စစ်မှုမထမ်းဘဲ ပြည်ပသို့ တရားမဝင် ထွက်ခွာပါကဘာတွေကြုံရနိုင်လဲ . . . (အင်တာဗျူး)

 1806

Pearl (NP News) - ဖေဖော်ဝါရီ ၂၆

ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကမှ အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ပြည်သူလူထုကြား၌ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေလျက်ရှိကြသည်။ ထိုသို့ စိုးရိမ်ပူပန်မှုများနှင့်အတူ လူငယ် လူရွယ်များသည်လည်း အိမ်နီးချင်းနိုင်ငံနှင့် အခြားသောနိုင်ငံများသို့ထွက်ခွာရန် ပြင်ဆင်စီစဉ်လာကြသည်ကို တွေ့ရှိနေရသည်။ ယင်းကဲ့သို့ ထွက်ခွာရန်စီစဉ်ရာတွင် တရားဝင်နည်းလမ်းဖြင့် ကြိုးပမ်းမှုရှိသကဲ့သို့ တရားမဝင်နည်းလမ်းများဖြင့်ပါ ထွက်ခွာရန် ပြင်ဆင်နေလျက်ရှိသည်ကို တွေ့နေရသည်။ ထို့ကြောင့် နိုင်ငံခြားသို့ တရားမဝင်နည်းလမ်းဖြင့်ထွက်ခွာပါက လူကုန်ကူးသူများ၏ သားကောင်ဖြစ်နိုင်သည့်အခြေအနေ အပါအဝင် တွေ့ကြုံနိုင်ဖွယ်ရှိသည့်အခြေအနေများကို ဦးညွန့်လှိုင် (ဒုတိယရဲမှူးကြီး-ငြိမ်း)၊ (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့၊ အဖွဲ့မှူးဟောင်း) အား NP News က သီးသန့်တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

မေး - ပထမမေးချင်တာက လူကုန်ကူးခြင်းဆိုတာက ဘယ်လိုမျိုးလဲပေါ့။
ဖြေ - လူကုန်ကူးတယ်ဆိုတာ လူလူချင်း လူ့အခွင့် အရေး ချိုးဖောက်တာ။ လူတွေကို ခေါင်းပုံဖြတ်တာကို လူကုန်ကူးတယ်လို့ ခေါ်တာ။ အဲဒီတော့ ရှည်ရှည် ဝေးဝေးပြောနေရင် အများကြီးပေါ့။ ကျွန်အဖြစ်ခိုင်း တယ်ဆိုတာ သမိုင်းမှာရှိခဲ့တယ်။ အဲဒါကြီးက ပျောက် သွားပြီးတော့ ၁၉၉၀ လောက်မှာ ဆိုဗီယက်ယူနန် ပြိုကွဲတော့ အဲဒီက ကလေးတွေ အရှေ့ကမ္ဘာခြမ်းကနေ အနောက်ဘက်ခြမ်းကို လူတွေရွှေ့ပြောင်းသွား လာတာကိုအကြောင်းပြုပြီးတော့ လူကုန်ကူးတာ ပြန်ပေါ်လာတယ်လို့ ကမ္ဘာမှာ ဒီလိုပြောကြတယ် ပေါ့နော်။ အဲဒီမှာ UN က ဒီကိစ္စကြီးက ပြန်ပေါ်လာပြီ၊ လူကုန်ကူးမှုဖြစ်တာ။ အဲဒီတော့ ပိုဆိုးတာက ဟိုတုန်း က အလုပ်လုပ်ဖို့ပဲ လူကုန်ကူးတာ။ အခုကမဟုတ်ဘူး။ ကျွန်လို ခိုင်းဖို့အတွက်။ (၁)အဓိကက အဲဒီတုန်းက ဆိုရင် ဥရောပ အရှေ့ခြမ်းကဆိုရင် ကလေးမလေး တွေကို sex worker အဖြစ် ခိုင်းတဲ့အလုပ်ဖြစ်တော့ ကုလသမဂ္ဂက နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ convention လုပ် တယ်၊ လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးပရိုတိုကော ဆိုပြီးတော့ နောက်ဆက် တွဲစာချုပ်တစ်ခု လုပ်တယ်၊ နောက်တစ်ခါ တစ်ဆက်တည်းမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာက လူမှောင်ခိုမှုဆိုတဲ့ ပရိုတိုကောတစ်ခုလုပ်တယ်။ အဲဒီ ပရိုတိုကောတွေက ၂၀ဝ၄ မှာမြန်မာပြည်က အဖွဲ့ဝင်ဖြစ်သွားတော့ လူကုန်ကူးမှုဆိုတာကို မြန်မာပြည်ကစပြီး initiate လုပ်တယ်။

မေး - ဘယ်လိုအခြေအနေမျိုးတွေမှာ လူကုန်ကူးခံ ရဖို့များလဲ။ ဘယ်လိုလူတွေက လူကုန်ကူးခံရခြင်းရဲ့ သားကောင်တွေဖြစ်မလဲ။
ဖြေ - ယေဘုယျအားဖြင့်ပြောရရင် ဘယ်သူမဆို လူကုန်ကူးခံရနိုင်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲ ဆိုတော့ လူကုန်ကူးတဲ့ သဘောတရား ရည်ရွယ်ချက် က အသက်အရွယ်အားဖြင့် ကြည့်ရင်လည်း အသက် ငယ်တဲ့လူတွေက လူကုန်ကူးခံရတယ်လို့ ပြောတယ်။ သို့သော် မဟုတ်ဘူး။ လူကုန်ကူး တကယ်ခံရတဲ့ နယ် ပယ်မှာ အသက်ကြီးတဲ့ လူတွေကိုလည်း တောင်းစား ဖို့အတွက်ကူးတာ၊ နောက်ထပ် အရွယ်လတ် ၊ အရွယ် ကောင်းတွေကိုလည်း ခန္ဓာကိုယ်အစိတ်အပိုင်းထုတ် ဖို့ကူးတာတို့ အမျိုးမျိုးရှိတယ်။ အဲဒီတော့ အသက်အရွယ်နဲ့ ပတ်သက်ရင်တော့ အဓိက ကတော့ ဘယ်အသက်အရွယ်မဆို ကလေးတွေဆို ရောင်းစားဖို့၊ Organ တွေထုတ်ဖို့ကအစ၊ အသက်အရွယ်က ဘာမ ဆို၊ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်တယ်။ နောက် ကျား၊ မ။ မိန်းကလေး၊ ယောကျာ်းလေး ဘယ်သူပို များလဲဆိုတော့ မိန်းကလေးက ပိုများတာပေါ့နော်။ မိန်းကလေးက (Industry Level)၊ Industry Level ဆိုတာ စက်ရုံအလုပ်ရုံမှာပဲဖြစ်ဖြစ်၊ Sex Industry လို့ခေါ်တဲ့ လိင်နဲ့ပတ်သက်တဲ့ ဖျော်ဖြေရေးနေရာတွေ မှာဖြစ်ဖြစ် အမျိုးသမီးတွေက ပိုများတာပေါ့။ သို့သော် အခုနောက်ပိုင်းမှာ ဒီလုပ်အား ခေါင်းပုံဖြတ်တဲ့ လုပ် ငန်းတွေမှာလည်း ယောကျာ်းလေးတွေလည်း ပါလာတာပေါ့နော်။ နောက်တစ်ခါ လူကုန်ကူးခံရဖို့ကိုစဉ်းစား ရင် နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားဖြစ်မှုကိုကြည့်တဲ့အခါကျရင် စီးပွားရေးနိမ့်ကျတဲ့ တိုင်းပြည်၊ အခုလိုပဋိပက္ခ တွေဖြစ်နေတဲ့ တိုင်းပြည်။ ဒီတိုင်းပြည်က လူတွေက လူကုန်ကူးခံရဖို့ ပိုများတာပေါ့နော်။ ဘေးက ပတ်ဝန်း ကျင်နိုင်ငံတွေက စီးပွားရေးမြင့်နေမယ်၊ နိုင်ငံသားအ နေနဲ့ကြည့်ရင်လည်း စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာ ရှုပ်ထွေးနေမယ်ဆိုရင် အဲဒီနိုင်ငံက နိုင်ငံသားတွေဟာ လူကုန်ကူးခံရမှု အန္တရာယ်ပိုရှိတာပေါ့နော်။ နောက်တစ်ခါ လူကုန်ကူး တဲ့ဖြစ်စဉ်တွေက တော်တော်များများပြန်ကြည့်ရင် လူတွေရဲ့ awareness လူတော်တော်များများက လူကုန်ကူးနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ လူကုန်ကူးတာနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးမှု‌ပေါ့။ အဲဒါက လည်းပဲ အကြောင်းအရင်း တစ်ခုပေါ့နော်၊ အခုဖြစ်တဲ့ ကိစ္စတွေက ဒါပဲလေ။ နောက်တစ်ခါ ဘာခေါ်မလဲ။ ပညာအရည်အချင်းပေါ့နော်။ ပညာအရည်အချင်း ဆိုတာမှာ အဲဒါဆိုရင် ပညာတွေသိပ်တတ်လို့ လူကုန် ကူးခံရမှု မဖြစ်နိုင်ဘူးလား မဟုတ်ဘူးနော်။ ကျားဖြန့် ကိစ္စမှာဆို အားလုံးပညာတတ်တွေပဲ။ သို့သော် သူတို့ ဘာလဲဆို လောဘလေ၊ သူတို့ငွေရချင်တဲ့ လောဘကို အခြေခံပြီးတော့ လူကုန်ကူးခံရတဲ့ အကြောင်းရင်းဖြစ် သွားတာ။ အန်ကယ်တို့ တာဝန်ထမ်းဆောင်တုန်းက ကလေးမလေးတွေ သူတို့ မဲဆောက်မှာ အလုပ်လုပ် တယ်၊ ဒါပေမဲ့ မြဝတီကနေ မဲဆောက်ကိုနေ့ချင်းပြန် သွားလုပ်တာ။ အဲဒီတော့ သူတို့ကို မေးတယ်၊ လူကုန် ကူးခံရတော့ ဘန်ကောက်မှာဖြစ်တာ။ သူတို့ကိုအင် တာဗျူးလုပ်တဲ့အခါမှာ မေးတယ်၊ လူကုန်ကူးတဲ့အ ကြောင်း မသိဘူးလားဆိုတော့။ သိတယ်၊ ဘာလို့လဲဆို တော့ မဲဆောက်မှာလုပ်တာထက်စာရင် ဘန်ကောက် မှာလုပ်တာ (၂)ဆလောက် ပိုရတယ်၊ အဲဒါကြောင့် ဘန်ကောက်ကို လိုက်လာခဲ့တာဆိုတော့ သိပေမယ့် လည်းပဲ၊ ပညာရှိပေမယ့်လည်းပဲ ကိုယ့်လောဘပေါ် အခြေခံပြီးတော့ ငွေရလိုမှုနဲ့ သူတို့စည်းရုံးတဲ့အပေါ်မှာ မူတည်ပြီးတော့ လူကုန်ကူးခံရဖို့ အကြောင်းအရာတွေ ဖြစ်လာတာပေါ့။

