှေ့ အာရှ ကုန်းတွင်းပိုင်းသို့ ရွှေ့ ပြောင်းလာကြခြင်းဖြစ်ကြောင်းကိုလည်း ထပ်မံ ဖော်ပြခဲ့သည်။
KZI သိပ္ပံပညာရှင်များသည် ယခင်ကလေ့လာ မှုများအရ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသားများ၏ ဒီအန်အေများတွင် အခြေခံမျိုးဗီဇလိုင်းများ စုံလင်များပြားစွာ ပါရှိနေမှုကို တွေ့ရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ယခုလေ့လာတွေ့ရှိချက်က အဘယ်ကြောင့် ဤသို့စုံလင်များပြားနေရသည်ကိုလည်း ရှင်းလင်းပြသလိုက် သည်။
ဤအချက်ကြောင့် အာရှအရှေ့ကုန်းတွင်းပိုင်းရှိ ရှေးဦးလူသားများသည် အနောက်ဘက်မှ ပျံ့ နှံ့နေထိုင်ခဲ့ ကြရာတွင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် လမ်းကြောင်းများကိုသာမက၊ ကုန်းတွင်းပိုင်းမှ လမ်းကြောင်း များကိုလည်း အသုံးပြုခဲ့ကြသည်ဟု ကောက်ချက်ချနိုင်ကြောင်းနှင့် ယ‌နေ့မြန်မာဒေသသည် တရုတ်အနောက် တောင်ပိုင်းဒေသသို့ တိုက်ရိုက်မျိုးဗီဇ ပြန့်ပွားခဲ့သည်မှာ ပလိုင်စတိုဆင်း ခေတ်နှောင်းပိုင်းကာလကပင်စတင်ခဲ့ ဖွယ်ရှိကြောင်း ကောက်ချက်ချနိုင်သည်ဟု ဆိုပါသည်။

ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဂျီ အိတ်ချ် လုစ် ( G.H Luce ) က ရှေးမြန်မာတို့သည်၊ လွန်ခဲ့သည့် ခရစ်နှစ် ၉ ရာစုခန့်က မူလ နေထိုင်ရာ ယူနန်ပြည်နယ်ဘက်မှ ကျောက်ဆည်ခရိုင် အရှေ့တောင်ထောင့်ရှိ နတ်ထိပ်တောင်ကြားလမ်းအတိုင်း မြင်းတပ်များဖြင့် ကျောက်ဆည်ခရိုင်ကို လျင်မြန်စွာဝင်ရောက် သိမ်းပိုက်ခဲ့ဟန် တူသည်ဟု ကောက်ချက်ချခဲ့သည်။ ယူနန်ပြည်နယ် မရောက်မီက ဗမာတို့၏ မူလဇာတိမှာ ပျူလူမျိုးများကဲ့သို့ပင် တရုတ်ပြည် ချင်းဟိုင်းဒေသ ကန်းစုပြည်နယ်ဖြစ်သည်ဟု ဆိုပါသည်။
