ပျူနိုင်ငံ ပျက်သုဉ်းခြင်းနှင့် မြန်မာနိုင်ငံ ပေါ်ပေါက်လာခြင်း (ဆောင်းပါး)

 913

ရဲထွန်း(သီပေါ) (NP News) - ‌မတ် ၇

ကျောက်စာ၊ ပေစာ၊ ပုံနှိပ်စာ၊ တူးဖော်ရရှိသည့်ရှေးဟောင်း အဆောက်အအုံ၊ ရုပ်ကြွင်းနှင့် လူ့အသုံး အဆောင်ဟောင်းများစသည့် အခိုင်အမာအထောက် အထားများဖြင့် ယနေ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မြို့ပြနိုင်ငံထူထောင်ခဲ့သည်ဟု သက် သေပြနိုင်သည့် အစောဆုံးကာလမှာ ပျူခေတ်ဖြစ်ပါသည်။ ပေါ်ထွန်းခဲ့သောကာလမှာ ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအလယ်ပိုင်းအထိဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၂၀ဝ နှင့် ၁၂၀ဝ အကြား ကာလဖြစ်သည်။

ဘီစီ ၂ ရာစုခန့်တွင် တိဘက်တိုဘားမင်း အုပ်စုဝင် ဘာသာစကားကိုပြောဆိုသော ပျူလူမျိုးတို့သည် ယနေ့ ယူနန်ပြည်နယ်ဘက်မှ မြန်မာနိုင်ငံအတွင်းသို့ တာပိန်နှင့် ရွှေလီမြစ်ကြောင်းများအတိုင်း ဝင်ရောက် လာကြသည်ဟု ဆိုပါသည်။ ပျူတို့၏ မူရင်းဇာတိ ဒေသမှာ တရုတ်နိုင်ငံ ချင်းဟိုင် နှင့် ကန်းစု ပြည်နယ် ရှိ ချင်းဟိုင်ရေအိုင်ကြီးအနီး ဖြစ်သည်ဟု ယူဆကြ သည်။ ပျူတို့သည် မြန်မာနိုင်ငံအတွင်း အစောဆုံး အခြေချ နေထိုင်သူများဖြစ်ကြပြီး ဧရာဝတီနှင့် ချင်း တွင်းမြစ်ဆုံဒေသကိုဗဟိုပြုသည့် မြေပြန့်လွင်ပြင် များတွင် အခြေပြုနေထိုင်ကြသည်။

တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းပစ္စည်း အထောက်အထားများအရ ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်း ခြောက်သွေ့သော ဒေသတစ်ဝိုက်တွင် လွန်ခဲ့ သည့်နှစ်ပေါင်း ၁၁၀ဝ၀ ခန့်ကပင် ရှေးဦး လူသားတို့ ရှိနေကြကြောင်း ကောက်ချက်ချထားကြသည်။ မြန်မာ့ကျောက်ခေတ်ဖြစ်သော အညာသီယံခေတ်သည် ဥရောပ တိုက်မှ ပယ်လီယိုလစ်သစ်ခေတ်၏ အလယ်ပိုင်းနှင့် နောက်ပိုင်းတို့နှင့် တစ်ပြိုင်နက်တည်း လို ဖြစ်ပေါ်ခဲ့ပါသည်။ ရှမ်းကုန်းမြေမြင့်၏ခြေရင်း တောင်ကြီးခရိုင် ရွာငံမြို့အနီးရှိ ပြဒါးလင်းဂူများအတွင်းတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ဝ၀ မှ ၁၇၅၀ အကြားသက်တမ်းရှိသည့် မီးသွေးအကြွင်းအကျန် များနှင့်အရိုးများ၊ ကျောက်ခေတ်သုံး လူ့အသုံးအ ဆောင်များကိုတွေ့ရှိကြပါသည်။

ခရစ်သက္ကရာဇ်မတိုင်မီ နှစ်ပေါင်း ၁၅၀ဝ ခန့်က ဤဒေသရှိလူတို့သည် ကြေးနီရိုင်းမှ လူသုံးကိရိယာ များ သွန်းထုတတ်ကြပြီဖြစ်သည်။ ဆန်စပါး စိုက်ပျိုးခြင်းနှင့် ကြက်၊ ဝက်မွေးမြူခြင်းတို့ကို တတ်မြောက်နေကြသည့် ကမ္ဘာ့ပထမဦးဆုံးလူသား များတွင် သူတို့လည်း အပါအဝင်ဖြစ်ပါသည်။ ခရစ် သက္ကရာဇ် မတိုင်မီနှစ် ၅၀ဝ ခန့်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း (ယနေ့ခေတ် မန္တလေး၏ တောင်ဘက်) ဒေသတစ်ဝိုက်တွင် သံကိုသွန်းလုပ်သည့် အတတ် ပညာထွန်းကားခဲ့သည်ကိုတွေ့ရသည်။ ကြေးပြား ခတ် အလှဆင်ထားသော လူသေခေါင်းနှင့် မြေထည် ပစ္စည်းများထည့်ထားသည့် ခေါင်းတလားများမြှုပ်နှံ သည့် သင်္ချိုင်းများကိုလည်း တူးဖော်တွေ့ရှိရပေသည်။ မန္တလေး တောင်ဘက် စမုံမြစ်ဝှမ်းမှ တူးဖော်တွေ့ရှိရ သည့် ရှေးဟောင်းပစ္စည်းအထောက် အထားများအရ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ နှင့် ၂၂၀ဝ အကြားတွင် ဆန်စပါးကို စိုက်ပျိုးခဲ့ကြကြောင်းသိရှိကြရသည်။

