ECOWAS အဖွဲ့က နိုင်ဂျာနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့

270
ALynn (NP News) - ဖေဖော်ဝါရီ ၂၅
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းကော်မရှင် (ECOWAS) သည် ပြီးခဲ့သည့် နှစ်က စစ်အာဏာသိမ်းမှုကြောင့် ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သော နိုင်ဂျာနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့)က ဖော်ပြခဲ့သည်။

ယင်းဖြေလျှော့ပေးသောပိတ်ဆို့မှုများတွင် မပျံသန်းရဇုန်အဖြစ်သတ်မှတ်ထားခြင်းနှင့် နယ်စပ်များ ပိတ်ဆို့ထားခြင်းတို့ပါဝင်သည်။ အရေးယူမှုများကို ဖြေလျှော့ပေးခြင်းသည် နိုင်ငံတွင်း ကြုံတွေ့နေရသော အကြပ်အတည်းများကို လျော့ပါးစေရန်အတွက်ဖြစ်ကြောင်း ECOWAS ဥက္ကဋ္ဌက ပြောသည်။ ဖေဖော်ဝါရီလ ၂၄ ရက်ကကျင်းပခဲ့သော ECOWAS ၏ အထူးအစည်းအဝေးသည် ဒေသတွင်းရှိ ခြိမ်းခြောက်မှုများကို အဖြေရှာရန်နှင့် ECOWAS အဖွဲ့မှ နှုတ်ထွက်ရန် ဆုံးဖြတ်ထား သည့် နိုင်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုနိုင်ငံတို့အား ဖျောင်းဖျရန်ရည်ရွယ်သည်။
ECOWAS သည် အဆိုပါသုံးနိုင်ငံအား အာဏာသိမ်းမှုများအပြီးတွင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခဲ့သည်။ ECOWAS က နိုင်ဂျာအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုအများအပြားကို ဖြေလျော့ပေးလိုက်သော်လည်း အချို့သောနိုင်ငံရေးပိတ်ဆို့မှုများကိုမူ ဆက်လက်ထားရှိသွားဦးမည် ဖြစ်ကြောင်းသိရသည်။ ECOWAS အဖွဲ့က နိုင်ဂျာသမ္မတ Mohamed Bazoum နှင့် ၎င်း၏ မိသားစုကို ပြန်လွှတ်ပေးစေလိုသည်။ ထို့ပြင် ၎င်း၏ ရှေ့နေများက သမ္မတပြန်လည် လွတ်မြောက်ရန် ECOWAS အဖွဲ့ထံတောင်းဆိုခဲ့ကြသည်။
အရေးယူမှုများကို ဖြေလျှော့ပေးခြင်းသည် အဖွဲ့မှနှုတ်ထွက်ရန်ကြိုးပမ်းနေသည့် သုံးနိုင်ငံအား နှစ်သိမ့်သည့်သဘောဖြစ်ပြီး ၎င်းတို့၏နှုတ်ထွက်ခြင်းသည် ဒေသတွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသလို နှစ်စဉ် ဒေါ်လာ ၁၅၀ ဘီလျံခန့် အကျိုးအမြတ်ရနေသည့် အဖွဲ့ကြီး၏ ကုန်သွယ်စီးဆင်းမှုကိုပါ ရှုပ်ထွေးစေမည်ဖြစ်သည်။ မာလီ၊ ဘာကီနာဖာဆိုနှင့် နိုင်ဂျာတို့က ECOWAS မှနှုတ်ထွက်ပြီး “ဆာဟယ်နိုင်ငံများမဟာမိတ်” အဖြစ်ဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းမှုသည် ECOWAS အဖွဲ့ကြီးအား တုန်လှုပ်သွားစေကြောင်း Aljazeera သတင်းထောက် Idris က ဖော်ပြခဲ့သည်။ ECOWAS အဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံများ တဖြည်းဖြည်းလျော့နည်းလာပြီး ပြိုကွဲ သွားမည့် အလားအလာများရှိနေကြောင်းနှင့် ၎င်းမှာ ဒေသတွင်းရှိ အာဏာသိမ်းမှုများ ပျံ့နှံလာခြင်း၏ အကျိုးဆက်ဖြစ်ကြောင်းကိုလည်း ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။

