ပိတောက်ပွင့်ဆဲ လသာဆဲ ရုရှားစီးပွားရေး (ဘာသာပြန်ဆောင်းပါး)

 704

သန်းထိုက်စိုး (NP News) ဖေဖော်ဝါရီလ ၂၁

ရုရှားနိုင်ငံရေးလောကတွင် သမ္မတ ဗလာဒီမာပူတင် တာဝန်ယူခဲ့သည့် ၂၄ နှစ်တာကာလ အတွင်း ရုရှားနိုင်ငံ သားများ၏ လူနေမှုအဆင့်အတန်း မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ နိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ရေနံ ဈေးနှုန်းကြီးမြင့်မှုသည် ၁၉၉၀ ပြည့်နှစ် ဖရိုဖရဲအခြေအနေမျိုးမှ ထွက်ပေါ်လာ သည့်ရုရှားနိုင်ငံတွင် သမ္မတ ဗ လာဒီမာပူတင်၏ ရပ် တည်မှုကိုခိုင်မာစေခဲ့သည်။ နိုင်ငံသား သန်းပေါင်းများ စွာ၏ ဝယ်နိုင်စွမ်းအားနှင့် ဝင်ငွေမှာ လည်း မြင့်မား လာခဲ့သည်။
၂၀ဝ၈ ခုနှစ်တွင် ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ခဲ့ရခြင်း၊ ၂၀၁၄ ခုနှစ်တွင် ရုရှားတို့က ခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ များ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံကြုံ တွေ့ရခြင်းတို့ကြောင့် ရုရှားစီးပွားရေးမှာ ပိန်လှီချည့်နဲ့သွားလိမ့်မည်ဟု စီးပွားရေးကျွမ်းကျင်သူများ၊ ကမ္ဘာ့ ငွေကြေး အဖွဲ့အစည်းများက ယူဆခဲ့ကြသည်။ ယခုအခါ ၎င်းတို့၏ အထင်နှင့်အမြင်မှာတက်တက်စင်လွဲခဲ့သည်။
သမ္မတဗလာဒီမာပူတင် ဘာပြောလဲ
ရုရှားစီးပွားရေးမှာ ၂၀၂၃ ခုနှစ်အတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ အနောက်နိုင်ငံများ၏ များပြားလှသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် များနှင့် ဖြတ်တောက် ခံ ထားရသည့်ကြားထဲမှ တိုးထွက်ပြီး ယခုကဲ့သို့ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ရုရှားစီးပွားရေးမှာ အနောက် နိုင်ငံဈေးကွက်များနှင့် အောင်အောင်မြင်မြင် ဖယ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်တွင်း ဖူလုံမှုရှိအောင် ဆောင်ရွက်ကာ တစ်ချိန်တည်းမှာပင် ကုန်သွယ်မှုအသစ်များကိုလည်း စတင်နိုင်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က ထုတ် ဖော်ပြော ဆိုခဲ့သည်။
ရုရှားစီးပွားရေးမှာ ၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်တိုးတက်နေလိမ့်မည်ဟု ကျွမ်းကျင်သူများ က မျှော်မှန်းထားကြသည်။ ရုရှားစီးပွားရေး တိုးတက် လာရသည့် အကြောင်းအရင်းတစ်ချက်မှာ ရေနံနှင့် ဓာတ်ငွေ့အခွန် အပေါ်တွင် ဘတ်ဂျက်မှီခိုမှု လျှော့ချ နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားငွေ ကြေး၌ ရုရှားတို့၏ လမ်းဖွင့်ပေးမှုနေရာတွင် တရုတ် လုပ်ငန်းရှင်များ ဝင်ရောက်လာခဲ့ခြင်းနှင့် ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများ ထွက်ခွာသွားကြသော်လည်း ဘဏ်လုပ်ငန်းကို ပြန် လည်ရှင်သန်နိုးထအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ရုရှားစီးပွားရေး တိုးတက်လာမှု တွင် အကောင်းမြင်စရာများ ရှိသော်လည်း ရေရှည် တွင် ဖြေရှင်းရမည့် စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။