မေး - ဟုတ်ကဲ့ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တယ်။ အဲဒါပြီးတော့ လူငယ်တော်တော်များများက နယ်စပ် တွေကနေပြီးတော့ တခြားနိုင်ငံတွေကို တရားမဝင် သွားတာတွေရှိလာတယ်။ ဒါတွေအပေါ်မှာကော လူ ကုန်ကူးခံရနိုင်လား။ ဒါတွေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဟိုတစ်နေ့က မီဒီယာတစ်ခုက ပြောသွားတယ်။ အဲဒီလိုတွေ သွားကြတာရှိတယ်။ တချို့ကျတော့လည်း contact လုပ်တယ်၊ ဟိုဘက်ကလူတွေက လာခဲ့ကြ၊ ဟိုရောက်ရင် ဘတ်ကတ်၊ တရားမဝင်တော့ လာခဲ့၊ ဘတ်ကတ်ရမယ်၊ ဘတ်ကတ်ပြီးရင် CI လျှောက်မယ် CI ပြီးရင် Passport ပြောင်းမယ်။ အဲဒီလမ်းကြောင်း ကတော့ ပွင့်နေသေးတယ်ပေါ့။ အဲဒီလမ်းကြောင်းနဲ့ ချိတ်မိတဲ့လူတွေ ကတော့ လူကုန်ကူးခံရမှု ဖြစ်နိုင်ခြေ နည်းတာပေါ့နော်။ ဘာလို့လဲဆိုရင် သူတို့ အလုပ်အကိုင်ရဖို့ အခွင့်အလမ်းရှိတာပေါ့။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲနဲ့ ငါတို့တော့ ဒီမှာစစ်မှုထမ်းရမယ်၊ ချက်ချင်းပဲ စစ်မှုထမ်းရတော့မလို၊ ဒီနေ့၊ မနက်ဖြန်ပဲ တပ် ထဲဝင်ရတော့မလို စိတ်ထဲမှာ စိတ်ပူပြီးတော့ အတင်း သွားတယ်ဆိုရင် နယ်စပ်ကို တရားမဝင် ဖြတ်ရမယ်။ အဲဒါက နေရင်းထိုင်းရင်းနဲ့ Immigration ဥပဒေနဲ့ ငြိသွားတယ်။ အဲဒီမှာတင် သူတည်းခိုတဲ့ ပတ်ဝန်းကျင် က အာဏာပိုင်တွေ၊ သူတည်းခိုတဲ့ပတ်ဝန်းကျင်က Law Enforcement လို့ခေါ်တဲ့ ဥပဒေ စည်းကမ်းထိန်း သိမ်းတဲ့အဖွဲ့တွေရဲ့ရန်ကိုလည်း သူကြောက်နေရ တယ်။ အဲဒီမှာလည်းပဲ ကောင်းတဲ့လူတွေ၊ စနစ်တ ကျဖမ်းဆီးမယ်၊ စနစ်တကျလွှဲပြောင်းမယ်ဆိုတဲ့ အရာရှိတွေ၊ အစိုးရဝန်ထမ်းတွေရှိသလို အဲဒီအပေါ်မှာပဲ ငွေညှစ်ပြီးတော့ သူတို့ကို ဟိုကတစ်ဆင့် ဒီပို့၊ ဒီကတစ်ဆင့် ဟိုပို့ လုပ်မယ်ဆိုရင် လူကုန်ကူးမယ့် လူတွေ အကြိုက်ဖြစ်သွားတာပေါ့။ ဟိုဘက်မှာ demand ရှိတယ်။ ဒီဘက်က Supply ကလည်း အမှန်မှာ ဒီဥပဒေကို သေချာနားမလည်လို့ပေါ့နော်။ ဒီဥပဒေကို သေချာနားမလည်တဲ့အခါကျတော့ ငါတို့တော့ နက်ဖြန် သန်ဘက် တပ်ထဲကိုဝင်ပြီးတော့ ရှေ့တန်းထွက် စစ်တိုက်ရမယ်ထင်ပြီးတော့ အတင်း ပြေးတာလေ။ အဲဒီတော့ ဒီဘက်က Supply က ဥပဒေကြောင့် တွန်းအားပေးသလို။ ဟိုဘက်ကတော့ အလုပ်သမားလိုအပ်ချက်ရှိတယ်။ အဲဒီ အလုပ်သမား လိုအပ်ချက်ကို အလွယ်တကူရမယ်။ အလွယ်တကူရ မယ်ဆိုတဲ့ ဟိုဘက်ကတော့ Pull Factor ၊ ဒီဘက်က တော့ Push Factor ပေါ့နော်။ အဲဒီသဘောအရ အများကြီး အန္တရာယ်ရှိတာပေါ့နော်။ အန္တရာယ်မရှိတဲ့ လမ်းကြောင်းလည်း မရှိဘူးမဟုတ်ဘူး ရှိတယ်။ အခုအခြေအနေမှာ ပိုပြီးတော့ အခက်အခဲရှိနေတာ ဘာလဲဆိုတော့ နယ်စပ်တွေကနေပြီးတော့ အလုပ်သမားတွေကို တရားဝင်ပို့တဲ့လမ်းကြောင်းကြီးကလည်း နည်းနည်းရပ်တန့်နေတယ်။ အခု ထိုင်းသံရုံးကနေ ဗီဇာလုပ်ပြီးတော့မှ လေကြောင်းလိုင်းနဲ့ပို့ဆိုတာ ပြန် ဖြစ်နေတယ်။ လုံခြုံရေးအခြေအနေရ၊ အဲဒါကြီးက လည်း ဒီဘက်က တရားဝင်အလုပ်သမားပို့တဲ့ အေဂျင်စီတွေအတွက် နည်းနည်းအခက်အခဲဖြစ်နေတယ်၊ ဒီဥစ္စာက သူတို့အတွက် တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုပဲ။ ဘာလို့လဲဆို အရင်တုန်းကဆို အလွယ် တကူပဲ နယ်စပ်ကနေ ကော့သောင်းက (၁၀ဝ)၊ မြဝတီက (၁၀ဝ)၊ တာချီလိတ်က (၁၀ဝ) အဲဒီလိုပို့နေ တာ။ အခုက ဒီကနေ တစ်နေ့မှ လူ (၄၀ဝ) ပဲပေးတာ တို့၊ သံရုံးက ဗီဇာပေးတာတို့။ လေကြောင်းလိုင်းက တရားဝင်သွားရင် လေဆိပ်လဝက ဖြတ်ရမယ်။ အဲဒီ procedure တွေအရ အဲဒါကြီးကလည်း အခက်အ ခဲဖြစ်နေတယ်။ လူတွေ တရားမဝင်သွားဖို့အတွက် Push Factor က ပိုများလာတာပေါ့။ ဥပဒေကလည်း Push လုပ်တယ်။ လုပ်ထုံးလုပ်နည်းတွေကလည်း Push လုပ်တယ်။ လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေး အခြေအနေတွေ ကလည်း တွန်းအားလို ဖြစ်နေတာပေါ့နော်။
မေး - လူကုန်ကူးခံရပြီလို့ သိပြီဆိုရင်ကော ဒီဘက် က ဘယ်လိုမျိုးဆောင်ရွက်ပေးတာမျိုးတွေရှိလဲ။

ဖြေ - လူကုန်ကူးခံရပြီဆိုတာကိုတော့ သက်ဆိုင်ရာ ဟိုမှာရှိတဲ့ လူကုန်ကူးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ရှိတယ်။ DSI လို့ခေါ်တဲ့ Department of Special Inves­tigation ဆိုတာကလည်းပဲ လူကုန်ကူးတိုက်ဖျက်ရေး လုပ်တာရှိတယ်။ Thai Royal Police ရှိတယ်။ အဲဒီ အဖွဲ့တွေက အကယ်၍များ သူတို့ လူကုန်ကူးခံရတယ်လို့ သံသယရှိလို့ ဖော်ထုတ်ဖမ်းဆီးမိရင် ဒီဘက်ကို inform လုပ်တာပေါ့။ သူတို့ကယ်ထားပြီဆိုရင် အဲဒီ အခါကျရင် Joint Investigation လုပ်တာတို့၊ ဟို ဘက်မှာဆိုရင်တော့ လူကုန်ကူးသူ၊ လူကုန်ကူးခံရ သူမိတယ်ဆိုရင် လူကုန်ကူးတဲ့သူကို ဖော်ထုတ်ဖမ်း ဆီးတာပေါ့။ လုပ်တဲ့အခါ ဆက်စပ်ပြီးတော့ ဒီဘက်ကနေ ပွဲစားတွေရှိတယ်။ ဒီဘက်ကနေပို့တာတွေ ဘယ်သူဆိုပြီး လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ဒီဘက်ကနေ အမှုဖွင့်အရေးယူရတာတွေ လုပ်လို့ရတယ်လေ။ နောက် MOU ရှိနေတာကြောင့် MOU မှာပါတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ Standard Procedure တွေ အရ ပူးပေါင်းဆောင်ရွက်လို့ရတာတွေ အများကြီးရှိတယ်။ အဲဒါတွေက သက်ဆိုင်ရာတပ်ဖွဲ့တွေ၊ ဌာနတွေ က အလုပ်လုပ်ကြဖို့ပဲလိုတာ။ ရှင်းရှင်းပြောရရင် အီး မေးလ်ရှိတယ်လေ။ ဖုန်းတွေရှိတယ်လေ။ ဆက်သွယ် ပြီးလုပ်လို့ရတာပေါ့။ တကယ်သာ လူကုန်ကူးခံရရင် ဟိုဘက်က အရေးယူမှာပဲ။ ဟိုဘက်က အရေးယူသ လို ဒီဘက်ကိုလည်း သတင်းပို့မှာပဲ။ ဒါနှစ်နိုင်ငံ Information sharing လုပ်တဲ့ System ရှိပြီးသား။ Focal person တွေ ထားပြီးသား။

မေး - ခုနကပြောတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်ကနေ တရားမဝင်သွားတဲ့လူတွေကို လူကုန်ကူးခံရတာတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို မျိုး ပြည်သူတွေကို Message ပေးချင်လဲရှင်။
ဖြေ - ဒီ awareness ဆိုတာ သိပ်အရေးကြီးတယ်လေ။ အန်ကယ်တို့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုတာက ၂၀ဝ၄ မှာစတဲ့အခါ အဲဒီအချိန်မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် မြန်မာပြည်ကနေ စပြီးစိတ် ဝင်စားပြီးတော့ စလုပ်တာပေါ့နော်။ ဩစတြေးလျရဲ တပ်ဖွဲ့က စာလာသင်ပေးတယ်။ လက်တွေ့အမှုတွေ စစ်ခိုင်းတယ်။ အဲဒီကနေ အန်ကယ်တို့ စလုပ်ဖြစ်ကြတာ။ အဲဒီတုန်းကကိုက ဘာလုပ်တာလဲဆိုတော့ အခြေခံ လူတန်းစားနဲ့ အခြေခံအဆင့်တွေမှာ awareness လုပ်တာ။ အဲဒီမှာ ဥပဒေက မပြဋ္ဌာန်း ရသေးဘူး။ ဥပဒေ မပြဋ္ဌာန်းရသေးခင်ကို awareness လုပ်တာ။ လူကုန် ကူးမှုဆိုတာဒါ၊ ဒီလိုဖြစ်ရင် လူကုန်ကူးမှုဖြစ်မယ်၊ ဒါတွေက လူကုန်ကူးမှုဖြစ်နိုင်ခြေရှိတာတွေ၊ ကမ္ဘာမှာ ဘယ်လိုပြဿနာတွေ ရှိတာတွေ၊ ဒါတွေက အဲဒီလို awareness လုပ်ရတာလေ။ အခုဟာက ဥပဒေကတော့ အသစ်မဟုတ်ဘူး။ ဥပဒေက အဟောင်း၊ သို့‌သော် အခုမှပြဋ္ဌာန်းတာ၊ အတည်ဖြစ်တာ၊ ဒီဥပဒေ ပြဋ္ဌာန်းမယ်ဆိုတဲ့အချိန်မှာ အမှန်က သက်ဆိုင်ရာ အစိုးရအနေနဲ့ ဒီဥပဒေပြဋ္ဌာန်းလိုက်ရင် ဘာတွေဖြစ် နိုင်ဖွယ်ရှိလဲ။ ဒါတွေက ကြိုတွက်ရမှာ‌လေ။ ဘာတွေ Challenge ရှိမလဲ၊ Risk တွေ ဘာရှိမလဲ။ အဲဒါတွေ တွက်ချက်ပြီးတော့မှ အဲဒါတွေ အခင်းအကျင်းလုပ်ရ မှာ။ အဲဒီအခင်းအကျင်းတွေပြီးတော့မှ ဥပဒေကို ချပြရမယ်။ ဥပဒေကို ချပြပြီးရင်လည်း အဲဒီ ဥပဒေကို ပွင့်ပွင့်လင်းလင်းပြောရရင် ပြန်ကြားရေးဝန်ကြီးဌာန ရော၊ သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထုတ်ပြန်နေတာပဲ။ သို့သော် ရပ်ကွက်ထဲမှာ လိုက်မေး ကြည့်လေ။ လူ (၁၀)ယောက်ကိုမေးလိုက် ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းပြတာကို ခင်ဗျားတို့နားထောင်ပြီး ပြီလားလို့ မေးလိုက်။ ဘယ်နှယောက်နားထောင်ပြီးပြီလဲ။ အဲဒီအဖြေကိုရရင် ပြန်ကြားရေးဝန်ကြီးဌာနက ဘာလုပ်သင့်လဲ စဉ်းစားလို့ရပြီ။ အဓိကက awareness ။ အဲဒီတော့ ဒီနေ့လူတွေသွားနေ၊ ကြောက်နေကြတာ သည် အဲဒီအသိပညာမရလို့။ နောက်တစ်ခါ အစိုးရက နေထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုလည်း လူတွေက စိတ်ပါဝင်စားမှုအားနည်းတယ်။ လူတွေစိတ်ပါဝင် စားအောင် လည်း အစိုးရဘက်က သိအောင်လုပ်တဲ့ နည်းတွေပေါ့နော်။ အဲဒါတွေက လိုနေတယ်လို့ အန် ကယ်က ထင်တယ်။ ရှင်းရှင်းပြောရရင် ရပ်ကွက်တွေမှာ၊ တိုက်တွေမှာဆိုရင် တိုက်မှူးတွေရှိတယ် လေ။ သူတို့ကို ရပ်ကွက်ရုံးတွေမှာခေါ် aware လုပ်မယ်။ ပြီးရင် သူတို့ကို ပန်းဖလက်တွေပေးလေ။ ချက် ချင်းအမှုထမ်းစရာမလိုဘူး။ နောက်မှ အမှုထမ်းလည်း ရတယ်။ ကျောင်းသွားတက်လည်းရတယ်။ ပြန်လာမှ အမှုထမ်းလည်းရတယ်။ မင်း အမှုထမ်းရင်တော့ ချက် ချင်းရှေ့တန်းပို့မှာမဟုတ်ဘူး။ ချက်ချင်း သေနတ် ကိုင်ခိုင်းမှာ မဟုတ်ဘူး။ ဒါတွေက လူထုစိတ်ကို relax ဖြစ်မယ့် information မျိုးတွေကို ဖိလုပ်ရမှာလေ။ အဲဒီလိုမလုပ်ဘဲနဲ့ ဝါးတားတား သိပ်မပြည့်စုံတဲ့ သတင်းအချက်အလက်တွေပေးလိုက်ရင် လူတွေက အဲဒီလောက် ဥာဏ်မကြီးဘူး။ နောက်လူတွေက အခုချိန်မှာဘာဖြစ်လဲဆိုတော့ တခြား မီဒီယာပေါ့၊ နည်းမျိုးစုံနဲ့လွှင့်နေတဲ့မီဒီယာတွေကို သွားပြီးတော့ လူတွေကသာယာနေတယ်။ အဲဒီအထဲမှာ အမှန်တ ရားကအိပ်ပျော်နေပြီး အမှားက ကမ္ဘာပတ်နေတယ်ဆိုတာမျိုး။ သတင်းအမှားက ကမ္ဘာပတ် နေတယ်။ သတင်းအမှန်က အိပ်ပျော်နေတယ်။ အဲဒီလိုဖြစ်နေတယ်၊ အဓိက က အားလုံးမသိကြတာ ပေါ့နော်။ ဟိုတစ်နေ့က ဆောင်းပါးတစ်ခုရေးတာ ဖတ်ရတယ်။ ဒီဥပဒေက အဓိကကတော့ စစ်မှုထမ်း တာနဲ့ ပြည်သူ့စစ်ကို ဆန္ဒရှိတဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ဆန္ဒရှိ တဲ့လူတွေကို ရည်ရွယ်ပုံရပါတယ်။ ဆိုလိုတာက တကယ်တမ်းက public မှာ ဒီအသက်အပိုင်းအခြားမှာပါဝင်တဲ့လူတွေဆို တကယ်သိအောင် လုပ်ပေးရမယ်။ နောက်တစ်ခါ ခြေခြေမြစ်မြစ်နဲ့ သိသင့်တဲ့အချက်တွေကို ခုနက အတွေးမှားသွားမယ့် လမ်းလွဲ သွားမယ့်အချက်တွေကို အဖြောင့်အတိုင်း အမှန်အ တိုင်းသိအောင် ရှင်းလင်းချက်လေးတွေ သွားရမယ်။ ဥပဒေက ကျုံ့ပြီးတော့ တိုအောင်ရေးထားတာ။ ဥပဒေဆိုတာ အကျဉ်းချုပ်ရေးထားတာ။ ဥပဒေဆိုတာ သိပ်အကျယ်ကြီး ရေးလို့မရလို့။ အဲဒီဟာရဲ့ Defination တွေ၊ ရှင်းလင်းချက်တွေ၊ နည်းဥပဒေတွေ လာမယ်လေ။ အဲဒါကိုလည်း ကြိုပြီးတော့ လူတွေကို သိအောင် လုပ်ဖို့လိုတယ်။ အခု လူတွေက အသိမှား၊ အမြင်မှားတွေနဲ့ ကြံကြောက်နေရတာပေါ့။ ကြံပြီး တော့ ကြောက်ပြီးတော့ အုံးအုံးထနေတာ။ တချို့ဆိုရင် ဒီနေ့မနက်တွေ့ခဲ့တာ အန်ကယ့်ထက်ကြီးတဲ့လူ တွေ၊ သူတို့သားသမီးတွေက ဆရာဝန်တွေ အင်ဂျင်နီ ယာတွေပဲနော်။ သူတို့တောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတာကို သိပ်နားမရှင်းဘူးလားမသိဘူး။ ရွာက ကလေးတွေဆိုရင် နက်ဖြန်ပဲ လာပြီးခေါ်တော့မယ်။ မဟုတ်ဘူးလို့။ အန်ကယ့် တူတွေ တူမတွေကိုလည်း လှမ်းပြောပြတယ်။ အဓိကကတော့ awareness မဖြစ်တာ။ awareness ဖြစ်အောင် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေက မလုပ်နိုင်တာ အားနည်းချက်ပေါ့။