ပျူတို့၏ဒေသသည် တောင်ဘက် သရေ ခေတ္တရာမှ မြောက်ဘက်ဟန်လင်းအထိ လည်းကောင်း၊ အရှေ့ဘက် ဘိန္နကနှင့် မိုင်းမောမှ အနောက်ဘက် အရာတော်အထိလည်းကောင်း ကျယ်ဝန်းပါသည်။ တရုတ်ထန်မင်းဆက် မှတ်တမ်းများအရ ပျူနယ်ပေါင်း (၁၈) နယ်ရှိပြီး (၉) ခုမှာ တံတိုင်းခတ်ထားသည့်မြို့ များဖြစ်ပြီး ခရိုင်ပေါင်း ၂၉၈ ခရိုင်ရှိ သည်ဟု ဆိုပါသည်။

ပျူတို့တည်ထောင်ခဲ့သော မြို့ပြနိုင်ငံများမှာ ယနေ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် တည်ရှိ သော ဟန်လင်းသရေခေတ္တရာ၊ ဗိဿနိုး၊ ဘိန္နက၊ မိုင်းမော စသည်တို့နှင့် ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် မှ မြို့ငယ်ကလေးများ ဖြစ်ကြသည်။ ၎င်းတို့အထဲတွင် အေဒီတစ်ရာစု ကတည်ထောင်ခဲ့သော ဟန်လင်း သည် အကြီးဆုံး ဖြစ်ခဲ့ပြီး အေဒီ ၇ သို့မဟုတ် ၈ ရာစုအထိ အရေးပါဆုံးမြို့ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း တွင်မူ သရေခေတ္တရာ (ယနေ့ ပြည်မြို့အနီး)က အရေးပါဆုံးနှင့် အကြီးဆုံးမြို့ဖြစ်လာသည်။

ပျူတို့နေထိုင်ရာဒေသသည် အိန္ဒိယနှင့် တရုတ် နိုင်ငံတို့အကြား ကုန်စည်ကူးသန်းရောင်းဝယ်ရာလမ်း ကြောင်းပေါ်တွင်တည်ရှိပြီး အိန္ဒိယနှင့် ပိုမိုလွယ်ကူစွာ ဆက်သွယ်ကူးသန်းနိုင်သဖြင့် ပျူတို့အပေါ် အိန္ဒိယ၏ ဩဇာလွှမ်းမိုးမှုက ပိုကြီးမားသည်။ ထို့ကြောင့် ဗုဒ္ဓ ဘာသာ၊ ယဉ်ကျေးမှုအနုပညာ၊ ဗိသုကာပညာနှင့် နိုင်ငံရေး အယူအဆများမှာ အိန္ဒိယနှင့် နွယ်ပါသည်။
နန်ကျောက်တို့ ဝင်ရောက်တိုက်ခိုက်ခြင်း ပျူတို့၏ယဉ်ကျေးမှုသည် မြောက်ဘက် နန်ကျောက်နိုင်ငံမှ အသစ်ဝင်ရောက်လာသော “မြင်းစီးကျွမ်းကျင်သူများ” မကြာခဏဝင်ရောက် စီးနင်းတိုက်ခိုက်သည့် ခရစ်သက္ကရာဇ် ၉ ရာစုအစောပိုင်း လောက်အထိ နှစ်ပေါင်းထောင်ချီတည်ရှိခဲ့ပါသည်။ ထို “မြင်းစီးကျွမ်းကျင်သူများ”မှာ နန်ကျောက် တပ်ဖွဲ့များဖြစ်ကြပြီး ယီလူမျိုးများ ကဲ့သို့ တိဗက်တိုဘားမင်း ဘာသာစကားပြောဆိုသည့် မြန်မာများ လည်းပါဝင်ကြပါသည်။ တရုတ်ထန်မင်းဆက် သမိုင်းမှတ် တမ်းများအရ နန်ကျောက်တို့သည် ယနေ့ ခေတ်မြန်မာနိုင်ငံအထက် ပိုင်း ပျူမြို့ပြဒေသများကို သက္ကရာဇ် ၇၅၄ သို့မဟုတ် ၇၆၀ ခုနှစ် လောက်တွင် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ သက္ကရာဇ် ၇၆၃ ခုနှစ်တွင် နန်ကျောက် ဘုရင်ကို လော့ဖုန်း ( Ko-Lo-Feng )သည် ဧရာဝတီမြစ် ဝှမ်းဒေသ အထက်ပိုင်းကို တိုက်ခိုက်အောင်မြင်ခဲ့ ပါသည်။ သက္ကရာဇ် ၉ ရာစုဝင်လာသောအခါ နန် ကျောက်တို့၏တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာပြီး သက္ကရာဇ် ၈၀ဝ-၈၀၂ နှင့် ၈၀၈-၈၀၉ ခုနှစ်များတွင် အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။ နောက်ဆုံး သက္ကရာဇ် ၈၃၂ ခုနှစ်ရောက်သောအခါ နန်ကျောက်တို့သည် ပျူနိုင်ငံကို ဖျက်ဆီးပစ်လိုက်ပြီး ဟန်လင်းဒေသမှ ပျူလူမျိုး ၃၀ဝ၀ ခန့်ကို အကျဉ်းသားများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြပါသည်။ တရုတ်မှတ်တမ်းများအရ သက္ကရာဇ် ၈၃၅ တွင်လည်း နန်ကျောက်တို့က အောက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝ အနီးရှိ မိချန်f (Michen) ခေါ် နိုင်ငံတစ်ခုကို စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားရာ အဆိုပါနိုင်ငံသည်လည်း ပျူနိုင်ငံဖြစ်နိုင်ပါသည်။

