ရွှေ၊ ဒေါ်လာ၊ ဆန်နဲ့ တစ်ပတ်အတွင်း စီးပွားရေးဈေးကွက် အနှစ်ချုပ်သုံးသပ်ချက် (ဆောင်းပါး)

 667

ပြည့်ဖြိုး (NP News) - မတ် ၂

ပြည်တွင်း စီးပွားရေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုနှင့် အခေါက်ရွှေဈေးများ မြင့်တက်မှုကြောင့် အထွေထွေကုန်ဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ လက်ရှိကာလတွင် ငွေလဲဈေး နှုန်းမြင့်မားခြင်းသည် နှစ်သောင်းတန်အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်မည်ဟူသော သတင်းများကြောင့် မဟုတ်ဘဲ ငွေကြေးဖောင်းပွမှုကြောင့်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အထိအခိုက် ခံနိုင်ရည် ကျဆင်းနေပြီး စီးပွားရေးနှင့်ပတ်သက်သော အချက်အလက်သတင်းမှန်များကို အများ ပြည်သူ အလွယ်တကူမရရှိခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာအာဏာပိုင်များ၏ သုံးနှစ်တာကာလအတွင်း လွဲမှားသော ကုန်သွယ်ရေးနှင့်ငွေကြေး မူဝါဒများကြောင့် ပြည်တွင်းဈေးကွက်စီးပွားရေးစနစ်သည် တည်ငြိမ်ခိုင်မာမှု ကျဆင်းနေသည်။ ပြည်ပသို့ ငွေကြေးအသင့်အတင့်ရှိသောသူများထွက်ခွာပြီး ပြည်ပတွင် အခြေချနေထိုင်ရန်ကြိုးပမ်းနေခြင်းများ ကြောင့်လည်း မြန်မာပြည်ဈေးကွက်အတွင်း ငွေကြေး ကျပ်တည်းမှုပေါ်ပေါက်ပြီး အိမ်ခြံမြေနှင့် ဒေါ်လာ‌၊ ရွှေစသော ရင်းနှီးမြှုပ်နှံမှုကုန်စည်များ ဈေးနှုန်း မြင့်တက်လာသည်။ ပြည်ပသို့ ပုံမှန်အလုပ်သမားများ ထွက်ခွာမှုထက် ငွေကြေးရှိသူ လုပ်ငန်းရှင်များ ထွက်ခွာခြင်းသည် ဈေးကွက်အားနည်းမှု ဖြစ်ပေါ်လာသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေး အပေါ်လေ့လာသုံးသပ်ချက်များ၏ အကျိုးသက်ရောက်မှုကို စတင်ကြုံတွေ့နေရပြီး လာမည့်ရက်ပိုင်း အတွင်း ဆက်လက်ကြုံတွေ့နေရမည်ဖြစ်သည်။ ဈေးကွက်အတွင်း ရေရှည်အကျိုးပြုနိုင်သော ကုန်သွယ်ရေးမူဝါဒ မဖော်ဆောင်နိုင်ခြင်း၊ ပြင်ပငွေလဲ ဈေးကွက်ကိုဖမ်းဆီးအရေးယူသော နည်းလမ်း တစ်ခုတည်းဖြင့် ငွေလဲနှုန်းမြင့်တက်မှုကိုဖြေရှင်းခြင်း၊ ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်နေခြင်းများသည် လာမည့်ရက်များအတွင်း အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်မှုကိုသာ ဦးတည်နေမည် ဖြစ်သည်။

