တောင်ကိုးရီးယားမှာ အပူချိန်လျော့နည်း အအေးပိုကာ နှင်းခဲများ ကျရောက်နိုင်ဖွယ်ရှိ

159

ရောင်နီ (NP News) - အောက်တိုဘာ ၂၁
တောင်ကိုးရီးယားနိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်အထိ အအေးလွန်ကဲမှုရှိနိုင်ပြီး အချို့ဒေသတွေမှာ လေအေးနဲ့ နှင်းခဲတွေ ကျရောက်တဲ့အထိဖြစ်နိုင်ကာ နိုင်ငံ အရှေ့ဘက်နဲ့ အရှေ့တောင်ပိုင်းကမ်းရိုးတန်း ဒေသတွေမှာ မိုးရွာနိုင်မယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေ ထွက်ရှိနေပါတယ်။
ကိုရီးယား မိုးလေဝသ စီမံခန့်ခွဲရေးမှ အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ သီတင်းပတ်ကုန်မှာ အပူချိန်များ ရုတ်ခြည်းကျဆင်းကာ အနောက်မြောက်လေပြင်းတွေ တိုက်ခတ်မှုရှိမယ်လို့ ဆိုပါတယ်။ အဆိုပါ ရာသီဥတုပြောင်းလဲမှုဟာ တရုတ်နိုင်ငံ မြောက်ပိုင်းမှ ကူးလာတဲ့ လေအေးနဲ့ လေပြင်းများကြောင့် နိုင်ငံရဲ့နေရာ အများစုမှာ ရုတ်ချည်း ချမ်းအေးတဲ့အခြေအနေကို ကူးပြောင်းသွားမယ်လို့ ယူဆရပါတယ်။ ကျန်ရက်သတ္တပတ်တွေ အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ နံနက်အပူချိန်ဟာ ၁၀ ဒီဂရီစင်တီဂရိတ်အောက် ဆက်လက်ရှိနိုင်ပြီး နေ့ဘက်အပူချိန်တွေကတော့ ရာသီစံနှုန်းတွေအရ ၂ ဒီဂရီစင်တီဂရိတ်မှ ၇ ဒီဂရီစင်တီဂရိတ်ကြား ရှိနိုင်တယ်လို့ သိရပါတယ်။ အအေးဒဏ်ကြောင့် နိုင်ငံအနှံ့ ကုန်းတွင်းပိုင်းနဲ့ တောင်တန်းဒေသ အချို့မှာ နှင်းခဲတွေ ဖြစ်ပေါ်နိုင် ဖွယ်ရှိပြီး ဂျောင်ဂီပြည်နယ်ရှိ မြောက်ပိုင်းဒေသများ၊ ဂန်ဝမ်ပြည်နယ်ရှိ ကုန်းတွင်းပိုင်းဒေသများနဲ့ ချွန်ချောင်း ပြည်နယ်မြောက်ပိုင်း၊ ဂျယ်လာပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ အအေးပိုမယ်လို့ ခန့်မှန်းထားပါတယ်။ ဂန်ဝမ် ပြည်နယ်မြောက်ပိုင်း တောင်တန်းဒေသတွေမှာ ဆီးနှင်း ၁ စင်တီမီတာအထိ ရွာသွန်းနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။
အောက်တိုဘာ ၂၀ ရက်က အလယ်ပိုင်းဒေသတွေမှာ နံနက်အပူချိန် ၅ ဒီဂရီစင်တီဂရိတ်ခန့်၊ တောင်ပိုင်း ဒေသတွေမှာ အောက်တိုဘာ ၁၉ ရက်က နံနက်အပူချိန်မှ ၁၀ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မြို့တော် ဆိုးလ်မှာ အောက်တိုဘာ ၂၀ ရက် နံနက်အပူချိန် ၅.၃ ဒီဂရီ စင်တီဂရိတ်ထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုးရီးယားမွာ အပူခ်ိန္ေလ်ာ့နည္း အေအးပိုကာ ႏွင္းခဲမ်ား က်ေရာက္ႏိုင္ဖြယ္ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁
ေတာင္ကိုးရီးယားႏိုင္ငံမွာ ေအာက္တိုဘာ ၂၃ ရက္အထိ အေအးလြန္ကဲမႈရွိႏိုင္ၿပီး အခ်ိဳ႕ေဒသေတြမွာ ေလေအးနဲ႔ ႏွင္းခဲေတြ က်ေရာက္တဲ့အထိျဖစ္ႏိုင္ကာ ႏိုင္ငံ အေရွ႕ဘက္နဲ႔ အေရွ႕ေတာင္ပိုင္းကမ္း႐ိုးတန္း ေဒသေတြမွာ မိုး႐ြာႏိုင္မယ္လို႔ မိုးေလဝသ ခန႔္မွန္းခ်က္ေတြ ထြက္ရွိေနပါတယ္။
ကိုရီးယား မိုးေလဝသ စီမံခန႔္ခြဲေရးမွ ေအာက္တိုဘာ ၂၀ ရက္ ထုတ္ျပန္ခ်က္အရ သီတင္းပတ္ကုန္မွာ အပူခ်ိန္မ်ား ႐ုတ္ျခည္းက်ဆင္းကာ အေနာက္ေျမာက္ေလျပင္းေတြ တိုက္ခတ္မႈရွိမယ္လို႔ ဆိုပါတယ္။ အဆိုပါ ရာသီဥတုေျပာင္းလဲမႈဟာ တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းမွ ကူးလာတဲ့ ေလေအးနဲ႔ ေလျပင္းမ်ားေၾကာင့္ ႏိုင္ငံရဲ႕ေနရာ အမ်ားစုမွာ ႐ုတ္ခ်ည္း ခ်မ္းေအးတဲ့အေျခအေနကို ကူးေျပာင္းသြားမယ္လို႔ ယူဆရပါတယ္။ က်န္ရက္သတၱပတ္ေတြ အတြက္ တစ္ႏိုင္ငံလုံး အတိုင္းအတာအရ နံနက္အပူခ်ိန္ဟာ ၁၀ ဒီဂရီစင္တီဂရိတ္ေအာက္ ဆက္လက္ရွိႏိုင္ၿပီး ေန႔ဘက္အပူခ်ိန္ေတြကေတာ့ ရာသီစံႏႈန္းေတြအရ ၂ ဒီဂရီစင္တီဂရိတ္မွ ၇ ဒီဂရီစင္တီဂရိတ္ၾကား ရွိႏိုင္တယ္လို႔ သိရပါတယ္။ အေအးဒဏ္ေၾကာင့္ ႏိုင္ငံအႏွံ႔ ကုန္းတြင္းပိုင္းနဲ႔ ေတာင္တန္းေဒသ အခ်ိဳ႕မွာ ႏွင္းခဲေတြ ျဖစ္ေပၚႏိုင္ ဖြယ္ရွိၿပီး ေဂ်ာင္ဂီျပည္နယ္ရွိ ေျမာက္ပိုင္းေဒသမ်ား၊ ဂန္ဝမ္ျပည္နယ္ရွိ ကုန္းတြင္းပိုင္းေဒသမ်ားနဲ႔ ခြၽန္ေခ်ာင္း ျပည္နယ္ေျမာက္ပိုင္း၊ ဂ်ယ္လာျပည္နယ္ အေရွ႕ပိုင္းေဒသေတြမွာ အေအးပိုမယ္လို႔ ခန႔္မွန္းထားပါတယ္။ ဂန္ဝမ္ ျပည္နယ္ေျမာက္ပိုင္း ေတာင္တန္းေဒသေတြမွာ ဆီးႏွင္း ၁ စင္တီမီတာအထိ ႐ြာသြန္းႏိုင္မယ္လို႔ ခန႔္မွန္းထားပါ တယ္။
ေအာက္တိုဘာ ၂၀ ရက္က အလယ္ပိုင္းေဒသေတြမွာ နံနက္အပူခ်ိန္ ၅ ဒီဂရီစင္တီဂရိတ္ခန႔္၊ ေတာင္ပိုင္း ေဒသေတြမွာ ေအာက္တိုဘာ ၁၉ ရက္က နံနက္အပူခ်ိန္မွ ၁၀ ဒီဂရီစင္တီဂရိတ္မွ ၅ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းခဲ့တယ္လို႔ သိရပါတယ္။ ၿမိဳ႕ေတာ္ ဆိုးလ္မွာ ေအာက္တိုဘာ ၂၀ ရက္ နံနက္အပူခ်ိန္ ၅.၃ ဒီဂရီ စင္တီဂရိတ္ထိ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။