မေး - လူကုန်ကူးမယ့်သူတွေက ဘယ်လိုလူမျိုးတွေ ကိုပစ်မှတ်ထားလဲ။ ဘယ်လိုအကြောင်းအရာမျိုးတွေ မှာ လိုက်ပြီးလှုပ်ရှားလေ့ရှိလဲ။ အခုဒီလို ဖြစ်စဉ်မျိုးကို ကြည့်လိုက်ရင် ပြည်သူ့စစ်မှုထမ်းဥပဒေဟာမျိုးဆို ရင် သူတို့အတွက် သူတို့အကြိုက်လို့ ယူဆလို့ရလား။
ဖြေ - သေချာတာပေါ့။ ဒီလူကုန်ကူးတဲ့သူတွေက ဘာခေါ်မလဲဆိုတော့၊ ကျွန်တော်တို့က လူကုန်ကူးခြင်း ကို Pull Factor, Push Factor တွေနဲ့ ပြောကြတယ်လေ။ အဓိက ဒီဇာတ်လမ်းမှာက ဘာလဲဆိုတော့ aware မဖြစ်တာ။ အသိပညာနည်းတဲ့ လူတွေ၊ ဒီဥပဒေနဲ့ပတ်သက်လို့ အသိပညာအားနည်းတဲ့ လူတွေကို ပစ်မှတ်ထားတာပေါ့။ မြန်မာနိုင်ငံမှာ ဘာတွေကတော့ အကျုံးဝင်နေပြီလဲဆိုတော့ လူငယ်တွေကြား ထဲမှာ (၁) အလုပ်အကိုင်အခွင့်အလမ်းမရှိတာ၊ (၂) ဝင်ငွေနည်းပါးတာ၊ နောက် ကုန်ဈေးနှုန်းတွေကြီးမြင့် တာ၊ အလုပ်လက်မဲ့ဖြစ်တာတွေ၊ ပညာရေနိမ့်ပါး တာတွေ အဲဒီအချက်တွေကတော့ လူငယ်တွေရဲ့လော ကထဲမှာ သွားပြီးတော့ နဂိုရှိပြီးသားလက္ခဏာတွေ ဖြစ်နေတယ်။ ဒီဥပဒေအပေါ်မှာ သေသေချာချာ နား မလည်တာကို အခွင့်ကောင်းယူလို့ရသွားပြီ။ တစ် ခါတစ်ခါ လူကုန်ကူးတဲ့ပွဲစားတွေက မြန်မြန်လာခဲ့တာ ကောင်းတယ်။ တော်ကြာရွာထဲလာပြီး တစ်ရွာငါး ယောက်တို့ မဖြစ်မနေပေးရမယ်ဆို ဘယ်လိုလုပ်မလဲ ရွာကနေအတင်းသွားတော့ဆိုတာမျိုးတွေ ဒီကြားထဲ သယ်မယ့်ကောင်တွေကလည်း အဆင်သင့်စီးပွားရှာ တာ။ ဒါကြောင့် နယ်စပ်ဂိတ်တွေကလည်း အစိုးရရဲ့ ဩဇာအာဏာသက်ရောက်မှုက အားနည်းနေပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရှိနေပြီးတော့ အဲဒီ မှာလည်း သွားချင်ရာသွားတယ်။ ဟိုတုန်းက ထိုင်းမှာ လူတွေအများကြီးပုံနေတာကိုသိတဲ့အခါမှာ ၂၀ဝ၄ ခုနှစ်မှာ မြဝတီပြန်လည်လက်ခံရေးစခန်းဆိုတာကို ရဲချုပ်ဦးဆောင်ပြီးတော့ဖွဲ့တာ။ ပြန်လာခဲ့၊ ပြန်လာ ပြီးတော့မှ တရားဝင်ပြန်သွားဆိုတာမျိုးတွေလုပ် တယ်။ ပြီးတော့ ရဲချုပ်ဦးဆောင်ပြီးတော့ တရားမ ဝင်သွားရောက်သူများ တားဆီးကာကွယ်ရေးအဖွဲ့ ဆိုပြီးဖွဲ့ပြီးတော့ (၆ မျဉ်းစောင်း)တွေဆို ဒီဘက်မလာ ရဘူး၊ အဲဒီလိုလုပ်လိုက်ခါမှ အဲဒီမှာ ဂိတ်ကျတဲ့ကောင် တွေက ခွင်တည့်ပြီးတော့ ခွင်သွားဖြစ်နေတာကိုလည်း စိတ်ပူရသေးတယ်။ မရိုးသားတဲ့ ဝန်ထမ်းတွေနဲ့သွား တွေ့ရင် သူတို့အတွက် ခွင်ဖြစ်သွားမှာလည်းရှိတယ်။ အဲဒါကတော့ ခုလည်း လုပ်တော့လုပ်နေတာပဲလေ။ လူငယ်တွေကို စစ်တာ ဆေးတာတွေ။ သို့သော် အကောင်းဆုံးကတော့ လူငယ်တွေက aware ဖြစ်ဖို့လိုတယ်။ အသေအချာ မလေ့လာတဲ့၊ ဗဟုသုတအားနည်း တဲ့လူငယ်တွေဟာ လူကုန်ကူးသူတွေရဲ့ အကြိုက်ဖြစ်သွားပြီး ခုနအချက်တွေမှာတော့ Push Factor လို့ခေါ်တဲ့ တွန်းအားထဲမှာတော့ ပညာရည်နိမ့်တာ၊ အလုပ်အကိုင်ရှားပါးတာ၊ စီးပွားရေးအရ အကျပ်အတည်းတွေဖြစ်နေတာ၊ နိုင်ငံရေး မတည်ငြိမ်တာ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာဆိုတဲ့ အဲဒီအချက် တွေကတော့ အကျုံးဝင်နေပြီ၊ နောက်ဆုံးကတော့ သူတို့က လက်ရှိပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အပေါ်မှာ ကျေကျေလည်လည်နားမလည်တာက ပွဲစားတွေအကြိုက်ဖြစ်သွားတာပေါ့နော်။

မေး - ဘာများဖြည့်စွက်ပြီးတော့ ပြောချင်သေးလဲရှင်။
ဖြေ - အဓိကကတော့ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး၊ လူကုန်ကူးမခံရ‌ရေးဆိုတာ လူတိုင်းက လူကုန်ကူးခံရနိုင်ဖွယ်ရှိတယ်ဆိုတာ သိဖို့လိုတယ်။ အရွယ်မရွေးဘဲနဲ့။ ပညာတတ်တွေလည်း လူကုန်ကူး ခံရတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါး လောဘကြောင့်၊ အန်ကယ်တို့ ပတ်ဝန်းကျင်မှာတောင် ရွှေကုက္ကိုလ်မှာ ၃၅ သိန်းရတယ်ဆိုပြီးသွားတယ်။ ပြန်မလာဘူး။ ခုထက်ထိလုပ် နေသေးတယ်ဆိုတာ မျိုးတွေ ကြားနေရတယ်။ ပြန်လာသင့်ပြီနော်ဆိုလည်း မရဘူး။ လူကုန်ကူးခံရဖို့ လူတိုင်းမှာအန္တရာယ်ရှိတယ်။ ဒါကြောင့်မလို့ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေရှိဖို့လိုတယ်။ ကိုယ်ဟာ လူကုန်ကူးမှု အန္တရာယ်ကွင်းထဲကို အချိန်မရွေးရောက်သွားနိုင် တယ်။ အထူးသဖြင့်တော့ ခုချိန်မှာလူငယ်တွေဟာ အစိုးရထုတ်တဲ့အမိန့်တွေ၊ ဥပဒေတွေကို သေချာနား လည်အောင်ဖတ်ဖို့သင့်တယ်။ ကိုယ်က မသိရင်၊ နားမလည်ရင်လည်း သိတဲ့နားလည်တဲ့သူတွေကို မေးပြီးတော့မှ ရှင်းရှင်းလင်းလင်းသိမှသာလျှင် ဆုံး ဖြတ်သင့်တယ်ပေါ့နော်။ အဲဒီလိုမဆုံးဖြတ်ဘဲ တဇွတ် ထိုးလုပ်မယ်ဆိုရင်တော့ အန္တရာယ်ဟာ အချိန်မရွေး ကျရောက်နိုင်ပါတယ်။

ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင် ။ ။

zawgyi version
စစ္မႈမထမ္းဘဲ ျပည္ပသို႔ တရားမဝင္ ထြက္ခြာပါကဘာေတြႀကဳံရႏိုင္လဲ . . .
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
ျပည္သူ႔စစ္မႈထမ္းဥပေဒကို နစကမွ အာဏာတည္ေၾကာင္း အမိန႔္ထုတ္ျပန္ၿပီးေနာက္ပိုင္းတြင္ ျပည္သူလူထုၾကား၌ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚေနလ်က္ရွိၾကသည္။ ထိုသို႔ စိုးရိမ္ပူပန္မႈမ်ားႏွင့္အတူ လူငယ္ လူ႐ြယ္မ်ားသည္လည္း အိမ္နီးခ်င္းႏိုင္ငံႏွင့္ အျခားေသာႏိုင္ငံမ်ားသို႔ထြက္ခြာရန္ ျပင္ဆင္စီစဥ္လာၾကသည္ကို ေတြ႕ရွိေနရသည္။ ယင္းကဲ့သို႔ ထြက္ခြာရန္စီစဥ္ရာတြင္ တရားဝင္နည္းလမ္းျဖင့္ ႀကိဳးပမ္းမႈရွိသကဲ့သို႔ တရားမဝင္နည္းလမ္းမ်ားျဖင့္ပါ ထြက္ခြာရန္ ျပင္ဆင္ေနလ်က္ရွိသည္ကို ေတြ႕ေနရသည္။ ထို႔ေၾကာင့္ ႏိုင္ငံျခားသို႔ တရားမဝင္နည္းလမ္းျဖင့္ထြက္ခြာပါက လူကုန္ကူးသူမ်ား၏ သားေကာင္ျဖစ္ႏိုင္သည့္အေျခအေန အပါအဝင္ ေတြ႕ႀကဳံႏိုင္ဖြယ္ရွိသည့္အေျခအေနမ်ားကို ဦးၫြန႔္လႈိင္ (ဒုတိယရဲမႉးႀကီး-ၿငိမ္း)၊ (လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး အထူးအဖြဲ႕၊ အဖြဲ႕မႉးေဟာင္း) အား NP News က သီးသန႔္ေတြ႕ဆုံေမးျမန္းထားမႈကို ေဖာ္ျပလိုက္ပါသည္။