ဖေဖော်ဝါရီလကုန်တွင်စံချိန်တင်လာသည့်ဒေါ်လာဈေးနှင့်အခေါက်ရွှေဈေး

မြန်မာပြည်၏ ငွေလဲနှုန်းနှင့် အခေါက်ရွှေဈေးမှာ တည်ငြိမ်အားကောင်းမှုနည်းပါးသော်လည်း လက်ရှိ အချိန်ဖြစ်ပေါ်နေသော ဒေါ်လာဈေးနှင့်အခေါက် ရွှေဈေးများသည် စီးပွားရေးကျဆင်းမှုကြောင့် မြင့်တက်နေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကောလာဟလ သတင်းမှားများကြောင့် မြန်မာပြည်၏ အခေါက်ရွှေဈေးနှင့်‌ဒေါ်လာငွေလဲဈေးများမြင့်တက်လာသော်လည်း လက်ရှိဖြစ်ပေါ်နေသောဈေးနှုန်းများမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေခြင်းကြောင့်ဖြစ်သည်။ ဖေဖော်ဝါရီလဆန်းပိုင်းက ပြင်ပ ငွေလဲဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၃၅၀ဝ ကျပ်ဝန်းကျင်သာရှိ‌သော်လည်း လက်ရှိတွင် ၃၆၅၀ ကျပ် အထိ မြင့်တက်လာသည်။ ရွှေဈေးနှင့်ဒေါ်လာဈေးမြင့်တက်မှုကို ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဈေးကွက်အတွင်း ထုတ်ရောင်းခြင်း၊ ပြည်ပ ငွေလဲလုပ်ငန်းများကို လိုက်လံဖမ်းဆီး အရေးယူခြင်းတို့ကို ဆောင်ရွက်နေသည်။ ယင်းဆောင် ရွက်ချက်သည် ပုံမှန်ဈေးကွက်တည်ငြိမ်ချိန်နှင့် မြန်မာငွေ တန်ဖိုးခိုင်မာနေချိန်တွင် ထိရောက်မှုရှိသော်လည်း လက်ရှိကာလတွင် အသုံးဝင်နိုင်မည်မဟုတ်ပေ။ ဖေဖော်ဝါရီလကုန်တွင် ဗဟိုဘဏ်မှ ပြင်ပဒေါ်လာ ဈေးမြင့်တက်နေသည်ကို နှစ်သောင်းတန်ထုတ်ဝေမှု သတင်းတု သတင်းမှားဟု ထုတ်ပြန်နေသော်လည်း KBZ, CB, AYA ထိပ်တန်းဘဏ်များမှ ပြည်ပလုပ်သား လစာငွေလွှဲနှုန်းကို ၃၅၄၀ မှ ၃၅၉၅ ကျပ်သို့ တိုးမြှင့်သည့်အပြင် Visa ကတ်အတွင်း ဒေါ်လာ ထည့်သွင်းသည့် သတ်မှတ်ကြေးကိုပါ ၃၆၅၅ ကျပ် အဖြစ် (၉၀)ကျပ် တိုးမြှင့်ပြန်သည်။ ယင်းအခြေအနေသည် ပြင်ပငွေလဲ ဈေးကွက်အတွင်း ဒေါ်လာဈေးကစားမှုနှင့်မသက်ဆိုင်ဘဲ ဈေးကွက်အတွင်း သဘာဝအလျောက်ဖြစ်ပေါ်လာသော ရောင်းလိုအားနှင့် ဝယ်လိုအားပေါ်မူတည်၍ မြန်မာငွေတန်ဖိုးကျဆင်းနေခြင်းသာဖြစ်သည်။ ဒေါ်လာဈေးကြောင့် ပြည်တွင်းအခေါက်‌‌ရွှေဈေးသည် လိုက်လံမြင့်တက်နေပြီး လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၉)သိန်းတစ်သောင်းခွဲမှ (၃၉)သိန်းခုနှစ်သောင်း အထိ လာမည့်ရက်ပိုင်းအတွင်း မြင့်တက်နိုင်ကြောင်း ဈေးကွက် ပေါက်ဈေးတွက်ချက်မှုများအရ သိရသည်။ ပြင်ပငွေလဲဈေးကွက်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုများ၊ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုပမာဏများ၊ ပြည်တွင်းဈေးကွက်အတွင်း ငွေကြေးစီးဆင်းမှု အခြေအနေများကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ခြင်းဖြစ်သည်။ သက်ဆိုင်ရာနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တရားဝင်ရရှိနေသည့် ကုန်သွယ်မှု အချက်အလက်များအပေါ်မူတည်ကာ အမေရိကန် ဒေါ်လာနှင့် နိုင်ငံခြားငွေများကို ဈေးကွက်အတွင်း ထုတ်ရောင်းနေမှုသည် အမှန်တကယ် ဈေးကွက် လိုအပ်ချက်ကို ဖြေရှင်းနိုင်မည်မဟုတ်ချေ။ ထို့ပြင် နှစ်သောင်းတန်သစ်များရိုက်နှိပ်ထုတ်ဝေမှုသည် အလုံးအရင်းဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးမှု မရှိ သော်လည်း နိုင်ငံတကာငွေလဲနှုန်း စံသတ်မှတ်ချက် တွက်ချက်မှုစနစ်များအရမြန်မာငွေပမာဏဖောင်းပွလာစေပြီး ကျပ်ငွေတန်ဖိုးဆက် တိုက်ကျဆင်းခြင်းကိုသာ ဦးတည်နေစေသည်။ လက်ရှိ အာဏာ ပိုင်အစိုးရ၏ သုံးနှစ်တာကာလအတွင်း ကုန်သွယ်ရေး မူဝါဒများ ပြောင်းလဲခြင်း၊ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း စံချိန်စံညွှန်းများပြောင်းလဲခြင်း တို့သည် ပြင်ပငွေကြေးဈေးကွက်ကို အားကောင်း စေခဲ့သည်။ လက်ရှိအချိန် ပြည်ပပို့ကုန်ကျဆင်းခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေမှုများကြောင့် တရားဝင်ငွေလဲဈေးကွက်သည် မြန်မာငွေကြေး တန်ဖိုးကျဆင်းမှုကိုကျော်လွှားရန် အောင်မြင်နိုင်ချေနည်းပါးသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း ကို အရေပေါ်ဖြေရှင်းနိုင်မှုမရှိပါက ပြင်ပငွေလဲလုပ်ငန်းများနှင့်အခေါက်ရွှေ အ‌ရောင်းအဝယ်သမား များကို ဖမ်းဆီးနေခြင်းဖြင့် ဈေးကွက်ပြောင်းအလဲ ရရှိနိုင်မည် မဟုတ်ပေ။ ဆက်တိုက်မြင့်တက်လာမည့် ငွေလဲနှုန်းနှင့် အထွေထွေကုန်ဈေးနှုန်း မြင့်တက်မှုများ လာမည့်ရက်များအတွင်း ဆက်လက် ဖြစ်ပေါ်နေ နိုင်သည်။

အိမ်ခြံမြေဈေးကွက်နှင့် ပြည်ပသို့ ထွက်ခွာနေသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများ

မြန်မာနိုင်ငံတွင် အကျိုးအမြတ် အများဆုံးရရှိရန် ခိုင်မာသော လုပ်ငန်းသည် အိမ်ခြံမြေလုပ်ငန်းတစ်ခု တည်းသာရှိခြင်းကြောင့် ယခုနှစ်များအတွင်း ငွေကြေးစီးဆင်းမှုအများဆုံးအဖြစ် ရပ်တည်နေခဲ့သည်။ ယင်းအခြေအနေမှာ လက်ရှိကာလတွင် ပြောင်းလဲသွားပြီဖြစ်ပြီး‌ ငွေကြေးဖောင်းပွမှုအရသာ အိမ်ခြံမြေဈေးများတက်နေခြင်းဖြစ်ပြီး အမှန်တကယ် နေထိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ကျ ဆင်းနေသည်။ ထိုသို့ဖြစ်ပေါ်လာခြင်းမှာ မြန်မာနိုင်ငံ၏ မြို့ကြီးများရှိအိမ်ခြံမြေဈေးသည် ငွေကြေး လဲလှယ်မှုနှုန်းအရသာ ဈေးမြင့်လာပြီး ဝယ်သူမရှိဘဲ ပြန်လည်ရောင်းချလိုသူများနေပြီဖြစ်သည်။ အိမ်ခြံ မြေလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံဖြိုးမှု၊ လျှပ်စစ်မီး ရရှိမှုနှင့် မြို့ပြဖွံ့ဖြိုးမှုတို့ ရရှိမှသာ တန်ဖိုးမြင့်တက် ခြင်းကြောင့်ဖြစ်သည်။ လက်ရှိတွင် လျှပ်စစ်မီး ပင် မှန်အောင်မရရှိခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်းတွင် မရှိ မဖြစ်နေထိုင်သူများသာ ဝယ်ယူနေပေသည်။ ဆောက်လုပ်ရေး ကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင့် ဝယ်ယူမှုကျဆင်းလာသလို ပြည်ပသို့ ငွေ ကြေးအသင့်အတင့်ရှိသောလုပ်ငန်းရှင်များက အိမ်ခြံမြေ ပိုင်ဆိုင်မှုများရောင်းချကာ ပြည်ပတွင် လုပ်ငန်းသစ်များ အခြေချလုပ်ကိုင်နေကြပြီ ဖြစ်သည်။ ရန်ကုန်မြို့နှင့် မန္တလေးရှိ ကွန်ဒိုနှင့် တိုက်ခန်းများမှာ အဝယ်ကျဆင်းခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြေနှင့်လုံးချင်းအိမ်များ ရောင်းချလိုသူ ဆက်တိုက်များပြားလာသည်။ ဖေ‌ဖော်ဝါရီ လကုန်ပိုင်းတွင် အိမ်ခြံမြေတိုက်ခန်း အရောင်းအော်ဒါ မြင့်တက်မှုသည် အများဆုံးသို့ရောက်ရှိနေကြောင်း ဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ သိရသည်။ ပြည် တွင်းလုပ်ငန်းရှင်များတွင် အသေးစား အလတ်စား လူသုံးကုန်ရောင်းချနေသည့် ဆိုင်များ၊ နိုင်ငံခြားခရီးသွား အမှတ်တရ အရောင်းဆိုင်များ၊ အထည်နှင့် ပြည်ပသွင်းကုန် လုပ်ငန်းများသည် လုပ်ငန်းရပ်ဆိုင်းခြင်း အိမ်နီးချင်းနှင့် အာဆီယံဒေသများသို့ ပြောင်းရွှေ့နေထိုင်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ပြည်တွင်းလုပ်ငန်းရှင်အများစုမှာ လုပ်ငန်းများ ရပ်ဆိုင်းကာ ပြည်ပသို့ထွက်ခွာနေခြင်းသည် ပုံမှန် ပြည်ပသို့ အလုပ်အကိုင်ဖြင့်သွားရောက်သော ရွှေ့ပြောင်း အလုပ်သမားများနှင့် အကျိုးသက်‌ရောက် မှု မတူညီပေ။ ပြည်ပသို့အလုပ်သွားလုပ်သည့် အလုပ်သမားသည် နိုင်ငံခြားငွေ ရှာဖွေမှုကိုအထောက်အပံ့ပေးသော်လည်း၊ မြန်မာပြည်မှ လုပ်ငန်းရှင်များ ထွက်ခွာမှုသည် ‌ငွေကြေးစီးဆင်းမှုနှေးကွေးစေပြီး အလုပ် အကိုင်ဖန်တီးနိုင်မှုကို လည်း ကျဆင်းစေနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ပိုင်ဆိုင်ထားသော အိမ်ခြံမြေများကို ရောင်းချကာ ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ခြင်းသည် မြန်မာစီးပွားရေးဈေးကွက်ကို နှေးကွေး သေးငယ်သွားစေသည်။ လတ်တလော ထွက်ပေါ်လာ သည့် သတင်းများအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများ၌ မြန်မာနိုင်ငံသားများ များပြားနေကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ အထွေထွေကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ ငွေလဲနှုန်းမတည်ငြိမ်ခြင်း၊ ရင်းနှီးမြှုပ်နှံ နိုင်သည့် လုပ်ငန်းသစ်များ ကျဆင်းခြင်းသည် ငွေကြေး အတန်အသင့် ကြွယ်ဝသော အသေးစား နှင့်အလတ်စားလုပ်ငန်းရှင်များကို ပြည်ပသို့ ထွက်ခွာမှုအပေါ် တွန်းအား ပေးနေစေသည်။ အခြေခံပြည်သူများအဖို့ လတ်တလော အကျိုးသက်ရောက်မှုအဖြစ် အိမ်ခြံမြေဈေး မြင့်တက်ပြီး ဝယ်ယူသူရှားပါးနေခြင်း နှင့် ငွေကြေးအကျပ်အတည်း ဆက်လက်ကြုံတွေ့ နေရမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးသုံးသပ်ချက်များ လက်တွေ့ဖြစ်ပေါ်နေ
နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာ့စီးပွားရေးအပေါ် နှစ်စဉ်အစီရင်ခံစာများ သုံးသပ်ချက်များ ရေးသား၍ခန့်မှန်းထားမှုသည် လက်ရှိတွင် အမှန်တကယ် အကျိုးသက်ရောက်မှုများ စတင်နေပြီ ဖြစ်သည်။ ကိုဗစ် ၁၉ ကပ်ရောဂါကာလအလွန်တွင် မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီး စီးပွားရေးဖွံ့ဖြိုးမှုကို‌‌ နှေးကွေး သွားစေခဲ့သည်။ ယင်းအခြေအနေသည် လွန်ခဲ့သော သုံးနှစ်အတွင်း သက်ရောက်မှု မပြင်းထန်ခဲ့သော်လည်း လက်ရှိတွင် အကျိုးသက်ရောက်မှု ကြုံတွေ့နေပြီဖြစ်သည်။ ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် မတ်လ အထိ (၁) ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းထားသည်။ နယ်စပ်ဒေသတိုက်ပွဲများကြောင့် ကုန်သွယ်မှု ကျဆင်းခြင်း နှင့် ပြည်တွင်းလျှပ်စစ်မီး ပြတ်တောက် မှုကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းတို့သည် အဓိကအရေးပါသော စီးပွားရေး ကျဆင်းမှုများဖြစ် သည်။ ထို့ပြင် ငွေကြေးလဲလှယ်မှုနှုန်းအရ မြန်မာကျပ် ငွေတန်ဖိုးကျဆင်းခြင်းကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုကို သိသိသာသာခံစားရမည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဆက်တိုက် စီးပွားရေး ကျဆင်းနေခြင်းဖြစ်ပြီး အဓိက ပြဿနာမှာ လက်နက် ကိုင်တော်လှန်မှုများနှင့် ကုန်သွယ်ရေး မူဝါဒအမှား များကြောင့်ဖြစ်သည်။ ကုန်သွယ်ရေးနှင့်နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပိုင်းတွင် လက်ရှိအချိန် ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင်၂၁၀ဝ ကျပ်ဝန်းကျင် ဖြင့် တွက်ချက်နေခြင်းသည် အမှန်တကယ်ဈေးကွက် ပေါက်ဈေးဖြင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့် လျော့နည်းနေသည်။ ယင်းအချက်သည် မြန်မာ့စီးပွားရေး တိုးတက်မှုကို အဓိက အတားအဆီးဖြစ်နေပြီး လာမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း ကို (၂)ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ထို့ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းအများစုမှာ အကျပ်အတည်း ဆက်လက်ရင်ဆိုင်နေရမည်ဖြစ်ပြီး အလုပ်အကိုင် ရှားပါးမှုနှင့် တစ်ဦးချင်းဝင်ငွေကျဆင်းမှု ကြုံတွေ့ရမည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်အတွက် ငွေကြေး ဖောင်းပွမှုကို ၁၈ ရာခိုင်နှုန်းဖြင့်ဖော်ပြ ထားပြီး ၂၀၂၄ ခုနှစ်တွင် အမြင့်ဆုံး ၂၆ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုကို အဓိကထင်ဟပ်စေသည့် မြန်မာငွေလဲလှယ်မှုနှုန်းသည် ဆက်တိုက်ကျဆင်းနေ သည်ကိုမြင်တွေ့နေရပြီဖြစ်သည့်အပြင် ထိရောက် သော စီးပွားရေးပြုပြင်ပြောင်းလဲမှုမတွေ့ရခြင်း ကြောင့် ငွေကြေးဖောင်းပွမှုမှာ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်သည်။ ပြည်တွင်း၌ လျှပ်စစ်မီးရရှိမှု မြှင့်တင်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သော ငွေလဲဈေးနှုန်း တည်ဆောက်မှုတို့ကို အရေးပေါ်ဆောင်ရွက်ရမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ တွက်ချက်ခန့်မှန်းမှုများအတိုင်းသာ မြန်မာ့စီးပွား ရေးဈေးကွက်အတွင်း ဆက်လက်ဖြစ်ပေါ်နေပါက လာမည့်ရက်များအတွင်း စီးပွားရေးကျပ်တည်းမှု ပိုမိုခံစားရမည်ဖြစ်သည်။ သက်ဆိုင်ရာအနေဖြင့် အလျင် အမြန် အကောင်အထည်မဖော်ပါက အခြေခံပြည်သူ လူထုသည် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အလုပ် အကိုင် အခွင့် အလမ်းရှားပါးကာ ငွေကြေးအကျပ်အတည်းကြီးမားလာမည်ဖြစ်သည်။

zawgyi version
ေ႐ႊ၊ ေဒၚလာ၊ ဆန္နဲ႔ တစ္ပတ္အတြင္း စီးပြားေရးေဈးကြက္ အႏွစ္ခ်ဳပ္သုံးသပ္ခ်က္ (ေဆာင္းပါး)
ျပည့္ၿဖိဳး (NP News) - မတ္ ၂

ျပည္တြင္း စီးပြားေရးေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈး ျမင့္တက္လာမႈႏွင့္ အေခါက္ေ႐ႊေဈးမ်ား ျမင့္တက္မႈေၾကာင့္ အေထြေထြကုန္ေဈးႏႈန္း အေျပာင္းအလဲျဖစ္ေပၚႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိလာသည္။ လက္ရွိကာလတြင္ ေငြလဲေဈး ႏႈန္းျမင့္မားျခင္းသည္ ႏွစ္ေသာင္းတန္အသစ္မ်ား ေဈးကြက္အတြင္း ဝင္ေရာက္မည္ဟူေသာ သတင္းမ်ားေၾကာင့္ မဟုတ္ဘဲ ေငြေၾကးေဖာင္းပြမႈေၾကာင့္သာျဖစ္သည္။ ျမန္မာႏိုင္ငံ၏ စီးပြားေရးသည္ အထိအခိုက္ ခံႏိုင္ရည္ က်ဆင္းေနၿပီး စီးပြားေရးႏွင့္ပတ္သက္ေသာ အခ်က္အလက္သတင္းမွန္မ်ားကို အမ်ား ျပည္သူ အလြယ္တကူမရရွိျခင္းေၾကာင့္ျဖစ္သည္။ ထို႔ျပင္ သက္ဆိုင္ရာအာဏာပိုင္မ်ား၏ သုံးႏွစ္တာကာလအတြင္း လြဲမွားေသာ ကုန္သြယ္ေရးႏွင့္ေငြေၾကး မူဝါဒမ်ားေၾကာင့္ ျပည္တြင္းေဈးကြက္စီးပြားေရးစနစ္သည္ တည္ၿငိမ္ခိုင္မာမႈ က်ဆင္းေနသည္။ ျပည္ပသို႔ ေငြေၾကးအသင့္အတင့္ရွိေသာသူမ်ားထြက္ခြာၿပီး ျပည္ပတြင္ အေျခခ်ေနထိုင္ရန္ႀကိဳးပမ္းေနျခင္းမ်ား ေၾကာင့္လည္း ျမန္မာျပည္ေဈးကြက္အတြင္း ေငြေၾကး က်ပ္တည္းမႈေပၚေပါက္ၿပီး အိမ္ၿခံေျမႏွင့္ ေဒၚလာ‌၊ ေ႐ႊစေသာ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္စည္မ်ား ေဈးႏႈန္း ျမင့္တက္လာသည္။ ျပည္ပသို႔ ပုံမွန္အလုပ္သမားမ်ား ထြက္ခြာမႈထက္ ေငြေၾကးရွိသူ လုပ္ငန္းရွင္မ်ား ထြက္ခြာျခင္းသည္ ေဈးကြက္အားနည္းမႈ ျဖစ္ေပၚလာသည္။ ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံ၏ စီးပြားေရး အေပၚေလ့လာသုံးသပ္ခ်က္မ်ား၏ အက်ိဳးသက္ေရာက္မႈကို စတင္ႀကဳံေတြ႕ေနရၿပီး လာမည့္ရက္ပိုင္း အတြင္း ဆက္လက္ႀကဳံေတြ႕ေနရမည္ျဖစ္သည္။ ေဈးကြက္အတြင္း ေရရွည္အက်ိဳးျပဳႏိုင္ေသာ ကုန္သြယ္ေရးမူဝါဒ မေဖာ္ေဆာင္ႏိုင္ျခင္း၊ ျပင္ပေငြလဲ ေဈးကြက္ကိုဖမ္းဆီးအေရးယူေသာ နည္းလမ္း တစ္ခုတည္းျဖင့္ ေငြလဲႏႈန္းျမင့္တက္မႈကိုေျဖရွင္းျခင္း၊ ေငြေၾကးေဖာင္းပြမႈ အဆမတန္ ျမင့္တက္ေနျခင္းမ်ားသည္ လာမည့္ရက္မ်ားအတြင္း အေထြေထြ ကုန္ေဈးႏႈန္းျမင့္တက္မႈကိုသာ ဦးတည္ေနမည္ ျဖစ္သည္။