ပျူလူမျိုးနှင့် ပျူယဉ်ကျေးမှုသည် လူပေါင်း ၃၀ဝ၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားရုံ လောက်ဖြင့် ပျောက်ကွယ်မသွားနိုင်ပါ။ ပျူတို့နေ ထိုင်ရာမြို့ပြဒေသများနှင့် နိုင်ငံတဝန်း တံတိုင်း ပတ်ကာထားသော မြို့ ကြီး များရှိခဲ့ခြင်းက လူဦးရေ အများအပြားရှိကြောင်း သက်သေဖြစ်ပါသည်။ အမှန် စင်စစ်အားဖြင့် သရေခေတ္တရာနှင့် တခြားပျူမြို့ပြ များတွင် အကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးမှုများ ဖြစ် ပေါ်ခဲ့သည့် အထောက်အထားမတွေ့ရပါ။ ဟန်လင်း ကို တိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းကြောင့် ပျူတို့ နေထိုင်ရာဒေသများသည် အားနည်းသွားပြီး မြန်မာ များ ဝင်ရောက်လာရန် လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားခဲ့ဟန်တူပါသည်။ သက်သေအထောက်အထား များအရ မြန်မာတို့ ပျူဒေသသို့ ဝင်ရောက်လာခြင်းမှာ တဖြည်းဖြည်းချင်းဖြစ်ပါသည်။ ရေဒီယိုကာဗွန် နည်းဖြင့် သက်တမ်းတွက် ချက်ကြည့်ရာတွင် သက္ကရာဇ် ၈၇၀ ပြည့်နှစ်လောက်အထိ ဟန်လင်းတွင် လူသားလှုပ်ရှားမှု ရှိနေသေးကြောင်း တွေ့ရှိရပေ သည်။ မြန်မာ့သမိုင်းမှတ်တမ်းများအရ မြန်မာတို့သည် ပုဂံကို သက္ကရာဇ် ၈၄၉ ခုနှစ်တွင်တည်ထောင်ခဲ့သည် ဆိုသော်လည်း ရေဒီယိုကာဗွန်နည်းဖြင့် သက်တမ်း တွက်ချက်မှုအရ ပုဂံ၏ သက်တမ်းအအိုဆုံး တံတိုင်း များသည် သက္ကရာဇ် ၉၈၀ ပြည့်နှစ်ကတည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး အဓိက တံတိုင်းမှာ သက္ကရာဇ် ၁၀၂၀ ခန့်ကမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပုဂံ အင်ပါယာကိုတည်ထောင်ခဲ့သော အနော်ရထာမင်း စတင်နန်းတက်သည်ထက် ၂၄ နှစ်စော ပါသည်။