zawgyi version
ECOWAS အဖြဲ႕က ႏိုင္ဂ်ာႏိုင္ငံအေပၚခ်မွတ္ထားသည့္ အေရးယူပိတ္ဆို႔မႈမ်ားကို ေျဖေလွ်ာ့ေပးခဲ့
ALynn (NP News) - ေဖေဖာ္ဝါရီ ၂၅
အေနာက္အာဖရိကႏိုင္ငံမ်ား စီးပြားေရးအသိုက္အဝန္းေကာ္မရွင္ (ECOWAS) သည္ ၿပီးခဲ့သည့္ ႏွစ္က စစ္အာဏာသိမ္းမႈေၾကာင့္ ဒဏ္ခတ္ပိတ္ဆို႔ထားခဲ့ေသာ ႏိုင္ဂ်ာႏိုင္ငံအား အေရးယူပိတ္ဆို႔မႈမ်ား ေျဖေလွ်ာ့ေပးခဲ့ေၾကာင္း ေဖေဖာ္ဝါရီလ ၂၄ ရက္ (စေနေန႔)က ေဖာ္ျပခဲ့သည္။
ယင္းေျဖေလွ်ာ့ေပးေသာပိတ္ဆို႔မႈမ်ားတြင္ မပ်ံသန္းရဇုန္အျဖစ္သတ္မွတ္ထားျခင္းႏွင့္ နယ္စပ္မ်ား ပိတ္ဆို႔ထားျခင္းတို႔ပါဝင္သည္။ အေရးယူမႈမ်ားကို ေျဖေလွ်ာ့ေပးျခင္းသည္ ႏိုင္ငံတြင္း ႀကဳံေတြ႕ေနရေသာ အၾကပ္အတည္းမ်ားကို ေလ်ာ့ပါးေစရန္အတြက္ျဖစ္ေၾကာင္း ECOWAS ဥကၠ႒က ေျပာသည္။ ေဖေဖာ္ဝါရီလ ၂၄ ရက္ကက်င္းပခဲ့ေသာ ECOWAS ၏ အထူးအစည္းအေဝးသည္ ေဒသတြင္းရွိ ၿခိမ္းေျခာက္မႈမ်ားကို အေျဖရွာရန္ႏွင့္ ECOWAS အဖြဲ႕မွ ႏႈတ္ထြက္ရန္ ဆုံးျဖတ္ထား သည့္ ႏိုင္ဂ်ာ၊ မာလီႏွင့္ ဘာကီနာဖာဆိုႏိုင္ငံတို႔အား ေဖ်ာင္းဖ်ရန္ရည္႐ြယ္သည္။
ECOWAS သည္ အဆိုပါသုံးႏိုင္ငံအား အာဏာသိမ္းမႈမ်ားအၿပီးတြင္ အဖြဲ႕ဝင္အျဖစ္မွ ဆိုင္းငံ့ထားခဲ့သည္။ ECOWAS က ႏိုင္ဂ်ာအေပၚခ်မွတ္ထားသည့္ ပိတ္ဆို႔မႈအမ်ားအျပားကို ေျဖေလ်ာ့ေပးလိုက္ေသာ္လည္း အခ်ိဳ႕ေသာႏိုင္ငံေရးပိတ္ဆို႔မႈမ်ားကိုမူ ဆက္လက္ထားရွိသြားဦးမည္ ျဖစ္ေၾကာင္းသိရသည္။ ECOWAS အဖြဲ႕က ႏိုင္ဂ်ာသမၼတ Mohamed Bazoum ႏွင့္ ၎၏ မိသားစုကို ျပန္လႊတ္ေပးေစလိုသည္။ ထို႔ျပင္ ၎၏ ေရွ႕ေနမ်ားက သမၼတျပန္လည္ လြတ္ေျမာက္ရန္ ECOWAS အဖြဲ႕ထံေတာင္းဆိုခဲ့ၾကသည္။
အေရးယူမႈမ်ားကို ေျဖေလွ်ာ့ေပးျခင္းသည္ အဖြဲ႕မွႏႈတ္ထြက္ရန္ႀကိဳးပမ္းေနသည့္ သုံးႏိုင္ငံအား ႏွစ္သိမ့္သည့္သေဘာျဖစ္ၿပီး ၎တို႔၏ႏႈတ္ထြက္ျခင္းသည္ ေဒသတြင္းစည္းလုံးညီၫြတ္မႈကို ပ်က္ျပားေစသလို ႏွစ္စဥ္ ေဒၚလာ ၁၅၀ ဘီလ်ံခန႔္ အက်ိဳးအျမတ္ရေနသည့္ အဖြဲ႕ႀကီး၏ ကုန္သြယ္စီးဆင္းမႈကိုပါ ရႈပ္ေထြးေစမည္ျဖစ္သည္။ မာလီ၊ ဘာကီနာဖာဆိုႏွင့္ ႏိုင္ဂ်ာတို႔က ECOWAS မွႏႈတ္ထြက္ၿပီး “ဆာဟယ္ႏိုင္ငံမ်ားမဟာမိတ္” အျဖစ္ဖြဲ႕စည္းတည္ေထာင္ရန္ ႀကိဳးပမ္းမႈသည္ ECOWAS အဖြဲ႕ႀကီးအား တုန္လႈပ္သြားေစေၾကာင္း Aljazeera သတင္းေထာက္ Idris က ေဖာ္ျပခဲ့သည္။ ECOWAS အဖြဲ႕ႀကီးသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ား တျဖည္းျဖည္းေလ်ာ့နည္းလာၿပီး ၿပိဳကြဲ သြားမည့္ အလားအလာမ်ားရွိေနေၾကာင္းႏွင့္ ၎မွာ ေဒသတြင္းရွိ အာဏာသိမ္းမႈမ်ား ပ်ံ႕ႏွံလာျခင္း၏ အက်ိဳးဆက္ျဖစ္ေၾကာင္းကိုလည္း ၎က ထပ္ေလာင္းေဖာ္ျပခဲ့သည္။