ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် အကြားအမြင်လောကီ ပညာရှင်တစ်ဦး အကြံပြု

 1467

သုတကျော် (NP News) - ‌မတ် ၂

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် အမည်မဖော်လိုသော အကြားအမြင်လောကီပညာရှင်တစ်ဦးသည် NP News ကတဆင့် သတိပေး အကြံပြုပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ The Statesman ဂျာနယ်က မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အထူးသတိထားစေလိုကြောင်၊ ငလျင်နှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်ဖွယ်စာများကို လေ့လာစေလိုကြောင်းလည်း ၎င်းက ဆိုသည်။

“ပြောရရင် ဒီနှစ်က ထိခိုက်မှုကြီးနိုင်တယ်။ ငလျင်ကြီး သဘောမျိုးပေါ့နော်။ လှုပ်ခတ်နိုင်တယ်လို့ မြင်ရတယ်။ သတိထားစေချင်တယ်။ ပညာရှင်မဟုတ်တော့ ဘယ်နေရာက လှုပ်မယ်ဆိုတာမျိုးတော့ မပြောတတ်ဘူးပေါ့နော်။ ငလျင်ကြော ခန့်မှန်းတတ်တာလေ မပြောတတ်ပေမယ့် ငလျင်ကို သတိထားစေချင်တယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အဆိပ်ရှိသတ္တဝါများ ပိုထွက်နိုင်ကာ ထိခိုက်မှုများနိုင်သည့်အနေအထားဖြစ်ပြီး မေတ္တာပို့သပေးရမည်ဖြစ်ကြောင်း နှင့် ပရဟိတသမားများအနေဖြင့်လည်း ယခုနှစ်တွင် သတိထားကြရန်လိုကြောင်း ၎င်းက ဆိုသည်။

“ရန်ကုန်တိုင်းလည်း ထိနိုင်တယ်လို့ ဟောကိန်းထုတ်ချင်တယ်။ ဒါမျိုးတော့ အာရုံရတယ်ပေါ့နော်။ သတိထားစေချင်တယ်။ တကယ်က မဖြစ်စေချင်ပါဘူး။ ဒါကို လွဲပါစေလို့ ဆုလည်း တောင်းပါတယ်။ တခါတလေမှာတော့ လမိုင်းတွေက ဝင်ရှုပ်တာမျိုး ရှိတယ်လေ။ ဒါမျိုး အမှားအယွင်းဖြစ်ပါစေလို့ ဆုတောင်းနေရတာ။ ငလျင်ကတော့ ဘာပဲဖြစ်ဖြစ် ဟောကိန်း ထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ သတိထားစေချင်တာပါပဲ” ဟု ၎င်းက ဆိုသည်။

ငလျင် ဆိုသည်မှာ ကြိုတင်ခန့်မှန်း မရနိုင်သည့် သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်နှင့်ပတ်သက်၍ အစဉ် ကြိုတင်ပြင်ဆင်ထားကြရန် လိုကြောင်း ငလျင်ပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။
“သူက ကြိုခန့်မှန်းလို့ မရတဲ့ဘေးပေါ့နော်။ သတိထားတာကတော့ မမှားပါဘူး။ မြန်မာနိုင်ငံမှာက စစ်ကိုင်းပြတ်ရွေ့ရှိနေတော့ ပဲခူးငလျင်ကလည်း မလှုပ်တာကြာပြီ။ ဒါကိုတော့ စိုးရိမ်မိတာမျိုး ရှိပါတယ်။ ဘယ်လိုဖြစ်ပါစေ သတိမလွတ်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version;
ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ ငလ်င္ေဘးအႏၲရာယ္ကို ဂ႐ုစိုက္ၾကရန္ အၾကားအျမင္ေလာကီ ပညာရွင္တစ္ဦး အႀကံျပဳ
သုတေက်ာ္ (NP News) - ‌မတ္ ၂

ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ ငလ်င္ေဘးအႏၲရာယ္ကို ဂ႐ုစိုက္ၾကရန္ အမည္မေဖာ္လိုေသာ အၾကားအျမင္ေလာကီပညာရွင္တစ္ဦးသည္ NP News ကတဆင့္ သတိေပး အႀကံျပဳေျပာၾကားသည္။

ျမန္မာႏိုင္ငံ၏ အေျခအေနႏွင့္ပတ္သက္၍ The Statesman ဂ်ာနယ္က ေမးျမန္းရာတြင္ ၎က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ၿပီး အထူးသတိထားေစလိုေၾကာင္၊ ငလ်င္ႏွင့္ ပတ္သက္၍ ဗဟုသုတ ျဖစ္ဖြယ္စာမ်ားကို ေလ့လာေစလိုေၾကာင္းလည္း ၎က ဆိုသည္။