လုစ်၏ ယူဆချက်ကို ထိုစဉ်ကတည်းကပင် ဆန့်ကျင်အငြင်းပွားမှုများ ရှိခဲ့သော်လည်း ခိုင်မာသည့် သိပ္ပံနည်းကျအထောက်အထား မပြသနိုင်သည့်အတွက် လုစ်၏ ယူဆချက်ကိုသာ အများကလက်ခံကာ ကျောင်း သုံး စာအုပ်များပြဋ္ဌာန်း၍ သင်ကြားခဲ့ကြပေသည်။ သို့သော်လည်း မြန်မာလူမျိုးစုများ၏ မူလအစနှင့် ပတ်သက်သည့် အငြင်းပွားမှုမ ှာ ဆက်လက်တည်ရှိနေခဲ့ရာ၊ ယခုတရုတ် သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက် က ပါမောက္ခ ဂျီ အိတ်ချ် လုစ် ၏ ယူဆချက်ကို ပြန်လည်သုံး သပ်ဖို့လိုနေကြောင်းကို ထောက်ပြလိုက်သည်။
သို့သော်လည်း ယခုနောက်ဆုံး KZI တက္ကသိုလ်မှ ပညာရှင်များ၏ သုတေသနပြုလုပ်တွေ့ရှိချက်ရော၊ ပါမောက္ခ လုစ်၏ ယူဆချက်ပါ နှစ်ခုလုံး အမှန်လည်း ဖြစ်နေနိုင်သည်။
အကြောင်းမှာ ဖြစ်ရပ်နှစ်ခုအကြားတွင် အချိန်ကာလ အားဖြင့် အလွန်ရှည်ကြာလှသော ကွာခြားချက်ရှိနေသောကြောင့်ဖြစ်သည်။

ရှေးဦးလူသားမျိုးနွယ်တို့သည် ယခုမြန်မာနိုင်ငံ တည်ရှိရာ ဒေသမှအရှေ့ဘက် ယူနန်ပြည်နယ်နှင့် အရှေ့အာရှ ကုန်းတွင်းပိုင်းသို့ လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းကျော်လောက်က စတင်ပြန့်ပွားသွားခဲ့ပြီးမှ နောက်တစ်ဖန် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်နှင့် တစ်ထောင်ကျော်ခန့်တွင် ပျူလူမျိုးနှင့် မြန်မာလူမျိုးစုတို့ တသီးတခြားစီ ပြန်လည်ဝင်‌ရောက်လာသည့် အဓိပ္ပာယ် လည်းဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုပါစေ ခိုင်မာသော သက်သေအထောက်အထားများ ရရှိရန် ဆက်လက် သုတေသန လုပ်ကြဖို့ လိုနေပါလိမ့်ဦးမည်။

Zawgyi Version;
ျမန္မာႏိုင္ငံသည္ အာရွအေရွ႕ကုန္းတြင္းပိုင္းသို႔ ေရွးဦးလူသားမ်ား စတင္ျပန႔္ပြားရာေဒသတစ္ခုျဖစ္သည္ဟု ဆိုလိုက္ျခင္း (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) NP News - ေဖေဖာ္ဝါရီ ၁၅

၂၀၁၅ ခုႏွစ္ မတ္လ ၂၆ ရက္ ေန႔စြဲျဖင့္ Scientific Report Journal တြင္ေဖာ္ျပလိုက္သည့္ ခြန္မင္းၿမိဳ႕ သတၱေဗဒ အင္စတီက်ဳ ( KZI ) ၏ “ Ancient inland human dispersals from Myanmar into interior East Asia since the late Pleistocene ” (ျမန္မာႏိုင္ငံမွ အေရွ႕အာရွ ကုန္းတြင္းပိုင္းသို႔ ေရွးေခတ္ လူသားမ်ား ပ်ံ႕ႏွံလာခဲ့ျခင္းမွာ ပလိုင္စတိုဆင္း ေခတ္ေနာက္ပိုင္းကာလ ကပင္ စတင္ခဲ့သည္) ဆိုသည့္ သိပၸံသုေတသနစာတမ္းက “ ေရွးဦးျမန္မာလူမ်ိဳးစုမ်ားသည္ ယေန႔တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွ ျမန္မာႏိုင္ငံတြင္းသို႔ ဝင္ေရာက္လာခဲ့ၾကျခင္းျဖစ္သည္ ” ဆိုသည့္ သမိုင္းဆိုင္ရာ သင္ၾကားနားလည္ခ်က္ကို ျပန္လည္သုံးသပ္ရန္ျဖစ္လာပါသည္။ အဂၤလိပ္ကိုလိုနီေခတ္မွစတင္ကာ တစ္ေလွ်ာက္လုံးပင္ ျမန္မာလူမ်ိဳးစုမ်ားသည္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ဘက္မွ ဝင္ေရာက္လာခဲ့ၾကသည္ဟု သင္ၾကားခဲ့ၾက ရေပသည္။ ထိုသင္ၾကားခ်က္မွာ အဂၤလိပ္ကိုလိုနီေခတ္ သမိုင္းပါေမာကၡမစၥတာလုစ္ (Gordon Hannington Luce) ၏ ယူဆခ်က္ျဖစ္သည္။

ပလိုင္စတိုဆင္းေခတ္ဆိုသည့္ မဟာေရခဲေခတ္ႀကီးတြင္ လြန္ခဲ့သည့္ႏွစ္ေပါင္း ၂ ဒသမ ၆ သန္းက စတင္ခဲ့ၿပီး လြန္ခဲ့သည့္ႏွစ္ေပါင္း ၁၁၇၀ဝ (တစ္ေသာင္းတစ္ေထာင္ခုနစ္ရာ ) ေလာက္တြင္ကုန္ဆုံးသည္ျဖစ္ရာ KZI မွ ပညာရွင္မ်ား၏ ေလ့လာေတြ႕ရွိခ်က္အရ ျမန္မာႏိုင္ငံဘက္မွ ေရွးဦးလူသားမ်ိဳးႏြယ္မ်ား ယူနန္နယ္ႏွင့္ အာရွအေရွ႕ပိုင္းသို႔ ျပန႔္ပြားသြားခဲ့သည္မွာ ႏွစ္ေပါင္း ၁၁၇၀ဝ မတိုင္မီကပင္ စတင္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

KZI – Kunming Institute of Zoology, Chinese Academy of Sciences တကၠသိုလ္သည္ ၁၉၅၈ ခုႏွစ္က တည္ေထာင္ခဲ့သည့္တကၠသိုလ္ျဖစ္ၿပီး၊ တစ္ကမာၻလုံးရွိအမ်ိဳးအစားတူ သိပၸံတကၠသိုလ္ေပါင္း ၂၆၂၈ ခုတြင္ အဆင့္ ၇၁၃၊ အာရွရွိ အမ်ိဳးအစားတူ သိပၸံတကၠသိုလ္ေပါင္း ၇၃၅ တြင္ အဆင့္ ၁၃၄ ႏွင့္ တ႐ုတ္ျပည္ရွိ အမ်ိဳးအစားတူ သိပၸံတကၠသိုလ္ေပါင္း ၁၇၉ ခုတြင္ အဆင့္ ၅၄ ရွိေသာ ထင္ရွားသည့္တကၠသိုလ္ တစ္ခုျဖစ္သည္။

အထက္တြင္ေဖာ္ျပခဲ့သည့္ စာတမ္းကို တင္ျပခဲ့သူမ်ားမွာ လီယြိခြၽန္း Li Yu-Chun ၊ ဝမ္ဟြားေဝ Wang Hua-Wei ၊ ထင္ေက်ာက္ယန္ Tian Jiao-Yang ၊ လ်ိဳလိန Liu Li-Na ၊ ယန္လိခ်င့္ Yang Li-Qin ၊ က်ဴခြၽန္းလင္ Zhu Chun-Ling ၊ ဝူးရွစ္ဖန္း Wu Shi-Fang ၊ ခုန္ခ်င္းဖုန္ Kong Qing-Peng ႏွင့္ က်န္းယဖ်င္ Zhang Ya-Ping တို႔ျဖစ္ၾကသည္။