ရုရှားစီးပွားရေးတိုးတက်လာရခြင်း၏ အခြားအ ကြောင်းတစ်ခုမှာ ပြည်တွင်းလိုအပ်ချက် မြင့်မားလာခြင်းကြောင့်လည်းပါဝင်ပြီး ယင်းမှာ အခြားစီးပွားရေး ကဏ္ဍများထက် စစ်ဘက်ဆိုင်ရာ ပစ္စည်းအမှာများ ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။ ရုရှားနိုင်ငံသား ငါးသိန်းကျော်သည် ၂၀၂၂ ခုနှစ်ကတည်းက ကာကွယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လာခဲ့ကြကြောင်း သမ္မတဗလာဒီမာ ပူတင်က ပြောဆိုထား သည်။
စစ်ဘက်ဆိုင်ရာအပေါ် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၄ ခုနှစ်တွင် ပို၍ပင် မြင့်တက်လာမည်ဟုလည်း ဆိုသည်။ ထိုသို့ဆိုရခြင်းမှာ ရုရှားအစိုးရအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်တွင် ၇၀ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် လျားထားခြင်းကြောင့် ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးသည် ချမှတ်ထားသည့် အနောက် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ထိုးနှက်နိုင်ခဲ့ ကြောင်း သမ္မတဗလာဒီမာပူတင်က ရုရှားလက်နက် မြို့တော်ဟု ခေါ်ဆိုကြသည့် Tula မြို့ လူထုအခမ်း အနားတစ်ခုတွင်ပြောကြားခဲ့သည်။ “သူတို့က ကျွန် တော်တို့ကို ကျရှုံးစေချင်တယ်၊ ပြိုကွဲစေချင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ ဖြစ်စေချင်သလို မဖြစ်အောင် လုပ်နိုင်ခဲ့တယ်၊ သူတို့အောင်မြင်အောင် မလုပ်နိုင်ကြဘူး၊ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ သူတို့စီးပွားရေးနဲ့မတူဘဲ တိုးတက်ပြီးရင်း တိုးတက်နေပါတယ်” ဟု သမ္မတဗလာဒီမာပူတင်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဆိုခဲ့သည်။ နိုင်ငံခြား ကြွေးမြီတင် ရှိမှုမှာလည်း ကျဆင်းလာကြောင်း၊ ယင်းမှာ မေခရို စီးပွားရေး တည်ငြိမ်မှုနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုကို ပြသနေခြင်းပင် ဖြစ်ကြောင်းလည်း သမ္မတဗလာဒီမာ ပူတင်က ထည့်သွင်းပြောဆိုခဲ့သည်။
အစိုးရကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလျံမှ ၃၂ ဘီလျံအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ နိုင်ငံခြားကြွေးမြီမှာလည်း အမေရိ ကန်ဒေါ်လာ ၃၃၇ ဘီလျံမှ ၂၉၇ ဘီလျံအထိ လျှော့ချ နိုင်ခဲ့ကြောင်း ရုရှားဗဟိုဘဏ်ကလည်း ထုတ်ပြန်ထား သည်။ နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုမှာ လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၅ ရာခိုင် နှုန်းဖြင့် အသီးသီးတိုးတက်နေသည်။ ၂၀၂၃ ခုနှစ် အတွင်း စက်ရုံ၊ ယာဉ်၊ ယန္တရား စသည့် ပုံသေငွေရင်း Fixed capital တို့တွင် ရင်းနှီးမြှုပ်နှံမှုမှာ ၁၀ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့သည်။ ယင်းမှာ ကာလလတ် တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရှိမည်ဆိုသည်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဆက်လက်ပြီး ငွေကြေးထည့်ဝင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုမှာလည်း ကျယ်ပြန့် လာကာ အလုပ် အကိုင်သစ်များလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း လည်း သမ္မတဗလာဒီမာပူတင်က ထည့်သွင်း ပြောဆို ခဲ့သည်။ အကျိုးအမြတ်ရရှိမှုမှာ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဘဏ်များအနေဖြင့် လည်း အမေရိ ကန်ဒေါ်လာ ၃၃ ဒသမ ၉ ဘီလျံကျော် ရရှိပြီး လုပ်ခ လစာများတိုးမြင့်ကာ အလုပ်လက်မဲ့နှုန်းမှာလည်း လက်ရှိတွင် ၃ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ရုရှားနိုင်ငံအတွက် ပြည်တွင်းအသားတင် ထုတ် လုပ်မှု ခန့်မှန်းချက်အရလည်း ယခုနှစ်အတွင်း ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ဖော်ပြ ထားသည်။ ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားခံခဲ့ရသည့် ရုရှား စီးပွားရေး၏ ခံနိုင်ရည်ရှိမှုမှာ စီးပွားရေးပညာရှင်များကိုပင် အံအားသင့်စေခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲရခြင်းနှင့် စွမ်းအင်ကဏ္ဍမှ ဝင်ငွေရရှိမှု အကန့်အသတ်ရှိလာခြင်း တို့ကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုများရှိလာ လိမ့်မည်ဟု မျှော်မှန်းထားခဲ့ကြသည်။ သို့သော် ရုရှားနိုင်ငံသည် အဆိုပါအခြေအနေမျိုးမှ ရှောင်ထွက် နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ရုရှားစီးပွားရေး ဘာကြောင့် ခံနိုင်ရည်ရှိတာလဲ
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ သည် ဒဏ်ခတ် ပိတ်ဆို့မှုများကြားမှ ရုရှားစီးပွားရေး တိုးတက်လာခြင်းအပေါ် အံ့အားသင့်ခဲ့ကြရသည်။ အလားတူ ကမ္ဘာ့ စီးပွားရေး ပညာရှင်များအတွက်လည်း မယုံကြည်နိုင်စရာ ဖြစ်ခဲ့ပြီး လူသားသမိုင်းတွင် အလှည့် အပြောင်း တစ်ခုပင် ဖြစ်ခဲ့သည်။ ရုရှားအစိုးရ သည်ပင် ယခုစီးပွားရေး အလှည့်အပြောင်းမျိုးကို မျှော်လင့်မထားခဲ့ကြောင်း ယခင် သမ္မတပူတင်၏ အကြံပေးဟောင်းတစ်ဦး ဖြစ်ခဲ့သူ မော်စကိုအခြေစိုက် သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် Institute of Political Studies ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Sergey Markov က Anadolu သတင်း ဌာနကို ပြောဆိုခဲ့သည်။ ယခုကဲ့သို့ ရုရှားစီးပွားရေး ခံနိုင်ရည် ရှိခြင်းမှာ ပြည်တွင်း၊ ပြည်ပ အကြောင်းအချက်များ ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ပြည်တွင်းအ ကြောင်း အချက်များမှာ ရုရှား၏ ဓနဥစ္စာမှာ သဘာဝ အရင်း အမြစ်များပင် ဖြစ်သည်။ ရုရှားနိုင်ငံသည် နိုင်ငံ နယ်နိမိတ်အတွင်းမှာ အရင်းအမြစ်အားလုံးနီးပါး ရှိသည်။ အလားတူ ရုရှားနိုင်ငံသည် စီးပွားရေးကဏ္ဍအားလုံးတွင် ကောင်းစွာဖွံ့ဖြိုးသည့် စက်မှုလုပ်ငန်းများ ရှိပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ထုတ်ကုန်အမျိုး အစားအချို့ ဈေးကြီးကောင်း ကြီးနိုင်သော်လည်း နိုင်ငံအတွင်းမှာပင် အားလုံးကိုထုတ်လုပ်နိုင်စွမ်းရှိ ကြောင်း Sergey Markov က ဆိုသည်။
ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာလည်း ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမကဘဲ ပြည်ပ ပို့ကုန် အတွက်ပါ လုံလောက်အောင် ထုတ်လုပ်နိုင်သည်ဟု လည်း ၎င်းကဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံသည် နည်းပညာပိုင်းတွင် လည်း ကောင်းစွာဖွံ့ဖြိုးတိုးတက်ပြီး Yandex ကဲ့သို့သော ကိုယ်ပိုင် search engine များ VK , OK , mail agents စသည့် ကိုယ်ပိုင် လူမှုကွန်ရက်များရှိသော နိုင်ငံအနည်းစုထဲတွင် ပါဝင်သည့် နိုင်ငံလည်း ဖြစ်နေ ကြောင်း ၎င်းကထောက်ပြ သည်။ ရုရှား၏ များပြားလှသည့် လူဦးရေကလည်း နိုင်ငံကို ပိုမိုဆွဲဆောင်မှုရှိသော ဈေးကွက်ဖြစ်စေပြီး ပြည်တွင်းလုပ်ငန်းများသည် ၁၄၆ ဒသမ ၅ သန်း ရှိသော လူဦးရေအား ဝမ်းဝအောင် ကျွေးနိုင်ပြီး ခါးလှအောင် ဆင်ပေးနိုင်စွမ်းရှိကြောင်း၊ ထို့ပြင် ရုရှားတွင် ကိုယ်ပိုင်ကောင်းစွာ လည်ပတ်နိုင်သည့် ဘဏ္ဍာရေး စနစ်ရှိပြီး နိုင်ငံအား ကမ္ဘာ့ငွေပေးချေမှု စနစ်နှင့် ဖြတ် တောက်လိုက်ချိန်တွင် ငွေကြေးလည် ပတ်စီးဆင်းမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ မှု၏ အကျိုးဆက်ကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ရုရှားစီးပွားရေး ခံနိုင်ရည်ရှိရခြင်း၏ ပြည်ပ အကြောင်းအချက်များမှာ ယနေ့ကမ္ဘာသည် လူအများ ထင်ထားသည့်ထက် ပြောင်းလဲစေခဲ့သည့် အဓိက အကြောင်းတစ်ခု ဖြစ်ကြောင်း၊ အနောက် နိုင်ငံများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် နေရာတွင် မရှိတော့ကြောင်း၊ ရုရှားနိုင်ငံသည် နိုင်ငံအများအပြား နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ ယင်း သည် ရုရှားနိုင်ငံအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမှ သက်သာစေခဲ့ကြောင်း၊ အခြားအကြောင်းတစ်ခုမှာ ရုရှားနိုင်ငံသည် ကမ္ဘာတွင် နိုင်ငံအနည်းစုသာ ပိုင် ဆိုင်သည့်ကုန်ပစ္စည်းများ ရောင်းချနိုင်သည့်နိုင်ငံဖြစ် ကြောင်း၊ ယင်းမှာ ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများနှင့် နည်းပညာများဝယ်ယူရန်မရှိမဖြစ် လိုအပ်သော နိုင်ငံခြားငွေကြေးဖြင့် ဝင်ငွေရစေသည့် စွမ်းအင်အရင်းအမြစ်ပင် ဖြစ်ကြောင်း Sergey Markov က ထောက်ပြသည်။