ေဖေဖာ္ဝါရီလကုန္တြင္စံခ်ိန္တင္လာသည့္ေဒၚလာေဈးႏွင့္အေခါက္ေ႐ႊေဈး

ျမန္မာျပည္၏ ေငြလဲႏႈန္းႏွင့္ အေခါက္ေ႐ႊေဈးမွာ တည္ၿငိမ္အားေကာင္းမႈနည္းပါးေသာ္လည္း လက္ရွိ အခ်ိန္ျဖစ္ေပၚေနေသာ ေဒၚလာေဈးႏွင့္အေခါက္ ေ႐ႊေဈးမ်ားသည္ စီးပြားေရးက်ဆင္းမႈေၾကာင့္ ျမင့္တက္ေနျခင္းျဖစ္သည္။ ပုံမွန္အားျဖင့္ ေကာလာဟလ သတင္းမွားမ်ားေၾကာင့္ ျမန္မာျပည္၏ အေခါက္ေ႐ႊေဈးႏွင့္‌ေဒၚလာေငြလဲေဈးမ်ားျမင့္တက္လာေသာ္လည္း လက္ရွိျဖစ္ေပၚေနေသာေဈးႏႈန္းမ်ားမွာ ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္ က်ဆင္းေနျခင္းေၾကာင့္ျဖစ္သည္။ ေဖေဖာ္ဝါရီလဆန္းပိုင္းက ျပင္ပ ေငြလဲေဈးကြက္၌ အေမရိကန္ တစ္ေဒၚလာလွ်င္ ၃၅၀ဝ က်ပ္ဝန္းက်င္သာရွိ‌ေသာ္လည္း လက္ရွိတြင္ ၃၆၅၀ က်ပ္ အထိ ျမင့္တက္လာသည္။ ေ႐ႊေဈးႏွင့္ေဒၚလာေဈးျမင့္တက္မႈကို ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ား ေဈးကြက္အတြင္း ထုတ္ေရာင္းျခင္း၊ ျပည္ပ ေငြလဲလုပ္ငန္းမ်ားကို လိုက္လံဖမ္းဆီး အေရးယူျခင္းတို႔ကို ေဆာင္႐ြက္ေနသည္။ ယင္းေဆာင္ ႐ြက္ခ်က္သည္ ပုံမွန္ေဈးကြက္တည္ၿငိမ္ခ်ိန္ႏွင့္ ျမန္မာေငြ တန္ဖိုးခိုင္မာေနခ်ိန္တြင္ ထိေရာက္မႈရွိေသာ္လည္း လက္ရွိကာလတြင္ အသုံးဝင္ႏိုင္မည္မဟုတ္ေပ။ ေဖေဖာ္ဝါရီလကုန္တြင္ ဗဟိုဘဏ္မွ ျပင္ပေဒၚလာ ေဈးျမင့္တက္ေနသည္ကို ႏွစ္ေသာင္းတန္ထုတ္ေဝမႈ သတင္းတု သတင္းမွားဟု ထုတ္ျပန္ေနေသာ္လည္း KBZ, CB, AYA ထိပ္တန္းဘဏ္မ်ားမွ ျပည္ပလုပ္သား လစာေငြလႊဲႏႈန္းကို ၃၅၄၀ မွ ၃၅၉၅ က်ပ္သို႔ တိုးျမႇင့္သည့္အျပင္ Visa ကတ္အတြင္း ေဒၚလာ ထည့္သြင္းသည့္ သတ္မွတ္ေၾကးကိုပါ ၃၆၅၅ က်ပ္ အျဖစ္ (၉၀)က်ပ္ တိုးျမႇင့္ျပန္သည္။ ယင္းအေျခအေနသည္ ျပင္ပေငြလဲ ေဈးကြက္အတြင္း ေဒၚလာေဈးကစားမႈႏွင့္မသက္ဆိုင္ဘဲ ေဈးကြက္အတြင္း သဘာဝအေလ်ာက္ျဖစ္ေပၚလာေသာ ေရာင္းလိုအားႏွင့္ ဝယ္လိုအားေပၚမူတည္၍ ျမန္မာေငြတန္ဖိုးက်ဆင္းေနျခင္းသာျဖစ္သည္။ ေဒၚလာေဈးေၾကာင့္ ျပည္တြင္းအေခါက္‌‌ေ႐ႊေဈးသည္ လိုက္လံျမင့္တက္ေနၿပီး လက္ရွိတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၃၉)သိန္းတစ္ေသာင္းခြဲမွ (၃၉)သိန္းခုႏွစ္ေသာင္း အထိ လာမည့္ရက္ပိုင္းအတြင္း ျမင့္တက္ႏိုင္ေၾကာင္း ေဈးကြက္ ေပါက္ေဈးတြက္ခ်က္မႈမ်ားအရ သိရသည္။ ျပင္ပေငြလဲေဈးကြက္သည္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈမ်ား၊ ေငြေၾကး႐ိုက္ႏွိပ္ထုတ္ေဝမႈပမာဏမ်ား၊ ျပည္တြင္းေဈးကြက္အတြင္း ေငြေၾကးစီးဆင္းမႈ အေျခအေနမ်ားကို အနီးစပ္ဆုံး ခန႔္မွန္းတြက္ခ်က္ ျခင္းျဖစ္သည္။ သက္ဆိုင္ရာႏွင့္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္သည္ တရားဝင္ရရွိေနသည့္ ကုန္သြယ္မႈ အခ်က္အလက္မ်ားအေပၚမူတည္ကာ အေမရိကန္ ေဒၚလာႏွင့္ ႏိုင္ငံျခားေငြမ်ားကို ေဈးကြက္အတြင္း ထုတ္ေရာင္းေနမႈသည္ အမွန္တကယ္ ေဈးကြက္ လိုအပ္ခ်က္ကို ေျဖရွင္းႏိုင္မည္မဟုတ္ေခ်။ ထို႔ျပင္ ႏွစ္ေသာင္းတန္သစ္မ်ား႐ိုက္ႏွိပ္ထုတ္ေဝမႈသည္ အလုံးအရင္းျဖင့္ ေဈးကြက္အတြင္းျဖန႔္ျဖဴးမႈ မရွိ ေသာ္လည္း ႏိုင္ငံတကာေငြလဲႏႈန္း စံသတ္မွတ္ခ်က္ တြက္ခ်က္မႈစနစ္မ်ားအရျမန္မာေငြပမာဏေဖာင္းပြလာေစၿပီး က်ပ္ေငြတန္ဖိုးဆက္ တိုက္က်ဆင္းျခင္းကိုသာ ဦးတည္ေနေစသည္။ လက္ရွိ အာဏာ ပိုင္အစိုးရ၏ သုံးႏွစ္တာကာလအတြင္း ကုန္သြယ္ေရး မူဝါဒမ်ား ေျပာင္းလဲျခင္း၊ ႏိုင္ငံျခားေငြေၾကး ေဈးကြက္အတြင္း စံခ်ိန္စံၫႊန္းမ်ားေျပာင္းလဲျခင္း တို႔သည္ ျပင္ပေငြေၾကးေဈးကြက္ကို အားေကာင္း ေစခဲ့သည္။ လက္ရွိအခ်ိန္ ျပည္ပပို႔ကုန္က်ဆင္းျခင္း ႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ က်ဆင္းေနမႈမ်ားေၾကာင့္ တရားဝင္ေငြလဲေဈးကြက္သည္ ျမန္မာေငြေၾကး တန္ဖိုးက်ဆင္းမႈကိုေက်ာ္လႊားရန္ ေအာင္ျမင္ႏိုင္ေခ်နည္းပါးသည္။ ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းျခင္း ကို အေရေပၚေျဖရွင္းႏိုင္မႈမရွိပါက ျပင္ပေငြလဲလုပ္ငန္းမ်ားႏွင့္အေခါက္ေ႐ႊ အ‌ေရာင္းအဝယ္သမား မ်ားကို ဖမ္းဆီးေနျခင္းျဖင့္ ေဈးကြက္ေျပာင္းအလဲ ရရွိႏိုင္မည္ မဟုတ္ေပ။ ဆက္တိုက္ျမင့္တက္လာမည့္ ေငြလဲႏႈန္းႏွင့္ အေထြေထြကုန္ေဈးႏႈန္း ျမင့္တက္မႈမ်ား လာမည့္ရက္မ်ားအတြင္း ဆက္လက္ ျဖစ္ေပၚေန ႏိုင္သည္။