ေမး - ပထမေမးခ်င္တာက လူကုန္ကူးျခင္းဆိုတာက ဘယ္လိုမ်ိဳးလဲေပါ့။
ေျဖ - လူကုန္ကူးတယ္ဆိုတာ လူလူခ်င္း လူ႔အခြင့္ အေရး ခ်ိဳးေဖာက္တာ။ လူေတြကို ေခါင္းပုံျဖတ္တာကို လူကုန္ကူးတယ္လို႔ ေခၚတာ။ အဲဒီေတာ့ ရွည္ရွည္ ေဝးေဝးေျပာေနရင္ အမ်ားႀကီးေပါ့။ ကြၽန္အျဖစ္ခိုင္း တယ္ဆိုတာ သမိုင္းမွာရွိခဲ့တယ္။ အဲဒါႀကီးက ေပ်ာက္ သြားၿပီးေတာ့ ၁၉၉၀ ေလာက္မွာ ဆိုဗီယက္ယူနန္ ၿပိဳကြဲေတာ့ အဲဒီက ကေလးေတြ အေရွ႕ကမာၻျခမ္းကေန အေနာက္ဘက္ျခမ္းကို လူေတြေ႐ႊ႕ေျပာင္းသြား လာတာကိုအေၾကာင္းျပဳၿပီးေတာ့ လူကုန္ကူးတာ ျပန္ေပၚလာတယ္လို႔ ကမာၻမွာ ဒီလိုေျပာၾကတယ္ ေပါ့ေနာ္။ အဲဒီမွာ UN က ဒီကိစၥႀကီးက ျပန္ေပၚလာၿပီ၊ လူကုန္ကူးမႈျဖစ္တာ။ အဲဒီေတာ့ ပိုဆိုးတာက ဟိုတုန္း က အလုပ္လုပ္ဖို႔ပဲ လူကုန္ကူးတာ။ အခုကမဟုတ္ဘူး။ ကြၽန္လို ခိုင္းဖို႔အတြက္။ (၁)အဓိကက အဲဒီတုန္းက ဆိုရင္ ဥေရာပ အေရွ႕ျခမ္းကဆိုရင္ ကေလးမေလး ေတြကို sex worker အျဖစ္ ခိုင္းတဲ့အလုပ္ျဖစ္ေတာ့ ကုလသမဂၢက ႏိုင္ငံျဖတ္ေက်ာ္မႈခင္းတိုက္ဖ်က္ေရးဆိုင္ရာ convention လုပ္ တယ္၊ လူကုန္ကူးမႈဆိုင္ရာ တိုက္ဖ်က္ေရးပ႐ိုတိုေကာ ဆိုၿပီးေတာ့ ေနာက္ဆက္ တြဲစာခ်ဳပ္တစ္ခု လုပ္တယ္၊ ေနာက္တစ္ခါ တစ္ဆက္တည္းမွာပဲ ျဖစ္ေလ့ျဖစ္ထရွိတာက လူေမွာင္ခိုမႈဆိုတဲ့ ပ႐ိုတိုေကာတစ္ခုလုပ္တယ္။ အဲဒီ ပ႐ိုတိုေကာေတြက ၂၀ဝ၄ မွာျမန္မာျပည္က အဖြဲ႕ဝင္ျဖစ္သြားေတာ့ လူကုန္ကူးမႈဆိုတာကို ျမန္မာျပည္ကစၿပီး initiate လုပ္တယ္။

ေမး - ဘယ္လိုအေျခအေနမ်ိဳးေတြမွာ လူကုန္ကူးခံ ရဖို႔မ်ားလဲ။ ဘယ္လိုလူေတြက လူကုန္ကူးခံရျခင္းရဲ႕ သားေကာင္ေတြျဖစ္မလဲ။
ေျဖ - ေယဘုယ်အားျဖင့္ေျပာရရင္ ဘယ္သူမဆို လူကုန္ကူးခံရႏိုင္တယ္လို႔ ေျပာလို႔ရတယ္။ ဘာလို႔လဲ ဆိုေတာ့ လူကုန္ကူးတဲ့ သေဘာတရား ရည္႐ြယ္ခ်က္ က အသက္အ႐ြယ္အားျဖင့္ ၾကည့္ရင္လည္း အသက္ ငယ္တဲ့လူေတြက လူကုန္ကူးခံရတယ္လို႔ ေျပာတယ္။ သို႔ေသာ္ မဟုတ္ဘူး။ လူကုန္ကူး တကယ္ခံရတဲ့ နယ္ ပယ္မွာ အသက္ႀကီးတဲ့ လူေတြကိုလည္း ေတာင္းစား ဖို႔အတြက္ကူးတာ၊ ေနာက္ထပ္ အ႐ြယ္လတ္ ၊ အ႐ြယ္ ေကာင္းေတြကိုလည္း ခႏၶာကိုယ္အစိတ္အပိုင္းထုတ္ ဖို႔ကူးတာတို႔ အမ်ိဳးမ်ိဳးရွိတယ္။ အဲဒီေတာ့ အသက္အ႐ြယ္နဲ႔ ပတ္သက္ရင္ေတာ့ အဓိက ကေတာ့ ဘယ္အသက္အ႐ြယ္မဆို ကေလးေတြဆို ေရာင္းစားဖို႔၊ Organ ေတြထုတ္ဖို႔ကအစ၊ အသက္အ႐ြယ္က ဘာမ ဆို၊ ဘယ္အသက္အ႐ြယ္မဆို ျဖစ္ႏိုင္တယ္။ ေနာက္ က်ား၊ မ။ မိန္းကေလး၊ ေယာက်ာ္းေလး ဘယ္သူပို မ်ားလဲဆိုေတာ့ မိန္းကေလးက ပိုမ်ားတာေပါ့ေနာ္။ မိန္းကေလးက (Industry Level)၊ Industry Level ဆိုတာ စက္႐ုံအလုပ္႐ုံမွာပဲျဖစ္ျဖစ္၊ Sex Industry လို႔ေခၚတဲ့ လိင္နဲ႔ပတ္သက္တဲ့ ေဖ်ာ္ေျဖေရးေနရာေတြ မွာျဖစ္ျဖစ္ အမ်ိဳးသမီးေတြက ပိုမ်ားတာေပါ့။ သို႔ေသာ္ အခုေနာက္ပိုင္းမွာ ဒီလုပ္အား ေခါင္းပုံျဖတ္တဲ့ လုပ္ ငန္းေတြမွာလည္း ေယာက်ာ္းေလးေတြလည္း ပါလာတာေပါ့ေနာ္။ ေနာက္တစ္ခါ လူကုန္ကူးခံရဖို႔ကိုစဥ္းစား ရင္ ႏိုင္ငံသားျဖစ္မႈ၊ ႏိုင္ငံသားျဖစ္မႈကိုၾကည့္တဲ့အခါက်ရင္ စီးပြားေရးနိမ့္က်တဲ့ တိုင္းျပည္၊ အခုလိုပဋိပကၡ ေတြျဖစ္ေနတဲ့ တိုင္းျပည္။ ဒီတိုင္းျပည္က လူေတြက လူကုန္ကူးခံရဖို႔ ပိုမ်ားတာေပါ့ေနာ္။ ေဘးက ပတ္ဝန္း က်င္ႏိုင္ငံေတြက စီးပြားေရးျမင့္ေနမယ္၊ ႏိုင္ငံသားအ ေနနဲ႔ၾကည့္ရင္လည္း စီးပြားေရး ျပႆနာ၊ လူမႈေရး ျပႆနာ၊ ႏိုင္ငံေရး ျပႆနာ ရႈပ္ေထြးေနမယ္ဆိုရင္ အဲဒီႏိုင္ငံက ႏိုင္ငံသားေတြဟာ လူကုန္ကူးခံရမႈ အႏၲရာယ္ပိုရွိတာေပါ့ေနာ္။ ေနာက္တစ္ခါ လူကုန္ကူး တဲ့ျဖစ္စဥ္ေတြက ေတာ္ေတာ္မ်ားမ်ားျပန္ၾကည့္ရင္ လူေတြရဲ႕ awareness လူေတာ္ေတာ္မ်ားမ်ားက လူကုန္ကူးနဲ႔ပတ္သက္တဲ့ ဗဟုသုတ၊ လူကုန္ကူးတာနဲ႔ ပတ္သက္တဲ့ အသိပညာ နည္းပါးမႈ‌ေပါ့။ အဲဒါက လည္းပဲ အေၾကာင္းအရင္း တစ္ခုေပါ့ေနာ္၊ အခုျဖစ္တဲ့ ကိစၥေတြက ဒါပဲေလ။ ေနာက္တစ္ခါ ဘာေခၚမလဲ။ ပညာအရည္အခ်င္းေပါ့ေနာ္။ ပညာအရည္အခ်င္း ဆိုတာမွာ အဲဒါဆိုရင္ ပညာေတြသိပ္တတ္လို႔ လူကုန္ ကူးခံရမႈ မျဖစ္ႏိုင္ဘူးလား မဟုတ္ဘူးေနာ္။ က်ားျဖန႔္ ကိစၥမွာဆို အားလုံးပညာတတ္ေတြပဲ။ သို႔ေသာ္ သူတို႔ ဘာလဲဆို ေလာဘေလ၊ သူတို႔ေငြရခ်င္တဲ့ ေလာဘကို အေျခခံၿပီးေတာ့ လူကုန္ကူးခံရတဲ့ အေၾကာင္းရင္းျဖစ္ သြားတာ။ အန္ကယ္တို႔ တာဝန္ထမ္းေဆာင္တုန္းက ကေလးမေလးေတြ သူတို႔ မဲေဆာက္မွာ အလုပ္လုပ္ တယ္၊ ဒါေပမဲ့ ျမဝတီကေန မဲေဆာက္ကိုေန႔ခ်င္းျပန္ သြားလုပ္တာ။ အဲဒီေတာ့ သူတို႔ကို ေမးတယ္၊ လူကုန္ ကူးခံရေတာ့ ဘန္ေကာက္မွာျဖစ္တာ။ သူတို႔ကိုအင္ တာဗ်ဴးလုပ္တဲ့အခါမွာ ေမးတယ္၊ လူကုန္ကူးတဲ့အ ေၾကာင္း မသိဘူးလားဆိုေတာ့။ သိတယ္၊ ဘာလို႔လဲဆို ေတာ့ မဲေဆာက္မွာလုပ္တာထက္စာရင္ ဘန္ေကာက္ မွာလုပ္တာ (၂)ဆေလာက္ ပိုရတယ္၊ အဲဒါေၾကာင့္ ဘန္ေကာက္ကို လိုက္လာခဲ့တာဆိုေတာ့ သိေပမယ့္ လည္းပဲ၊ ပညာရွိေပမယ့္လည္းပဲ ကိုယ့္ေလာဘေပၚ အေျခခံၿပီးေတာ့ ေငြရလိုမႈနဲ႔ သူတို႔စည္း႐ုံးတဲ့အေပၚမွာ မူတည္ၿပီးေတာ့ လူကုန္ကူးခံရဖို႔ အေၾကာင္းအရာေတြ ျဖစ္လာတာေပါ့။