စိန်ခေါ်မှုများ
ရုရှားအစိုးရ ရင်ဆိုင်ရမည့် ကြီးမားသည့် စိန်ခေါ်မှုမှာ အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ ဆက်ရှိနိုင်သည့်အတွက် အနာဂတ်တွင် ဒဏ်ခတ် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်နှင့် စီးပွားရေး ပိုမို ခိုင်မာအောင် တည်ဆောက်ရန်ပင်ဖြစ်သည်။ ထို့ပြင် အနောက်နိုင်ငံနည်းပညာကုမ္ပဏီများ ထွက်ခွာသွား သည့်အတွက် ကွက်လပ်ဖြစ်သွားသည့်နေရာတွင် တဖြည်းဖြည်း ပြန်ဖြည့်နိုင်ရန် ဖြစ်သည်။ လက်ရှိတွင် ရုရှားစီးပွားရေးကို ကာကွယ်ရေးလုပ်ငန်းက ကျားကန် ပေးထားခြင်းဖြစ်သည်။ ရုရှားတာဝန်ရှိသူများ အနေ ဖြင့် နိုင်ငံတော်ကာကွယ်ရေးပစ္စည်းအမှာစာများ မရှိတော့သည့် ငြိမ်းချမ်းသည့်အချိန်တွင် အသွင်ကူး ပြောင်းရေး အစီအမံတစ်ခုကို မဖြစ်မနေရေးဆွဲရန် လိုအပ်သည်။ ရုရှားနိုင်ငံအနေဖြင့် လုပ်သားပြတ် လပ်မှုကို ခံစားရနိုင်သည်။ ယင်းပြဿနာသည် တပ်သားသစ်စုဆောင်းရေးကိစ္စ အပြီးတွင် ပိုမိုဆိုးရွားလာ ခဲ့သည်။ အဓိကအလုပ်လုပ်နိုင်သော အသက်အုပ်စု ဖြစ်သည့် အမျိုးသားများသည် ရှေ့တန်းသို့ သွားခဲ့ကြ ရသည်။ ရွှေ့ပြောင်းလုပ်သားများမှာလည်း တပ်သား သစ် စုဆောင်းမှုကို ကြောက်ရွံ့မှုကြောင့် နိုင်ငံကို ပြန်မလာလိုကြကြောင်း Sergey Markov က ဆိုသည်။ လုပ်သား ပြတ်လပ်မှုသည် လုပ်ငန်းများကို လစာတိုးပေးရန် ဖိအားဖြစ်စေခဲ့သည်။ လစာတိုး ပေးခြင်းသည် အသုံးစရိတ်မြင့်မားခြင်းနှင့် ငွေကြေး ဖောင်းပွမှုကို ဦးတည်စေနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ မည်သို့ပင်ဖြစ်စေ စီးပွားရေးရှုထောင့်မှ ကြည့်ပါက ရုရှားအစိုးရအနေဖြင့် အကောင်းမြင်ထားပြီး စီးပွားရေးတိုးတက်မှုမှာလည်း ဥရောပနိုင်ငံ အားလုံးထက် သိသိသာသာ မြင့်မားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။
သို့သော် စစ်ပွဲကာလ ပိုကြာလာသည်နှင့် အမျှ စီးပွားရေးမှာလည်း စစ်ရေးအသုံးစရိတ် အပေါ် တွင် ပိုမိုကျရောက်လာနိုင်သည်ဟု စီးပွားရေးကျွမ်း ကျင်သူများက ဆိုသည်။ ရုရှားစီးပွားရေးမှာ တိုးတက် လာသည့်တိုင် တစ်ဖက်တွင် ဟန်ချက်မညီမှုများလည်း ဖြစ်စေနိုင်သည်။ သိသာသည့် အချက်မှာ အလုပ် သမားဈေးကွက်ပင် ဖြစ်သည်။ ရုရှားကြည်းတပ်နှင့် ၎င်းတို့၏ လက်နက်စက်ရုံများသည် လုပ်အားခတိုးမြှင့် ပေးထားသည့် လုပ်သားအများအပြားကို အသုံးပြု နေကြသည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကိုင်သစ် ၅၂၀ယဝဝဝ ဖန် တီးပေးခဲ့ပြီးဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။ ယင်းမှာ အရပ်ဘက်လုပ်ငန်းများတွင် လုပ်သားပြတ်လပ်မှု ဖြစ်စေနိုင်သည်။ ရုရှားနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ရုရှားတပ်မတော်အတွက် တပ်သားသစ် ၃၀ဝ,ဝဝဝ စုဆောင်းနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄၉၀,ဝဝဝ ထပ်မံစုဆောင်းနိုင်ခဲ့သည်။