အိမ္ၿခံေျမေဈးကြက္ႏွင့္ ျပည္ပသို႔ ထြက္ခြာေနေသာ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ား

ျမန္မာႏိုင္ငံတြင္ အက်ိဳးအျမတ္ အမ်ားဆုံးရရွိရန္ ခိုင္မာေသာ လုပ္ငန္းသည္ အိမ္ၿခံေျမလုပ္ငန္းတစ္ခု တည္းသာရွိျခင္းေၾကာင့္ ယခုႏွစ္မ်ားအတြင္း ေငြေၾကးစီးဆင္းမႈအမ်ားဆုံးအျဖစ္ ရပ္တည္ေနခဲ့သည္။ ယင္းအေျခအေနမွာ လက္ရွိကာလတြင္ ေျပာင္းလဲသြားၿပီျဖစ္ၿပီး‌ ေငြေၾကးေဖာင္းပြမႈအရသာ အိမ္ၿခံေျမေဈးမ်ားတက္ေနျခင္းျဖစ္ၿပီး အမွန္တကယ္ ေနထိုင္ရန္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံရန္ အခြင့္အလမ္း က် ဆင္းေနသည္။ ထိုသို႔ျဖစ္ေပၚလာျခင္းမွာ ျမန္မာႏိုင္ငံ၏ ၿမိဳ႕ႀကီးမ်ားရွိအိမ္ၿခံေျမေဈးသည္ ေငြေၾကး လဲလွယ္မႈႏႈန္းအရသာ ေဈးျမင့္လာၿပီး ဝယ္သူမရွိဘဲ ျပန္လည္ေရာင္းခ်လိုသူမ်ားေနၿပီျဖစ္သည္။ အိမ္ၿခံ ေျမလုပ္ငန္းသည္ ႏိုင္ငံ၏ စီးပြားေရးဖြံၿဖိဳးမႈ၊ လွ်ပ္စစ္မီး ရရွိမႈႏွင့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈတို႔ ရရွိမွသာ တန္ဖိုးျမင့္တက္ ျခင္းေၾကာင့္ျဖစ္သည္။ လက္ရွိတြင္ လွ်ပ္စစ္မီး ပင္ မွန္ေအာင္မရရွိျခင္းေၾကာင့္ အိမ္ၿခံေျမလုပ္ငန္းတြင္ မရွိ မျဖစ္ေနထိုင္သူမ်ားသာ ဝယ္ယူေနေပသည္။ ေဆာက္လုပ္ေရး ကုန္က်စရိတ္ျမင့္တက္လာျခင္းေၾကာင့္ ဝယ္ယူမႈက်ဆင္းလာသလို ျပည္ပသို႔ ေငြ ေၾကးအသင့္အတင့္ရွိေသာလုပ္ငန္းရွင္မ်ားက အိမ္ၿခံေျမ ပိုင္ဆိုင္မႈမ်ားေရာင္းခ်ကာ ျပည္ပတြင္ လုပ္ငန္းသစ္မ်ား အေျခခ်လုပ္ကိုင္ေနၾကၿပီ ျဖစ္သည္။ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးရွိ ကြန္ဒိုႏွင့္ တိုက္ခန္းမ်ားမွာ အဝယ္က်ဆင္းျခင္းမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီး ေျမႏွင့္လုံးခ်င္းအိမ္မ်ား ေရာင္းခ်လိုသူ ဆက္တိုက္မ်ားျပားလာသည္။ ေဖ‌ေဖာ္ဝါရီ လကုန္ပိုင္းတြင္ အိမ္ၿခံေျမတိုက္ခန္း အေရာင္းေအာ္ဒါ ျမင့္တက္မႈသည္ အမ်ားဆုံးသို႔ေရာက္ရွိေနေၾကာင္း ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားထံမွ သိရသည္။ ျပည္ တြင္းလုပ္ငန္းရွင္မ်ားတြင္ အေသးစား အလတ္စား လူသုံးကုန္ေရာင္းခ်ေနသည့္ ဆိုင္မ်ား၊ ႏိုင္ငံျခားခရီးသြား အမွတ္တရ အေရာင္းဆိုင္မ်ား၊ အထည္ႏွင့္ ျပည္ပသြင္းကုန္ လုပ္ငန္းမ်ားသည္ လုပ္ငန္းရပ္ဆိုင္းျခင္း အိမ္နီးခ်င္းႏွင့္ အာဆီယံေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။ ျပည္တြင္းလုပ္ငန္းရွင္အမ်ားစုမွာ လုပ္ငန္းမ်ား ရပ္ဆိုင္းကာ ျပည္ပသို႔ထြက္ခြာေနျခင္းသည္ ပုံမွန္ ျပည္ပသို႔ အလုပ္အကိုင္ျဖင့္သြားေရာက္ေသာ ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားႏွင့္ အက်ိဳးသက္‌ေရာက္ မႈ မတူညီေပ။ ျပည္ပသို႔အလုပ္သြားလုပ္သည့္ အလုပ္သမားသည္ ႏိုင္ငံျခားေငြ ရွာေဖြမႈကိုအေထာက္အပံ့ေပးေသာ္လည္း၊ ျမန္မာျပည္မွ လုပ္ငန္းရွင္မ်ား ထြက္ခြာမႈသည္ ‌ေငြေၾကးစီးဆင္းမႈေႏွးေကြးေစၿပီး အလုပ္ အကိုင္ဖန္တီးႏိုင္မႈကို လည္း က်ဆင္းေစႏိုင္သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံရွိ ပိုင္ဆိုင္ထားေသာ အိမ္ၿခံေျမမ်ားကို ေရာင္းခ်ကာ ျပည္ပ၌ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ကိုင္ျခင္းသည္ ျမန္မာစီးပြားေရးေဈးကြက္ကို ေႏွးေကြး ေသးငယ္သြားေစသည္။ လတ္တေလာ ထြက္ေပၚလာ သည့္ သတင္းမ်ားအရ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ကြန္ဒိုတိုက္ခန္းဝယ္ယူမႈမ်ား၌ ျမန္မာႏိုင္ငံသားမ်ား မ်ားျပားေနေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးမတည္ၿငိမ္ျခင္း၊ အေထြေထြကုန္ေဈးႏႈန္း ျမင့္တက္ျခင္း၊ ေငြလဲႏႈန္းမတည္ၿငိမ္ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံ ႏိုင္သည့္ လုပ္ငန္းသစ္မ်ား က်ဆင္းျခင္းသည္ ေငြေၾကး အတန္အသင့္ ႂကြယ္ဝေသာ အေသးစား ႏွင့္အလတ္စားလုပ္ငန္းရွင္မ်ားကို ျပည္ပသို႔ ထြက္ခြာမႈအေပၚ တြန္းအား ေပးေနေစသည္။ အေျခခံျပည္သူမ်ားအဖို႔ လတ္တေလာ အက်ိဳးသက္ေရာက္မႈအျဖစ္ အိမ္ၿခံေျမေဈး ျမင့္တက္ၿပီး ဝယ္ယူသူရွားပါးေနျခင္း ႏွင့္ ေငြေၾကးအက်ပ္အတည္း ဆက္လက္ႀကဳံေတြ႕ ေနရမည္ျဖစ္သည္။