မြန်မာတို့သည် ၁၀ ရာစုနောက်ပိုင်း ကာလတွင် တဖြည်း ဖြည်းချင်း ပျူနယ်ပယ်များ၏ ခေါင်းဆောင်မှုကို ရယူလာခဲ့ရာမှ ၁၁ ရာစုအလယ်လောက်တွင် ပုဂံအင်ပါယာကို တည်ထောင်ခဲ့ပါသည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ဝှမ်း နှင့် အစွန်အဖျားဒေသများကို သမိုင်းတွင်ပထမဦးဆုံးအကြိမ် စုစည်းခဲ့လေသည်။ ပျူလူမျိုးတို့သည် သမိုင်းတွင် ဖျောက်ဖျက်၍မရ သော အမှတ်အသားများဖြစ်သဖြင့် မြန်မာ အုပ်စိုးသူ တို့သည် ပျူများကို ၎င်းတို့၏ ကိုယ်ပိုင် သမိုင်းနှင့် ဒဏ္ဍာရီများအတွင်း ထည့်သွင်းဖော်ပြခဲ့ကြလေသည်။ ပုဂံ၏ မြန်မာဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ သရေ ခေတ္တရာနှင့် တကောင်းပျူဘုရင်များ၏ အဆက်အနွယ်များဖြစ်သည်ဟု ကြွေးကြော်ခဲ့ကြ သော်လည်း ခေတ်သစ်သမိုင်းပညာရှင်များက မဟုတ်မှန်ကြောင်း ငြင်းဆိုထားကြလေသည်။ အထက်မြန်မာနိုင်ငံတွင် ပျူတို့ အခြေချနေထိုင်မှုမှာ နောက်ထပ်ရာစု နှစ် ၃ ခုမျှဆက်လက်တည်ရှိခဲ့သော် လည်း တဖြည်းဖြည်းချင်းအားဖြင့် ပုဂံအင်ပါယာအတွင်း မြန်မာတို့နှင့် ပေါင်းစည်းခြင်း၊ ဝါးမျိုခြင်းကို ခံကြရလေသည်။ ၁၂ ရာစုနောက်ပိုင်း ကာလအထိ ပျူ ဘာသာစကားတည်ရှိနေသေးသော်လည်း ၁၃ ရာစုအတွင်းသို့ရောက်သောအခါ ပျူတို့သည် မြန်မာလူမျိုးအဖြစ် လက်ခံမှတ်ယူကြကာ ပျောက်ကွယ် သွားကြပါတော့သည်။

အချုပ်ဆိုရသော် ပျူလူမျိုးတို့၏ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို အကြိမ်ကြိမ်ဝင်ရောက်တိုက် ခိုက်ဖျက်ဆီးခဲ့သူတို့မှာ နန်ကျောက်တို့ဖြစ်ပြီး နေရာယူ နိုင်ငံသစ်ထူထောင်ခဲ့သူတို့မှာ မြန်မာတို့ ဖြစ်ပါသည်။

zawgyi version
ပ်ဴႏိုင္ငံ ပ်က္သုဥ္းျခင္းႏွင့္ ျမန္မာႏိုင္ငံ ေပၚေပါက္လာျခင္း (ေဆာင္းပါး)
ရဲထြန္း(သီေပါ) (NP News) - ‌မတ္ ၇
ေက်ာက္စာ၊ ေပစာ၊ ပုံႏွိပ္စာ၊ တူးေဖာ္ရရွိသည့္ေရွးေဟာင္း အေဆာက္အအုံ၊ ႐ုပ္ႂကြင္းႏွင့္ လူ႔အသုံး အေဆာင္ေဟာင္းမ်ားစသည့္ အခိုင္အမာအေထာက္ အထားမ်ားျဖင့္ ယေန႔ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသတြင္ ၿမိဳ႕ျပႏိုင္ငံထူေထာင္ခဲ့သည္ဟု သက္ ေသျပႏိုင္သည့္ အေစာဆုံးကာလမွာ ပ်ဴေခတ္ျဖစ္ပါသည္။ ေပၚထြန္းခဲ့ေသာကာလမွာ ဘီစီ ၂ ရာစုမွ ေအဒီ ၉ ရာစုအလယ္ပိုင္းအထိျဖစ္သျဖင့္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၂၀ဝ ႏွင့္ ၁၂၀ဝ အၾကား ကာလျဖစ္သည္။