ေမး - ဟုတ္ကဲ့ ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၀ ရက္က ျပည္သူ႔စစ္မႈထမ္းဥပေဒကို အသက္သြင္းလိုက္တယ္။ အဲဒါၿပီးေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ားက နယ္စပ္ ေတြကေနၿပီးေတာ့ တျခားႏိုင္ငံေတြကို တရားမဝင္ သြားတာေတြရွိလာတယ္။ ဒါေတြအေပၚမွာေကာ လူ ကုန္ကူးခံရႏိုင္လား။ ဒါေတြအေပၚ ဘယ္လိုျမင္လဲ။
ေျဖ - ဟိုတစ္ေန႔က မီဒီယာတစ္ခုက ေျပာသြားတယ္။ အဲဒီလိုေတြ သြားၾကတာရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း contact လုပ္တယ္၊ ဟိုဘက္ကလူေတြက လာခဲ့ၾက၊ ဟိုေရာက္ရင္ ဘတ္ကတ္၊ တရားမဝင္ေတာ့ လာခဲ့၊ ဘတ္ကတ္ရမယ္၊ ဘတ္ကတ္ၿပီးရင္ CI ေလွ်ာက္မယ္ CI ၿပီးရင္ Passport ေျပာင္းမယ္။ အဲဒီလမ္းေၾကာင္း ကေတာ့ ပြင့္ေနေသးတယ္ေပါ့။ အဲဒီလမ္းေၾကာင္းနဲ႔ ခ်ိတ္မိတဲ့လူေတြ ကေတာ့ လူကုန္ကူးခံရမႈ ျဖစ္ႏိုင္ေျခ နည္းတာေပါ့ေနာ္။ ဘာလို႔လဲဆိုရင္ သူတို႔ အလုပ္အကိုင္ရဖို႔ အခြင့္အလမ္းရွိတာေပါ့။ ဒါေပမဲ့ အဲဒီလို မဟုတ္ဘဲနဲ႔ ငါတို႔ေတာ့ ဒီမွာစစ္မႈထမ္းရမယ္၊ ခ်က္ခ်င္းပဲ စစ္မႈထမ္းရေတာ့မလို၊ ဒီေန႔၊ မနက္ျဖန္ပဲ တပ္ ထဲဝင္ရေတာ့မလို စိတ္ထဲမွာ စိတ္ပူၿပီးေတာ့ အတင္း သြားတယ္ဆိုရင္ နယ္စပ္ကို တရားမဝင္ ျဖတ္ရမယ္။ အဲဒါက ေနရင္းထိုင္းရင္းနဲ႔ Immigration ဥပေဒနဲ႔ ၿငိသြားတယ္။ အဲဒီမွာတင္ သူတည္းခိုတဲ့ ပတ္ဝန္းက်င္ က အာဏာပိုင္ေတြ၊ သူတည္းခိုတဲ့ပတ္ဝန္းက်င္က Law Enforcement လို႔ေခၚတဲ့ ဥပေဒ စည္းကမ္းထိန္း သိမ္းတဲ့အဖြဲ႕ေတြရဲ႕ရန္ကိုလည္း သူေၾကာက္ေနရ တယ္။ အဲဒီမွာလည္းပဲ ေကာင္းတဲ့လူေတြ၊ စနစ္တ က်ဖမ္းဆီးမယ္၊ စနစ္တက်လႊဲေျပာင္းမယ္ဆိုတဲ့ အရာရွိေတြ၊ အစိုးရဝန္ထမ္းေတြရွိသလို အဲဒီအေပၚမွာပဲ ေငြညႇစ္ၿပီးေတာ့ သူတို႔ကို ဟိုကတစ္ဆင့္ ဒီပို႔၊ ဒီကတစ္ဆင့္ ဟိုပို႔ လုပ္မယ္ဆိုရင္ လူကုန္ကူးမယ့္ လူေတြ အႀကိဳက္ျဖစ္သြားတာေပါ့။ ဟိုဘက္မွာ demand ရွိတယ္။ ဒီဘက္က Supply ကလည္း အမွန္မွာ ဒီဥပေဒကို ေသခ်ာနားမလည္လို႔ေပါ့ေနာ္။ ဒီဥပေဒကို ေသခ်ာနားမလည္တဲ့အခါက်ေတာ့ ငါတို႔ေတာ့ နက္ျဖန္ သန္ဘက္ တပ္ထဲကိုဝင္ၿပီးေတာ့ ေရွ႕တန္းထြက္ စစ္တိုက္ရမယ္ထင္ၿပီးေတာ့ အတင္း ေျပးတာေလ။ အဲဒီေတာ့ ဒီဘက္က Supply က ဥပေဒေၾကာင့္ တြန္းအားေပးသလို။ ဟိုဘက္ကေတာ့ အလုပ္သမားလိုအပ္ခ်က္ရွိတယ္။ အဲဒီ အလုပ္သမား လိုအပ္ခ်က္ကို အလြယ္တကူရမယ္။ အလြယ္တကူရ မယ္ဆိုတဲ့ ဟိုဘက္ကေတာ့ Pull Factor ၊ ဒီဘက္က ေတာ့ Push Factor ေပါ့ေနာ္။ အဲဒီသေဘာအရ အမ်ားႀကီး အႏၲရာယ္ရွိတာေပါ့ေနာ္။ အႏၲရာယ္မရွိတဲ့ လမ္းေၾကာင္းလည္း မရွိဘူးမဟုတ္ဘူး ရွိတယ္။ အခုအေျခအေနမွာ ပိုၿပီးေတာ့ အခက္အခဲရွိေနတာ ဘာလဲဆိုေတာ့ နယ္စပ္ေတြကေနၿပီးေတာ့ အလုပ္သမားေတြကို တရားဝင္ပို႔တဲ့လမ္းေၾကာင္းႀကီးကလည္း နည္းနည္းရပ္တန႔္ေနတယ္။ အခု ထိုင္းသံ႐ုံးကေန ဗီဇာလုပ္ၿပီးေတာ့မွ ေလေၾကာင္းလိုင္းနဲ႔ပို႔ဆိုတာ ျပန္ ျဖစ္ေနတယ္။ လုံၿခဳံေရးအေျခအေနရ၊ အဲဒါႀကီးက လည္း ဒီဘက္က တရားဝင္အလုပ္သမားပို႔တဲ့ ေအဂ်င္စီေတြအတြက္ နည္းနည္းအခက္အခဲျဖစ္ေနတယ္၊ ဒီဥစၥာက သူတို႔အတြက္ ေတာ္ေတာ္ႀကီးမားတဲ့ စိန္ေခၚမႈပဲ။ ဘာလို႔လဲဆို အရင္တုန္းကဆို အလြယ္ တကူပဲ နယ္စပ္ကေန ေကာ့ေသာင္းက (၁၀ဝ)၊ ျမဝတီက (၁၀ဝ)၊ တာခ်ီလိတ္က (၁၀ဝ) အဲဒီလိုပို႔ေန တာ။ အခုက ဒီကေန တစ္ေန႔မွ လူ (၄၀ဝ) ပဲေပးတာ တို႔၊ သံ႐ုံးက ဗီဇာေပးတာတို႔။ ေလေၾကာင္းလိုင္းက တရားဝင္သြားရင္ ေလဆိပ္လဝက ျဖတ္ရမယ္။ အဲဒီ procedure ေတြအရ အဲဒါႀကီးကလည္း အခက္အ ခဲျဖစ္ေနတယ္။ လူေတြ တရားမဝင္သြားဖို႔အတြက္ Push Factor က ပိုမ်ားလာတာေပါ့။ ဥပေဒကလည္း Push လုပ္တယ္။ လုပ္ထုံးလုပ္နည္းေတြကလည္း Push လုပ္တယ္။ လက္ရွိျဖစ္ေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနနဲ႔ လုံၿခဳံေရး အေျခအေနေတြ ကလည္း တြန္းအားလို ျဖစ္ေနတာေပါ့ေနာ္။
ေမး - လူကုန္ကူးခံရၿပီလို႔ သိၿပီဆိုရင္ေကာ ဒီဘက္ က ဘယ္လိုမ်ိဳးေဆာင္႐ြက္ေပးတာမ်ိဳးေတြရွိလဲ။

ေျဖ - လူကုန္ကူးခံရၿပီဆိုတာကိုေတာ့ သက္ဆိုင္ရာ ဟိုမွာရွိတဲ့ လူကုန္ကူးတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ရွိတယ္။ DSI လို႔ေခၚတဲ့ Department of Special Inves­tigation ဆိုတာကလည္းပဲ လူကုန္ကူးတိုက္ဖ်က္ေရး လုပ္တာရွိတယ္။ Thai Royal Police ရွိတယ္။ အဲဒီ အဖြဲ႕ေတြက အကယ္၍မ်ား သူတို႔ လူကုန္ကူးခံရတယ္လို႔ သံသယရွိလို႔ ေဖာ္ထုတ္ဖမ္းဆီးမိရင္ ဒီဘက္ကို inform လုပ္တာေပါ့။ သူတို႔ကယ္ထားၿပီဆိုရင္ အဲဒီ အခါက်ရင္ Joint Investigation လုပ္တာတို႔၊ ဟို ဘက္မွာဆိုရင္ေတာ့ လူကုန္ကူးသူ၊ လူကုန္ကူးခံရ သူမိတယ္ဆိုရင္ လူကုန္ကူးတဲ့သူကို ေဖာ္ထုတ္ဖမ္း ဆီးတာေပါ့။ လုပ္တဲ့အခါ ဆက္စပ္ၿပီးေတာ့ ဒီဘက္ကေန ပြဲစားေတြရွိတယ္။ ဒီဘက္ကေနပို႔တာေတြ ဘယ္သူဆိုၿပီး လူကုန္ကူးမႈနဲ႔ပတ္သက္ၿပီး ဒီဘက္ကေန အမႈဖြင့္အေရးယူရတာေတြ လုပ္လို႔ရတယ္ေလ။ ေနာက္ MOU ရွိေနတာေၾကာင့္ MOU မွာပါတဲ့ လုပ္ထုံးလုပ္နည္းေတြ၊ Standard Procedure ေတြ အရ ပူးေပါင္းေဆာင္႐ြက္လို႔ရတာေတြ အမ်ားႀကီးရွိတယ္။ အဲဒါေတြက သက္ဆိုင္ရာတပ္ဖြဲ႕ေတြ၊ ဌာနေတြ က အလုပ္လုပ္ၾကဖို႔ပဲလိုတာ။ ရွင္းရွင္းေျပာရရင္ အီး ေမးလ္ရွိတယ္ေလ။ ဖုန္းေတြရွိတယ္ေလ။ ဆက္သြယ္ ၿပီးလုပ္လို႔ရတာေပါ့။ တကယ္သာ လူကုန္ကူးခံရရင္ ဟိုဘက္က အေရးယူမွာပဲ။ ဟိုဘက္က အေရးယူသ လို ဒီဘက္ကိုလည္း သတင္းပို႔မွာပဲ။ ဒါႏွစ္ႏိုင္ငံ Information sharing လုပ္တဲ့ System ရွိၿပီးသား။ Focal person ေတြ ထားၿပီးသား။

