ရွှေကျင်မြို့နယ်တွင် နာရေးပြုလုပ်နေသည့် နေရာအနီး မိုင်းပေါက်ကွဲမှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

1401
Pearl (NP News) - မတ် ၁၈
ရွှေကျင်မြို့နယ်တွင် နာရေးပြုလုပ်နေသည့် နေရာအနီး မိုင်းပေါက်ကွဲမှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၅)ရက်၊ ညနေ (၄)နာရီခန့်တွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာနေ ဦးမျိုးဇေယျာလင်း(ခ)ဖိုးပါ (၄၉)နှစ်သည် ၎င်းပိုင်ရော်ဘာခြံအတွင်း အဘွားဖြစ်သူ၏နာရေးအားပြုလုပ်နေစဉ် နာရေးပြုလုပ်နေသည့် နေရာအနီးမှ KNU ၊ PDF အဖွဲ့ဝင်များက ထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် လာရောက်ဝိုင်းဝန်းလုပ်ကိုင်နေသူများ ဖြစ်ကြသည့် ဦးနေလင်းဦး(၄၅)နှစ်၊ ဦးဖြိုးရန်ကျော်(၃၄)နှစ်၊ ဦးသူရိန်(၃၆)နှစ်၊ ဦးကျော်မျိုးဝင်း (၃၉)နှစ်၊ ဦးကျော်မင်းအောင်(၄၃)နှစ်၊ ဦးကျော်လင်းစိုး(၄၀)နှစ်၊ မောင်ဇွဲမြတ်ကိုကို(၁၁)နှစ်၊ ကိုချစ်စန်း (၂၇)နှစ်၊ ဒေါ်မိငယ်(၄၅)နှစ်၊ ဒေါ်ခင်ဝါဝါမြင့်(၄၂)နှစ်၊ ဒေါ်ခင်မွန်စိုး(၄၀)နှစ်၊ မဆုလှိုင်နှင်း(၂၇)နှစ်၊ မချဲဖော(၂၈)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရန်အတွက် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေ႐ႊက်င္ၿမိဳ႕နယ္တြင္ နာေရးျပဳလုပ္ေနသည့္ ေနရာအနီး မိုင္းေပါက္ကြဲမႈေၾကာင့္ (၁၃)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - မတ္ ၁၈
ေ႐ႊက်င္ၿမိဳ႕နယ္တြင္ နာေရးျပဳလုပ္ေနသည့္ ေနရာအနီး မိုင္းေပါက္ကြဲမႈေၾကာင့္ (၁၃)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၅)ရက္၊ ညေန (၄)နာရီခန႔္တြင္ ပဲခူးတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္၊ ဝင္းခနိမ္ေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာေန ဦးမ်ိဳးေဇယ်ာလင္း(ခ)ဖိုးပါ (၄၉)ႏွစ္သည္ ၎ပိုင္ေရာ္ဘာၿခံအတြင္း အဘြားျဖစ္သူ၏နာေရးအားျပဳလုပ္ေနစဥ္ နာေရးျပဳလုပ္ေနသည့္ ေနရာအနီးမွ KNU ၊ PDF အဖြဲ႕ဝင္မ်ားက ေထာင္ထားသည့္ လက္လုပ္ရီမုမိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ေပါက္ကြဲမႈေၾကာင့္ လာေရာက္ဝိုင္းဝန္းလုပ္ကိုင္ေနသူမ်ား ျဖစ္ၾကသည့္ ဦးေနလင္းဦး(၄၅)ႏွစ္၊ ဦးၿဖိဳးရန္ေက်ာ္(၃၄)ႏွစ္၊ ဦးသူရိန္(၃၆)ႏွစ္၊ ဦးေက်ာ္မ်ိဳးဝင္း (၃၉)ႏွစ္၊ ဦးေက်ာ္မင္းေအာင္(၄၃)ႏွစ္၊ ဦးေက်ာ္လင္းစိုး(၄၀)ႏွစ္၊ ေမာင္ဇြဲျမတ္ကိုကို(၁၁)ႏွစ္၊ ကိုခ်စ္စန္း (၂၇)ႏွစ္၊ ေဒၚမိငယ္(၄၅)ႏွစ္၊ ေဒၚခင္ဝါဝါျမင့္(၄၂)ႏွစ္၊ ေဒၚခင္မြန္စိုး(၄၀)ႏွစ္၊ မဆုလႈိင္ႏွင္း(၂၇)ႏွစ္၊ မခ်ဲေဖာ(၂၈)ႏွစ္တို႔တြင္ မိုင္းေပါက္ကြဲစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဒဏ္ရာရရွိသူမ်ားအား ေဆးကုသႏိုင္ရန္အတြက္ ပဲခူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။