ပိတောက်ပွင့်ဆဲ
ရုရှားနိုင်ငံက ယူကရိန်းကို တိုက်ခိုက်ခဲ့ ခြင်းကို အကြောင်းပြု၍ အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပေါင်းများစွာ ချမှတ်ခဲ့သည်။ ရုရှားနိုင်ငံကို ကမ္ဘာ့ငွေပေးချေမှု စနစ်မှ ဖယ်ထုတ်ခဲ့သည်။ ရုရှားရေနံဈေးနှုန်းကို ကြိုတင်သတ်မှတ်ခြင်း (Price-Cap) ပြုလုပ်ခဲ့သည်။ ရုရှားရေနံဝယ်ယူသည့် နိုင်ငံများကိုလည်း ဝယ်ယူ ခြင်းမပြုရန် တိုက်တွန်းခြင်း၊ တားမြစ်ခြင်းတို့ ပြုလုပ် ခဲ့သည်။ ရုရှားနိုင်ငံကို စစ်ရေး၊ စီးပွားရေးအရ အဘက်ဘက်မှထိုးနှက်ပြီး ပြိုလဲအောင် ကြိုးပမ်းခဲ့ သည်။ သို့သော် ရုရှားနိုင်ငံမှာ ၎င်းတို့လိုသလို ဖြစ်မလာခဲ့ဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှပင် စီးပွားရေး မှာ တိုးတက်လာခဲ့ရာ စီးပွားရေးကျွမ်းကျင်သူများပင် အံ့အားသင့်ခဲ့ကြရသည်။ ရုရှားဖြစ်နေ၍သာ ဤမျှ အထိ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ လိုတိုရှင်း ပြောရ မည်ဆိုပါက ရုရှားစီးပွားရေးမှာ ယနေ့အထိ ပိတောက် ပွင့်ဆဲ၊ လသာဆဲဟုဆိုချင်သည်။

Zawgyi Version;
ပိေတာက္ပြင့္ဆဲ လသာဆဲ ႐ုရွားစီးပြားေရး (ဘာသာျပန္ေဆာင္းပါး)

သန္းထိုက္စိုး (NP News) ေဖေဖာ္ဝါရီလ ၂၁

႐ုရွားႏိုင္ငံေရးေလာကတြင္ သမၼတ ဗလာဒီမာပူတင္ တာဝန္ယူခဲ့သည့္ ၂၄ ႏွစ္တာကာလ အတြင္း ႐ုရွားႏိုင္ငံ သားမ်ား၏ လူေနမႈအဆင့္အတန္း မွာ သိသိသာသာ တိုးတက္လာခဲ့သည္။ ႏိုင္ငံ၏ အဓိက ပို႔ကုန္ျဖစ္သည့္ ေရနံ ေဈးႏႈန္းႀကီးျမင့္မႈသည္ ၁၉၉၀ ျပည့္ႏွစ္ ဖ႐ိုဖရဲအေျခအေနမ်ိဳးမွ ထြက္ေပၚလာ သည့္႐ုရွားႏိုင္ငံတြင္ သမၼတ ဗ လာဒီမာပူတင္၏ ရပ္ တည္မႈကိုခိုင္မာေစခဲ့သည္။ ႏိုင္ငံသား သန္းေပါင္းမ်ား စြာ၏ ဝယ္ႏိုင္စြမ္းအားႏွင့္ ဝင္ေငြမွာ လည္း ျမင့္မား လာခဲ့သည္။
၂၀ဝ၈ ခုႏွစ္တြင္ ဘ႑ာေရးအက်ပ္အတည္း ႀကဳံေတြ႕ခဲ့ရျခင္း၊ ၂၀၁၄ ခုႏွစ္တြင္ ႐ုရွားတို႔က ခ႐ိုင္းမီးယား ကြၽန္းဆြယ္ကို တိုက္ခိုက္သိမ္းပိုက္ခဲ့ျခင္းေၾကာင့္ အေနာက္ႏိုင္ငံမ်ား၏ ဒဏ္ခတ္ ပိတ္ဆို႔မႈ ခံခဲ့ရျခင္းႏွင့္ ၂၀၂၂ ခုႏွစ္တြင္ ယူကရိန္း ႏိုင္ငံကို တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ အေနာက္ႏိုင္ငံ မ်ား၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ထပ္မံႀကဳံ ေတြ႕ရျခင္းတို႔ေၾကာင့္ ႐ုရွားစီးပြားေရးမွာ ပိန္လွီခ်ည့္နဲ႔သြားလိမ့္မည္ဟု စီးပြားေရးကြၽမ္းက်င္သူမ်ား၊ ကမာၻ႔ ေငြေၾကး အဖြဲ႕အစည္းမ်ားက ယူဆခဲ့ၾကသည္။ ယခုအခါ ၎တို႔၏ အထင္ႏွင့္အျမင္မွာတက္တက္စင္လြဲခဲ့သည္။
သမၼတဗလာဒီမာပူတင္ ဘာေျပာလဲ
႐ုရွားစီးပြားေရးမွာ ၂၀၂၃ ခုႏွစ္အတြင္း ၃ ဒသမ ၆ ရာခိုင္ႏႈန္းအထိ တိုးတက္လာခဲ့သည္။ အေနာက္ႏိုင္ငံမ်ား၏ မ်ားျပားလွေသာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားႏွင့္ ႀကီးမားေသာ ကမာၻလုံးဆိုင္ရာ ေဈးကြက္ မ်ားႏွင့္ ျဖတ္ေတာက္ ခံ ထားရသည့္ၾကားထဲမွ တိုးထြက္ၿပီး ယခုကဲ့သို႔ တိုးတက္လာခဲ့ျခင္း ျဖစ္သည္။ ႐ုရွားစီးပြားေရးမွာ အေနာက္ ႏိုင္ငံေဈးကြက္မ်ားႏွင့္ ေအာင္ေအာင္ျမင္ျမင္ ဖယ္ခြာႏိုင္ခဲ့ေၾကာင္း၊ ျပည္တြင္း ဖူလုံမႈရွိေအာင္ ေဆာင္႐ြက္ကာ တစ္ခ်ိန္တည္းမွာပင္ ကုန္သြယ္မႈအသစ္မ်ားကိုလည္း စတင္ႏိုင္ခဲ့ေၾကာင္း သမၼတဗလာဒီမာပူတင္က ထုတ္ ေဖာ္ေျပာ ဆိုခဲ့သည္။
႐ုရွားစီးပြားေရးမွာ ၂၀၂၄ ခုႏွစ္တြင္လည္း ဆက္လက္တိုးတက္ေနလိမ့္မည္ဟု ကြၽမ္းက်င္သူမ်ား က ေမွ်ာ္မွန္းထားၾကသည္။ ႐ုရွားစီးပြားေရး တိုးတက္ လာရသည့္ အေၾကာင္းအရင္းတစ္ခ်က္မွာ ေရနံႏွင့္ ဓာတ္ေငြ႕အခြန္ အေပၚတြင္ ဘတ္ဂ်က္မွီခိုမႈ ေလွ်ာ့ခ် ႏိုင္ခဲ့ျခင္းေၾကာင့္လည္း ျဖစ္သည္။ ထို႔ျပင္ ႏိုင္ငံျခားေငြ ေၾကး၌ ႐ုရွားတို႔၏ လမ္းဖြင့္ေပးမႈေနရာတြင္ တ႐ုတ္ လုပ္ငန္းရွင္မ်ား ဝင္ေရာက္လာခဲ့ျခင္းႏွင့္ ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားေၾကာင့္ အေနာက္ႏိုင္ငံကုမၸဏီမ်ား ထြက္ခြာသြားၾကေသာ္လည္း ဘဏ္လုပ္ငန္းကို ျပန္ လည္ရွင္သန္ႏိုးထေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ျခင္း ေၾကာင့္ ျဖစ္သည္။ ႐ုရွားစီးပြားေရး တိုးတက္လာမႈ တြင္ အေကာင္းျမင္စရာမ်ား ရွိေသာ္လည္း ေရရွည္ တြင္ ေျဖရွင္းရမည့္ စိန္ေခၚမႈမ်ားရွိေနဆဲ ျဖစ္သည္။