ေမး - ခုနကေျပာတဲ့ ျပည္သူ႔စစ္မႈထမ္းဥပေဒေၾကာင့္ နယ္စပ္ကေန တရားမဝင္သြားတဲ့လူေတြကို လူကုန္ကူးခံရတာေတြနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လို မ်ိဳး ျပည္သူေတြကို Message ေပးခ်င္လဲရွင္။
ေျဖ - ဒီ awareness ဆိုတာ သိပ္အေရးႀကီးတယ္ေလ။ အန္ကယ္တို႔ လူကုန္ကူးမႈတိုက္ဖ်က္ေရးဆိုတာက ၂၀ဝ၄ မွာစတဲ့အခါ အဲဒီအခ်ိန္မွာ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအတြက္ ျမန္မာျပည္ကေန စၿပီးစိတ္ ဝင္စားၿပီးေတာ့ စလုပ္တာေပါ့ေနာ္။ ဩစေၾတးလ်ရဲ တပ္ဖြဲ႕က စာလာသင္ေပးတယ္။ လက္ေတြ႕အမႈေတြ စစ္ခိုင္းတယ္။ အဲဒီကေန အန္ကယ္တို႔ စလုပ္ျဖစ္ၾကတာ။ အဲဒီတုန္းကကိုက ဘာလုပ္တာလဲဆိုေတာ့ အေျခခံ လူတန္းစားနဲ႔ အေျခခံအဆင့္ေတြမွာ awareness လုပ္တာ။ အဲဒီမွာ ဥပေဒက မျပ႒ာန္း ရေသးဘူး။ ဥပေဒ မျပ႒ာန္းရေသးခင္ကို awareness လုပ္တာ။ လူကုန္ ကူးမႈဆိုတာဒါ၊ ဒီလိုျဖစ္ရင္ လူကုန္ကူးမႈျဖစ္မယ္၊ ဒါေတြက လူကုန္ကူးမႈျဖစ္ႏိုင္ေျခရွိတာေတြ၊ ကမာၻမွာ ဘယ္လိုျပႆနာေတြ ရွိတာေတြ၊ ဒါေတြက အဲဒီလို awareness လုပ္ရတာေလ။ အခုဟာက ဥပေဒကေတာ့ အသစ္မဟုတ္ဘူး။ ဥပေဒက အေဟာင္း၊ သို႔‌ေသာ္ အခုမွျပ႒ာန္းတာ၊ အတည္ျဖစ္တာ၊ ဒီဥပေဒ ျပ႒ာန္းမယ္ဆိုတဲ့အခ်ိန္မွာ အမွန္က သက္ဆိုင္ရာ အစိုးရအေနနဲ႔ ဒီဥပေဒျပ႒ာန္းလိုက္ရင္ ဘာေတြျဖစ္ ႏိုင္ဖြယ္ရွိလဲ။ ဒါေတြက ႀကိဳတြက္ရမွာ‌ေလ။ ဘာေတြ Challenge ရွိမလဲ၊ Risk ေတြ ဘာရွိမလဲ။ အဲဒါေတြ တြက္ခ်က္ၿပီးေတာ့မွ အဲဒါေတြ အခင္းအက်င္းလုပ္ရ မွာ။ အဲဒီအခင္းအက်င္းေတြၿပီးေတာ့မွ ဥပေဒကို ခ်ျပရမယ္။ ဥပေဒကို ခ်ျပၿပီးရင္လည္း အဲဒီ ဥပေဒကို ပြင့္ပြင့္လင္းလင္းေျပာရရင္ ျပန္ၾကားေရးဝန္ႀကီးဌာန ေရာ၊ သက္ဆိုင္ရာ သတင္းထုတ္ျပန္ေရးအဖြဲ႕ကလည္း ထုတ္ျပန္ေနတာပဲ။ သို႔ေသာ္ ရပ္ကြက္ထဲမွာ လိုက္ေမး ၾကည့္ေလ။ လူ (၁၀)ေယာက္ကိုေမးလိုက္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရွင္းျပတာကို ခင္ဗ်ားတို႔နားေထာင္ၿပီး ၿပီလားလို႔ ေမးလိုက္။ ဘယ္ႏွေယာက္နားေထာင္ၿပီးၿပီလဲ။ အဲဒီအေျဖကိုရရင္ ျပန္ၾကားေရးဝန္ႀကီးဌာနက ဘာလုပ္သင့္လဲ စဥ္းစားလို႔ရၿပီ။ အဓိကက awareness ။ အဲဒီေတာ့ ဒီေန႔လူေတြသြားေန၊ ေၾကာက္ေနၾကတာ သည္ အဲဒီအသိပညာမရလို႔။ ေနာက္တစ္ခါ အစိုးရက ေနထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ေတြကိုလည္း လူေတြက စိတ္ပါဝင္စားမႈအားနည္းတယ္။ လူေတြစိတ္ပါဝင္ စားေအာင္ လည္း အစိုးရဘက္က သိေအာင္လုပ္တဲ့ နည္းေတြေပါ့ေနာ္။ အဲဒါေတြက လိုေနတယ္လို႔ အန္ ကယ္က ထင္တယ္။ ရွင္းရွင္းေျပာရရင္ ရပ္ကြက္ေတြမွာ၊ တိုက္ေတြမွာဆိုရင္ တိုက္မႉးေတြရွိတယ္ ေလ။ သူတို႔ကို ရပ္ကြက္႐ုံးေတြမွာေခၚ aware လုပ္မယ္။ ၿပီးရင္ သူတို႔ကို ပန္းဖလက္ေတြေပးေလ။ ခ်က္ ခ်င္းအမႈထမ္းစရာမလိုဘူး။ ေနာက္မွ အမႈထမ္းလည္း ရတယ္။ ေက်ာင္းသြားတက္လည္းရတယ္။ ျပန္လာမွ အမႈထမ္းလည္းရတယ္။ မင္း အမႈထမ္းရင္ေတာ့ ခ်က္ ခ်င္းေရွ႕တန္းပို႔မွာမဟုတ္ဘူး။ ခ်က္ခ်င္း ေသနတ္ ကိုင္ခိုင္းမွာ မဟုတ္ဘူး။ ဒါေတြက လူထုစိတ္ကို relax ျဖစ္မယ့္ information မ်ိဳးေတြကို ဖိလုပ္ရမွာေလ။ အဲဒီလိုမလုပ္ဘဲနဲ႔ ဝါးတားတား သိပ္မျပည့္စုံတဲ့ သတင္းအခ်က္အလက္ေတြေပးလိုက္ရင္ လူေတြက အဲဒီေလာက္ ဥာဏ္မႀကီးဘူး။ ေနာက္လူေတြက အခုခ်ိန္မွာဘာျဖစ္လဲဆိုေတာ့ တျခား မီဒီယာေပါ့၊ နည္းမ်ိဳးစုံနဲ႔လႊင့္ေနတဲ့မီဒီယာေတြကို သြားၿပီးေတာ့ လူေတြကသာယာေနတယ္။ အဲဒီအထဲမွာ အမွန္တ ရားကအိပ္ေပ်ာ္ေနၿပီး အမွားက ကမာၻပတ္ေနတယ္ဆိုတာမ်ိဳး။ သတင္းအမွားက ကမာၻပတ္ ေနတယ္။ သတင္းအမွန္က အိပ္ေပ်ာ္ေနတယ္။ အဲဒီလိုျဖစ္ေနတယ္၊ အဓိက က အားလုံးမသိၾကတာ ေပါ့ေနာ္။ ဟိုတစ္ေန႔က ေဆာင္းပါးတစ္ခုေရးတာ ဖတ္ရတယ္။ ဒီဥပေဒက အဓိကကေတာ့ စစ္မႈထမ္း တာနဲ႔ ျပည္သူ႔စစ္ကို ဆႏၵရွိတဲ့ ကာကြယ္ေရးလုပ္ငန္းေတြကို ဆႏၵရွိ တဲ့လူေတြကို ရည္႐ြယ္ပုံရပါတယ္။ ဆိုလိုတာက တကယ္တမ္းက public မွာ ဒီအသက္အပိုင္းအျခားမွာပါဝင္တဲ့လူေတြဆို တကယ္သိေအာင္ လုပ္ေပးရမယ္။ ေနာက္တစ္ခါ ေျခေျချမစ္ျမစ္နဲ႔ သိသင့္တဲ့အခ်က္ေတြကို ခုနက အေတြးမွားသြားမယ့္ လမ္းလြဲ သြားမယ့္အခ်က္ေတြကို အေျဖာင့္အတိုင္း အမွန္အ တိုင္းသိေအာင္ ရွင္းလင္းခ်က္ေလးေတြ သြားရမယ္။ ဥပေဒက က်ဳံ႕ၿပီးေတာ့ တိုေအာင္ေရးထားတာ။ ဥပေဒဆိုတာ အက်ဥ္းခ်ဳပ္ေရးထားတာ။ ဥပေဒဆိုတာ သိပ္အက်ယ္ႀကီး ေရးလို႔မရလို႔။ အဲဒီဟာရဲ႕ Defination ေတြ၊ ရွင္းလင္းခ်က္ေတြ၊ နည္းဥပေဒေတြ လာမယ္ေလ။ အဲဒါကိုလည္း ႀကိဳၿပီးေတာ့ လူေတြကို သိေအာင္ လုပ္ဖို႔လိုတယ္။ အခု လူေတြက အသိမွား၊ အျမင္မွားေတြနဲ႔ ႀကံေၾကာက္ေနရတာေပါ့။ ႀကံၿပီး ေတာ့ ေၾကာက္ၿပီးေတာ့ အုံးအုံးထေနတာ။ တခ်ိဳ႕ဆိုရင္ ဒီေန႔မနက္ေတြ႕ခဲ့တာ အန္ကယ့္ထက္ႀကီးတဲ့လူ ေတြ၊ သူတို႔သားသမီးေတြက ဆရာဝန္ေတြ အင္ဂ်င္နီ ယာေတြပဲေနာ္။ သူတို႔ေတာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာတာကို သိပ္နားမရွင္းဘူးလားမသိဘူး။ ႐ြာက ကေလးေတြဆိုရင္ နက္ျဖန္ပဲ လာၿပီးေခၚေတာ့မယ္။ မဟုတ္ဘူးလို႔။ အန္ကယ့္ တူေတြ တူမေတြကိုလည္း လွမ္းေျပာျပတယ္။ အဓိကကေတာ့ awareness မျဖစ္တာ။ awareness ျဖစ္ေအာင္ တာဝန္ရွိတဲ့ အဖြဲ႕အစည္းေတြ၊ အစိုးရဌာနေတြက မလုပ္ႏိုင္တာ အားနည္းခ်က္ေပါ့။