ဘီစီ ၂ ရာစုခန႔္တြင္ တိဘက္တိုဘားမင္း အုပ္စုဝင္ ဘာသာစကားကိုေျပာဆိုေသာ ပ်ဴလူမ်ိဳးတို႔သည္ ယေန႔ ယူနန္ျပည္နယ္ဘက္မွ ျမန္မာႏိုင္ငံအတြင္းသို႔ တာပိန္ႏွင့္ ေ႐ႊလီျမစ္ေၾကာင္းမ်ားအတိုင္း ဝင္ေရာက္ လာၾကသည္ဟု ဆိုပါသည္။ ပ်ဴတို႔၏ မူရင္းဇာတိ ေဒသမွာ တ႐ုတ္ႏိုင္ငံ ခ်င္းဟိုင္ ႏွင့္ ကန္းစု ျပည္နယ္ ရွိ ခ်င္းဟိုင္ေရအိုင္ႀကီးအနီး ျဖစ္သည္ဟု ယူဆၾက သည္။ ပ်ဴတို႔သည္ ျမန္မာႏိုင္ငံအတြင္း အေစာဆုံး အေျခခ် ေနထိုင္သူမ်ားျဖစ္ၾကၿပီး ဧရာဝတီႏွင့္ ခ်င္း တြင္းျမစ္ဆုံေဒသကိုဗဟိုျပဳသည့္ ေျမျပန႔္လြင္ျပင္ မ်ားတြင္ အေျချပဳေနထိုင္ၾကသည္။

တူးေဖာ္ရရွိခဲ့သည့္ ေရွးေဟာင္းပစၥည္း အေထာက္အထားမ်ားအရ ဧရာဝတီျမစ္ဝွမ္း အလယ္ပိုင္း ေျခာက္ေသြ႕ေသာ ေဒသတစ္ဝိုက္တြင္ လြန္ခဲ့ သည့္ႏွစ္ေပါင္း ၁၁၀ဝ၀ ခန႔္ကပင္ ေရွးဦး လူသားတို႔ ရွိေနၾကေၾကာင္း ေကာက္ခ်က္ခ်ထားၾကသည္။ ျမန္မာ့ေက်ာက္ေခတ္ျဖစ္ေသာ အညာသီယံေခတ္သည္ ဥေရာပ တိုက္မွ ပယ္လီယိုလစ္သစ္ေခတ္၏ အလယ္ပိုင္းႏွင့္ ေနာက္ပိုင္းတို႔ႏွင့္ တစ္ၿပိဳင္နက္တည္း လို ျဖစ္ေပၚခဲ့ပါသည္။ ရွမ္းကုန္းေျမျမင့္၏ေျခရင္း ေတာင္ႀကီးခ႐ိုင္ ႐ြာငံၿမိဳ႕အနီးရွိ ျပဒါးလင္းဂူမ်ားအတြင္းတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၃၀ဝ၀ မွ ၁၇၅၀ အၾကားသက္တမ္းရွိသည့္ မီးေသြးအႂကြင္းအက်န္ မ်ားႏွင့္အ႐ိုးမ်ား၊ ေက်ာက္ေခတ္သုံး လူ႔အသုံးအ ေဆာင္မ်ားကိုေတြ႕ရွိၾကပါသည္။

ခရစ္သကၠရာဇ္မတိုင္မီ ႏွစ္ေပါင္း ၁၅၀ဝ ခန႔္က ဤေဒသရွိလူတို႔သည္ ေၾကးနီ႐ိုင္းမွ လူသုံးကိရိယာ မ်ား သြန္းထုတတ္ၾကၿပီျဖစ္သည္။ ဆန္စပါး စိုက္ပ်ိဳးျခင္းႏွင့္ ၾကက္၊ ဝက္ေမြးျမဴျခင္းတို႔ကို တတ္ေျမာက္ေနၾကသည့္ ကမာၻ႔ပထမဦးဆုံးလူသား မ်ားတြင္ သူတို႔လည္း အပါအဝင္ျဖစ္ပါသည္။ ခရစ္ သကၠရာဇ္ မတိုင္မီႏွစ္ ၅၀ဝ ခန႔္တြင္ ျမန္မာႏိုင္ငံ အလယ္ပိုင္း (ယေန႔ေခတ္ မႏၲေလး၏ ေတာင္ဘက္) ေဒသတစ္ဝိုက္တြင္ သံကိုသြန္းလုပ္သည့္ အတတ္ ပညာထြန္းကားခဲ့သည္ကိုေတြ႕ရသည္။ ေၾကးျပား ခတ္ အလွဆင္ထားေသာ လူေသေခါင္းႏွင့္ ေျမထည္ ပစၥည္းမ်ားထည့္ထားသည့္ ေခါင္းတလားမ်ားျမႇဳပ္ႏွံ သည့္ သခ်ႋဳင္းမ်ားကိုလည္း တူးေဖာ္ေတြ႕ရွိရေပသည္။ မႏၲေလး ေတာင္ဘက္ စမုံျမစ္ဝွမ္းမွ တူးေဖာ္ေတြ႕ရွိရ သည့္ ေရွးေဟာင္းပစၥည္းအေထာက္ အထားမ်ားအရ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀ဝ ႏွင့္ ၂၂၀ဝ အၾကားတြင္ ဆန္စပါးကို စိုက္ပ်ိဳးခဲ့ၾကေၾကာင္းသိရွိၾကရသည္။