႐ုရွားစီးပြားေရးတိုးတက္လာရျခင္း၏ အျခားအ ေၾကာင္းတစ္ခုမွာ ျပည္တြင္းလိုအပ္ခ်က္ ျမင့္မားလာျခင္းေၾကာင့္လည္းပါဝင္ၿပီး ယင္းမွာ အျခားစီးပြားေရး က႑မ်ားထက္ စစ္ဘက္ဆိုင္ရာ ပစၥည္းအမွာမ်ား ပိုမိုျမင့္တက္လာျခင္းလည္း ျဖစ္သည္။ ႐ုရွားႏိုင္ငံသား ငါးသိန္းေက်ာ္သည္ ၂၀၂၂ ခုႏွစ္ကတည္းက ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ ဝင္ေရာက္လာခဲ့ၾကေၾကာင္း သမၼတဗလာဒီမာ ပူတင္က ေျပာဆိုထား သည္။
စစ္ဘက္ဆိုင္ရာအေပၚ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ၂၀၂၄ ခုႏွစ္တြင္ ပို၍ပင္ ျမင့္တက္လာမည္ဟုလည္း ဆိုသည္။ ထိုသို႔ဆိုရျခင္းမွာ ႐ုရွားအစိုးရအေနျဖင့္ ကာကြယ္ေရး အသုံးစရိတ္တြင္ ၇၀ ရာခိုင္ႏႈန္း တိုးျမႇင့္သုံးစြဲရန္ လ်ားထားျခင္းေၾကာင့္ ျဖစ္သည္။ ႏိုင္ငံ၏ စီးပြားေရးသည္ ခ်မွတ္ထားသည့္ အေနာက္ ႏိုင္ငံမ်ား၏ ဒဏ္ခတ္ပိတ္ဆို႔မႈကို ထိုးႏွက္ႏိုင္ခဲ့ ေၾကာင္း သမၼတဗလာဒီမာပူတင္က ႐ုရွားလက္နက္ ၿမိဳ႕ေတာ္ဟု ေခၚဆိုၾကသည့္ Tula ၿမိဳ႕ လူထုအခမ္း အနားတစ္ခုတြင္ေျပာၾကားခဲ့သည္။ “သူတို႔က ကြၽန္ ေတာ္တို႔ကို က်ရႈံးေစခ်င္တယ္၊ ၿပိဳကြဲေစခ်င္တယ္၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔က သူတို႔ ျဖစ္ေစခ်င္သလို မျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တယ္၊ သူတို႔ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ၾကဘူး၊ ကြၽန္ေတာ္တို႔ရဲ႕ စီးပြားေရးဟာ သူတို႔စီးပြားေရးနဲ႔မတူဘဲ တိုးတက္ၿပီးရင္း တိုးတက္ေနပါတယ္” ဟု သမၼတဗလာဒီမာပူတင္က ဂုဏ္ယူ ဝင့္ႂကြားစြာ ေျပာဆိုခဲ့သည္။ ႏိုင္ငံျခား ေႂကြးၿမီတင္ ရွိမႈမွာလည္း က်ဆင္းလာေၾကာင္း၊ ယင္းမွာ ေမခ႐ို စီးပြားေရး တည္ၿငိမ္မႈႏွင့္ ဘ႑ာေရး တည္ၿငိမ္မႈကို ျပသေနျခင္းပင္ ျဖစ္ေၾကာင္းလည္း သမၼတဗလာဒီမာ ပူတင္က ထည့္သြင္းေျပာဆိုခဲ့သည္။
အစိုးရေႂကြးၿမီမွာ အေမရိကန္ေဒၚလာ ၄၆ ဘီလ်ံမွ ၃၂ ဘီလ်ံအထိ ေလွ်ာ့ခ်ႏိုင္ခဲ့ေၾကာင္း၊ ပုဂၢလိက က႑ ႏိုင္ငံျခားေႂကြးၿမီမွာလည္း အေမရိ ကန္ေဒၚလာ ၃၃၇ ဘီလ်ံမွ ၂၉၇ ဘီလ်ံအထိ ေလွ်ာ့ခ် ႏိုင္ခဲ့ေၾကာင္း ႐ုရွားဗဟိုဘဏ္ကလည္း ထုတ္ျပန္ထား သည္။ ႏိုင္ငံ၏ စက္မႈလုပ္ငန္းႏွင့္ ကုန္ထုတ္လုပ္မႈမွာ လည္း ၃ ဒသမ ၆ ရာခိုင္ႏႈန္းႏွင့္ ၇ ဒသမ ၅ ရာခိုင္ ႏႈန္းျဖင့္ အသီးသီးတိုးတက္ေနသည္။ ၂၀၂၃ ခုႏွစ္ အတြင္း စက္႐ုံ၊ ယာဥ္၊ ယႏၲရား စသည့္ ပုံေသေငြရင္း Fixed capital တို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ၁၀ ရာခိုင္ ႏႈန္းအထိ တိုးတက္လာခဲ့သည္။ ယင္းမွာ ကာလလတ္ တြင္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္မႈ ရွိမည္ဆိုသည္ကို ၫႊန္ျပေနျခင္း ျဖစ္ေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား အေနျဖင့္ ဆက္လက္ၿပီး ေငြေၾကးထည့္ဝင္မည္ဆိုပါက ကုန္ထုတ္လုပ္မႈမွာလည္း က်ယ္ျပန႔္ လာကာ အလုပ္ အကိုင္သစ္မ်ားလည္း ဖန္တီးႏိုင္မည္ျဖစ္ေၾကာင္း လည္း သမၼတဗလာဒီမာပူတင္က ထည့္သြင္း ေျပာဆို ခဲ့သည္။ အက်ိဳးအျမတ္ရရွိမႈမွာ ၂၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ၿပီး ဘဏ္မ်ားအေနျဖင့္ လည္း အေမရိ ကန္ေဒၚလာ ၃၃ ဒသမ ၉ ဘီလ်ံေက်ာ္ ရရွိၿပီး လုပ္ခ လစာမ်ားတိုးျမင့္ကာ အလုပ္လက္မဲ့ႏႈန္းမွာလည္း လက္ရွိတြင္ ၃ ရာခိုင္ႏႈန္းေအာက္တြင္သာ ရွိသည္။

ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ၏ ႐ုရွားႏိုင္ငံအတြက္ ျပည္တြင္းအသားတင္ ထုတ္ လုပ္မႈ ခန႔္မွန္းခ်က္အရလည္း ယခုႏွစ္အတြင္း ၂ ဒသမ ၆ ရာခိုင္ႏႈန္း တိုးတက္လာႏိုင္ေၾကာင္း ေဖာ္ျပ ထားသည္။ ယူကရိန္းကို တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ဒဏ္ခတ္ပိတ္ဆို႔မႈ အမ်ားအျပားခံခဲ့ရသည့္ ႐ုရွား စီးပြားေရး၏ ခံႏိုင္ရည္ရွိမႈမွာ စီးပြားေရးပညာရွင္မ်ားကိုပင္ အံအားသင့္ေစခဲ့သည္။ ႐ုရွားႏိုင္ငံ အေနျဖင့္ ကာကြယ္ေရး အသုံးစရိတ္မ်ား တိုးျမႇင့္သုံးစြဲရျခင္းႏွင့္ စြမ္းအင္က႑မွ ဝင္ေငြရရွိမႈ အကန႔္အသတ္ရွိလာျခင္း တို႔ေၾကာင့္ စီးပြားေရးအေပၚ႐ိုက္ခတ္မႈမ်ားရွိလာ လိမ့္မည္ဟု ေမွ်ာ္မွန္းထားခဲ့ၾကသည္။ သို႔ေသာ္ ႐ုရွားႏိုင္ငံသည္ အဆိုပါအေျခအေနမ်ိဳးမွ ေရွာင္ထြက္ ႏိုင္ခဲ့သည္ဟု ဆိုရမည္ျဖစ္သည္။
႐ုရွားစီးပြားေရး ဘာေၾကာင့္ ခံႏိုင္ရည္ရွိတာလဲ
ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF အပါအဝင္ ႏိုင္ငံတကာေငြေၾကးအဖြဲ႕အစည္းမ်ား သည္ ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားၾကားမွ ႐ုရွားစီးပြားေရး တိုးတက္လာျခင္းအေပၚ အံ့အားသင့္ခဲ့ၾကရသည္။ အလားတူ ကမာၻ႔ စီးပြားေရး ပညာရွင္မ်ားအတြက္လည္း မယုံၾကည္ႏိုင္စရာ ျဖစ္ခဲ့ၿပီး လူသားသမိုင္းတြင္ အလွည့္ အေျပာင္း တစ္ခုပင္ ျဖစ္ခဲ့သည္။ ႐ုရွားအစိုးရ သည္ပင္ ယခုစီးပြားေရး အလွည့္အေျပာင္းမ်ိဳးကို ေမွ်ာ္လင့္မထားခဲ့ေၾကာင္း ယခင္ သမၼတပူတင္၏ အႀကံေပးေဟာင္းတစ္ဦး ျဖစ္ခဲ့သူ ေမာ္စကိုအေျခစိုက္ သုေတသနအဖြဲ႕တစ္ခု ျဖစ္သည့္ Institute of Political Studies ၏ ၫႊန္ၾကားေရးမႉးတစ္ဦးျဖစ္သူ Sergey Markov က Anadolu သတင္း ဌာနကို ေျပာဆိုခဲ့သည္။ ယခုကဲ့သို႔ ႐ုရွားစီးပြားေရး ခံႏိုင္ရည္ ရွိျခင္းမွာ ျပည္တြင္း၊ ျပည္ပ အေၾကာင္းအခ်က္မ်ား ေၾကာင့္ ျဖစ္သည္ဟု ၎က ဆိုသည္။ ျပည္တြင္းအ ေၾကာင္း အခ်က္မ်ားမွာ ႐ုရွား၏ ဓနဥစၥာမွာ သဘာဝ အရင္း အျမစ္မ်ားပင္ ျဖစ္သည္။ ႐ုရွားႏိုင္ငံသည္ ႏိုင္ငံ နယ္နိမိတ္အတြင္းမွာ အရင္းအျမစ္အားလုံးနီးပါး ရွိသည္။ အလားတူ ႐ုရွားႏိုင္ငံသည္ စီးပြားေရးက႑အားလုံးတြင္ ေကာင္းစြာဖြံ႕ၿဖိဳးသည့္ စက္မႈလုပ္ငန္းမ်ား ရွိၿပီးျဖစ္သည္။ ေယဘုယ်အားျဖင့္ ထုတ္ကုန္အမ်ိဳး အစားအခ်ိဳ႕ ေဈးႀကီးေကာင္း ႀကီးႏိုင္ေသာ္လည္း ႏိုင္ငံအတြင္းမွာပင္ အားလုံးကိုထုတ္လုပ္ႏိုင္စြမ္းရွိ ေၾကာင္း Sergey Markov က ဆိုသည္။
႐ုရွားႏိုင္ငံ၏ စိုက္ပ်ိဳးေရးက႑မွာလည္း ျပည္တြင္းစားသုံးမႈ ဖူလုံ႐ုံသာမကဘဲ ျပည္ပ ပို႔ကုန္ အတြက္ပါ လုံေလာက္ေအာင္ ထုတ္လုပ္ႏိုင္သည္ဟု လည္း ၎ကဆိုသည္။ ထို႔ျပင္ ႐ုရွားႏိုင္ငံသည္ နည္းပညာပိုင္းတြင္ လည္း ေကာင္းစြာဖြံ႕ၿဖိဳးတိုးတက္ၿပီး Yandex ကဲ့သို႔ေသာ ကိုယ္ပိုင္ search engine မ်ား VK , OK , mail agents စသည့္ ကိုယ္ပိုင္ လူမႈကြန္ရက္မ်ားရွိေသာ ႏိုင္ငံအနည္းစုထဲတြင္ ပါဝင္သည့္ ႏိုင္ငံလည္း ျဖစ္ေန ေၾကာင္း ၎ကေထာက္ျပ သည္။ ႐ုရွား၏ မ်ားျပားလွသည့္ လူဦးေရကလည္း ႏိုင္ငံကို ပိုမိုဆြဲေဆာင္မႈရွိေသာ ေဈးကြက္ျဖစ္ေစၿပီး ျပည္တြင္းလုပ္ငန္းမ်ားသည္ ၁၄၆ ဒသမ ၅ သန္း ရွိေသာ လူဦးေရအား ဝမ္းဝေအာင္ ေကြၽးႏိုင္ၿပီး ခါးလွေအာင္ ဆင္ေပးႏိုင္စြမ္းရွိေၾကာင္း၊ ထို႔ျပင္ ႐ုရွားတြင္ ကိုယ္ပိုင္ေကာင္းစြာ လည္ပတ္ႏိုင္သည့္ ဘ႑ာေရး စနစ္ရွိၿပီး ႏိုင္ငံအား ကမာၻ႔ေငြေပးေခ်မႈ စနစ္ႏွင့္ ျဖတ္ ေတာက္လိုက္ခ်ိန္တြင္ ေငြေၾကးလည္ ပတ္စီးဆင္းမႈကို ဆက္လက္ထိန္းထားႏိုင္ခဲ့ေၾကာင္း၊ ဒဏ္ခတ္ပိတ္ဆို႔ မႈ၏ အက်ိဳးဆက္ကို နည္းႏိုင္သမွ် နည္းေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းလည္း ၎ကဆိုသည္။
႐ုရွားစီးပြားေရး ခံႏိုင္ရည္ရွိရျခင္း၏ ျပည္ပ အေၾကာင္းအခ်က္မ်ားမွာ ယေန႔ကမာၻသည္ လူအမ်ား ထင္ထားသည့္ထက္ ေျပာင္းလဲေစခဲ့သည့္ အဓိက အေၾကာင္းတစ္ခု ျဖစ္ေၾကာင္း၊ အေနာက္ ႏိုင္ငံမ်ား၏ အခန္းက႑သည္ အလြန္အေရးႀကီးသည့္ ေနရာတြင္ မရွိေတာ့ေၾကာင္း၊ ႐ုရွားႏိုင္ငံသည္ ႏိုင္ငံအမ်ားအျပား ႏွင့္ ေကာင္းမြန္သည့္ ဆက္ဆံေရးရွိေၾကာင္း၊ ယင္း သည္ ႐ုရွားႏိုင္ငံအား စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈမွ သက္သာေစခဲ့ေၾကာင္း၊ အျခားအေၾကာင္းတစ္ခုမွာ ႐ုရွားႏိုင္ငံသည္ ကမာၻတြင္ ႏိုင္ငံအနည္းစုသာ ပိုင္ ဆိုင္သည့္ကုန္ပစၥည္းမ်ား ေရာင္းခ်ႏိုင္သည့္ႏိုင္ငံျဖစ္ ေၾကာင္း၊ ယင္းမွာ ျပည္တြင္း၌ မထုတ္လုပ္ႏိုင္သည့္ ကုန္ပစၥည္းမ်ားႏွင့္ နည္းပညာမ်ားဝယ္ယူရန္မရွိမျဖစ္ လိုအပ္ေသာ ႏိုင္ငံျခားေငြေၾကးျဖင့္ ဝင္ေငြရေစသည့္ စြမ္းအင္အရင္းအျမစ္ပင္ ျဖစ္ေၾကာင္း Sergey Markov က ေထာက္ျပသည္။