ေမး - လူကုန္ကူးမယ့္သူေတြက ဘယ္လိုလူမ်ိဳးေတြ ကိုပစ္မွတ္ထားလဲ။ ဘယ္လိုအေၾကာင္းအရာမ်ိဳးေတြ မွာ လိုက္ၿပီးလႈပ္ရွားေလ့ရွိလဲ။ အခုဒီလို ျဖစ္စဥ္မ်ိဳးကို ၾကည့္လိုက္ရင္ ျပည္သူ႔စစ္မႈထမ္းဥပေဒဟာမ်ိဳးဆို ရင္ သူတို႔အတြက္ သူတို႔အႀကိဳက္လို႔ ယူဆလို႔ရလား။
ေျဖ - ေသခ်ာတာေပါ့။ ဒီလူကုန္ကူးတဲ့သူေတြက ဘာေခၚမလဲဆိုေတာ့၊ ကြၽန္ေတာ္တို႔က လူကုန္ကူးျခင္း ကို Pull Factor, Push Factor ေတြနဲ႔ ေျပာၾကတယ္ေလ။ အဓိက ဒီဇာတ္လမ္းမွာက ဘာလဲဆိုေတာ့ aware မျဖစ္တာ။ အသိပညာနည္းတဲ့ လူေတြ၊ ဒီဥပေဒနဲ႔ပတ္သက္လို႔ အသိပညာအားနည္းတဲ့ လူေတြကို ပစ္မွတ္ထားတာေပါ့။ ျမန္မာႏိုင္ငံမွာ ဘာေတြကေတာ့ အက်ဳံးဝင္ေနၿပီလဲဆိုေတာ့ လူငယ္ေတြၾကား ထဲမွာ (၁) အလုပ္အကိုင္အခြင့္အလမ္းမရွိတာ၊ (၂) ဝင္ေငြနည္းပါးတာ၊ ေနာက္ ကုန္ေဈးႏႈန္းေတြႀကီးျမင့္ တာ၊ အလုပ္လက္မဲ့ျဖစ္တာေတြ၊ ပညာေရနိမ့္ပါး တာေတြ အဲဒီအခ်က္ေတြကေတာ့ လူငယ္ေတြရဲ႕ေလာ ကထဲမွာ သြားၿပီးေတာ့ နဂိုရွိၿပီးသားလကၡဏာေတြ ျဖစ္ေနတယ္။ ဒီဥပေဒအေပၚမွာ ေသေသခ်ာခ်ာ နား မလည္တာကို အခြင့္ေကာင္းယူလို႔ရသြားၿပီ။ တစ္ ခါတစ္ခါ လူကုန္ကူးတဲ့ပြဲစားေတြက ျမန္ျမန္လာခဲ့တာ ေကာင္းတယ္။ ေတာ္ၾကာ႐ြာထဲလာၿပီး တစ္႐ြာငါး ေယာက္တို႔ မျဖစ္မေနေပးရမယ္ဆို ဘယ္လိုလုပ္မလဲ ႐ြာကေနအတင္းသြားေတာ့ဆိုတာမ်ိဳးေတြ ဒီၾကားထဲ သယ္မယ့္ေကာင္ေတြကလည္း အဆင္သင့္စီးပြားရွာ တာ။ ဒါေၾကာင့္ နယ္စပ္ဂိတ္ေတြကလည္း အစိုးရရဲ႕ ဩဇာအာဏာသက္ေရာက္မႈက အားနည္းေနၿပီးေတာ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြက ရွိေနၿပီးေတာ့ အဲဒီ မွာလည္း သြားခ်င္ရာသြားတယ္။ ဟိုတုန္းက ထိုင္းမွာ လူေတြအမ်ားႀကီးပုံေနတာကိုသိတဲ့အခါမွာ ၂၀ဝ၄ ခုႏွစ္မွာ ျမဝတီျပန္လည္လက္ခံေရးစခန္းဆိုတာကို ရဲခ်ဳပ္ဦးေဆာင္ၿပီးေတာ့ဖြဲ႕တာ။ ျပန္လာခဲ့၊ ျပန္လာ ၿပီးေတာ့မွ တရားဝင္ျပန္သြားဆိုတာမ်ိဳးေတြလုပ္ တယ္။ ၿပီးေတာ့ ရဲခ်ဳပ္ဦးေဆာင္ၿပီးေတာ့ တရားမ ဝင္သြားေရာက္သူမ်ား တားဆီးကာကြယ္ေရးအဖြဲ႕ ဆိုၿပီးဖြဲ႕ၿပီးေတာ့ (၆ မ်ဥ္းေစာင္း)ေတြဆို ဒီဘက္မလာ ရဘူး၊ အဲဒီလိုလုပ္လိုက္ခါမွ အဲဒီမွာ ဂိတ္က်တဲ့ေကာင္ ေတြက ခြင္တည့္ၿပီးေတာ့ ခြင္သြားျဖစ္ေနတာကိုလည္း စိတ္ပူရေသးတယ္။ မ႐ိုးသားတဲ့ ဝန္ထမ္းေတြနဲ႔သြား ေတြ႕ရင္ သူတို႔အတြက္ ခြင္ျဖစ္သြားမွာလည္းရွိတယ္။ အဲဒါကေတာ့ ခုလည္း လုပ္ေတာ့လုပ္ေနတာပဲေလ။ လူငယ္ေတြကို စစ္တာ ေဆးတာေတြ။ သို႔ေသာ္ အေကာင္းဆုံးကေတာ့ လူငယ္ေတြက aware ျဖစ္ဖို႔လိုတယ္။ အေသအခ်ာ မေလ့လာတဲ့၊ ဗဟုသုတအားနည္း တဲ့လူငယ္ေတြဟာ လူကုန္ကူးသူေတြရဲ႕ အႀကိဳက္ျဖစ္သြားၿပီး ခုနအခ်က္ေတြမွာေတာ့ Push Factor လို႔ေခၚတဲ့ တြန္းအားထဲမွာေတာ့ ပညာရည္နိမ့္တာ၊ အလုပ္အကိုင္ရွားပါးတာ၊ စီးပြားေရးအရ အက်ပ္အတည္းေတြျဖစ္ေနတာ၊ ႏိုင္ငံေရး မတည္ၿငိမ္တာ၊ လက္နက္ကိုင္ပဋိပကၡေတြျဖစ္တာဆိုတဲ့ အဲဒီအခ်က္ ေတြကေတာ့ အက်ဳံးဝင္ေနၿပီ၊ ေနာက္ဆုံးကေတာ့ သူတို႔က လက္ရွိျပ႒ာန္းလိုက္တဲ့ ဥပေဒသစ္အေပၚမွာ ေက်ေက်လည္လည္နားမလည္တာက ပြဲစားေတြအႀကိဳက္ျဖစ္သြားတာေပါ့ေနာ္။

ေမး - ဘာမ်ားျဖည့္စြက္ၿပီးေတာ့ ေျပာခ်င္ေသးလဲရွင္။
ေျဖ - အဓိကကေတာ့ လူကုန္ကူးမႈတားဆီးကာ ကြယ္ေရး၊ လူကုန္ကူးမခံရ‌ေရးဆိုတာ လူတိုင္းက လူကုန္ကူးခံရႏိုင္ဖြယ္ရွိတယ္ဆိုတာ သိဖို႔လိုတယ္။ အ႐ြယ္မေ႐ြးဘဲနဲ႔။ ပညာတတ္ေတြလည္း လူကုန္ကူး ခံရတာေတြရွိတယ္။ ဘာလို႔လဲဆိုေတာ့ မူးယစ္ေဆးဝါး ေလာဘေၾကာင့္၊ အန္ကယ္တို႔ ပတ္ဝန္းက်င္မွာေတာင္ ေ႐ႊကုကၠိဳလ္မွာ ၃၅ သိန္းရတယ္ဆိုၿပီးသြားတယ္။ ျပန္မလာဘူး။ ခုထက္ထိလုပ္ ေနေသးတယ္ဆိုတာ မ်ိဳးေတြ ၾကားေနရတယ္။ ျပန္လာသင့္ၿပီေနာ္ဆိုလည္း မရဘူး။ လူကုန္ကူးခံရဖို႔ လူတိုင္းမွာအႏၲရာယ္ရွိတယ္။ ဒါေၾကာင့္မလို႔ လူကုန္ကူးမႈနဲ႔ပတ္သက္တဲ့ အသိပညာ ဗဟုသုတေတြရွိဖို႔လိုတယ္။ ကိုယ္ဟာ လူကုန္ကူးမႈ အႏၲရာယ္ကြင္းထဲကို အခ်ိန္မေ႐ြးေရာက္သြားႏိုင္ တယ္။ အထူးသျဖင့္ေတာ့ ခုခ်ိန္မွာလူငယ္ေတြဟာ အစိုးရထုတ္တဲ့အမိန႔္ေတြ၊ ဥပေဒေတြကို ေသခ်ာနား လည္ေအာင္ဖတ္ဖို႔သင့္တယ္။ ကိုယ္က မသိရင္၊ နားမလည္ရင္လည္း သိတဲ့နားလည္တဲ့သူေတြကို ေမးၿပီးေတာ့မွ ရွင္းရွင္းလင္းလင္းသိမွသာလွ်င္ ဆုံး ျဖတ္သင့္တယ္ေပါ့ေနာ္။ အဲဒီလိုမဆုံးျဖတ္ဘဲ တဇြတ္ ထိုးလုပ္မယ္ဆိုရင္ေတာ့ အႏၲရာယ္ဟာ အခ်ိန္မေ႐ြး က်ေရာက္ႏိုင္ပါတယ္။

ခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ရွင္ ။ ။

Related news

© 2021. All rights reserved.