“ေျပာရရင္ ဒီႏွစ္က ထိခိုက္မႈႀကီးႏိုင္တယ္။ ငလ်င္ႀကီး သေဘာမ်ိဳးေပါ့ေနာ္။ လႈပ္ခတ္ႏိုင္တယ္လို႔ ျမင္ရတယ္။ သတိထားေစခ်င္တယ္။ ပညာရွင္မဟုတ္ေတာ့ ဘယ္ေနရာက လႈပ္မယ္ဆိုတာမ်ိဳးေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။ ငလ်င္ေၾကာ ခန႔္မွန္းတတ္တာေလ မေျပာတတ္ေပမယ့္ ငလ်င္ကို သတိထားေစခ်င္တယ္” ဟု ၎က ဆိုသည္။

ယခုႏွစ္အတြင္း အဆိပ္ရွိသတၱဝါမ်ား ပိုထြက္ႏိုင္ကာ ထိခိုက္မႈမ်ားႏိုင္သည့္အေနအထားျဖစ္ၿပီး ေမတၱာပို႔သေပးရမည္ျဖစ္ေၾကာင္း ႏွင့္ ပရဟိတသမားမ်ားအေနျဖင့္လည္း ယခုႏွစ္တြင္ သတိထားၾကရန္လိုေၾကာင္း ၎က ဆိုသည္။

“ရန္ကုန္တိုင္းလည္း ထိႏိုင္တယ္လို႔ ေဟာကိန္းထုတ္ခ်င္တယ္။ ဒါမ်ိဳးေတာ့ အာ႐ုံရတယ္ေပါ့ေနာ္။ သတိထားေစခ်င္တယ္။ တကယ္က မျဖစ္ေစခ်င္ပါဘူး။ ဒါကို လြဲပါေစလို႔ ဆုလည္း ေတာင္းပါတယ္။ တခါတေလမွာေတာ့ လမိုင္းေတြက ဝင္ရႈပ္တာမ်ိဳး ရွိတယ္ေလ။ ဒါမ်ိဳး အမွားအယြင္းျဖစ္ပါေစလို႔ ဆုေတာင္းေနရတာ။ ငလ်င္ကေတာ့ ဘာပဲျဖစ္ျဖစ္ ေဟာကိန္း ထုတ္သည္ျဖစ္ေစ၊ မထုတ္သည္ျဖစ္ေစ သတိထားေစခ်င္တာပါပဲ” ဟု ၎က ဆိုသည္။

ငလ်င္ ဆိုသည္မွာ ႀကိဳတင္ခန႔္မွန္း မရႏိုင္သည့္ သဘာဝေဘးတစ္ခုျဖစ္ၿပီး ငလ်င္ႏွင့္ပတ္သက္၍ အစဥ္ ႀကိဳတင္ျပင္ဆင္ထားၾကရန္ လိုေၾကာင္း ငလ်င္ပညာရွင္တစ္ဦးက အႀကံျပဳေျပာၾကားသည္။
“သူက ႀကိဳခန႔္မွန္းလို႔ မရတဲ့ေဘးေပါ့ေနာ္။ သတိထားတာကေတာ့ မမွားပါဘူး။ ျမန္မာႏိုင္ငံမွာက စစ္ကိုင္းျပတ္ေ႐ြ႕ရွိေနေတာ့ ပဲခူးငလ်င္ကလည္း မလႈပ္တာၾကာၿပီ။ ဒါကိုေတာ့ စိုးရိမ္မိတာမ်ိဳး ရွိပါတယ္။ ဘယ္လိုျဖစ္ပါေစ သတိမလြတ္ဖို႔ လိုပါတယ္” ဟု ၎က ဆိုသည္။

Picture

Chit Maung Maung

02/03/2024 09:56

ဒီသတင်းမျိုးကိုတော့ သဘောမကျဘူးဗျာ၊ အမည်မဖော်လိုသူကပြောတယ်ဆိုပြီး စိုးရိမ်စရာသတင်းမျိုးဖြစ်နေလို့ပါ၊ ပုံမှန်ကျလည်း သဘာဝဘေးက ဖြစ်နေကြပါပဲ၊ သတိပေးတဲ့အတွက်လည်း အသိအမှတ်ပြုပါတယ်၊ သတင်းပိုင်းဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်း စည်းကမ်းကို နားလည်ပေးပါတယ်၊ သတင်းစားသုံးသူတစ်ယောက်အနေနဲ့ အပြုသဘောဝေဖန်ရုံပါ၊ အစဉ်အားပေးလျှက်ပါ။

Picture

Win Lwin

02/03/2024 11:14

ဒီလိုသတင်းတွေကိုတော့ မတင်သင့်ပါ။ ဘာကြောင့်တင်သနည်း မီဒီယာပိုင်ရှင်သာသိပါမည်။ ရိုးသားဖို့တော့လိုသည်။

Related news

© 2021. All rights reserved.