စာတမ္း၏ အႏွစ္ခ်ဳပ္တြင္ေဖာ္ျပထားသည္မွာ “ အေရွ႕အာရွ ကုန္းတြင္းပိုင္းသို႔ ေရွးေခတ္လူသားမ်ား ပ်ံ႕ႏွံလာခဲ့ျခင္းမွာ ပလိုင္စ္တိုဆင္း ေခတ္ေနာက္ပိုင္းကာလ ကပင္ ျမန္မာႏိုင္ငံမွစတင္ခဲ့သည္ ” ဆိုသည့္အခ်က္ ျဖစ္သည္။
အာရွတိုက္၏ အေရွ႕ဘက္ႏွင့္ အေရွ႕ေတာင္အရပ္မ်ားတြင္ ျမစ္ဝွမ္းလြင္ျပင္ေပါင္း ေျမာက္ျမားစြာဆက္စပ္ တည္ရွိေနသည့္အတြက္၊ အခ်ိဳ႕ေသာ ကုန္းေၾကာင္းလမ္းမ်ားသည္ ကမာၻဦးလူသားမ်ား အေရွ႕အာရွကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္အေျခခ်ခဲ့သည့္ လမ္းေၾကာင္းမ်ားျဖစ္ခဲ့ဖြယ္ရာရွိေၾကာင္း ယူဆခဲ့ၾကေသာ္လည္း ပညာရပ္ဆိုင္ရာ ကန႔္သတ္ခ်က္မ်ားေၾကာင့္ တိက်သည့္ သက္ေသအေထာက္အထား မျပသႏိုင္ခဲ့ေၾကာင္း။ ယခု KZI မွ ပညာရွင္မ်ား၏ မ်ိဳးဗီဇဆိုင္ရာေလ့လာေတြ႕ရွိခ်က္ အရ သိပၸံနည္းက် အေထာက္အထားျပႏိုင္ခဲ့ၿပီ ဟုဆိုသည္။ အထက္ေဖာ္ျပပါစာတမ္းတြင္ KZI – Kunming Institute of Zoology , Chinese Academy of Sciences တကၠသိုလ္မွ ပညာရွင္မ်ားက မိခင္ဘက္မွ လာေသာ mitochondrial DNA ( mtDNA ) ကို စုေဆာင္းသုေတသနျပဳလုပ္ၿပီး ေတြ႕ရွိခဲ့သည့္ ရလဒ္မ်ားကို တင္ျပထားျခင္းျဖစ္ပါသည္။ DNA sample မ်ားကို ျမန္မာႏိုင္ငံရွိ ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီး ၁၄ ခုမွ လူ ၈၄၅ ဦးထံမွ လတ္လတ္ဆတ္ဆတ္စုေဆာင္းခဲ့သည့္ နမူနာမ်ား၊ ျမန္မာႏိုင္ငံႏွင့္ ၎၏ ပတ္ဝန္းက်င္လူေန ေဒသ ၁၁၅ ခုက မွတ္တမ္းတင္ထားသည့္ လူဦးေရ ၅၉၀၇ ဦးဆီကရသည့္ နမူနာမ်ားကို ေလ့လာသုေတသနျပဳ ခဲ့ၾကျခင္းျဖစ္သည္။ ထိုသို႔ေလ့လာခဲ့ရာတြင္ ျမန္မာႏိုင္ငံမွ ဒီအန္ေအ နမူနာ မ်ားတြင္ မ်ိဳး႐ိုးဗီဇကြဲျပားမႈ အမ်ားဆုံး ႏွင့္ အေျခခံ မ်ိဳး႐ိုးဗီဇလိုင္းမ်ား မ်ားျပားစုံလင္စြာ ပါရွိမႈကို ေတြ႕ရွိခဲ့ၾကသည္။ ဤေတြ႕ရွိခ်က္က ျမန္မာႏိုင္ငံသည္ ေခတ္သစ္လူသားမ်ား အစကနဦး ျပန႔္ပြားရာ ဗဟိုဌာန မ်ားအနက္မွ တစ္ေနရာျဖစ္ႏိုင္ေၾကာင္း ေထာက္ျပေန သည္ဟုဆိုပါသည္။
