ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ၈ နှစ်ဆက်တိုက်ကျဆင်းနေ

381

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၉
ဂျပန်နိုင်ငံ ၏ကလေးမွေးဖွားမှုနှုန်းသည် ၂ဝ၂၃ ခုနှစ်တွင် ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ဂျပန်အစိုးရ၏ ကနဦး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်းသည် ၈ နှစ်ဆက်တိုက် ကျဆင်းခြင်းဖြစ်ပြီး အစိုးရအတွက် စိန်ခေါ်မှုများဖြစ်လာစေခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် အိမ်ထောင်ပြုသူအရေအတွက် ကျဆင်းခဲ့သလို ကလေးမွေးဖွားမှုနှုန်းလည်း ကျဆင်းနေကြောင်း သိရသည်။ ၂ဝ၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၏ကလေးမွေးဖွားနှုန်းသည် ၇၅၈၆၃၁ ဦးအထိ ကျဆင်းခဲ့ပြီး ယခင်နှစ် ထက် ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အိမ်ထောင်ပြုသူအရေအတွက်ကလည်း ၄၈၉၂၈၁ ဦးသာရှိခဲ့ကြောင်း သိရသည်။
ဂျပန်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ကလေးမွေးဖွားနှုန်းကျဆင်းနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ် သောအစီမံများလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း အိမ်ထောင်ပြုခဲ့သောဦးရေသည် နှစ်ပေါင်း ၉ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ သိန်းအောက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ ယိုရှီမာဆာဟာယာရှီ က "ကလေးမွေးဖွားနှုန်းကျဆင်းခြင်းဟာ စိုးရိမ်ရတဲ့အခြေနေမှာ ရှိနေပါတယ်။ လာမယ့် ခြောက်နှစ်အတွင်းမှာ လည်း ကလေးမွေးဖွားနှုန်းကျဆင်းမှုတွေ ဆက်လက်ဖြစ်လာနိုင်တယ်" ဟု ပြောသည်။
ဂျပန်အစိုးရသည် ကလေးမွေးဖွားနှုန်းကျဆင်းခြင်းကို ဟန့်တားနိုင်ရန်အတွက် ကလေးငယ်များပြုစုစောင့်ရှောက် ပေးခြင်း၊ လူငယ်အလုပ်သမားများအတွက် လုပ်ခလစာများ တိုးမြှင့်ပေးခြင်း စသော အစီအမံများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂ဝ၇ဝ ပြည့်နှစ်တွင် လူပေါင်း ၈၇ သန်းအထိ ကျဆင်းဖွယ် ရှိနေပြီး ဂျပန်လူဦးရေ၏ ၁၀ဦးတွင်လေးဦးက ၂၀၇၀ခုနှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် ရောက်ရှိဖွယ်ရှိနေ သည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံတြင္ ကေလးေမြးဖြားမႈႏႈန္း ၈ ႏွစ္ဆက္တိုက္က်ဆင္းေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၉
ဂ်ပန္ႏိုင္ငံ ၏ကေလးေမြးဖြားမႈႏႈန္းသည္ ၂ဝ၂၃ ခုႏွစ္တြင္ ဆက္လက္က်ဆင္းခဲ့ေၾကာင္း၊ ဂ်ပန္အစိုးရ၏ ကနဦး ထုတ္ျပန္ခ်က္မ်ားတြင္ ေဖာ္ျပထားသည္။ ဂ်ပန္ႏိုင္ငံ၏ ကေလးေမြးဖြားႏႈန္း က်ဆင္းျခင္းသည္ ၈ ႏွစ္ဆက္တိုက္ က်ဆင္းျခင္းျဖစ္ၿပီး အစိုးရအတြက္ စိန္ေခၚမႈမ်ားျဖစ္လာေစခဲ့ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံတြင္ အိမ္ေထာင္ျပဳသူအေရအတြက္ က်ဆင္းခဲ့သလို ကေလးေမြးဖြားမႈႏႈန္းလည္း က်ဆင္းေနေၾကာင္း သိရသည္။ ၂ဝ၂၃ ခုႏွစ္အတြင္း ဂ်ပန္ႏိုင္ငံ၏ကေလးေမြးဖြားႏႈန္းသည္ ၇၅၈၆၃၁ ဦးအထိ က်ဆင္းခဲ့ၿပီး ယခင္ႏွစ္ ထက္ ၅ ဒသမ ၁ ရာခိုင္ႏႈန္း က်ဆင္းခဲ့ကာ အိမ္ေထာင္ျပဳသူအေရအတြက္ကလည္း ၄၈၉၂၈၁ ဦးသာရွိခဲ့ေၾကာင္း သိရသည္။
ဂ်ပန္အစိုးရအေနျဖင့္ လက္ရွိအခ်ိန္တြင္ ကေလးေမြးဖြားႏႈန္းက်ဆင္းေနျခင္းကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ လိုအပ္ ေသာအစီမံမ်ားလုပ္ေဆာင္ရန္ ႀကိဳးပမ္းေနေၾကာင္း ဂ်ပန္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာသည္။
၂၀၂၃ ခုႏွစ္အတြင္း အိမ္ေထာင္ျပဳခဲ့ေသာဦးေရသည္ ႏွစ္ေပါင္း ၉ဝ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၅ သိန္းေအာက္ က်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ပန္အစိုးရအဖြဲ႕အတြင္းေရးမႉးျဖစ္သူ ယိုရွီမာဆာဟာယာရွီ က "ကေလးေမြးဖြားႏႈန္းက်ဆင္းျခင္းဟာ စိုးရိမ္ရတဲ့အေျခေနမွာ ရွိေနပါတယ္။ လာမယ့္ ေျခာက္ႏွစ္အတြင္းမွာ လည္း ကေလးေမြးဖြားႏႈန္းက်ဆင္းမႈေတြ ဆက္လက္ျဖစ္လာႏိုင္တယ္" ဟု ေျပာသည္။
ဂ်ပန္အစိုးရသည္ ကေလးေမြးဖြားႏႈန္းက်ဆင္းျခင္းကို ဟန႔္တားႏိုင္ရန္အတြက္ ကေလးငယ္မ်ားျပဳစုေစာင့္ေရွာက္ ေပးျခင္း၊ လူငယ္အလုပ္သမားမ်ားအတြက္ လုပ္ခလစာမ်ား တိုးျမႇင့္ေပးျခင္း စေသာ အစီအမံမ်ား လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံ၏ လူဦးေရသည္ ၂ဝ၇ဝ ျပည့္ႏွစ္တြင္ လူေပါင္း ၈၇ သန္းအထိ က်ဆင္းဖြယ္ ရွိေနၿပီး ဂ်ပန္လူဦးေရ၏ ၁၀ဦးတြင္ေလးဦးက ၂၀၇၀ခုႏွစ္တြင္ အသက္ ၆၅ ႏွစ္ႏွင့္အထက္ ေရာက္ရွိဖြယ္ရွိေန သည္။