ပ်ဴတို႔၏ေဒသသည္ ေတာင္ဘက္ သေရ ေခတၱရာမွ ေျမာက္ဘက္ဟန္လင္းအထိ လည္းေကာင္း၊ အေရွ႕ဘက္ ဘိႏၷကႏွင့္ မိုင္းေမာမွ အေနာက္ဘက္ အရာေတာ္အထိလည္းေကာင္း က်ယ္ဝန္းပါသည္။ တ႐ုတ္ထန္မင္းဆက္ မွတ္တမ္းမ်ားအရ ပ်ဴနယ္ေပါင္း (၁၈) နယ္ရွိၿပီး (၉) ခုမွာ တံတိုင္းခတ္ထားသည့္ၿမိဳ႕ မ်ားျဖစ္ၿပီး ခ႐ိုင္ေပါင္း ၂၉၈ ခ႐ိုင္ရွိ သည္ဟု ဆိုပါသည္။

ပ်ဴတို႔တည္ေထာင္ခဲ့ေသာ ၿမိဳ႕ျပႏိုင္ငံမ်ားမွာ ယေန႔ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသတြင္ တည္ရွိ ေသာ ဟန္လင္းသေရေခတၱရာ၊ ဗိႆႏိုး၊ ဘိႏၷက၊ မိုင္းေမာ စသည္တို႔ႏွင့္ ဧရာဝတီ ျမစ္ဝွမ္းတစ္ေလွ်ာက္ မွ ၿမိဳ႕ငယ္ကေလးမ်ား ျဖစ္ၾကသည္။ ၎တို႔အထဲတြင္ ေအဒီတစ္ရာစု ကတည္ေထာင္ခဲ့ေသာ ဟန္လင္း သည္ အႀကီးဆုံး ျဖစ္ခဲ့ၿပီး ေအဒီ ၇ သို႔မဟုတ္ ၈ ရာစုအထိ အေရးပါဆုံးၿမိဳ႕ျဖစ္ခဲ့သည္။ ထို႔ေနာက္ပိုင္း တြင္မူ သေရေခတၱရာ (ယေန႔ ျပည္ၿမိဳ႕အနီး)က အေရးပါဆုံးႏွင့္ အႀကီးဆုံးၿမိဳ႕ျဖစ္လာသည္။

ပ်ဴတို႔ေနထိုင္ရာေဒသသည္ အိႏၵိယႏွင့္ တ႐ုတ္ ႏိုင္ငံတို႔အၾကား ကုန္စည္ကူးသန္းေရာင္းဝယ္ရာလမ္း ေၾကာင္းေပၚတြင္တည္ရွိၿပီး အိႏၵိယႏွင့္ ပိုမိုလြယ္ကူစြာ ဆက္သြယ္ကူးသန္းႏိုင္သျဖင့္ ပ်ဴတို႔အေပၚ အိႏၵိယ၏ ဩဇာလႊမ္းမိုးမႈက ပိုႀကီးမားသည္။ ထို႔ေၾကာင့္ ဗုဒၶ ဘာသာ၊ ယဥ္ေက်းမႈအႏုပညာ၊ ဗိသုကာပညာႏွင့္ ႏိုင္ငံေရး အယူအဆမ်ားမွာ အိႏၵိယႏွင့္ ႏြယ္ပါသည္။
နန္ေက်ာက္တို႔ ဝင္ေရာက္တိုက္ခိုက္ျခင္း ပ်ဴတို႔၏ယဥ္ေက်းမႈသည္ ေျမာက္ဘက္ နန္ေက်ာက္ႏိုင္ငံမွ အသစ္ဝင္ေရာက္လာေသာ “ျမင္းစီးကြၽမ္းက်င္သူမ်ား” မၾကာခဏဝင္ေရာက္ စီးနင္းတိုက္ခိုက္သည့္ ခရစ္သကၠရာဇ္ ၉ ရာစုအေစာပိုင္း ေလာက္အထိ ႏွစ္ေပါင္းေထာင္ခ်ီတည္ရွိခဲ့ပါသည္။ ထို “ျမင္းစီးကြၽမ္းက်င္သူမ်ား”မွာ နန္ေက်ာက္ တပ္ဖြဲ႕မ်ားျဖစ္ၾကၿပီး ယီလူမ်ိဳးမ်ား ကဲ့သို႔ တိဗက္တိုဘားမင္း ဘာသာစကားေျပာဆိုသည့္ ျမန္မာမ်ား လည္းပါဝင္ၾကပါသည္။ တ႐ုတ္ထန္မင္းဆက္ သမိုင္းမွတ္ တမ္းမ်ားအရ နန္ေက်ာက္တို႔သည္ ယေန႔ ေခတ္ျမန္မာႏိုင္ငံအထက္ ပိုင္း ပ်ဴၿမိဳ႕ျပေဒသမ်ားကို သကၠရာဇ္ ၇၅၄ သို႔မဟုတ္ ၇၆၀ ခုႏွစ္ ေလာက္တြင္ စတင္တိုက္ခိုက္ခဲ့သည္ဟု ဆိုပါသည္။ သကၠရာဇ္ ၇၆၃ ခုႏွစ္တြင္ နန္ေက်ာက္ ဘုရင္ကို ေလာ့ဖုန္း ( Ko-Lo-Feng )သည္ ဧရာဝတီျမစ္ ဝွမ္းေဒသ အထက္ပိုင္းကို တိုက္ခိုက္ေအာင္ျမင္ခဲ့ ပါသည္။ သကၠရာဇ္ ၉ ရာစုဝင္လာေသာအခါ နန္ ေက်ာက္တို႔၏တိုက္ခိုက္မႈသည္ ပိုမိုျပင္းထန္လာၿပီး သကၠရာဇ္ ၈၀ဝ-၈၀၂ ႏွင့္ ၈၀၈-၈၀၉ ခုႏွစ္မ်ားတြင္ အႀကိမ္ႀကိမ္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကပါသည္။ ေနာက္ဆုံး သကၠရာဇ္ ၈၃၂ ခုႏွစ္ေရာက္ေသာအခါ နန္ေက်ာက္တို႔သည္ ပ်ဴႏိုင္ငံကို ဖ်က္ဆီးပစ္လိုက္ၿပီး ဟန္လင္းေဒသမွ ပ်ဴလူမ်ိဳး ၃၀ဝ၀ ခန႔္ကို အက်ဥ္းသားမ်ားအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားၾကပါသည္။ တ႐ုတ္မွတ္တမ္းမ်ားအရ သကၠရာဇ္ ၈၃၅ တြင္လည္း နန္ေက်ာက္တို႔က ေအာက္ျမန္မာႏိုင္ငံ ဧရာဝတီျမစ္ဝ အနီးရွိ မိခ်န္f (Michen) ေခၚ ႏိုင္ငံတစ္ခုကို စီးနင္း တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပထားရာ အဆိုပါႏိုင္ငံသည္လည္း ပ်ဴႏိုင္ငံျဖစ္ႏိုင္ပါသည္။