စိတ္ဝင္စားစရာေကာင္းသည့္ အခ်က္မွာ အခ်ိဳ႕ေသာ သီးသန႔္ ဒီအန္ေအအုပ္စုမ်ားကို ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ျပည္ အေနာက္ေတာင္ပိုင္းသား ဒီအန္ေအမ်ားတြင္သာ သီးသန႔္ပါဝင္ေနၾကသည္ကို ေတြ႕ရျခင္းျဖစ္သည္။ ဤ အခ်က္က ေဒသႏွစ္ခုရွိလူမ်ိဳးမ်ားအၾကား မ်ိဳး႐ိုးဗီဇ အရဆက္စပ္မႈရွိသည္ကို ျပသေနပါသည္။ ဆက္လက္ ေလ့လာသုေတသနျပဳခ်က္မ်ားအရ ထိုသို႔ေသာ ဆက္စပ္မႈမ်ားသည္ မၾကာေသးသည့္ကာလက မ်ိဳးဗီဇစီးဆင္း မႈ အရေသာ္လည္းေကာင္း၊ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀ဝ၀ မွ ၁၀ဝဝဝ အတြင္း ျမန္မာႏိုင္ငံမွ တ႐ုတ္ျပည္ အေနာက္ေတာင္ပိုင္းသို႔ လူသားမ်ိဳးႏြယ္မ်ား ျပန႔္ပြားခဲ့ျခင္းမွေသာ္လည္းေကာင္း ဆက္ႏႊယ္လာခဲ့ျခင္းျဖစ္သည္ ဟု မွတ္ယူႏိုင္ျခင္းျဖစ္သည္။

ဤသုေတသနစာတမ္း၏ အႏွစ္ခ်ဳပ္အရ၊ ျမန္မာလူထုထံမွရယူသည့္ ဒီအန္ေအမ်ားတြင္ အေျခခံမ်ိဳးဗီဇ လိုင္းမ်ား စုံလင္မ်ားျပားစြာ ပါဝင္ေနသည္ကို ေတြ႕ရွိရသည့္အတြက္ ဤေဒသမွလူသားမ်ားသည္ အေရွ႕အာရွ ႏွင့္ အေရွ႕ေတာင္အာရွသို႔ ေရွးဦးအေျခခ်ေနထိုင္သူမ်ား အျဖစ္ ျပန႔္ပြားရာ ဗဟိုဌာနတစ္ခုျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ႏိုင္ျခင္းျဖစ္သည္ ဆိုပါသည္။ ထို႔ျပင္ ျမန္မာႏွင့္ တ႐ုတ္အေနာက္ေတာင္ပိုင္း ယူနန္ေဒသတို႔အၾကား ပထဝီ အဆက္အစပ္ရွိမႈႏွင့္ တိုက္႐ိုက္မ်ိဳးဗီဇအဆက္ အစပ္ရွိမႈတို႔အရ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၅၀ဝ၀ မွ ၁၀ဝဝဝ အတြင္းျမန္မာမွတ႐ုတ္အေနာက္ေတာင္ပိုင္းေဒသသို႔ မ်ိဳးဗီဇ စီးဆင္းျပန႔္ပြားလာခဲ့ေၾကာင္းဆိုသည္။ ဤေလ့လာေတြ႕ရွိခ်က္ကို ေရွးေဟာင္းသုေတသနဆိုင္ရာ ေတြ႕ရွိခ်က္မ်ားကလည္း မွန္ကန္ေၾကာင္းအေထာက္အကူျပဳၾကပါသည္။ ဥပမာအားျဖင့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္တြင္ တူးေဖာ္ေတြ႕ရွိသည့္ ပယ္လီယို လစ္သစ္ေခတ္ ယဥ္ေက်းမႈျဖစ္ေသာ ထုဆစ္ထားသည့္ ေက်ာက္တုံးမ်ားကို ျမန္မာႏိုင္ငံတြင္းရွိ အညာသီယံ ဆိုက္တြင္လည္း ေတြ႕ရွိရျခင္းမ်ိဳးျဖစ္သည္။ ထို႔ျပင္ ရွမ္းကုန္းျပင္ျမင့္၏ အေနာက္ဘက္ျခမ္း ျပဒါးလင္းဂူမ်ား ( လြန္ခဲ့သည့္ ႏွစ္ပါင္း ၁၇၅၀ မွ ၁၃၀ဝ၀ အၾကား) တြင္ နီယိုလစ္သစ္ ေခတ္ ယဥ္ေက်းမႈမ်ားကိုေတြ႕ရွိရျခင္းက ယူနန္ အေနာက္ပိုင္း‌ေဒသ အပါအဝင္ ပတ္ဝန္းက်င္ေဒသမ်ားတြင္ ေတြ႕ရွိရသည္တို႔ႏွင့္ တူညီေနသည္။ ျမန္မာႏိုင္ငံအတြင္း ေႏွာင္းေခတ္ အညာသီယံ ယဥ္ေက်းမႈသည္ ဧရာဝတီျမစ္ဝွမ္းေဒသတစ္ေလွ်ာက္ ပ်ံ႕ႏွံ႔လာခဲ့ျခင္းကို သက္ေသျပခဲ့ၿပီး ျဖစ္ၿပီး၊ အေစာဆုံး အမဲလိုက္-ရွာေဖြစားေသာက္ သူမ်ားသည္ အဓိက ျမစ္ဝွမ္းေတာင္ၾကား‌ ေဒသမ်ားအတိုင္း အတြင္းပိုင္း အေရွ႕ အာရွ ကုန္းတြင္းပိုင္းသို႔ ေ႐ႊ႕ ေျပာင္းလာၾကျခင္းျဖစ္ေၾကာင္းကိုလည္း ထပ္မံ ေဖာ္ျပခဲ့သည္။
KZI သိပၸံပညာရွင္မ်ားသည္ ယခင္ကေလ့လာ မႈမ်ားအရ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းသားမ်ား၏ ဒီအန္ေအမ်ားတြင္ အေျခခံမ်ိဳးဗီဇလိုင္းမ်ား စုံလင္မ်ားျပားစြာ ပါရွိေနမႈကို ေတြ႕ရွိထားၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ယခုေလ့လာေတြ႕ရွိခ်က္က အဘယ္ေၾကာင့္ ဤသို႔စုံလင္မ်ားျပားေနရသည္ကိုလည္း ရွင္းလင္းျပသလိုက္ သည္။
ဤအခ်က္ေၾကာင့္ အာရွအေရွ႕ကုန္းတြင္းပိုင္းရွိ ေရွးဦးလူသားမ်ားသည္ အေနာက္ဘက္မွ ပ်ံ႕ ႏွံ႔ေနထိုင္ခဲ့ ၾကရာတြင္ ပင္လယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ လမ္းေၾကာင္းမ်ားကိုသာမက၊ ကုန္းတြင္းပိုင္းမွ လမ္းေၾကာင္း မ်ားကိုလည္း အသုံးျပဳခဲ့ၾကသည္ဟု ေကာက္ခ်က္ခ်ႏိုင္ေၾကာင္းႏွင့္ ယ‌ေန႔ျမန္မာေဒသသည္ တ႐ုတ္အေနာက္ ေတာင္ပိုင္းေဒသသို႔ တိုက္႐ိုက္မ်ိဳးဗီဇ ျပန႔္ပြားခဲ့သည္မွာ ပလိုင္စတိုဆင္း ေခတ္ေႏွာင္းပိုင္းကာလကပင္စတင္ခဲ့ ဖြယ္ရွိေၾကာင္း ေကာက္ခ်က္ခ်ႏိုင္သည္ဟု ဆိုပါသည္။