စိန္ေခၚမႈမ်ား
႐ုရွားအစိုးရ ရင္ဆိုင္ရမည့္ ႀကီးမားသည့္ စိန္ေခၚမႈမွာ အေနာက္ႏိုင္ငံမ်ား၏ ဖိအားေပးမႈမ်ား ဆက္ရွိႏိုင္သည့္အတြက္ အနာဂတ္တြင္ ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားကို ေက်ာ္လႊားႏိုင္ရန္ႏွင့္ စီးပြားေရး ပိုမို ခိုင္မာေအာင္ တည္ေဆာက္ရန္ပင္ျဖစ္သည္။ ထို႔ျပင္ အေနာက္ႏိုင္ငံနည္းပညာကုမၸဏီမ်ား ထြက္ခြာသြား သည့္အတြက္ ကြက္လပ္ျဖစ္သြားသည့္ေနရာတြင္ တျဖည္းျဖည္း ျပန္ျဖည့္ႏိုင္ရန္ ျဖစ္သည္။ လက္ရွိတြင္ ႐ုရွားစီးပြားေရးကို ကာကြယ္ေရးလုပ္ငန္းက က်ားကန္ ေပးထားျခင္းျဖစ္သည္။ ႐ုရွားတာဝန္ရွိသူမ်ား အေန ျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးပစၥည္းအမွာစာမ်ား မရွိေတာ့သည့္ ၿငိမ္းခ်မ္းသည့္အခ်ိန္တြင္ အသြင္ကူး ေျပာင္းေရး အစီအမံတစ္ခုကို မျဖစ္မေနေရးဆြဲရန္ လိုအပ္သည္။ ႐ုရွားႏိုင္ငံအေနျဖင့္ လုပ္သားျပတ္ လပ္မႈကို ခံစားရႏိုင္သည္။ ယင္းျပႆနာသည္ တပ္သားသစ္စုေဆာင္းေရးကိစၥ အၿပီးတြင္ ပိုမိုဆိုး႐ြားလာ ခဲ့သည္။ အဓိကအလုပ္လုပ္ႏိုင္ေသာ အသက္အုပ္စု ျဖစ္သည့္ အမ်ိဳးသားမ်ားသည္ ေရွ႕တန္းသို႔ သြားခဲ့ၾက ရသည္။ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားမွာလည္း တပ္သား သစ္ စုေဆာင္းမႈကို ေၾကာက္႐ြံ႕မႈေၾကာင့္ ႏိုင္ငံကို ျပန္မလာလိုၾကေၾကာင္း Sergey Markov က ဆိုသည္။ လုပ္သား ျပတ္လပ္မႈသည္ လုပ္ငန္းမ်ားကို လစာတိုးေပးရန္ ဖိအားျဖစ္ေစခဲ့သည္။ လစာတိုး ေပးျခင္းသည္ အသုံးစရိတ္ျမင့္မားျခင္းႏွင့္ ေငြေၾကး ေဖာင္းပြမႈကို ဦးတည္ေစႏိုင္ေၾကာင္းလည္း ၎က ဆိုသည္။ မည္သို႔ပင္ျဖစ္ေစ စီးပြားေရးရႈေထာင့္မွ ၾကည့္ပါက ႐ုရွားအစိုးရအေနျဖင့္ အေကာင္းျမင္ထားၿပီး စီးပြားေရးတိုးတက္မႈမွာလည္း ဥေရာပႏိုင္ငံ အားလုံးထက္ သိသိသာသာ ျမင့္မားလိမ့္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ၎ကဆိုသည္။
သို႔ေသာ္ စစ္ပြဲကာလ ပိုၾကာလာသည္ႏွင့္ အမွ် စီးပြားေရးမွာလည္း စစ္ေရးအသုံးစရိတ္ အေပၚ တြင္ ပိုမိုက်ေရာက္လာႏိုင္သည္ဟု စီးပြားေရးကြၽမ္း က်င္သူမ်ားက ဆိုသည္။ ႐ုရွားစီးပြားေရးမွာ တိုးတက္ လာသည့္တိုင္ တစ္ဖက္တြင္ ဟန္ခ်က္မညီမႈမ်ားလည္း ျဖစ္ေစႏိုင္သည္။ သိသာသည့္ အခ်က္မွာ အလုပ္ သမားေဈးကြက္ပင္ ျဖစ္သည္။ ႐ုရွားၾကည္းတပ္ႏွင့္ ၎တို႔၏ လက္နက္စက္႐ုံမ်ားသည္ လုပ္အားခတိုးျမႇင့္ ေပးထားသည့္ လုပ္သားအမ်ားအျပားကို အသုံးျပဳ ေနၾကသည္။ ႐ုရွားႏိုင္ငံအေနျဖင့္ စစ္ဘက္ဆိုင္ရာ လုပ္ငန္းမ်ားတြင္ အလုပ္အကိုင္သစ္ ၅၂၀ယဝဝဝ ဖန္ တီးေပးခဲ့ၿပီးျဖစ္ေၾကာင္း ေျပာဆိုထားၿပီးျဖစ္သည္။ ယင္းမွာ အရပ္ဘက္လုပ္ငန္းမ်ားတြင္ လုပ္သားျပတ္လပ္မႈ ျဖစ္ေစႏိုင္သည္။ ႐ုရွားႏိုင္ငံအေနျဖင့္ ၂၀၂၂ ခုႏွစ္အတြင္း ႐ုရွားတပ္မေတာ္အတြက္ တပ္သားသစ္ ၃၀ဝ,ဝဝဝ စုေဆာင္းႏိုင္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္တြင္ ၄၉၀,ဝဝဝ ထပ္မံစုေဆာင္းႏိုင္ခဲ့သည္။