ပ်ဴလူမ်ိဳးႏွင့္ ပ်ဴယဥ္ေက်းမႈသည္ လူေပါင္း ၃၀ဝ၀ ေလာက္ကို ဖမ္းဆီးေခၚေဆာင္သြား႐ုံ ေလာက္ျဖင့္ ေပ်ာက္ကြယ္မသြားႏိုင္ပါ။ ပ်ဴတို႔ေန ထိုင္ရာၿမိဳ႕ျပေဒသမ်ားႏွင့္ ႏိုင္ငံတဝန္း တံတိုင္း ပတ္ကာထားေသာ ၿမိဳ႕ ႀကီး မ်ားရွိခဲ့ျခင္းက လူဦးေရ အမ်ားအျပားရွိေၾကာင္း သက္ေသျဖစ္ပါသည္။ အမွန္ စင္စစ္အားျဖင့္ သေရေခတၱရာႏွင့္ တျခားပ်ဴၿမိဳ႕ျပ မ်ားတြင္ အၾကမ္းဖက္သတ္ျဖတ္ဖ်က္ဆီးမႈမ်ား ျဖစ္ ေပၚခဲ့သည့္ အေထာက္အထားမေတြ႕ရပါ။ ဟန္လင္း ကို တိုက္ခိုက္ဖ်က္ဆီးလိုက္ျခင္းေၾကာင့္ ပ်ဴတို႔ ေနထိုင္ရာေဒသမ်ားသည္ အားနည္းသြားၿပီး ျမန္မာ မ်ား ဝင္ေရာက္လာရန္ လမ္းဖြင့္ေပးလိုက္သလိုျဖစ္သြားခဲ့ဟန္တူပါသည္။ သက္ေသအေထာက္အထား မ်ားအရ ျမန္မာတို႔ ပ်ဴေဒသသို႔ ဝင္ေရာက္လာျခင္းမွာ တျဖည္းျဖည္းခ်င္းျဖစ္ပါသည္။ ေရဒီယိုကာဗြန္ နည္းျဖင့္ သက္တမ္းတြက္ ခ်က္ၾကည့္ရာတြင္ သကၠရာဇ္ ၈၇၀ ျပည့္ႏွစ္ေလာက္အထိ ဟန္လင္းတြင္ လူသားလႈပ္ရွားမႈ ရွိေနေသးေၾကာင္း ေတြ႕ရွိရေပ သည္။ ျမန္မာ့သမိုင္းမွတ္တမ္းမ်ားအရ ျမန္မာတို႔သည္ ပုဂံကို သကၠရာဇ္ ၈၄၉ ခုႏွစ္တြင္တည္ေထာင္ခဲ့သည္ ဆိုေသာ္လည္း ေရဒီယိုကာဗြန္နည္းျဖင့္ သက္တမ္း တြက္ခ်က္မႈအရ ပုဂံ၏ သက္တမ္းအအိုဆုံး တံတိုင္း မ်ားသည္ သကၠရာဇ္ ၉၈၀ ျပည့္ႏွစ္ကတည္ေဆာက္ခဲ့ ျခင္းျဖစ္ၿပီး အဓိက တံတိုင္းမွာ သကၠရာဇ္ ၁၀၂၀ ခန႔္ကမွ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ပုဂံ အင္ပါယာကိုတည္ေထာင္ခဲ့ေသာ အေနာ္ရထာမင္း စတင္နန္းတက္သည္ထက္ ၂၄ ႏွစ္ေစာ ပါသည္။