ရန္ကုန္တကၠသိုလ္ သမိုင္းပါေမာကၡ ဂ်ီ အိတ္ခ်္ လုစ္ ( G.H Luce ) က ေရွးျမန္မာတို႔သည္၊ လြန္ခဲ့သည့္ ခရစ္ႏွစ္ ၉ ရာစုခန႔္က မူလ ေနထိုင္ရာ ယူနန္ျပည္နယ္ဘက္မွ ေက်ာက္ဆည္ခ႐ိုင္ အေရွ႕ေတာင္ေထာင့္ရွိ နတ္ထိပ္ေတာင္ၾကားလမ္းအတိုင္း ျမင္းတပ္မ်ားျဖင့္ ေက်ာက္ဆည္ခ႐ိုင္ကို လ်င္ျမန္စြာဝင္ေရာက္ သိမ္းပိုက္ခဲ့ဟန္ တူသည္ဟု ေကာက္ခ်က္ခ်ခဲ့သည္။ ယူနန္ျပည္နယ္ မေရာက္မီက ဗမာတို႔၏ မူလဇာတိမွာ ပ်ဴလူမ်ိဳးမ်ားကဲ့သို႔ပင္ တ႐ုတ္ျပည္ ခ်င္းဟိုင္းေဒသ ကန္းစုျပည္နယ္ျဖစ္သည္ဟု ဆိုပါသည္။
လုစ္၏ ယူဆခ်က္ကို ထိုစဥ္ကတည္းကပင္ ဆန႔္က်င္အျငင္းပြားမႈမ်ား ရွိခဲ့ေသာ္လည္း ခိုင္မာသည့္ သိပၸံနည္းက်အေထာက္အထား မျပသႏိုင္သည့္အတြက္ လုစ္၏ ယူဆခ်က္ကိုသာ အမ်ားကလက္ခံကာ ေက်ာင္း သုံး စာအုပ္မ်ားျပ႒ာန္း၍ သင္ၾကားခဲ့ၾကေပသည္။ သို႔ေသာ္လည္း ျမန္မာလူမ်ိဳးစုမ်ား၏ မူလအစႏွင့္ ပတ္သက္သည့္ အျငင္းပြားမႈမ ွာ ဆက္လက္တည္ရွိေနခဲ့ရာ၊ ယခုတ႐ုတ္ သိပၸံပညာရွင္မ်ား၏ ေလ့လာေတြ႕ရွိခ်က္ က ပါေမာကၡ ဂ်ီ အိတ္ခ်္ လုစ္ ၏ ယူဆခ်က္ကို ျပန္လည္သုံး သပ္ဖို႔လိုေနေၾကာင္းကို ေထာက္ျပလိုက္သည္။
သို႔ေသာ္လည္း ယခုေနာက္ဆုံး KZI တကၠသိုလ္မွ ပညာရွင္မ်ား၏ သုေတသနျပဳလုပ္ေတြ႕ရွိခ်က္ေရာ၊ ပါေမာကၡ လုစ္၏ ယူဆခ်က္ပါ ႏွစ္ခုလုံး အမွန္လည္း ျဖစ္ေနႏိုင္သည္။
အေၾကာင္းမွာ ျဖစ္ရပ္ႏွစ္ခုအၾကားတြင္ အခ်ိန္ကာလ အားျဖင့္ အလြန္ရွည္ၾကာလွေသာ ကြာျခားခ်က္ရွိေနေသာေၾကာင့္ျဖစ္သည္။

ေရွးဦးလူသားမ်ိဳးႏြယ္တို႔သည္ ယခုျမန္မာႏိုင္ငံ တည္ရွိရာ ေဒသမွအေရွ႕ဘက္ ယူနန္ျပည္နယ္ႏွင့္ အေရွ႕အာရွ ကုန္းတြင္းပိုင္းသို႔ လြန္ခဲ့ေသာႏွစ္ေပါင္း တစ္ေသာင္းေက်ာ္ေလာက္က စတင္ျပန႔္ပြားသြားခဲ့ၿပီးမွ ေနာက္တစ္ဖန္ လြန္ခဲ့ေသာႏွစ္ေပါင္း ႏွစ္ေထာင္ေက်ာ္ႏွင့္ တစ္ေထာင္ေက်ာ္ခန႔္တြင္ ပ်ဴလူမ်ိဳးႏွင့္ ျမန္မာလူမ်ိဳးစုတို႔ တသီးတျခားစီ ျပန္လည္ဝင္‌ေရာက္လာသည့္ အဓိပၸာယ္ လည္းျဖစ္ႏိုင္ေပသည္။ မည္သို႔ပင္ဆိုပါေစ ခိုင္မာေသာ သက္ေသအေထာက္အထားမ်ား ရရွိရန္ ဆက္လက္ သုေတသန လုပ္ၾကဖို႔ လိုေနပါလိမ့္ဦးမည္။

Related news

© 2021. All rights reserved.