အင်ဒိုနီးရှားရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး အနိုင်ရပြီး သမ္မတအဖြစ်တာဝန်ယူမယ်

 788

ဂျန်ဇက် (NP News) - မတ် ၂၁

အင်ဒိုနီးရှားရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ပရာဘိုဝီက အင်ဒိုနီးရှားနိုင်ငံသားတွေ စုစည်းညီညွတ်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းဖြစ်သလို အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးအဖြစ် လက်ရှိတာဝန်ယူနေတဲ့ ပရာဘိုဝီဟာမတ်လ ၂၀ ရက်က တရားဝင်ထုတ်ပြန်ခဲ့တဲ့ ရလဒ်တွေမှာ မဲအများဆုံး ရရှိခဲ့ကြောင်းသိရပါတယ်။

ပရာဘိုဝီဟာ သမ္မတရွေးကောက်ပွဲမှာ မဲရလဒ်ပေါင်း အနည်းဆုံး ၆၀ နီးပါးရရှိခဲ့ပြီး Anies Baswedan ဆိုသူက ထောက်ခံမဲ ၂၅ ရာခိုင်နှုန်း နဲ့ ဂန်ဂျာပရာနိုဝီက ထောက်ခံမဲ ၁၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရပါတယ်။ ပရာဘီုဝီ သမ္မတအဖြစ် ရွေးကောက်ခံရမှုတွေနဲ့ပတ်သက်ပြီး ဒီလအတွင်းမှာ ဆန့် ကျင်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ပရာဘိုဝီက ရွေးကောက်ပွဲက အဆင်ပြေချော့မွေစွာနဲ့ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။ ပရာဘိုဝီက "ကျွန်တော်တို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေတဲ့အတွက် စုစည်းညီညွတ်ဖို့ ဖိတ်ခေါ်ပါတယ်"လို့ ပြောပါတယ်။ ပရာဘိုဝီဟာ လာမယ့်အောက်တိုဘာမှာ အင်ဒိုနီးရှားလက်ရှိ သမ္မတဂျိုကိုဝီထံကနေ သမ္မတအာဏာကို လွှဲပြောင်းရယူသွားမယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ ရွေးကောက်ပွဲမှာ အင်ဒိုနိးရှားကာကွယ်ရေးဝန်ကြီး အနိုင်ရခဲ့မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအတိုက်ခံအုပ်စုတွေကတော့ အင်ဒိုနိးရှားသမ္မတ ဝီဒိုဒိုဟာ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝီကို မဲအနိုင်ရအောင် မဲမသမာမှုတွေ နဲ့ ကူညီပေးခဲ့တယ်လို့ပြောပါတယ်။

zawgyi version
အင္ဒိုနီးရွားေ႐ြးေကာက္ပြဲမွာ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦး အႏိုင္ရၿပီး သမၼတအျဖစ္တာဝန္ယူမယ္
ဂ်န္ဇက္ (NP News) - မတ္ ၂၁

အင္ဒိုနီးရွားေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တဲ့ ပရာဘိုဝီက အင္ဒိုနီးရွားႏိုင္ငံသားေတြ စုစည္းညီၫြတ္ဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးေဟာင္းျဖစ္သလို အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးအျဖစ္ လက္ရွိတာဝန္ယူေနတဲ့ ပရာဘိုဝီဟာမတ္လ ၂၀ ရက္က တရားဝင္ထုတ္ျပန္ခဲ့တဲ့ ရလဒ္ေတြမွာ မဲအမ်ားဆုံး ရရွိခဲ့ေၾကာင္းသိရပါတယ္။

ပရာဘိုဝီဟာ သမၼတေ႐ြးေကာက္ပြဲမွာ မဲရလဒ္ေပါင္း အနည္းဆုံး ၆၀ နီးပါးရရွိခဲ့ၿပီး Anies Baswedan ဆိုသူက ေထာက္ခံမဲ ၂၅ ရာခိုင္ႏႈန္း နဲ႔ ဂန္ဂ်ာပရာႏိုဝီက ေထာက္ခံမဲ ၁၆ ရာခိုင္ႏႈန္းရရွိခဲ့ေၾကာင္းသိရပါတယ္။ ပရာဘီုဝီ သမၼတအျဖစ္ ေ႐ြးေကာက္ခံရမႈေတြနဲ႔ပတ္သက္ၿပီး ဒီလအတြင္းမွာ ဆန႔္ က်င္ဆႏၵျပမႈေတြျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။ ပရာဘိုဝီက ေ႐ြးေကာက္ပြဲက အဆင္ေျပေခ်ာ့ေမြစြာနဲ႔ ၿပီးဆုံးခဲ့ေၾကာင္း သိရပါတယ္။ ပရာဘိုဝီက "ကြၽန္ေတာ္တို႔ဟာ ႀကီးမားတဲ့ စိန္ေခၚမႈေတြရွိေနတဲ့အတြက္ စုစည္းညီၫြတ္ဖို႔ ဖိတ္ေခၚပါတယ္"လို႔ ေျပာပါတယ္။ ပရာဘိုဝီဟာ လာမယ့္ေအာက္တိုဘာမွာ အင္ဒိုနီးရွားလက္ရွိ သမၼတဂ်ိဳကိုဝီထံကေန သမၼတအာဏာကို လႊဲေျပာင္းရယူသြားမယ္လို႔သိရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ဟာ ေ႐ြးေကာက္ပြဲမွာ အင္ဒိုနိးရွားကာကြယ္ေရးဝန္ႀကီး အႏိုင္ရခဲ့မႈအေပၚ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္းသိရပါတယ္။ ဒါေပမဲ့ အင္ဒိုနီးရွားအတိုက္ခံအုပ္စုေတြကေတာ့ အင္ဒိုနိးရွားသမၼတ ဝီဒိုဒိုဟာ ကာကြယ္ေရးဝန္ႀကီးျဖစ္သူ ပရာဘိုဝီကို မဲအႏိုင္ရေအာင္ မဲမသမာမႈေတြ နဲ႔ ကူညီေပးခဲ့တယ္လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.