ျမန္မာတို႔သည္ ၁၀ ရာစုေနာက္ပိုင္း ကာလတြင္ တျဖည္း ျဖည္းခ်င္း ပ်ဴနယ္ပယ္မ်ား၏ ေခါင္းေဆာင္မႈကို ရယူလာခဲ့ရာမွ ၁၁ ရာစုအလယ္ေလာက္တြင္ ပုဂံအင္ပါယာကို တည္ေထာင္ခဲ့ပါသည္။ ဤသို႔ျဖင့္ ဧရာဝတီျမစ္ဝွမ္း ႏွင့္ အစြန္အဖ်ားေဒသမ်ားကို သမိုင္းတြင္ပထမဦးဆုံးအႀကိမ္ စုစည္းခဲ့ေလသည္။ ပ်ဴလူမ်ိဳးတို႔သည္ သမိုင္းတြင္ ေဖ်ာက္ဖ်က္၍မရ ေသာ အမွတ္အသားမ်ားျဖစ္သျဖင့္ ျမန္မာ အုပ္စိုးသူ တို႔သည္ ပ်ဴမ်ားကို ၎တို႔၏ ကိုယ္ပိုင္ သမိုင္းႏွင့္ ဒ႑ာရီမ်ားအတြင္း ထည့္သြင္းေဖာ္ျပခဲ့ၾကေလသည္။ ပုဂံ၏ ျမန္မာဘုရင္မ်ားသည္ ၎တို႔ကိုယ္၎တို႔ သေရ ေခတၱရာႏွင့္ တေကာင္းပ်ဴဘုရင္မ်ား၏ အဆက္အႏြယ္မ်ားျဖစ္သည္ဟု ေႂကြးေၾကာ္ခဲ့ၾက ေသာ္လည္း ေခတ္သစ္သမိုင္းပညာရွင္မ်ားက မဟုတ္မွန္ေၾကာင္း ျငင္းဆိုထားၾကေလသည္။ အထက္ျမန္မာႏိုင္ငံတြင္ ပ်ဴတို႔ အေျခခ်ေနထိုင္မႈမွာ ေနာက္ထပ္ရာစု ႏွစ္ ၃ ခုမွ်ဆက္လက္တည္ရွိခဲ့ေသာ္ လည္း တျဖည္းျဖည္းခ်င္းအားျဖင့္ ပုဂံအင္ပါယာအတြင္း ျမန္မာတို႔ႏွင့္ ေပါင္းစည္းျခင္း၊ ဝါးမ်ိဳျခင္းကို ခံၾကရေလသည္။ ၁၂ ရာစုေနာက္ပိုင္း ကာလအထိ ပ်ဴ ဘာသာစကားတည္ရွိေနေသးေသာ္လည္း ၁၃ ရာစုအတြင္းသို႔ေရာက္ေသာအခါ ပ်ဴတို႔သည္ ျမန္မာလူမ်ိဳးအျဖစ္ လက္ခံမွတ္ယူၾကကာ ေပ်ာက္ကြယ္ သြားၾကပါေတာ့သည္။

အခ်ဳပ္ဆိုရေသာ္ ပ်ဴလူမ်ိဳးတို႔၏ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသကို အႀကိမ္ႀကိမ္ဝင္ေရာက္တိုက္ ခိုက္ဖ်က္ဆီးခဲ့သူတို႔မွာ နန္ေက်ာက္တို႔ျဖစ္ၿပီး ေနရာယူ ႏိုင္ငံသစ္ထူေထာင္ခဲ့သူတို႔မွာ ျမန္မာတို႔ ျဖစ္ပါသည္။

Related news

© 2021. All rights reserved.