ကမာၻ႔ဘဏ္၏ ျမန္မာ့စီးပြားေရးသုံးသပ္ခ်က္မ်ား လက္ေတြ႕ျဖစ္ေပၚေန
ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ျမန္မာ့စီးပြားေရးအေပၚ ႏွစ္စဥ္အစီရင္ခံစာမ်ား သုံးသပ္ခ်က္မ်ား ေရးသား၍ခန႔္မွန္းထားမႈသည္ လက္ရွိတြင္ အမွန္တကယ္ အက်ိဳးသက္ေရာက္မႈမ်ား စတင္ေနၿပီ ျဖစ္သည္။ ကိုဗစ္ ၁၉ ကပ္ေရာဂါကာလအလြန္တြင္ ျမန္မာႏိုင္ငံသည္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား ဆက္တိုက္ ျဖစ္ေပၚလာၿပီး စီးပြားေရးဖြံ႕ၿဖိဳးမႈကို‌‌ ေႏွးေကြး သြားေစခဲ့သည္။ ယင္းအေျခအေနသည္ လြန္ခဲ့ေသာ သုံးႏွစ္အတြင္း သက္ေရာက္မႈ မျပင္းထန္ခဲ့ေသာ္လည္း လက္ရွိတြင္ အက်ိဳးသက္ေရာက္မႈ ႀကဳံေတြ႕ေနၿပီျဖစ္သည္။ ကမာၻ႔ဘဏ္ အစီရင္ခံစာအရ ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္းသည္ ၂၀၂၄ ခုႏွစ္ မတ္လ အထိ (၁) ရာခိုင္ႏႈန္းသာရွိမည္ဟု ခန႔္မွန္းထားသည္။ နယ္စပ္ေဒသတိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈ က်ဆင္းျခင္း ႏွင့္ ျပည္တြင္းလွ်ပ္စစ္မီး ျပတ္ေတာက္ မႈေၾကာင့္ ကုန္ထုတ္လုပ္မႈက်ဆင္းျခင္းတို႔သည္ အဓိကအေရးပါေသာ စီးပြားေရး က်ဆင္းမႈမ်ားျဖစ္ သည္။ ထို႔ျပင္ ေငြေၾကးလဲလွယ္မႈႏႈန္းအရ ျမန္မာက်ပ္ ေငြတန္ဖိုးက်ဆင္းျခင္းေၾကာင့္ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္လာမႈကို သိသိသာသာခံစားရမည္ ျဖစ္သည္။ ကမာၻ႔ဘဏ္၏ ေဖာ္ျပခ်က္မ်ားအရ ၂၀၂၂ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း ဆက္တိုက္ စီးပြားေရး က်ဆင္းေနျခင္းျဖစ္ၿပီး အဓိက ျပႆနာမွာ လက္နက္ ကိုင္ေတာ္လွန္မႈမ်ားႏွင့္ ကုန္သြယ္ေရး မူဝါဒအမွား မ်ားေၾကာင့္ျဖစ္သည္။ ကုန္သြယ္ေရးႏွင့္ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈပိုင္းတြင္ လက္ရွိအခ်ိန္ ဗဟိုဘဏ္က အေမရိကန္တစ္ေဒၚလာလွ်င္၂၁၀ဝ က်ပ္ဝန္းက်င္ ျဖင့္ တြက္ခ်က္ေနျခင္းသည္ အမွန္တကယ္ေဈးကြက္ ေပါက္ေဈးျဖင့္ႏႈိင္းယွဥ္ပါက သုံးပုံတစ္ပုံခန႔္ ေလ်ာ့နည္းေနသည္။ ယင္းအခ်က္သည္ ျမန္မာ့စီးပြားေရး တိုးတက္မႈကို အဓိက အတားအဆီးျဖစ္ေနၿပီး လာမည့္ ၂၀၂၄-၂၅ ဘ႑ာႏွစ္အတြက္ စီးပြားေရးတိုးတက္မႈႏႈန္း ကို (၂)ရာခိုင္ႏႈန္းသာ ရွိမည္ဟု ကမာၻ႔ဘဏ္က ခန႔္မွန္းထားသည္။ ထို႔ေၾကာင့္ ျပည္တြင္း စီးပြားေရးလုပ္ငန္းအမ်ားစုမွာ အက်ပ္အတည္း ဆက္လက္ရင္ဆိုင္ေနရမည္ျဖစ္ၿပီး အလုပ္အကိုင္ ရွားပါးမႈႏွင့္ တစ္ဦးခ်င္းဝင္ေငြက်ဆင္းမႈ ႀကဳံေတြ႕ရမည္ ျဖစ္သည္။ ကမာၻ႔ဘဏ္က ၂၀၂၃ ခုႏွစ္အတြက္ ေငြေၾကး ေဖာင္းပြမႈကို ၁၈ ရာခိုင္ႏႈန္းျဖင့္ေဖာ္ျပ ထားၿပီး ၂၀၂၄ ခုႏွစ္တြင္ အျမင့္ဆုံး ၂၆ ရာခိုင္ႏႈန္း အထိ ျမင့္တက္လာႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။ ေငြေၾကးေဖာင္းပြမႈကို အဓိကထင္ဟပ္ေစသည့္ ျမန္မာေငြလဲလွယ္မႈႏႈန္းသည္ ဆက္တိုက္က်ဆင္းေန သည္ကိုျမင္ေတြ႕ေနရၿပီျဖစ္သည့္အျပင္ ထိေရာက္ ေသာ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမေတြ႕ရျခင္း ေၾကာင့္ ေငြေၾကးေဖာင္းပြမႈမွာ ဆက္လက္ျဖစ္ပြားေနမည္ ျဖစ္သည္။ ျပည္တြင္း၌ လွ်ပ္စစ္မီးရရွိမႈ ျမႇင့္တင္ျခင္းႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ တည္ၿငိမ္ေသာ ေငြလဲေဈးႏႈန္း တည္ေဆာက္မႈတို႔ကို အေရးေပၚေဆာင္႐ြက္ရမည္ျဖစ္သည္။ ကမာၻ႔ဘဏ္၏ တြက္ခ်က္ခန႔္မွန္းမႈမ်ားအတိုင္းသာ ျမန္မာ့စီးပြား ေရးေဈးကြက္အတြင္း ဆက္လက္ျဖစ္ေပၚေနပါက လာမည့္ရက္မ်ားအတြင္း စီးပြားေရးက်ပ္တည္းမႈ ပိုမိုခံစားရမည္ျဖစ္သည္။ သက္ဆိုင္ရာအေနျဖင့္ အလ်င္ အျမန္ အေကာင္အထည္မေဖာ္ပါက အေျခခံျပည္သူ လူထုသည္ အေထြေထြကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းႏွင့္ အလုပ္ အကိုင္ အခြင့္ အလမ္းရွားပါးကာ ေငြေၾကးအက်ပ္အတည္းႀကီးမားလာမည္ျဖစ္သည္။

Related news

© 2021. All rights reserved.