ဆေးခြောက်ကိုအပန်းဖြေဖို့ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်မယ်လို့ ထိုင်းအစိုးရပြော

440

ဂျန်ဇက် (NP News) - မတ် ၁
ထိုင်းကျန်းမာရေးဝန်ကြီးက ဆေးခြောက်ကို အပန်းဖြေရာမှာ အသုံးပြုခွင့်ပေးခြင်းကို ဒီနှစ်အကုန်က စတင်ပြီး တားမြစ်ပိတ်ပင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနဟာ ဆေးခြောက်ကို အပန်းဖြေရာမှာ အသုံးပြုခွင့်ပေးခြင်းကို တားမြစ်ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို ရေးဆွဲနေပြီး၊ အဲဒီမူကြမ်းထဲမှာ ဆေးခြောက်ကို ကျန်းမာရေးအတွက် အသုံးပြုခွင့်ပေးဖွယ်ရှိနေ ကြောင်း သိရပါတယ်။
အဆိုပါ ဥပဒေမူကြမ်းထဲမှာ အသုံးပြုသူနဲ့ ရောင်းချသူများကို ဒဏ်ရိုက်မယ့်အစီအစဉ်တွေလည်း ပါဝင်ခဲ့ကာ ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြုမည်ဆိုလျှင် ဘတ် ခြောက်သောင်း ဒဏ်ရိုက်မည်ဖြစ်သလို ဆေးခြောက်ရောင်းချသူများကို ထိုင်းဘတ် တစ်သိန်းအပြင် ထောင်ဒဏ် နှင့် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ ဖော်ပြ ထားပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew က “ဆေးခြောက် အသုံးပြုတာတွေကို ဥပဒေသတ်မှတ်မှုမရှိဘူး ဆိုရင် အလွဲသုံးစားပြုလုပ်ရမယ်။ ဆေးခြောက်ကို အလွဲသုံးခြင်းက ထိုင်းကလေးငယ်တွေအပေါ် အနုတ်လက္ခာ ဆောင်တဲ့သက်ရောက်မှုဖြစ်လာစေနိုင်တယ်" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ၂ဝ၁၈ ခုနှစ်က ဆေးခြောက်ကို ကျန်းမာရေးအတွက်အသုံးပြုခြင်းကို စတင်ခွင့်ပေးခဲ့ပြီး ၂ဝ၂၂ ခုနှစ်မှာ အပန်းဖြေရာတွင် အသုံးပြုဖို့ ခွင့်ပြုခဲတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့အစိုးရအသစ် လက်ထက်မှာတော့ ဆေးခြောက်ကို အပန်းဖြေဖို့ အသုံးပြုတာတွေကို တားမြစ်ပိတ်ပင်ဖို့ ပြန်လည်စီစဉ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ေဆးေျခာက္ကိုအပန္းေျဖဖို႔ အသုံးျပဳျခင္းကို တားျမစ္ပိတ္ပင္မယ္လို႔ ထိုင္းအစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁
ထိုင္းက်န္းမာေရးဝန္ႀကီးက ေဆးေျခာက္ကို အပန္းေျဖရာမွာ အသုံးျပဳခြင့္ေပးျခင္းကို ဒီႏွစ္အကုန္က စတင္ၿပီး တားျမစ္ပိတ္ပင္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။
ထိုင္းက်န္းမာေရးဝန္ႀကီးဌာနဟာ ေဆးေျခာက္ကို အပန္းေျဖရာမွာ အသုံးျပဳခြင့္ေပးျခင္းကို တားျမစ္ပိတ္ပင္မယ့္ ဥပေဒမူၾကမ္းကို ေရးဆြဲေနၿပီး၊ အဲဒီမူၾကမ္းထဲမွာ ေဆးေျခာက္ကို က်န္းမာေရးအတြက္ အသုံးျပဳခြင့္ေပးဖြယ္ရွိေန ေၾကာင္း သိရပါတယ္။
အဆိုပါ ဥပေဒမူၾကမ္းထဲမွာ အသုံးျပဳသူနဲ႔ ေရာင္းခ်သူမ်ားကို ဒဏ္႐ိုက္မယ့္အစီအစဥ္ေတြလည္း ပါဝင္ခဲ့ကာ ေဆးေျခာက္ကို အပန္းေျဖရာတြင္ အသုံးျပဳမည္ဆိုလွ်င္ ဘတ္ ေျခာက္ေသာင္း ဒဏ္႐ိုက္မည္ျဖစ္သလို ေဆးေျခာက္ေရာင္းခ်သူမ်ားကို ထိုင္းဘတ္ တစ္သိန္းအျပင္ ေထာင္ဒဏ္ ႏွင့္ ဒဏ္ႏွစ္ရပ္လုံး က်ခံရမယ္လို႔ ေဖာ္ျပ ထားပါတယ္။
ထိုင္းက်န္းမာေရးဝန္ႀကီး Cholnan Srikaew က “ေဆးေျခာက္ အသုံးျပဳတာေတြကို ဥပေဒသတ္မွတ္မႈမရွိဘူး ဆိုရင္ အလြဲသုံးစားျပဳလုပ္ရမယ္။ ေဆးေျခာက္ကို အလြဲသုံးျခင္းက ထိုင္းကေလးငယ္ေတြအေပၚ အႏုတ္လကၡာ ေဆာင္တဲ့သက္ေရာက္မႈျဖစ္လာေစႏိုင္တယ္" လို႔ ေျပာပါတယ္။
ထိုင္းႏိုင္ငံမွာ ၂ဝ၁၈ ခုႏွစ္က ေဆးေျခာက္ကို က်န္းမာေရးအတြက္အသုံးျပဳျခင္းကို စတင္ခြင့္ေပးခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္မွာ အပန္းေျဖရာတြင္ အသုံးျပဳဖို႔ ခြင့္ျပဳခဲတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ ဦးေဆာင္တဲ့အစိုးရအသစ္ လက္ထက္မွာေတာ့ ေဆးေျခာက္ကို အပန္းေျဖဖို႔ အသုံးျပဳတာေတြကို တားျမစ္ပိတ္ပင္ဖို႔ ျပန္လည္စီစဥ္ခဲ့တာျဖစ္ပါတယ္။