ပိေတာက္ပြင့္ဆဲ
႐ုရွားႏိုင္ငံက ယူကရိန္းကို တိုက္ခိုက္ခဲ့ ျခင္းကို အေၾကာင္းျပဳ၍ အေနာက္ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေပါင္းမ်ားစြာ ခ်မွတ္ခဲ့သည္။ ႐ုရွားႏိုင္ငံကို ကမာၻ႔ေငြေပးေခ်မႈ စနစ္မွ ဖယ္ထုတ္ခဲ့သည္။ ႐ုရွားေရနံေဈးႏႈန္းကို ႀကိဳတင္သတ္မွတ္ျခင္း (Price-Cap) ျပဳလုပ္ခဲ့သည္။ ႐ုရွားေရနံဝယ္ယူသည့္ ႏိုင္ငံမ်ားကိုလည္း ဝယ္ယူ ျခင္းမျပဳရန္ တိုက္တြန္းျခင္း၊ တားျမစ္ျခင္းတို႔ ျပဳလုပ္ ခဲ့သည္။ ႐ုရွားႏိုင္ငံကို စစ္ေရး၊ စီးပြားေရးအရ အဘက္ဘက္မွထိုးႏွက္ၿပီး ၿပိဳလဲေအာင္ ႀကိဳးပမ္းခဲ့ သည္။ သို႔ေသာ္ ႐ုရွားႏိုင္ငံမွာ ၎တို႔လိုသလို ျဖစ္မလာခဲ့ဘဲ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားၾကားမွပင္ စီးပြားေရး မွာ တိုးတက္လာခဲ့ရာ စီးပြားေရးကြၽမ္းက်င္သူမ်ားပင္ အံ့အားသင့္ခဲ့ၾကရသည္။ ႐ုရွားျဖစ္ေန၍သာ ဤမွ် အထိ ခံႏိုင္ရည္ရွိေနျခင္း ျဖစ္သည္။ လိုတိုရွင္း ေျပာရ မည္ဆိုပါက ႐ုရွားစီးပြားေရးမွာ ယေန႔အထိ ပိေတာက္ ပြင့္ဆဲ၊ လသာဆဲဟုဆိုခ်င္သည္။

Related news

© 2021. All rights reserved.